ဝတ္ထုအကြောင်းသိကောင်းစရာ (About Novel For Knowledge)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



about copy.png

Image from google


ဒီတစ်ခေါက်တော့ ကြီးကြီးကျယ်ကျယ်လေးတစ်ခုလောက်တော့ရေးပါအုံးမည်။ ကျွန်တော်သည် သုတ၊ ရသ၊ ကဗျာ စာပေများကို ကောင်းမွန်ဖြောင့်တန်းစွာရေးသားနေသူတစ်ယောက်မဟုတ်ပါကြောင်း ကြိုတင်ပြီးတော့လည်းတောင်းပန်အပ် ပါသည်။ Steemit Platform တွင် စာများရေးသားမှသာလျှင် SBD ခေါ်သော ၀င်ငွေလေးများရရှိကြမည် ဖြစ်ပါသည်။ ထိုကဲ့သို့ SBD အတွက်စာရေးသားနေရသူများ၊ ၀ါသနာဖြင့်စာရေးသားနေသူများတွင် ကျွန်တော် ကဲ့သို့ပင် စာကိုဖြောင့်အောင်မရေးသားနိုင်သူများအတွက်ပြီး ၀တ္ထုရေးသားခြင်းအကြောင်းအချက်များအား ရေးသားခြင်းဖြစ်ပါသည်။ အမှားအယွင်းများပါရှိလာပါကလည်း ထောက်ပြဝေဖန်အကြံ့ပုကြပါခင်ဗျာ။

ကျွန်တော်တို့ MSC မှာ ၀တ္ထုရေးသားလိုသူများကို တွေ့မြင်နေရသည့်အတွက် မိမိသိသမျှလေးကို ချပြ ရေးပြ ခြင်းဖြစ်ပါသည်။ အကုန်လုံးပြည့်စုံသည်မဟုတ်ပါ။ သိသမျှ အနည်းငယ်နှင့် မှီငြမ်းရေးသားလိုက်ခြင်းဖြစ်ပါသည်။
ကျွန်တော်ကတော့ ၀တ္ထုရေးခြင်းကို သိပ်စိတ်မ၀င်စားပါ။ ကဗျာလည်းထို့အတူတူ။ ဆောင်းပါးကတော့ တောင်ခြစ် မြောက်ခြစ် ရေးချင်ပါသည်။ ၀တ္ထုရေးကြတော့မည်ဆိုပါက စဉ်းစားရန်လိုအပ်ပါသည်။ လောကအတွက်လား၊ တစ်စုံတစ်ခုအတွက် အလင်းပြ လမ်းညွှန်ပေးခြင်းလား၊ စိတ်ကူးယဉ်ဇာတ်လမ်းလား စသည်ဖြင့်စဉ်းစားရန်လိုအပ်ပါသည်။ နေ့စဉ်နေ့တိုင်း စာကို ရေးသားရန်မှာ လွယ်ကူမည်မဟုတ်ကြောင်းကိုလည်း နားလည်သဘောပေါက်ထားရန်လိုအပ်ပါသည်။ လူ့လောက လူ့သဘာဝများကို ဖော်ညွှန်းရေးသားခြင်းဖြင့်လည်းကောင်း၊ တစ်စုံတစ်ခုအတွက် တွန်းအားပေးခြင်း၊ အလင်းပြခြင်း၊ ပညာရအောင်ရေးသားခြင်းများ၊ မိမိတို့၏ စိတ်ကူးတွင်ပေါ်လာသော ဇာတ်လမ်းကို လောကအသစ် တစ်ခုအဖြစ်ဖန်တီးရေးခြင်းများ စသည်တို့ဖြင့် ပြေပြစ်သော စကားလုံးများကို အသုံးပြုခြင်းဖြင့်ရေးသားနိုင်ကြမည် ဖြစ်ပါသည်။ Facebook တွင် အသုံးပြုသကဲ့သို့ စကားပျက်များ ကိုအသုံးပြုရေးသားခဲ့လျှင် ၀တ္ထု ဖြစ် မဖြစ်ကိုတော့ ကျွန်တော်လည်းမသိပါ။


11.png

Image from google


ဝတ္ထုကို ရေးသားကြမည်ဆိုပါက မိမိတို့ကိုယ်တိုင် ဖန်တီးရေးသားကြရမည်ဖြစ်ပါသည်။ မည်သို့သောအရာများ ကိုဖန်တီး ရေးသားကြမည်နည်း။ ထို့ကြောင့်ပင် ၀တ္ထုဆိုသည်မှာ ဖန်တီးရေးသား ရသော ရသ စာပေအမျိုးအစား ဖြစ်ကြာင်း မှတ်သားဖူးပါသည်။ သုတ စာပေအမျိုးအစားမဟုတ်သောကြောင့် ဗဟုသုများစွာ ရရှိသည့် ၀တ္ထုများ ရှိသကဲ့သို့ မည်သည့် ဗဟုသုတမျှ မရရှိသော ၀တ္ထုများလည်း ရှိနိုင်မည်ဖြစ်ပါသည်။ သို့သော် ၀တ္ထုဆိုသည်မှဗဟုသုတ ရရှိစေရန် အဓိကမဟုတ်သော်လည်း အပျင်းပြေဖြစ်ရုံသက်သက်၊ ဖျော်ဖြေမှုဖြစ်ရုံမျှသာ မဖြစ်သင့်ကြောင်းကိုလည်း မှတ်သားရပါသည်။ ၀တ္ထုကိုဖတ်ခြင်းအားဖြင့် ရသလေးများမှတစ်ဆင့် ဘ၀အတွေ့အကြုံ၊ ဘ၀အသိများရရှိသွားစေမည်ဖြစ်ပါသည်။ ၀တ္တုများမှ ပေးသောရသများဖြင့် မိမိတို့၏ ဘ၀အတွေ့အကြုံများကို နှိုင်းယှဉ်ပြီး လူ့ဘ၀ လူ့လောကတွင် ပတ်ဝန်းကျင်နှင့်အဆင်ပြေစွာ ပြုပြင်နေထိုင်ခြင်း၊ ရှေ့ဆောင်လမ်းပြများ အဖြစ် မိမိတို့ကိုယ်တိုင် ပြုပြင်ပြောင်းလဲနေထိုင်တတ်လာခြင်းဆိုသည့် အသိတရား၊ အသိစိတ်ဓာတ်များ ရရှိ လာနိုင်ကြပါသည်။ အားကျဖွယ်အကြောင်းအရာများ၊ အတုယူဖွယ်အကြောင်းအရာများ၊ ဆင်ခြင်သင့်သော အကြောင်းတရားများ၊ တရားရဖွယ်ရာအကြောင်းအရာများ၊ ဆွတ်ပျံ့ကြည်နူးဖွယ်ရာအကြောင်းအရာများ စသည်ဖြင့် စာဖတ်သူတို့အတွက် အကျိုးတရားများ ရရှိစေနိုင်မည်ဖြစ်ပါသည်။ ၀တ္ထုအကြောင်းအရာများထဲမှပင် မိမိတို့ ရှာဖွေနိုင်လျှင် ရှာဖွေနိုင်သလောက် အကျိုးတရားရရှိစေမည်လည်း ဖြစ်ပါသည်။ အဓိကအကြောင်းမှာ ၀တ္ထုမှပေးသော ရသဖြင့် ဘ၀ကို ကောင်းမွန်စွာ တည်ဆောက်နေထိုင်နိုင်မည်ဖြစ်ပါသည်။ ၀တ္ထုရေးသားရခြင်း၏ တာဝန်များဖြစ်မည်ထင်ပါသည်။


emotion.png

Image ffrom google


အပျင်းပြေလောက်သာဖတ်သော ၀တ္ထုများမဖြစ်သင့်သကဲ့သို့ အပျင်းပြေ ၀တ္ထုများကိုသာ မဖတ်သင့်ဟုလည်း ထင်ပါသည်။ လူတို့သည် စာဖတ်ခြင်းကို တဖြည်းဖြည်း စွန့်ပယ်လာကြသည်နှင့်အမျှ လောကကြီးသည် တဖြည်းဖြည်း ရိုင်းစိုင်း လာသကဲ့သို့ ထင်မှတ်မိပါသည်။ ကျွန်တော်၏အထင်အမြင်သာဖြစ်ပါသည်။ စာဖတ်ခြင်းနှင့် ကင်းကွာလာသူ အမြောက်အမြားဖြစ်လာလေလေ လောကကြီးသည် ရိုင်းစိုင်းလာလေလေဟု ခံစားလာမိပါသည်။ ငယ်စဉ်က စာမဖတ်ခဲ့သူများဖြစ်ပါမူ ပိုမိုဆိုးရွားမည်ဟု ထင်မှတ်မိပါသည်။ စာကိုဖတ်ကြရာတွင်လည်း စာဖတ်သူတို့၏ စိတ်ဆန္ဒများ၊ အမူအကျင့်အလေ့အထများ၊ ဆင်ခြင်နိုင်စွမ်းအားများနှင့် အသိဥာဏ်ပညာတို့အပေါ်တွင်လည်း မူတည်မည်ဖြစ်ပါသည်။ ထိုသို့သောအကြောင်းအချက်တို့အပေါ်တွင်မူတည်ပြီး စာအုပ်၏အရည်အသွေး၊ စာအုပ်အဆင့်အတန်းမြင့်မားလေလေ စာဖတ်သူများအတွက် အဆင့်အတန်းမြင့်မားသော အကျိုးထူးများ ရရှိနိုင်လေလေဖြစ်ပါသည်။ ၀တ္ထုစာအုပ်များကိုကြည့်လျှင် အဓိကအားဖြင့် အပိုင်းသုံးပိုင်းရှိကြောင်းတွေ့နိုင်ပါ သည်။ မိမိတို့ရေးသားလိုသည့် ဇာတ်လမ်း၊ ထားရှိတင်ပြလို့သည့် ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း၊ သရုပ်ဆောင်(ဇာတ်ဆောင်) ဟုရှိကြမည်ဖြစ်ပါသည်။ မည်ကဲ့သို့သော ဇာတ်လမ်းကိုရေးမည်နည်းဟူသော အတွေးကို စဉ်းစားကြရပါသည်။ ကျောက်တွင်းတူးလုပ်ငန်းအကြောင်းကိုရေးသားမည် သို့မဟုတ် ဈေးသည်များ အကြောင်းကိုရေးသားမည် စသည်ဖြင့် အရင်ဆုံးစဉ်းစားရွေးချယ်ကြရမည်ဖြစ်ပါသည်။ ပတ်ဝန်းကျင်အသိုင်း အ၀ိုင်းကလည်း သက်ဆိုင်ရာ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းဖြစ်နေရမည်ဖြစ်ပါသည်။ ၀တ္ထုအတွက် အဓိကဇာတ်ကောင် ကိုမည်သို့ရေးရမည်ကိုလည်း စဉ်းစားရပေမည်။ သို့မှသာ ၀တ္ထုကောင်း တစ်ပုဒ်ဖြစ်နိုင်မည်ပင်။


interesting.png

Image from google


ဇာတ်လမ်းကိုရေးသားကြရာတွင် ၀တ္ထုတွင်ပါဝင်နေကြသော ဇာတ်ဆောင်များ၏ တစ်ဦးနှင့် တစ်ဦး အားပြိုင်မှုများကိုလည်း စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးသားရကြောင်း မှတ်သားဖူးပါသည်။ ဇာတ်လမ်းရေးသည် ဆိုကတည်းကပင် ဇာတ်ကောင်သည် အလိုအလျောက်ပါဝင်လာရမည်ဖြစ်သည်။ ထိုသို့ဇာတ်ဆောင်ရှိလာလျှင် ဇာတ်ဆောင်၏ အဖြစ်အပျက်များသည်လည်း ရှိလာရပါသည်။ အဖြစ်အပျက်များကို ရေးသားကြရာတွင်လည်း ဆီလျော်အောင် တင်ပြကြရခြင်းသည်လည်း လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ မဆီမလျော်ခြင်းများကို မြန်မာ့ဗီဒီယို ဇာတ်ကားများတွင် တွေ့ရှိကြရသဖြင့် ကြည့်ရှုကြသူများသည် နှာခေါင်းရှုံကြသည့်အပြင် နောက်နောင် ထိုမင်းသား ထိုမင်းသမီးပါသော ဇာတ်ကားများအားကိုပင် ကြည့်ရှုချင်စိတ်ပျောက်သွားတတ်ကြသည်မဟုတ်ပါ လား။ ၀တ္ထုတွင်လည်း ထိုနည်းအတူတူပင်။ ဇာတ်ဆောင်နှင့်မဆီလျော်သော အကြောင်းအရာများကို ထည့်သွင်း ရေးသားခြင်းသည် ထိုဝတ္ထုအား ဖတ်ချင်စိတ်ပျောက်သွားအောင် လုပ်လိုက်ခြင်းနှင့်တူမည်ထင်ပါသည်။ ဇာတ်လမ်းတွင် ပါရှိသော ဇာတ်ဆောင်များ၏ အားပြိုင်မှုသည် အလွန်အရေးကြီးသည်ဟုလည်း ထင်မြင်မိပါသည်။ ဇာတ်ဆောင်များ၏ အားပြိုင်မှု မပါဝင်ခဲ့ပါက ဖတ်ရသည်မှာ လုံးဝအရသာမရှိသကဲ့သို့ ထင်မှတ်မိပါသည်။ အားပြိုင်မှု ပါဝင်မှသာလျှင် စာဖတ်သူများကို ဆွဲဆောင်မှု၊ စိတ်ဝင်စားမှု ဖြစ်ပေါ်စေမည်ဟုလည်း ထင်မြင်မိပါသည်။ ထိုသို့ ဇာတ်ဆောင်များ၏ အားပြိုင်မှုတွင် အရှုံး အနိုင်ကို စာဖတ်သူများက သိချင်ကြမည်ဖြစ် သည်။ ထို့သို့သိချင်လာမှလည်း စာကိုစိတ်ဝင်စားမည်ဖြစ်ပါသည်။



အားပြိုင်မှုများတွင်လည်း ဇာတ်ဆောင်အချင်းချင်းအားပြိုင်မှု၊ ဇာတ်ဆောင်များနှင့် ပတ်ဝန်းကျင်အားပြိုင်မှု၊ ဇာတ်ဆောင်၏ အပြင်ပန်းနှင့် အတွင်းစိတ်ဓာတ်တို့ အားပြိုင်မှု စသည်ဖြင့် စိတ်ဝင်စားအောင် ရေးသားဖော်ပြရ ပေသည်။ လူဆိုးနှင့်လူကောင်း၊ မရိုးသားခြင်း နှင့် ရိုးသားခြင်း၊ ကုသိုလ် နှင့် အကုသိုလ် စသည်ဖြင့် အားပြိုင်မှု အမျိုးမျိုးတို့ကို တင်ပြရေးသားနိုင်ကြပါသည်။ ဖန်တီးတင်ပြနိုင်ကြမည်ဖြစ်ပါသည်။ စာရေးသားကြရာတွင် ဖန်တီး ရေးသားနိုင်ရန်အကြောင်းအချက်များစွာ ရှိသည်ဟုလည်း ထင်မြင်မိပါသည်။ အဓိကအားဖြင့်ဆိုသော် မိမိတို့၏ ကိုယ်တိုင် တွေ့ကြုံခဲ့ရသော အတွေ့အကြုံများ၊ ခံစားရသော ခံစားချက်ဆိုင်ရာ ရသများ၊ အခြားသူများ၏ တွေ့ကြုံခံစားရမှုများမှ ရသများ၊ စာပေ ကျမ်းဂန်များမှ လေ့လာဖတ်ရှုခြင်းဖြင့် ရရှိသော ရသများ၊ မိမိတို့၏ ကိုယ်တိုင် စိတ်ကူးယဉ်မှုများ မှ ဖန်တီး ရေးသားနိုင်ကြမည်ဖြစ်ပါသည်။


tom and jerry.png

Image from google


ထို့ကြောင့် ၀တ္ထုရေးသားကြမည်ဆိုပါက အဓိကအားဖြင့် မိမိတို့ရေးသားလိုသော ဇာတ်လမ်း၊ ဇာတ်ကောင် နှင့် ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းများ လိုအပ်မည်ဖြစ်ပါသည်။ ဇာတ်ကောင် နှင့်မဆီလျော်သည့် ရေးသားဖော်ပြချက် များသည် စာဖတ်သူများအား စိတ်ပျက်စေသည်ကိုလည်း သတိထားရမည်ဖြစ်ပါသည်။ ရေးသားချက်များတွင် အားပြိုင်မှုများ ပါဝင်နေမှသာလျှင် စာဖတ်သူများ စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်မည်ဖြစ်ပါသည်။ အရှုံး အနိုင် မပါသော ဇာတ်လမ်းများအား စာဖတ်သူအတော်များများက စိတ်ဝင်စားမည်ဖြစ်ပါသည်။ မိမိရေးသားသောစာများ ကို အခြားသူများမှ ဖတ်ရှုမှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း အနှစ်ချုပ်ရေးသားရင်း ရပ်နားလိုက်ပါသည်။

အင်္ဂလိပ်စာကိုနိုင်နင်းကျွမ်းကျင်သူများ လေ့လာနိုင်ရန်အတွက် http://www.writersdigest.com/editor-blogs/guide-to-literary-agents/how-to-write-a-novel-7-tips-everyone-can-use


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

26-11-2017 တနင်္ဂနွေနေ့(Sunday)