၂၀၁၈ နှစ်သစ်ဆုမွန် (Happy New Year 2018_My Wishes)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



Happy New Year 2018 copy.png


2017 year is going to the end. I think, 2018 will be a really great year for all of us.

Happy New Year!

Happy New Year 2018! I wish, may the new year 2018 bring to you good of health, worth of success and warmth of love.


Happy New Year 2018! May you be blessed enough to spend in new year 2018 with your parents, friends, loved ones.


I wish in New Year 2018, all my friends wishes are fulfilled in this year.


Happy New Year 2018 myanmar copy.png


မင်္ဂလာပါ ၂၀၁၈ ...... နှုတ်ဆက်ခဲ့ပါတယ် ၂၀၁၇ ရယ်...

ချစ်မိတ်ဆွေအပေါင်းတို့ခင်ဗျာ... နှစ်တစ်နှစ် ကုန်ဆုံးလို့ နှစ်သစ်တစ်ခု ရောက်ရှိလာခဲ့ရပြန်ပါပီခင်ဗျာ... နှစ်သစ်မှာ မင်္ဂလာရှိသောနှစ်သစ်လေးဖြစ်နိုင်ကြပါစေဗျာ....

မိမိတို့ အလိုဆန္ဒဟူသမျှတို့ ယခုနှစ်သစ်လေးမှာ အောင်မြင်ကြပါစေ.... ငွေကြေးကစ မပူမပင် မကြောင့်မကျ မတောင့်မတနဲ့ နေနိုင်ကြပါစေ...

ချစ်ခင်နှစ်သက်မြတ်နိုးရသောသူအပေါင်းနဲ့လည်း 2018 နှစ်သစ်မှာ မခွဲမကွာ အတူတွဲကာ နေထိုင်နိုင်ကြပြီး မိသားစုများနှင့်အတူ ပျော်ပျော်ရွှင်ရွှင် သာယာချမ်းမြေ့စွာ နေထိုင်နိုင်ကြပါစေကြောင်းလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်....

နှစ်ဦး နှစ်သစ် အခါသမယ အချိန်အခါလေးမှအစပြုကာ နောင်နှစ်ပေါင်းများစွာတိုင်တိုင် ကောင်းမြတ်သော မင်္ဂလာများပေါ်ထွန်းနိုင်ကြပြီး လိုအင်ဆန္ဒဟူသမျှတို့သည်လည်း ပြည့်ပြည့်၀၀ ရရှိနိုင်ကြပါစေ...

Steemit ကိုချစ်မြတ်နိုးကြပါကုန်သော ချစ်မိတ်ဆွေများအားလုံးသည်လည်း မိမိတို့ရည်မှန်းထားသော ပန်းတိုင်များသို့ လွယ်ကူစွာရောက်ရှိနိုင်ကြပါစေ... SBD များ၊ Steem များ၊ Steem Power များလည်း လျင်မြန်များပြားစွာ တိုးပွားနိုင်ကြပါစေဗျာ...

ပျော်ရွှင်စရာ နှစ်သစ် ဖြစ်ကြပါစေ...... Happy New Year 2018. Bye Bye 2017. Welcome 2018.


နှစ်တစ်နှစ်ကုန်ဆုံးလို့ နှစ်တစ်နှစ်ပြန်စချင်းကို ကျွန်တော် အော်သည်ဖြစ်စေ မအော်သည်ဖြစ်စေ သဘာဝတရားကြီးက ပြောင်းလဲသွားမည်ဖြစ်ပါတယ်... ဒါပေမယ့် လူအများအနေဖြင့် ကောင်းသော အကျင့်များဖြစ်ထွန်းပေါ်ပေါက်လာစေရန်အတွက် လူအများကြွေးကြော်ကြခြင်းဖြစ်မယ်ထင်ပါတယ်... အခြားသောနိုင်ငံများမှ ယဉ်ကျေးမှုစီးဆင်းလာရာမှ မြန်မာနိုင်ငံတွင်လည်း မကြာမီ နှစ်များအတွင်းကစတင်ခေတ်စားလာပါတယ်... ကောင်းမွန်သောအရာများအား လက်ခံနိုင်ကြပါစေကြောင်းလည်း ဆုတောင်းလိုက်ပါတယ်...

ကောင်းမွန်သောအကျင့်များကို ဆက်လက်ထိန်းသိမ်းထားကာ မကောင်းသောအကျင့်တို့ရှိနေပါက နှစ်ဟောင်းနှင့်အတူ စွန့်ပစ်ထားနိုင်ကြပါစေ.... ကုန်ဆုံးသွားသောနှစ်တစ်နှစ်တွင် ကောင်းခြင်း မကောင်းခြင်းများကိုသုံးသပ်ဆင်ခြင်နိုင်ကြပြီး နှစ်သစ်မှာ စိတ်သစ် လူသစ် အားအင်သစ်များဖြင့် ဘ၀ခရီးလမ်းအား ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေ...


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

1-Jan-2018 တနင်္လာနေ့(Monday)