အားလုံး ကြိုးစားကြစေချင်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
မြန်မာစာအရေးအသားများနှင့်ပတ်သတ်ပြီး ဆက်လက်ရေးသားချင်ပါသည်။ မြန်မာစာ အရေးအသားများကို ကျွန်တော်တို့အနေဖြင့် မှန်ကန်စွာသိရှိနားလည်ပြီး မှန်မှန်ကန်ကန်ရေး သားနိုင်ရန်အတွက် ဖြစ်ပါသည်။ တတ်သိနားလည်သောကြောင့်မဟုတ်ပါ။ MSC တွင်စာရေး ကြရာတွင် တတ်နိုင်သမျှ မှန်မှန်ကန်ကန်ရေးသားနိုင်ကြစေရန်အတွက်ဖြစ်ပါသည်။ အမှားများ ပါရှိပါကလည်း တတ်သိနားလည်ပြီးသူများမှ ထောက်ပြဝေဖန် ဖြည့်စွက် အကြံပြုပေးကြခြင်း ဖြင့် မြန်မာစာအရေးအသားများ တိုးတက်လာကြစေရန်အတွက် ၀ိုင်းဝန်းကူညီပေးစေလိုပါ သည်။ အခြားသောအပျော်အဖြစ်ရေးသားခြင်းများအား ပြောလိုခြင်းတော့မဟုတ်ပါ။ မိမိတို့၏ ဆောင်းပါးများ၊ ကဗျာများ၊ ၀တ္ထုများအား ရေးသားရာတွင် မိမိတို့နားလည်သလောက်ဖြင့် အတတ်နိုင်ဆုံး မှန်မှန်ကန်ကန်ရေးသားနိုင်ကြစေလိုသော ရည်ရွယ်ချင်ဖြင့် ရေးသားခြင်း ဖြစ်ပါသည်။ မြန်မာစာအရေးအသားများတိုးတက်စေလိုပါသည်။ အခြားသောနိုင်ငံများမှလည်း စာများရေးသားနေကြသည်ဖြစ်ရာ မြန်မာစာအရေးအသားမှန်ကန်ပါမှလည်း မြန်မာအား ကမ္ဘာမှ အသိအမှတ်ပြုလာကြမည်ဟုလည်း ထင်မြင်ယူဆမိပါသောကြောင့် ထပ်မံရေးသား ခြင်းဖြစ်ပါသည်။
ကျွန်တော်တို့သည် အရင်ကလည်း စာရေးဆရာများမဟုတ်ကြသကဲ့သို့ ယခုလည်း စာရေးဆရာများ မဖြစ်ကြသေးပါ။ စာပေအဖွဲ့အနွဲ့ဆိုင်ရာများလည်း များစွာလိုအပ်နေနိုင်ပါ သေးသည်။ လေ့လာစရာများလည်း အများအပြားကျန်ရှိနေနိုင်ပါသည်။ အခြားသောသူများကို တော့ မဆိုလိုပါ။ ကျွန်တော့်အနေဖြင့်မူ ရေးသားခဲ့သောစာများအား ဥာဏ်မီသလောက် သိနား လည်ထားသလောက် အကောင်းဆုံးဖြစ်စေရန် ကြိုးစားရေးသားခဲ့ပါသည်။ နောက်နောင် လည်း ကြိုးစားရေးသားနေပါအုံးမည်။ စာပေအဖွဲ့အနွဲ့များကို မကျွမ်းကျင်သော်လည်း အတတ်နိုင်ဆုံး ကြိုးစားရေးသားပါမည်။ နောင်တစ်ချိန်မိမိတို့ ရေးသားထားသော စာများအား ပြန်လည်ဖတ်ရှုမိသောအချိန်တွင် နောင်တမရချင်ပါ။ အမှားအယွင်းများ ပါရှိပါကလည်း ပြုပြင်ရန်အချိန် (၇)ရက်အတွင်း အမှားပြင်ဆင်နိုင်ရန်အတွက် ထောက်ပြပေးကြပါ။ သို့မှလည်း အမှန်ကို ရေးသားနိုင်မည်ဖြစ်ပါသည်။ စာကြောင်းတည်ဆောက်ပုံကို မသိကြသော် လည်း နားလည်သလောက် မှန်ကန်အောင်တည်ဆောက်ကြစေချင်ပါသည်။ စကာလုံးအထား အသိုကျွမ်းကျင်သောသူများလည်း ရှိသကဲ့သို့ မကျွမ်းကျင်သောသူများလည်း ပါရှိနိုင်ပါသည်။ အကြံပြုထောက်ပြပေးခြင်းဖြင့် လက်တွဲခေါ်ယူကြစေချင်ပါသည်။ အမှားကိုသိပါလျက်နှင့် အမှန်ပြင်မပေးခြင်းသည် မိတ်ဆွေကောင်းမပီသရာရောက်သည်ဟုလည်း ထင်မိပါသည်။
မြန်မာစာပေအရေးအသားသည် ကျယ်ပြန့်မည်ဖြစ်သော်လည်း ကျွန်တော်တို့တတ်နိုင်သမျှ ကြိုးစားကြမည်ဆိုလျှင် နောင်မျိုးဆက်သစ်များအတွက် အကျိုးရှိနိုင်မည်ဖြစ်ပါသည်။ ကျွန်တော်တို့မြန်မာလူမျိုးအများစုတို့သည် ရေရှည်အကျိုးကိုမကြည့်ကြပဲ ရေတိုကိုသာကြည့် တတ်ကြပေသည်။ ထို့ကြောင့်လည်းကျွန်တော်တို့ရေရှည်အကျိုးခံစားခွင့်များ မရရှိခဲ့ကြပါ။ Steemit သည်လည်း ရေရှည်စဉ်းစားပြီးလုပ်ကိုင်ကြရမည့် Platform တစ်ခုဖြစ်ပါသည်။ အချိန်တိုတိုလေးအတွင်း အောင်မြင်နိုင်သော်လည်း အကျိုးခံစားခွင့်နည်းပါးသွားမည်ဖြစ် သည်။ မြန်မာစာရေရှည်တည်တံ့နိုင်ရန်အတွက်လည်း ကျွန်တော်တို့အနေဖြင့် တဖက်တလမ်း မှ မိမိတို့တတ်နိုင်သလောက် ၀ိုင်းဝန်းကြိုးစားသင့်သည်ဟုလည်းထင်မိသောကြောင့် တိုက်တွန်းခြင်းဖြစ်ပါသည်။ ပြုပြင်မှလည်းတိုးတက်နိုင်ပေသည်။ ပြုပြင်ကြရန်လည်း တိုက်တွန်းလိုပါသည်။ မြန်မာစာပေအရေးအသား တိုးတက်လာခြင်းသည် မြန်မာ့ဂုဏ်မြင့်လာ ခြင်းပင်ဖြစ်ပါသည်။ ယခင်နေ့က ရေးသားခဲ့သော လိင် နှင့် လိမ် ပင်မကွဲမပြားရှိနေသေးသော သူများလည်း အများအပြားရှိနေပါသည်။ စာပုဒ်၊ စာပိုဒ် ပိုင်းဖြတ်တတ်ရန်အတွက်လည်း ကျွန်တော်တို့လေ့လာသင့်ပါသည်။ စာပုဒ်အဖြတ်မှားယွင်းလျှင် အဓိပ္ပါယ်လွဲသွား တတ်ကြပါသည်။ ရယ်မောခြင်းအကြောင်းအရာတွင်ပင်လျှင် ရယ်မောခြင်းခြောက်မျိုးရှိသည် ဟု စာပေများတွင် ရေးသားထားပေသည်။ ရယ်မောခြင်းတစ်မျိုးကိုပင် သေသေချာချာ မရေး သားနိုင်သေးသော ကျွန်တော့်အဖို့ ရင်မောစရာကိစ္စတစ်ခုပင်ဖြစ်သော်လည်း ဆက်လက် ကြိုးစားလေ့လာနေပါသည်။ ရသမျှအချိန်လေးများကို ဖဲ့ထုတ်ခြင်းဖြင့်လေ့လာနေဆဲပင်။
ထို့အတူပင် MSC တွင် စာရေးနေကြသော ညီအစ်ကို မောင်နှမများသည်လည်း တတ်နိုင်သမျှအကောင်းဆုံးဖြစ်စေရန်အတွက် ကြိုးစားနေကြကြောင်း တွေ့မြင်ရပါသည်။ ထို့ကြောင့်လည်း ယခုအခါတွင် MSC အဖွဲ့သားအားလုံးအတွက် သာရေး၊ နာရေး၊ လှုမှုရေးများဆောင်ရွက်နိုင်ကြစေရန် စုဆောင်းငွေများ၊ ရံပုံငွေများဖြင့် အကူအညီပေးနိုင်ရန် စီစဉ်ထားပြီး ဖြစ်ပါသည်။ တတ်နိုင်သမျှကူညီဆောင်ရွက် ပေးနေကြပါသည်။ အဖွဲ့သားများမှလည်း MSC အား တတ်နိုင်သမျှ ကူညီကြစေချင်ပါသည်။ ဆက်လက်ပြီးလည်း နိုင်ငံတော်အသိအမှတ်ပြု အဖွဲ့အစည်းတစ်ခုဖြစ်လာစေရန်အတွက် ၀ိုင်းဝန်းကြိုးပမ်းနေကြပါ သည်။ အောင်မြင်နိုင်မည် ဟုလည်း ထင်ပါသည်။ ကျွန်တော်တို့ရေးသော စာများသည် MSC ကိုကိုယ်စားပြုကြမည် ဖြစ်သကဲ့သို့ မြန်မာနိုင်ငံအား ကိုယ်စားပြုနေကြောင်းလည်း သတိရစေချင်ပါသည်။ ထို့ကြောင့် မိမိတစ်ဦးတည်း အဆင်ပြေစေရေးအတွက်သာ မစဉ်းစားကြစေချင်ပါ။ ယခုပင်လျှင် ထိုက်သင့် သောအောင်မြင်မှု နှင့် ထိုက်သင့်သော ၀င်ငွေလေးများလည်း ရရှိနေကြပြီဖြစ်သည်ကို လူတိုင်းအသိပင်ဖြစ်ပါသည်။ MSC သည်တစ်ဦးတစ်ယောက်တည်းအတွက် ဖွဲ့စည်းထားခြင်း မဟုတ်ပါ။ ထို့ကြောင့် အဖွဲ့ဝင်တိုင်းနှင့်သက်ဆိုင်ပါသည်။ အဖွဲ့သားတိုင်းသည် ခေါင်းဆောင်ဖြစ်ပါသည်။ MSC တိုးတက်ရေးအတွက် အဖွဲ့သားတိုင်းတွင်တာဝန်ရှိပါသည်။ သူက ခေါင်းဆောင်ဖြစ်လို့ သူမှာကပဲတာဝန်ရှိတယ် ငါတို့မှာ တာဝန်မရှိ ဟူသော သေးသိမ်သည့် စိတ်ဓာတ်များ မထားကြစေလိုပါ။ မိမိတို့ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကြိုးစားစေချင်ပါသည်။ ကူညီကြစေချင်ပါသည်။ သို့မှသာ ကျွန်တော်တို့ ချစ်သော MSC သည်လည်း ရေရှည်တည်တံ့ အောင်မြင်နိုင်မည်ဖြစ်ကြောင်း နှင့် Steemit Platform တွင် နေရာရနိုင်မည်ဖြစ်ပါကြောင်း ရေးသားရင်းဖြင့် နိဂုံးချုပ်လိုက်ပါသည်။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
5-Mar-2018 တနင်္လာနေ့(Monday)