အားလုံးသည် တစ်ခုတည်းပါ (All In One)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png

Image from google


စာတွေ ရေးရင်း ရေးရင်းနဲ့ ကြာရင် ကျွန်တော်တို့ကိုယ်တိုင်လဲ စာရေးဆရာအမည်တပ်ခံရတော့မည်လားတော့မသိတော့ပါ။ တိုက်တွန်းရတဲ့စာများကို ဆက်တိုက်ရေးသားသည်မှာ ကြာလာသောကြောင့် စာဖတ်မည့်သူပင်ရှိတော့မည်မဟုတ်။ ယခုပင်လျှင် လာရောက်ဖတ်ရှုသူတို့သည် နည်းသည်ထက် နည်းနည်းသွားပေသည်။ ကြာလျှင် ဖတ်မည့်သူပင်ရှိတော့မည်မဟုတ်တာလည်း သေချာသလောက်ပင် ဖြစ်နေစေပါသည်။ သို့သော်လည်း ရေးမှဖြစ်မည်။ ရေးတော့ရေးနေရဦးမည်ဖြစ်ပါသည်။ လာရောဖတ်ရှုသူနည်းသွားလျှင်လည်း ဆက်လက်ရေးသားနေရဦးမည်ဖြစ်ပါသည်။ စာရေးဆရာတော့ဖြစ်မည်မထင်ပါဘူး။ စာရေးဆရာလည်း လုပ်ချင်ပါဘူးလေ။
နာမည်တပ်ခြင်းသာခံရနိုင်ဖွယ်ရှိပါသည်။ ကျွန်တော်တို့ လူမျိုးသည် သူတစ်ပါးတို့တိုးတက်နေသည်ကိုမြင်ရလျှင် အလွန်အင်မတန် အားကျတတ်သော သဘောရှိပါသည်။ ဟိုလူတော့ ဘာနဲ့ ဘယ်လို ချမ်းသာသွားတယ် ငါတို့လည်း သူလို အောင်မြင်ချင်လိုက်တာ ချမ်းသာချင်လိုက်တာ ဟု အခြားအောင်မြင်နေသောသူများကိုကြည့်ကာ ပါးစပ်ပြောပြောနေတတ်ကြသည်။ လက်တွေ့တွင် အဘယ့်ကြောင့် ထိုသူသည် အောင်မြင်လာသနည်း အဘယ်ကြောင့် ချမ်းသာလာရသနည်း ဆိုသည်ကိုမူ စိတ်ဝင်စားမှုမရှိတတ်ကြပါ။ အောင်မြင်ခြင်း ၊ ချမ်းသာခြင်း စသည့်တို့ကို အလိုရှိပါမူ မိမိတို့ကိုယ်တိုင်ကပင် အောင်မြင်ခြင်း ၊ ချမ်းသာခြင်းလမ်းမပေါ်သို့ရောက်အောင် တက်ရန်လိုပါသည်။ သို့မှသာ အောင်မြင်သော ချမ်းသာသော သူတစ်ယောက်ဖြစ်နိုင်မည်ဖြစ်ပါသည်။ အောင်မြင်ခြင်း ၊ ချမ်းသာခြင်း လမ်းပေါ်သို့ရောက်မည့်လမ်းမရှာကြံပါပဲနှင့် အောင်မြင်ချင်လိုက်တာ ချမ်းသာချင်လိုက်တာ ဟု ပါးစပ်ကပြောနေရုံမျှနှင့်တော့ မည်သို့မျှ အဆင်ပြေနိုင်မည်မဟုတ်ပါ။


02.png

Image from google


စိတ်ထားလေးများကို အရင်ဆုံးပြုပြင်သင့်သည်ဟုလည်း ထင်မြင်ယူဆမိပါသည်။ လက်တွေ့အောင်မြင်နေသည်မဟုတ်သော်ငြားလည်း အောင်မြင်သူများ၏ နည်းစနစ်များကို များစွာလေ့လာဘူးပါသည်။ စာများစွာကိုလည်း လေ့လာဖတ်ရှုဘူးပါသည်။ သို့သော် လက်တွေ့အကောင်အထည်ဖော်မှု မရှိခဲ့သဖြင့် ယနေ့အချိန်ထိ အောင်မြင်သူတစ်ယောက် ချမ်းသာသူတစ်ယောက် ဖြစ်မလာပါချေ။ အဘယ့်ကြောင့် ထိုသို့ဖြစ်ပါသနည်း။ အောင်မြင်ရေးစာများ ချမ်းသာရေးနည်းလမ်းများကို အလွန်ကျွမ်းကျင်နိုင်နင်းသူတစ်ယောက်ပင်ဖြစ်စေကာမူ လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်နိုင်ခြင်းမရှိပါမူ ဘယ်သောအခါမျှ အောင်မြင်လိမ့်မည်မဟုတ်ပါချေ။ ဘောလုံးကန်သော အားကစားသမားများသည် ဘောလုံးနည်းစနစ်ကို နားလည်ကျွမ်းကျင်သော်လည်း ကိုယ်တိုင်ဝင်ရောက် ကစားခြင်း မပြုလုပ်ပါက Goal ဟုသော အော်သံသည် အခြားသူတို့အား ဂုဏ်ပြုပေးရသော အသံသာဖြစ်မည်ပင်။ ကိုယ်တိုင် သွင်းယူသော ဂိုးသွင်းသူ ကိုယ်တိုင် ကစားနေသော ကစားသမားများကဲ့သို့ ၀မ်းမြောက်နိုင်မည်မဟုတ်သကဲ့သို့ ဆုချီးမြှင့်ခြင်းကို Goal ဟုအော်ဟစ်နေသူအား လာရောက်ချီးမြှင့်ပေးမည်မဟုတ်ပါ။ ကစားသမားများ ဂိုးသွင်းသူများသာ ဆုကိုခံစားခွင့်ရှိမည်ဖြစ်ကြောင်း လူတိုင်းသိနေမည်ဖြစ်ပါသည်။ သို့သော် ကိုယ်တိုင်ဝင်ကစားရန်ကိုမူ အားထုတ်ကြိုးပမ်းသူ အနည်းငယ်မျှသာရှိမည်ထင်ပါသည်။ ဘေးမှသာ Goal အောင်နေသူသာ များမည်ဖြစ်ကြောင်း ဘောလုံးအားကစားကွင်း၏ ပရိသတ်ကိုကြည့်ခြင်းဖြင့် သိနိုင်ပေသည်။ ကိုယ်တိုင်အောင်မြင်လိုလျှင် ကိုယ်တိုင်ဝင်ရောက် ကစားရန်လိုမည်ဖြစ်ပါသည်။


03.png

Image from google


လမ်းကိုကောင်းစွာသိသောသူသည် ထိုင်ရာမှမထပဲနှင့် ထိုခရီးအား ရောက်ရှိနိုင်မည်မဟုတ်ပါပေ။ ရောက်ပြီဟု မကြွေးကြော်နိုင်ပါပေ။ လမ်းမသိသော်လည်း လျှောက်နေသောသူတစ်ယောက်အတွက်မူ တစ်ချိန်ချိန်တွင် ထိုခရီးအတွက် ပန်းတိုင်ရောက်ရှိသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်တိုင်လမ်းထလျောက်ရန်လိုအပ်မည်ဖြစ်ပါသည်။ လမ်းကို သေချာသိလျှင် မြန်မြန်ဆန်ဆန် ပန်းတိုင်သို့ ရောက်ရှိမည်ဖြစ်ပြီး လမ်းကို သေချာစွာ မသိပါမူ စမ်းတ၀ါးဝါးနှင့် အချိန်ပိုကြာမည်ဖြစ်ပါသည်။ စိတ်ထားလေးများကို အဘယ်သို့ပြုပြင်ယူသင့်ပါသနည်း။ ကျွန်တော်တို့သည် သူ့အလှည့် ကိုယ့်အလှည့် ဟူသော အသုံးအနှုန်းဖြင့် တွက်ကတ်တတ်ကြသည့်လူများမည် ထင်ပါသည်။ ထို့ကြောင့်ပင် အောင်မြင်သူ ချမ်းသာသူ နည်းပါးနေခြင်းဖြစ်မည်ဟုလည်း ထင်မြင်မိပါသည်။ ဒီလူက ငါ့အလှူတုံးက မလာပါဘူး။ ဒီတော့ ဘာလို့ သူ့အလှူကို ငါက သွားရမလဲ။ ဒီလူ့ ငါ့အဖေဆုံးတုံးက လာတောင်မေးဖော်မရဘူး။ သူ့အမေဆုံးတာ ငါကဘာလို့ သွားမေးရမလဲ။ ထိုသို့ယူဆချက်များဖြင့် နေ့စဉ်လူမှုဘ၀ကို ဖြတ်သန်းနေထိုင်ကြသူများ အလွန်ပင်များပြားမည်ထင်ပါသည်။ သူ့မလာလို့ ငါမသွားဘူးဆိုသော လူများပါသည်။


04.png

Image from google


ကျွန်တော်တို့ Steemit တွင်လည်း အတူတူပင် ထိုကဲ့သို့ ဖြစ်နေသည်ဟုထင်မြင်မိပါသည်။ ဘယ်လိုတူတာလဲဟု မေးချင်ကြပေလိမ့်မည်။ တူ တာမ ချွတ်စွတ်တူနေသည်ဟုပင် ပြောရမည်ထင်ပါသည်။ ဒီလူက ငါ့တင်တဲ့ post ကို vote, comment လာမှမပေးတာ။ ငါလည်း သူ့ post ကို vote, comment မပေးနိုင်ပါဘူး ဟူသော အတွေးများ ၀င်နေကြလေသည်လားမသိပါ။ ထိုစိတ်ဓာတ်မျိုးဝင်နေသည်ဟုလည်း ထင်မြင်မိပါသည်။ ယခုလောလောဆယ်တွင် ကျွန်တော်တို့သည် နေ့စဉ်ရက်ဆက် post များတင်နေကြသဖြင့်လည်းကောင်း၊ မိမိတို့၏ vote power ကို ထိန်းပေးနေရသဖြင့်လည်းကောင်း လူအများအပြားကို vote ပေးရန်အဆင်မပြေနိုင်သည်ကို လူတိုင်း နားလည်ခွင့်လွှတ်ကြမည်ထင်ပါသည်။ သို့သော် comment ရေးရန်အတွက်မူ အဆင်ပြေသော voting weight လုံလောက်နေပြီဟုလည်း ထင်ပါသည်။ comment ရေးပေးခြင်းသည် post တင်သူအတွက် အားဆေးများဖြစ်ပါသည်။ တစ်ယောက်မျှ comment မရေးသောသူတစ်ယောက်အဖို့ post တင်ရန် အားပျက် အားလျော့ သွားမည်ထင်ပါသည်။ SBD ကလည်း ကောင်းကောင်းမရသည့်အပြင် အားပေးမည့် comment လေးများကိုလည်း မမြင်ကြရသဖြင့် စိတ်ပျက်အားလျော့သွားတတ်ပါသည်။ ထို့ကြောင့် အဖွဲ့သားအားလုံးကို အကြံပေးလိုသည်မှာ မိမိတို့၏ vote ကိုလူတိုင်းကို မပေးချင်လျင် မပေးပါနှင့်။ သို့သော် အားပေးစကားလေးဖြစ်စေ၊ ဝေဖန်အကြံပြုချက်လေးတစ်ခုကိုပင်ဖြစ်စေ comment ရေးပေးကြပါလျွှင် post တင်သူအနေဖြင့် အလွန်ပင်ပျော်ရွှင်မည်ဖြစ်သည်ကို နားလည်သဘောပေါက်စေချင်ပါသည်။ ထို့ကြောင့် မိမိတို့ တတ်နိုင်သမျှ မိမိကို လာပြီး vote, comment လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ မိမိတို့ကိုယ်တိုင်ကပင် စပြီး vote or comment လုပ်ကြစေချင်ပါသည်။ သူတို့လာပြီး vote, comment လာခြင်း မလာခြင်းသည် သူတို့ကိစ္စသာဖြစ်ပါသည်။ ကျွန်တော့်အနေဖြင့်ထိုသို့ခံယူထားခြင်းဖြစ်ပါသည်။ Promotion ပေးရန် တစ်ရက်တည်းတွင် vote မလုံလောက်ကြသဖြင့်သာ အုပ်စုများခွဲပေးခြင်းသာဖြစ်ပါသည်။ အားလုံးသည်အတူတူဖြစ်သည်ကို မေ့မထားကြစေချင်ပါ။ သူ့အုပ်စု ငါ့အုပ်စု ကွဲနေခြင်းသည် မဖြစ်သင့်ပါ။ သူ့အုပ်စုမို့ vote, comment မပေးနိုင်ခြင်းများမဖြစ်သင့်ပါ။ အားလုံးသည် တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေသူများသာဖြစ်ပါသည်။ မိမိကြိုက်နှစ်သက်ရာအခြားအုပ်စုမှ post များအားလည်း vote, comment ပေးကြပါလို့လည်း တိုက်တွန်းပါသည်။ အုပ်စုစွဲများ မထားစေချင်ပါ။ မိတ်ဆွေတို့၏ စိတ်ကို မိတ်ဆွေတို့သာပိုင်ဆိုင်ပါသည်။ ကျွန်တော့်အနေဖြင့်မပိုင်ဆိုင်ပါ။


05.png

Image from google


မြန်မာအနေဖြင့်အောင်မြင်လိုပါသည်ဟုတော့ ပြောကြပါသည်။ တိုးတက်အောင်လည်းကြိုးစားမည်ဟု ထင်မြင်ယူဆပါသည်။ တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့်တော့မရနိုင်ပါချေ။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ကူညီကြခြင်းသည်သာ ရေရှည်အတွက်အကျိုးအမြတ်ရမည်ဖြစ်မည်။ တစ်ဦးတစ်ယောက်တည်းဖြင့် အောင်မြင်နိုင်ရန်မလွယ်ကူသည်ကိုလည်း လူတိုင်းနားလည်သည်ထင်ပါသည်။ သို့သော် စည်းလုံးမှုအင်အားတော့ အတော်နည်းနေသေးသည်ဟုလည်း ထင်မြင်မိပါသည်။ လူတိုင်းသည် ၀မ်းစာအတွက် နေ့စဉ်ငွေရှာနေကြရသဖြင့် မအားလပ်ကြသည်ကိုလည်း နားလည်မိပါသည်။ ကျွန်တော်တို့ကိုယ်တိုင်လည်း မအားလပ်ကြပါ။ အားလပ်သည့်အချိန်ကလေး ရသည့်အချိန်ကလေးတွင် ဖုန်းလေးဖွင့် ကွန်ပျူတာလေးဖွင့်ကာ ရသမျှအချိန်ကလေးတွင် vote, comment ရေးကြသည်။ post များအား စစ်ဆေးကြရခြင်းဖြစ်ပါသည်။ တခါတရံ ညနက်သည်အထိ စစ်ဆေးရသည်များလည်းရှိပါသည်။ သူများက မိမိကို လာရောက် vote, comment လုပ်ဖြစ်စေ ၊ မလုပ်သည်ဖြစ်စေ မိမိတာဝန်မိမိကျေနိုင်လျင် အကောင်းဆုံးဖြစ်မည်ပင်။ ငါ့လာပြီး vote, comment မရေးလို့ ဟု တွက်ကတ်နေကြလိမ့်မည်မဟုတ်ဟု ထင်ပါသည်။ အချင်းချင်းအပြန်အလှန်ကူညီကြပါရန်တိုက်တွန်းနှိုးဆော်ရင်းဖြင့် ရပ်နားလိုက်ပါသည်။


06.png

Image from google


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

13-Feb-2018 အင်္ဂါနေ့(Tuesday)