အံ့ဖွယ် ဂုဏ်ဆောင် ဇလုံတောင်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ယခင်တစ်ပတ်က ဇလုံတောင်တော်အတက်လမ်းခရီးတွင် တည်ရှိသည့် ကျောက်မဏ္ဍပ်ပုံများကို တင်ပေးခဲ့တယ်.... ဒီတစ်ပတ်တော့ အံ့ဖွယ် ဂုဏ်ဆောင် ဇလုံတောင်တောင်မြတ်အား ရိုက်ကူးခဲ့သည့် ဓာတ်ပုံများအား ဆက်လက်တင်ပေးလိုက်ပါတယ်.... စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ဇလုံတောင် ဘုရားဖူးသွားရင်း ရိုက်ကူးခဲ့သောရှုခင်းများ နှင့် ဇလုံတောင်တောင်တော်မြတ်၏ အံဖွယ် ထူးမြတ်လှသော ဓာတ်ပုံများဖြစ်ပါတယ်ဗျာ.... ခရီးသွားရင်းကြုံရင်တော့ ၀င်ရောက်ဖူးမြှော်ကြည်ညိုသင့်သော နေရာတစ်ခုဖြစ်ပါတယ်... မိမိတို့စီးနင်းလာသောကားများအား တောင်ခြေကားဂိတ်တွင် ထားခဲ့ပြီး ဇလုံတောင်ကားအသင်းမှကားများဖြင့်သာ တော်တော်ပေါ်သို့ တက်ရောက်နိုင်မှာဖြစ်ပါတယ်... လူတစ်ဦးလျင် ၃၀၀၀ ကျပ်နှုန်းဖြင့် လိုက်ပါစီးနင်းကြရမှာဖြစ်ပါတယ်... ထိုငွေ ၃၀၀၀ ကျပ်က အတက်အတွက်သာဖြစ်ပါတယ်... အဆင်းမှာလည်း ၃၀၀၀ ကျပ်ပေးပြီး စီးနင်းကြမှာဖြစ်ပါတယ်... ကားသင်းအနေနှင့် လူ(၁၅)ဦးပြည့်မှသာ တောင်တော်ပေါ်သို့ တက်ရောက်ပေးမှာဖြစ်ပါတယ်... မပြည့်သေးလျှင် စောင့်ကြရမှာဖြစ်သလို မစောင့်နိုင်ပါက လူ(၁၅)ဦးအတွက်ပေးပြီး တက်ရောက်ကြရမှာဖြစ်ပါတယ်ဗျာ... အသင်းကားများမှလွဲပြီး အခြားသောဘုရားဖူးကားများအား ဇလုံတောင်တော်သို့ တက်ရောက်ခွင့်မပြုပါ... အန္တရာယ်များလွန်းလှသောကြောင့်ဖြစ်ပါတယ်... သဘာဝပတ်ဝန်းကျင်ကလည်း အင်မတန်စိမ်းလန်းစိုပြည်လှသလို ရှားပါးသစ်ပင်အမျိုးအစားများကိုလည်း တောအတွင်းလမ်းဘေးတစ်လျောက်မှာ တွေ့ရပါတယ်... ဖူးမြှော်ကြည်ညိုနိုင်ရန် နေရာနှစ်နေရာအား အသင်းကားများမှ ပို့ဆောင်ပေးခြင်းဖြစ်ပါတယ်... ကျောက်မဏ္ဍပ် နှင့် ဇလုံတောင်တော်တို့ဖြစ်ပါတယ်... ကားစီးရတာကလည်း သဲထိတ်ရင်ဖိုရှိလှပါတယ်... မောင်းနှင်နေကျယာဉ်မောင်းများအတွက်သာ လွယ်ကူမှာဖြစ်ပြီး အခြားသော ယာဉ်မောင်းများအနေဖြင့် မောင်းနှင်ရန် အမှန်ပင်မလွယ်ကူသည့်အပြင် အမှန်တကယ်လည်း အန္တရာယ်များပြားလှတာကို မြင်ရပါတယ်... ယာဉ်မောင်းများမှာ ကျွမ်းကျင်မှုရှိကြောင်းတွေ့ရပါတယ်... ကားကွင်းတွင် ညအိပ်တည်းခိုနိုင်တဲ့ တဲအိမ်လေးများရှိပါတယ်... လူတစ်ဦးလျှင် ၁၅၀၀ ကျပ်ကျသင့်တယ်လို့လည်း သိရပါတယ်... ကားကွင်းတွင် ညမအိပ်လိုပါက ဗန်းမောက်မြို့တွင်သွားရောက်ပြီး တည်းခိုခန်းတွင် ညအိပ်ရပ်နားနိုင်ပါတယ်... အံ့ဖွယ် ဂုဏ်ဆောင်ဆိုသည့်အတိုင်း အံ့သြဖွယ်ရာ ဗန်းမောက်မြို့အား ဂုဏ်ဆောင်ပေးမည့် တောင်တော်မြတ်ဖြစ်မယ်လို့လည်း ထင်မိပါတယ်ဗျာ...
ယခု ဓာတ်ပုံများအားလုံးသည် အချို့ကို Sony Auto Camera လေးဖြင့်လည်းကောင်း၊ အချို့ကို Smart Phone ဖြင့်လည်းကောင်း ရိုက်ကူးထားခြင်းဖြစ်ပါသည်....
ရွှေရောင်တောက်သည်ဟု နည်မည်ကျော်ကြားသော နေရာဟု ခန့်မှန်းရသော နေရာ ကားပေါ် ကားစီးရင်းလှမ်းရိုက်ထားသော ပုံဖြစ်ပါတယ်..... ရွှေရောင်တော့မရပါ.... ကျွန်တော်တို့က ၁၅ မိနစ်ခန့်နောက်ကျခဲ့တယ်.... စောခဲ့ရင် ရွှေရောင်တောက်နေတဲ့ပုံ ရချင်ရနိုင်တာပေါ့နော်......
ဇလုံတောင်တောင်မြတ် နှင့် ညနေခင်းဆည်းဆာ အလှများ ပတ်ဝန်းကျင်ကျောက်တုံးအချို့
ဇလုံတောင်တော်မြတ် အတက်လမ်းဘေးတွင် တည်ထားသော စေတီတော်မြတ် နှင့် ရုပ်ပွားတော်မြတ်များ
ဇလုံတောင်တော်ရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း အတွင်းမှ ဘုရားခန်း
ဇလုံတောင်တော်မြတ်၏ တောင်ထိပ် နှစ်ခုအား ဆက်သွယ်ထားသော တံတား
ဇလုံတောင်တော်မြတ်၏ အမြင့်ဆုံး တောင်ထိပ်တွင် တည်ထားသော ရုပ်ပွားဆင်းတုတော် နှင့် စေတီတော်မြတ်
ဇလုံတောင်တော်မြတ်၏ အမြင့်ဆုံးတောင်ထိပ်လှေကားဘေး စကားပင်တွင် ပုဝါများ ချိတ်ဆွဲထားခဲ့ပုံ
လူတစ်ယောက်သာ အတက်အဆင်း ပြုလုပ်နိုင်သည့် ကျောက်တောင်နှစ်ခုကြား
ဇလုံတောင်တော်မြတ် လမ်းတစ်လျောက်လုံးတွင် စိုက်ထူထားသော ဆိုင်းဘုတ်များ
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ဓာတ်ပုံ (Photo)
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
17-Mar-2018 တနင်္ဂနွေနေ့(Sunday)