အံဖွယ် ထူးမြတ် ကျောက်မဏ္ဍပ်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ဒီတစ်ပတ်အတွက်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ဇလုံတောင် ဘုရားဖူးသွားရင်း ရိုက်ကူးခဲ့သောရှုခင်းများ နှင့် ဇလုံတောင်တောင်မရောက်မီ ခရီးတစ်ဝက်ခန့်မှ အံဖွယ် ထူးမြတ် ကျောက်မဏ္ဍပ် မှ ဓာတ်ပုံများအားတင်ပေးလိုက်ပါတယ်ဗျာ.... ခရီးသွားရင်းကြုံရင်တော့ ၀င်ရောက်ဖူးမြှော်ကြည်ညိုသင့်သော နေရာတစ်ခုဖြစ်ပါတယ်... မိမိတို့စီးနင်းလာသောကားများအား တောင်ခြေကားဂိတ်တွင် ထားခဲ့ပြီး ဇလုံတောင်ကားအသင်းမှကားများဖြင့်သာ တော်တော်ပေါ်သို့ တက်ရောက်နိုင်မှာဖြစ်ပါတယ်... လူတစ်ဦးလျင် ၃၀၀၀ ကျပ်နှုန်းဖြင့် လိုက်ပါစီးနင်းကြရမှာဖြစ်ပါတယ်... ထိုငွေ ၃၀၀၀ ကျပ်က အတက်အတွက်သာဖြစ်ပါတယ်... အဆင်းမှာလည်း ၃၀၀၀ ကျပ်ပေးပြီး စီးနင်းကြမှာဖြစ်ပါတယ်... ကားသင်းအနေနှင့် လူ(၁၅)ဦးပြည့်မှသာ တောင်တော်ပေါ်သို့ တက်ရောက်ပေးမှာဖြစ်ပါတယ်... မပြည့်သေးလျှင် စောင့်ကြရမှာဖြစ်သလို မစောင့်နိုင်ပါက လူ(၁၅)ဦးအတွက်ပေးပြီး တက်ရောက်ကြရမှာဖြစ်ပါတယ်ဗျာ... အသင်းကားများမှလွဲပြီး အခြားသောဘုရားဖူးကားများအား ဇလုံတောင်တော်သို့ တက်ရောက်ခွင့်မပြုပါ... အန္တရာယ်များလွန်းလှသောကြောင့်ဖြစ်ပါတယ်... သဘာဝပတ်ဝန်းကျင်ကလည်း အင်မတန်စိမ်းလန်းစိုပြည်လှသလို ရှားပါးသစ်ပင်အမျိုးအစားများကိုလည်း တောအတွင်းလမ်းဘေးတစ်လျောက်မှာ တွေ့ရပါတယ်... ဖူးမြှော်ကြည်ညိုနိုင်ရန် နေရာနှစ်နေရာအား အသင်းကားများမှ ပို့ဆောင်ပေးခြင်းဖြစ်ပါတယ်... အဲဒီနှစ်နေရာကတော့ ကျောက်မဏ္ဍပ် နှင့် ဇလုံတောင်တော်တို့ဖြစ်ပါတယ်... ကားစီးရတာကလည်း သဲထိတ်ရင်ဖိုရှိလှပါတယ်... မောင်းနှင်နေကြယာဉ်မောင်းများအတွက်သာ လွယ်ကူမှာဖြစ်ပြီး အခြားသော ယာဉ်မောင်းများအနေဖြင့် မောင်းနှင်ရန် အမှန်ပင်မလွယ်ကူသည့်အပြင် အမှန်တကယ်လည်း အန္တရာယ်များပြားလှတာကို မြင်ရပါတယ်... ယာဉ်မောင်းများမှာ ကျွမ်းကျင်မှုရှိကြောင်းတွေ့ရပါတယ်... ကားကွင်းတွင် ညအိပ်တည်းခိုနိုင်တဲ့ တဲအိမ်လေးများရှိပါတယ်... လူတစ်ဦးလျှင် ၁၅၀၀ ကျပ်ကျသင့်တယ်လို့လည်း သိရပါတယ်... ကားကွင်းတွင် ညမအိပ်လိုပါက ဗန်းမောက်မြို့တွင်သွားရောက်ပြီး တည်းခိုခန်းတွင် ညအိပ်ရပ်နားနိုင်ပါတယ်... ဓာတ်ပုံများအား ခွဲတင်မပေးတော့ပဲ တပေါင်းတည်း တင်ပေးလိုသော်လည်း ဓာတ်ပုံများက များပြားနေပါသဖြင့် နောက်တစ်ပတ်တွင် ဇလုံတောင်တော်မြတ် ဓာတ်ပုံများအား တင်ပေးပါမယ်ဗျ... အံဖွယ်ဟု ခေါင်းစီးတပ်ထားသည့်အတိုင်း အမှန်တကယ်လည်း အံ့သြဖွယ်ရာဖြစ်ကြောင်း မြင်တွေ့ခဲ့ရပါတယ်ဗျာ...
ယခု ဓာတ်ပုံများအားလုံးသည် အချို့ကို Sony Auto Camera လေးဖြင့်လည်းကောင်း၊ အချို့ကို Smart Phone ဖြင့်လည်းကောင်း ရိုက်ကူးထားခြင်းဖြစ်ပါသည်....
ဇလုံတောင်ခြေ တောင်တက်ကားကွင်း
ညအိပ်တည်းခိုနိုင်သည့် အိမ်လေးများ
သန့်စင်ခန်းများ
အံဖွယ်ထူးမြတ် ကျောက်မဏ္ဍပ်
ကျောက်မဏ္ဍပ်ပေါ်တွင်တည်ထားသော စေတီတော် နှင့် ခေါင်းလောင်း
ကျောက်မဏ္ဍပ်အောက်ခြေတွင်ထူးခြားသည့်အခြေအနေများ
ဂြိုလ်ပြေ နံပြေ စေတီတော်
ကျောက်မဏ္ဍပ်မှ ဇလုံတောင်တော်မြတ်အား လှမ်းမြင်ရပုံ
နောက်တစ်ပတ် တနင်္ဂနွေနေ့တွင် ဇလုံတောင်တော်မြတ်၏ ရှုခင်းဓာတ်ပုံများနှင့် ဇလုံတောင်တော်မြတ်မှ စေတီတော်များအား ထပ်မံတင်ပေးပါမယ်... စောင့်မျှော်ကြည့်ရှုပေးကြပါကုန်...
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ဓာတ်ပုံ (Photo)
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
11-Mar-2018 တနင်္ဂနွေနေ့(Sunday)