အဘယ့်ကြောင့်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
အချိန်ဆိုသည်မှာ လူတိုင်းတူညီစွာဖြင့် အခမဲ့ရရှိထားသော သဘာဝ၏ အရင်းအနှီးတစ်ခုဖြစ်ပါ သည်။ အချိန်နှင့်ပတ်သက်သော အကြောင်းအရာများကို စာရေးဆရာကြီးများသည် ရှေးလွန်ခဲ့ သောနှစ်ပေါင်းများစွာကပင် ရေးသားထားခဲ့ကြပြီးဖြစ်သော်လည်း လူအနည်းငယ်လောက်က သာ လက်တွေ့လိုက်နာကျင့်သုံးခြင်းဖြင့် အောင်မြင်မှုကို လက်ဝယ်ရရှိထားကြကြောင်း သိရှိရ ပါသည်။ ထို့အတူပင် ကျန်းမာခြင်းဟူသော အရင်းအနှီးကိုပါ ထပ်မံပေါင်းစပ်ခဲ့သည်ရှိသော အခြားသော ငွေအရင်းအနှီးသည်လည်းကောင်း၊ ပညာအရင်းအနှီးသည်လည်းကောင်း အလွယ်တကူရရှိနိုင်မည်ဖြစ်သည်ဟုလည်း ဖတ်ဖူး မှတ်ဖူး ကြားသိဖူးခဲ့ပါသည်။ အချိန် နှင့် ကျန်းမာခြင်း ဆိုသော အရင်းအနှီးကို ပိုင်ဆိုင်ထားသောသူများသည် အလွန်ကံကောင်းသူများ ပင်ဖြစ်ပေသည်။ ငွေအမြောက်အမြားပိုင်ဆိုင်ထားသော်လည်း ကျန်းမာရေးမကောင်းသူတို့ သည် လောကတွင် အမြောက်အမြားရှိနေနိုင်ပါသည်။ ထိုသို့သောသူများအတွက် ငွေပုံပေး သော်လည်း ကျန်းမာရေးသည် ပကတိဖြူစင်ခြင်း မရရှိနိုင်တော့ပါချေ။ ကျန်းမာရေးအရင်း အနှီး ပြည့်စုံနေသူများသည် အလွန်ကြီးမားသောအရင်းအနှီးကို ရရှိထားသူများဖြစ်ကြောင်း သတိပြုဆင်ခြင်နိုင်ကြပါစေ။
တာဝန်များအကြောင်း၊ ၀တ္တရားများအကြောင်း၊ မေတ္တာ စေတနာများအကြောင်း ထွေထွေ ထူးထူးရေးသားလိုစိတ်မရှိပါ။ နှစ်ဦးနှစ်ဖက်အကျိုးများသော အကြောင်းကိစ္စများကိုသာ ပြုမူ ဆောင်ရွက်ကြမည်ဆိုပါက အကောင်းမွန်ဆုံး အချိန်ကိုအသုံးချခြင်းဖြစ်လေမည်လား။ သေချာ တော့မပြောနိုင်ပါ။ နောင်တများနှင့်ပူဆွေးနေသော သူများအဖြစ်သို့ မရောက်ရန်မှာ နောင်တ ရမည့်အလုပ်များမလုပ်မိရန်လိုမည်ထင်ပါသည်။ လုပ်သင့်သောအလုပ် နှင့် မလုပ်သင့်သော အလုပ် ခွဲခြားသိရှိနားလည်ပြီး လုပ်သင့်သောအလုပ်တို့အား အချိန်မနှောင်းမီ လုပ်ကိုင်ရန်သာ လိုအပ်မည်ပင်ဖြစ်ပါသည်။ အချိန်လွန်သောအခါမှ နောင်တနှင့်ပူဆွေးနေရခြင်းမှ ကင်းလွတ် ကြစေရန်အတွက် စဉ်းစားလုပ်ကိုင်သင့်သည်ဟုလည်း ထင်မြင်မိပါသည်။ အခြားသူများက မိမိနှင့်တူညီသော အလုပ်များကို လုပ်ကိုင်နေခြင်းဖြင့်အောင်မြင်ခဲ့ပြီး မိမိကတော့ မအောင်မြင် နိုင်ခြင်းသည် မည်သူ့တွင်တာဝန်ရှိပါသနည်း။ ရသင့်သော ပစ္စည်းဥစ္စာများအား အချိန်လွန်မှ မရရှိခြင်းကြောင့် စိုးရိမ်ခြင်း၊ ပူပန်ခြင်းသို့ရောက်ရသည်ရှိသော် မည်သူ့တွင် တာဝန်ရှိပါ သနည်း။ ပစ္စည်းဥစ္စာမစုဆောင်းသောသူတွင်သာ တာဝန်ရှိပေမည်။ ပညာရှာသင့်သောအချိန် တွင် ပညာမရှာပါပဲနှင့် အလေလိုက်နေသောသူသည် နောင်တစ်ချိန် ပင်ပန်းဆင်းရဲစွာ အသက်မွေးဝမ်းကြောင်းရသောအခါမှသာ ပညာမသင်ခဲ့ရလေခြင်းဟု နောင်တဖြင့်သာ သေဆုံးရနိုင်ဖွယ်သာရှိပါသည်။
[Image Source}(http://guiadocente.com.br/o-tempo-do-professor-somos-cinquenta-minutos/)
Steemit Platform တွင်လည်း အထောက်အပံ့ကောင်းများရရှိနေသေးသောအချိန်တွင် ရရှိနေသော အခွင့်အလမ်းများအား မျက်ကွယ်ပြုကာ နေကြသူများသည် နောင်တစ်ချိန်တွင် မိမိတို့၏ ဆန္ဒသဘောအတိုင်းသာ အကျိုးခံစားခွင့်ရရှိကြမည်ဖြစ်ပါသည်။ သူတစ်ပါးတို့၏ SP များကိုကြည့်ကာ အားကျနေခြင်းဖြင့် မိမိတို့တွင် SP တိုးလာမည်မဟုတ်ပါ။ မိမိတို့ကိုယ်တိုင် ကြိုးစားအားထုတ်ကြပါမှ SP တိုးလာမည်သာဖြစ်ပါသည်။ အခွင့်အလမ်းများအား မျက်ကွယ်ပြု နေသူများအနေဖြင့် နောင်တစ်ချိန် နောင်တမရရှိစေရန်သာ အရေးကြီးပါသည်။ ရရှိနေသော အခွင့်အလမ်းများသည် မသိကျိုးကျွံပြုခံရသောအခါ မိမိတို့ထံမှ အလျင်အမြန်ထွက်ခွာသွား ကြပေလိမ့်မည်။ ထိုအချိန်အခါမှ ပြန်လည်တမ်းတနေရုံမှတစ်ပါး အခြားမည်သို့မျှ တတ်နိုင်မည် မဟုတ်တော့ပါချေ။ သတိပြုနိုင်ကြစေရန် ရေးသားလိုက်ခြင်းဖြစ်ပါသည်။ နောင်တသံသရာမှ လွတ်ကင်းလိုပါက လုပ်သင့်လုပ်ထိုက်သည်များအား လုပ်ကြရန်သာ ဖြစ်ပါသည်။ လုပ်သင့်တာ နှင့် လုပ်ချင်တာကိုလည်း ကွဲပြားစွာ နားလည်ထားသင့်ပါသည်။ လုပ်သင့်တာကိုမလုပ်ပဲ လုပ်ချင်တာကိုသာ လုပ်နေလျှင် မည်သည့်အကျိုးမျှ ခံစားခွင့်ရရှိ ကြလိမ့်မည်မဟုတ်ပါ။ လုပ်ချင်တာကို ဘေးဖယ်ထားပြီး လုပ်သင့်တာကို လုပ်မှသာ ထိုက်သင့် သောအကျိုးခံစားမှုများ ရရှိကြမည်ဖြစ်ပါသည်။ သတိပြုဆင်ခြင်နိုင်ကြပါစေ။
အချို့သောသူများအနေဖြင့် ကံပဲပေါ့ဆိုကာ ကံကိုပုံချကြပေလိမ့်မည်။ ကံဆိုသည်မှာ မည်သို့ နားလည်ထားကြလေသည်မသိပါ။ ကံဆိုသည်မှာ မိမိတို့လုပ်ခဲ့သော အလုပ်များသာဖြစ်သည် ဟု မှတ်သားခဲ့ဖူးပါသည်။ မိမိတို့လုပ်သောအလုပ်သည် ကံဟုဆိုပါက မိမိတို့အနေဖြင့် ကောင်း သောအလုပ်ကို လုပ်ပါက အကြောင်းတိုက်ဆိုင်လာသောအချိန်တွင် ကံကောင်းပါလိမ့်မည်။ မကောင်းသောအလုပ်များကို လုပ်ပါကလည်း အကြောင်းတိုက်ဆိုင်လာသောအချိန်တွင် မကောင်းကျိုးကိုခံစားကြရပါလိမ့်မည်။ ထို့ကြောင့် အလုပ်ကောင်းမှ ကံကောင်းကြပါလိမ့်မည်။ ဘုန်းကြီးလေသံပေါက်နေပြီထင်ပါသည်။ ဘုန်းကြီးမဟုတ်သော်လည်း အမှန်တရားများသာ ဖြစ်နေသောကြောင့် သတိပြုနိုင်ကြစေလိုသော စေတနာဖြင့် ရေးသားခြင်းဖြစ်ပါသည်။ ခွင့်လွှတ်နားလည်ပေးကြပါကုန်။ နေ့ရက်တစ်ရက် ကုန်ဆုံးသွားချိန်တွင် မိမိတို့အနေဖြင့် ကောင်းသောအလုပ်ကို လုပ်ခဲ့မိသလား၊ မကောင်းသောအလုပ်ကို လုပ်ခဲ့မိလေသလား ဆိုသည်ကို ပြန်လှန်စဉ်းစား တွေးတောမိသူ လောကတွင် ဘယ်နှစ်ယောက်လောက်များ ရှိနိုင်မည်နည်း။ သိပ်များများတော့ ရှိမည်မထင်ပါ။ အောင်မြင်ကျော်ကြားနေသူတို့သည် ထိုသို့ သောအလုပ်တို့ကို ပြုလုပ်ခဲ့သူများ၊ ပြုလုပ်နေသူများဖြစ်မည်ထင်ပါသည်။ ပြန်လှန်သုံးသပ်ခြင်း မပြုသောလုပ်ငန်း၊ ပြန်လှန်သုံးသပ်ခြင်းမပြုသောသူသည် မတိုးတက်ဟု လည်းထင်မြင်မိပါသည်။
လောကကြီးတွင် တူညီသောအချိန်ကို ပိုင်ဆိုင်ထားကြသူချင်းအတူတူ အဘယ့်ကြောင့် ကွဲပြားခြားနားနေကြရသနည်း။ လူသားချင်းအတူတူ အဘယ့်ကြောင့် ချမ်းသာ ဆင်းရဲ မတူညီ ကြရလေသနည်း။ ရုပ်ချော ရုပ်ဆိုးကွဲပြားနေခြင်းမှာ ဘာကြောင့်နည်း။ ကျန်းမာခြင်း မကျန်းမာခြင်းတို့ကကော ဘာကြောင့် မတူညီကြလေသနည်း ဟူသော မေးခွန်းများအား မိမိ ကိုယ်ကို ပြန်လှန်မေးမြန်းရင်းဖြင့် ဖြေဆိုနိုင်သူများ comment တွင် အဖြေပေးသွားကြပါလို့ လည်း အကူအညီတောင်းရင်းဖြင့် ရပ်နားလိုက်ပါသည်။ ဆက်တွေးပြီး ဆက်ရေးလျှင်လည်း ရူးကြောင်ကြောင်ပင်ဖြစ်သွားနိုင်သောကြောင့်လည်း ရပ်နားလိုက်ရခြင်းဖြစ်ပါသည်ခင်ဗျား။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
24-Apr-2018 အင်္ဂါနေ့(Tuesday)