အကောင်းလား အဆိုးလား (Only you can choose good or bad yourself.)

မင်္ဂလာပါ Steemit တွင်လုပ်ကိုင်နေကြပါသော မိတ်ဆွေအပေါင်းတို့ခင်ဗျာ...(Mingalar par, all steemit fellowship)

စိတ် နှင့် ပတ်သက်သော လူတို့အတွက် အလွန်အဖိုးတန်ပြီး တန်ဖိုးမဖြတ်နိုင်သော လူတို့က သတိမထားမိဘဲ လုပ်ချင်သလိုလုပ်နေသော ဖြစ်ချင်ရာဖြစ် ပစ်ထားသော မိမိတို့၏ ကိုယ်ပိုင်စိတ်ကလေးများအကြောင်း ပြောပြချင်လို့ပါ..... ကြီးကြီးကျယ်ကျယ်တွေ လျောက်လုပ်နေတယ်လို့တော့မထင်ပါနဲ့ခင်ဗျာ....တကယ်လည်း ကြီးကြီးကျယ်ကျယ်လျောက်လုပ်နေတာပါးးး D

မိမိတို့၏ စိတ်ကို အထားတတ်လျှင် အလွန်ကောင်းပါ၏.... မိမိတို့၏စိတ်ကို ကောင်းကောင်းထားလျှင် အကောင်းဟူသမျှကို ဆွဲဆောင်ပြီး အကောင်းမှန်သမျှ စုလာစေ၏.....

4.jpg

ဆန့်ကျင်ဘက်ဖြစ်သော မိမိတို့၏စိတ်ကို အဆိုးထားလျှင် အဆိုးဟူသမျှကို ဆွဲဆောင်ပြီး အဆိုးမှန်သမျှ စုလာစေ၏.... တရားဘာဝနာပွားများသလို ကမဌာန်းထိုင်နည်းဖြင့် ထိုင်ပြီး ကျင့်ကြံအားထုတ်နေရန်မဟုတ်ပါ..... ဟုတ်ပါ့မလားဟု သံသယမ၀င်ပါနှင့်... စိတ်သာရှင်စော ဘုရားဟောဆိုသော စကားသည် မြတ်ဗုဒ္ဓ ကိုယ်တိုင်ကပင် စိတ်ကိုအရေးကြီးကြောင်း လွန်ခဲ့သော နှစ်ပေါင်း (၂၅၀၀) ကျော်ကပင် ဟောကြားထားခဲ့ပြီး ဖြစ်သည်ကို မေ့မထားပါနှင့်.....

သူတစ်ပါးအား ကိုယ့်စိတ်ကို ပိုင်ဆိုင်ခွင့်မပေးပါနှင့်.....
အခြားသူတစ်ယောက်က နာစရာပြောလျှင် အလွယ်တကူ မနာပါစေနှင့်.... အခြားသူ တစ်ယောက်က ချီးမွမ်းစကားပြောကြားလာလျှင်လည်း အရမ်းကရော ၀မ်းမသာပါနှင့်... ကဲ့ရဲ့ခြင်းး ချီးမွမ်းခြင်း ဆဲဆိုခြင်း တို့တွင် မိမိတို့စိတ်ကို အလိုမလိုက်မိပါစေနှင့်.... မိမိ၏ ကောင်းကြောင်းကို ပြောနေသည်ဖြစ်စေ မကောင်းကြောင်းကို ပြောနေသည်ဖြစ်စေ.... ဂရုမစိုက်ပါနှင့် ...... ထိုသို့နေထိုင်ခြင်းသည် စိတ်ကျင့်စဉ်တစ်မျိုးဖြစ်ပေသည်.... ထိုသို့ ကျင့်သုံးခြင်းဖြင့် မိမိတို ကြည်လင်လန်းဆန်းနေပြီး ကိုယ်ခန္ဓာသည်လည်း သွက်လက်နေပါလိမ့်မည် .... လက်တွေ့စမ်းသပ် ကြည့်နိုင်ပါသည်.... မိမိ၏ စိတ်ကြည်လင်လျှက်ရှိသောကြောင့် မျက်နှာသွင်ပြင် အမူအယာများသည်လည်း ကြည်လင်လန်းဆန်းပြီး ကျက်သရေတိုးတက်လာပါလိမ့်မည်.... ထိုအခါတွင် မိမိတို့၏စိတ်သည် ကြည်လင်လန်းဆန်းနေသဖြင့် စိတ်တန်ခိုးသည်လည်း အလိုလို ကြီးထွားလာပေလိမ့်မည်....

Untitled-1.jpg

5.jpg

ထိုတန်ခိုးကြီးထွားလာသောစိတ်သည် အလိုရှိရာကို သံလိုက်ကဲ့သို့ အလွယ်တကူ ဆွဲဆောင်နိုင်ပါသည်.... အဆိုးကိုတော့ မဆွဲဆောင်မိစေရန် အလွန်အရေးကြီးပေသည်.... အကောင်းကို ဆွဲဆောင်နေသောစိတ်သည် အကောင်းတကာ့ အကောင်းဆုံးတို့နှင့် မိတ်ဆွေဖွဲ့ပါမည်.... ထိုအကောင်းတွေကို ဆွဲဆောင်နေသောစိတ်သည် မိမိတို့အား မထင်မှတ် ကြီးစွာသောအကျိုးတရားများကို ဖြစ်ထွန်းပေါ်ပေါက်လာစေနိုင်ပါသည်...... ထိုအခါ မိမိဘာအလိုရှိပါသနည်း.... အလွန်တရာကြီးပွားချမ်းသာခြင်းလား ဂုဏ်သတင်းအောင်မြင်ကျော်ကြားခြင်းလား အလွယ်တကူ ဆွဲဆောင်ယူနိုင်ပါသည်....

လူမှန်သမျှ လူ့လောကတွင် နေသမျှကာလပတ်လုံး ရည်မှန်းချက်ပန်းတိုင် တစ်ခုခု ထားရမည်.... ရည်ရွယ်ချက်ထားရာတွင်လည်း မိမိနှစ်သက် သဘောကျသော ၀ါသနာနှင့်ဆိုင်သည့် ရည်ရွယ်ချက်ကိုထားသင့်ပေ၏....ရည်ရွယ်ချက်ကို တစ်ခုတည်းသာ စိတ်စူးစိုက်ပြီးလုပ်ကိုင် ဆောင်ရွက်ရပါမည်....ရည်ရွယ်ချက် နှစ်ခု သုံးခု မဖြစ်ရပါ.... တစ်ခုတည်းသောပစ်မှတ်သာဖြစ်ရာ၏.... မြှားပစ်သောသူသည် စက်ဝိုင်းအလယ်ဗဟိုတည့်တည့် ကိုသာ အာရုံစူးစိုက်ကာ ပစ်သကဲ့သို့ မိမိချမှတ်ထားသော ရည်ရွယ်ချက်တစ်ခုတည်းကိုသာ တစိုက်မတ်မတ် လုပ်ကိုင် ဆောင်ရွက်ရာ၏..... မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ မိမိရည်ရွယ်ချက်နှင့် ကင်းလွတ်ပြီး လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုသင့်ပါ.....

သူတစ်ပါးမှားသော အမှားမှ ထိုအမှားမှ သင်ခန်းစာ ယူရမည်....

မိမိကိုယ်တိုင် မှားပြီးမှ သင်ခန်းစာ မယူသင့်ပါ.....

ဆိုလိုသည်မှာ အလုပ်တစ်ခုကို လုပ်ကိုင်ရာတွင် အခြားသူများ မအောင်မမြင် ပျက်စီးဆုံးရှုံးသွားခြင်းမှ သင်ခန်းစာ ယူရပါမည်....

ကိုယ်ကိုတိုင် ပျက်ဆီး ဆုံးရှုံးသွားပြီးမှ သင်ခန်းစာ မယူသင့်.....

သူတို့တစ်တွေ ဘာကြောင့် ပျက်စီး ဆုံးရှုံးသွားရတာလဲ..... ဆုံးရှုံး ပျက်စီးခြင်းရဲ့ အဖြေကို တွေ့အောင်ရှာပြီး ကိုယ်တိုင်အားနည်းချက်ကို ပိုင်နိုင်အောင်ကြိုးစားအားထုတ်လျှင် မဆုံးရှုံးနိုင်ပေ....

ငါ့မှာတော့ ကူညီမယ့်သူ တစ်ယောက်မှလည်းမရှိဘူး.... ဟိုလူကျတော့ ကူညီမယ့်သူတွေပေါလိုက်တာ.... ငါ့မှာ သူများတွေလို ပညာကလည်း မစုံဘူး ဆွေမျိုးအသိုင်းအ၀ိုင်းကလည်း ဘာမှမကူညီဘူး စသဖြင့် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေပါက မိမိ ဘ၀ သက်တမ်းတစ်လျောက်လုံး မကျေမနပ်ဖြင့်ပင် သေဆုံးသွားမည်သာဖြစ်ပါသည်..... ထိုကဲ့သို့သောစိတ်မျိုးသည် အဆိုးကိုဆွဲဆောင်သော စိတ်ဖြစ်သဖြင့် အဆိုးများ ကိုသာ တစ်ခု ပြီးတစ်ခု ဆွဲဆောင်နေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ပါသည်....

3.jpg

ဘယ်သူကိုမှလည်းမချစ်ခင် လူတွေကို မုန်းသောနေသောသူသည် အခြားသူများကလည်း ထိုသူအား မုန်းနေမည်ဖြစ်ပါသည်..

တစ်ခုခု ရသွားကြမယ်ဆိုရင် ကျေနပ်ပါပြီ .....

နောက်ဆုံးအနေနဲ့ တစ်ခုလောက်တော့ မေးချင်ပါတယ် .....

မိတ်ဆွေ မိမိတို့၏ တန်ခိုးကြီးသော စိတ်ကိုအသုံးချပြီး

အကောင်းကို ဆွဲဆောင်မှာလား ဒါမှမဟုတ် အဆိုးတွေကို ဆွဲဆောင်မှာလား.....

သင်ကိုယ်တိုင်ပဲလုပ်ဆောင်ရမှာပါ....

2.jpg

မြန်မာ Steemit မှာဝင်ရောက်လုပ်ကိုင်ရင်း လူတိုင်းအောင်မြင်ပါစေခင်ဗျာ....

Steemit Fellows အားလုံး အဆင်ပြေကြပါစေခင်ဗျာ.....

Photo Credit : Google

ansoe logo copy.png

@ansoe

https://steemit.com/@ansoe

https://www.facebook.com/profile.php?id=100005498385790