အတွေးအချို့

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ယခုအခါ Online လောကတွင် ငွေကြေးဈေးများကျဆင်းနေသောကြောင့် စာရေး post တင်သူအပေါင်း စိတ်ဓာတ်ကျ နေသောအချိန်ကာလ ဖြစ်နေလေရဲ့… စိတ်ဓာတ်မကျရန် ဘယ်သို့သော အကြောင်းနဲ့ပြောဆို စည်းရုံးသင့်ပါသလဲ… စက်ရုပ်များကလည်း လူလည်ကျကာ အမြတ်အစွန်းရအောင် မဆောင် ကျဉ်းပေးတော့သကဲ့သို့ တာဝန်ကိုကျေပွန်စွာ မထမ်းဆောင်သော ငွေယူ vote ပေးသူများ သည်လည်း အများအပြားဖြစ်ထွန်းနေကြကုန်လေပြီ… boost ရန်အတွက် SBD လေးများသည်လည်း တဖြည်းဖြည်း နည်းပါးကုန်သည်ဖြစ်သောကြောင့် boost ရန် လက်တွန့် နေကြကုန်လေပြီ… မည်သို့ အားပေးရမည် မသိဖြစ်နေလေသည်… အားပေးရန် စကားလုံး ရှာမရ… ဘယ်သို့သောအကြောင်းကြောင့် ငွေကြေးဈေးကွက်များ ထိုးဆင်းနေသည်မသိနိုင်… ဘယ်လိုကစားကွက်များဖြင့် ကစားပွဲဆင်နေသည် မတွေးဆတတ်…Online ဈေးကွက်၏ ထိပ်ပိုင်းက ဆရာကြီး Bitcoin ဈေးတွေက ထိုးကျလို့ပဲ ကျနေကြလေသလား... ဒါမှမဟုတ် ဆရာကြီး Bitcoin ကို အောက်ဖြုတ်ချဖို့ ဆန္ဒပြနေကြ လေသလားတော့ မသိပါဘူး... အားလုံးက ဆရာကြီး Bitcoin ပေါ်မှာ မူတည်နေကြတယလို့ဆိုတယ်မဟုတ်လား... ဒီတော့ ဆရာကြီး Bitcoin လက်အောက်ကနေ ရုန်းထွက်ချင်တဲ့ တပည့်တပန်းတွေရဲ့ ထကြွပုန်ကန်မှုပေပဲလား... ဆရာကြီး Bitcoin ကိုဖြုတ်ချပြိး နောက်ထပ် ဆရာကြီး တစ်ယောက်ကို ဆန္ဒပြုကြမလို့လား... အသစ်တင်မြှောက်ပွဲ ကျင်းမကြမလို့လား... အဲဒီ ဆရာကြီး အသစ်တင်မြှောက်ပွဲကျင်းပရင် ကျွန်တော်တို့ရဲ့ အမတ်လောင်း STEEM ကရော ၀င်ရောက် အရွေးခံမလား... ဘာလား ညာလား ပေါ့လေ... သေချာတာတစ်ခုက ဈေးတွေကျနေခြင်းသာဖြစ်၏…


02.png

Image from google


Post တစ်ခုအတွက် vote ပေးရန်လည်း ပျက်ကွက်နေသည်က များလာကြလေကုန်၏… ဈေးကွက်ကစားနေသောကြောင့် vote ပေးရသည်ပင် အားမရှိသလိုဖြစ်နေကြကုန်၏… post တင်နေသူများလည်း နည်းပါးလာကုန်၏… အဖွဲ့အား စွန့်ခွာသွားကြသူများလည်း ရှိကုန်၏… Admin team မှ လူစာရင်းစစ်လိုက် အသစ်ပြန်ဆွဲလိုက် အသစ်ပြန်ဆွဲလိုက် လူစာရင်းစစ်လိုက်ဖြင့် လုံးခြာလိုက်နေပေ၏… ကော်ပီသမားများသည်လည်း အဆင့်မြင့် လက်နက်နှင့် အဆင့်မြင့်သော နည်းပရိယာယ်တို့အား အသုံးချကုန်ကြသည်ဖြစ်ရာ တံမြက်စည်းများသည်လည်း ခြစား ကုန်ပြီဖြစ်လေ၏… SBD အရနည်းသောကြောင့် copy သမားများ ငြိမ်နေခြင်းလည်း ဖြစ်နိုင်ပါ၏… တိုက်တွန်းစာများ ရေးသားသော်လည်း ဖတ်သူမရှိ ကျီးနှင့်ဖုတ်ဖုတ်ဆိုသောစကားလို post များသည် ခြောက်သွေ့လှပေ၏… MSC ၏ ဇာတ်လိုက်ကျော် ကိုသက်ကိုဇော် @thatkozaw ဆိုသူမှာလည်း ဖုန်းပျောက်သည်နှင့်အတူ ပျောက်ဆုံး နေလေပြီဖြစ်ရာ ဘယ်နေရာမှာ မူးလဲနေသည် မသိ… ဖုန်းရပြီဆိုသော အကြောင်းကြားကာ ပျောက်ဆုံးသွားလေ၏… ဖုန်းများ ပြန်ပျောက်လေသလား သံသယ ၀င်မိကြပေ၏… ဖုန်းပျောက်ခြင်းတော့ မဖြစ်တန်ရာ… မူးမှောက်ခြင်းသာ ဖြစ်နိုင်ရာ၏… တောင်ချောင်း မြောက်ချောင်းဖြင့် မူးရာမှထချောင်းကြည့်ကာ ပျောက်ပျောက်နေလေရာ သူ့အား လွမ်းဆွတ် သူများမှ မေးမြန်းနေကြလေကုန်၏…


Screenshot_193.png


ကဗျာဆရာ အလွမ်းမင်းသား အလွမ်းမင်းသမီးတို့ အလွန် လွမ်းကောင်းသော နွေဦးရာသီရောက်နေပြီဖြစ်ရာ ထို အလွမ်းမင်းသား အလွမ်းမင်းသမီးတို့၏ အလွမ်းကဗျာ အလွမ်းစာများ ပိုမို လာမည်ထင်သော်လည်း အလွမ်းမင်းသား မင်းသမီးတို့သည် ဘယ်ချောင်ခွေအိပ်နေသည် မသိ… တစ်ပတ် post တစ်ခုလောက်သာ တွေ့နေရတော့၏… စိတ်မလျော့ အားမလျော့ ဇွဲမလျော့ ၀ီရိယမလျော့ ဆက်လက် ရေးနေဆဲဖြစ်သော အကျွန်ုပ် နှင့် သက်ရှိထင်ရှား ရှိကုန်သည်ဖြစ်သော ရေးဖော် အချို့သာ ကျန်နေပေ၏… သုညမှ စခဲ့ရာ သုည ကို မကြောက် မိ… သုည သို့ရောက်လည်း ဆက်လက် ချီတက်နေကြမည်ဖြစ်သော သက်ရှိထင်ရှား ရေးဖော် များသည်ပင် တစ်ခါတစ်ရံ ပျောက်ပျောက်နေတတ်ပေ… ကျွန်ုပ်သည်ကား လိုင်းပေါ်အချိန်ပြည့် တက်မရေးနိုင်သော်လည်း နေ့စဉ် post ရေးတင်နိုင်ရန် အားခဲရေးနေ ရပေ၏… SBD အများအပြား ပေးကား boost ကြသူများ စိတ်ပူပန်ကြကုန်သောအချိန် ဖြစ်နေပါ၏… ထို boost သူများထဲတွင် အောင်ဇော်ထွေး @aungzawhtwe နှင့် ပြည့်စုံခင်ခင် @pyaesonekhinkhin တို့သည် အပူပန်ဆုံးဖြစ်ပေ၏…


03.png

Image from google


ဆရာဒိုမီလေး @domelay က ဒီခရီးနီးသလားတဲ့… နီးခြင်း ဝေးခြင်းသည် အဓိကမဟုတ်ထင်မိ၏… ရေးခြင်း မရေးခြင်းသာ အဓိကဟု ဆိုရမည်ထင်၏… SBD သည် အောက်ဆုံး သုညမှ ရေးခဲ့သည်ဖြစ်ရာ ယခု သုညသို့ ပြန်ရောက်လျှင်လည်း မရှုံး… အတွေ့အကြုံများ နှင့် ကောင်းမွန်သော အပေါင်း အသင်းများ ရရှိခဲ့သည်ကပင် အမြတ်ထွက်သေး၏… အလှူအတန်း အချို့လည်း လုပ်နိုင်ခဲ့၏… Wallet မှ STEEM POWER နှင့် SBD အမြတ်များ မပါ… ထို့သို့ပင် ယူဆထားမိပါ၏… ဖုန်းဘေကုန်တာ ထည့်မတွက်ဘူးလား မေးချင်ပါက မထူးလဲ ဖုန်းဘေ ကုန်နေကျပင်… အနည်းငယ် ပိုကုန်သည်သာ ရှိရာ အထက်က အမြတ်များနှင့် နှိုင်းယှဉ်သော် မရှုံးပါလို့ ပြောရမည်ပင်… ကျွန်ုပ်ခံယူချက်သာဖြစ်ပေ၏… အခြားသော သူတို့နှင့် မတိုက်ဆိုင် ခဲ့သော် ခွင့်လွှတ်… ငြင်းရန် အကြောင်းမရှိ… လိုတာထောက်ပြ ဝေဖန် အကြံပြု ဆွေးနွေး တိုင်ပင် ညှိနှိုင်း ပြင်ဆင် လုပ်နိုင်ပါ၏… ငွေဟာ ဘ၀ အသက်ရှင် ရပ်တည်နေဖို့ လိုအပ်နေပါ၏… ငွေကိုအမြဲတမ်းရှေ့တန်းတင်ရန်တော့ မဖြစ်သင့်… ငွေက အရာအားလုံးကို ၀ယ်မရ… မေတ္တာ စေတနာတွေက ငွေနဲ့ ၀ယ်မရ… အချိန်တွေကို ငွေနဲ့ ၀ယ်မရ… သေရင်ထားခဲ့ရ… ရှင်သန်နေချိန် ကောင်းစွာ အသုံးချမှ ငွေက ကိုယ့်နောက်လိုက်မယ့်ဘ၀… ငွေနောက် ကိုယ် မလိုက်မိစေရန် လိုအပ်လှ၏… ခရီးလမ်းက ရှည်သည် တိုသည် မတွက်ပဲ လိုအပ်တဲ့ ပစ္စည်းကရိယာ တန်ဆာပလာတွေ အစုံပါနေရင် တို ရှည် အရေးမကြီးတော့… စားနပ်ရိက္ခာ ရှိနေသမျှ မငတ်… ရေအလုံအလောက်ရနေရင် ရေငတ်စရာ အကြောင်းမရှိ…


04.png

Image from google


ဤခရီးသည် နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ သွားရာလမ်းတလျောက် အဆင်ပြေရန်သာ လိုမည်ထင်… Steemit လမ်းခရီးတွင် လမ်းလေးလျောက်လိုက် အပြေးလေးတက်လိုက် မောရင် လမ်းဘေးခဏနားလိုက် ရေလေးသောက် ဗိုက်လေးဖြည့် အမောပြေရင် ပြန်လျောက် မောရင် ပြန်နား… ဒီလိုနဲ့ ခရီးလမ်းမှာ လှုပ်ရှားရတော့မှာ… ဆိုင်ကယ် ကယ်ရီ သမားတွေနဲ့ တူတဲ့ boost ဆိုတဲ့ bot တွေအားကိုးနေရင် တောလမ်းကျ ပစ်ထားခဲ့တတ်တာ… အဲဒီတော့ ကိုယ့်ခြေထောက်ကိုအားကိုးပီး လမ်းဆက်လျောက်… မောရင်နား အမောပြေရင် ပြန်လျောက် ပြေးသင့်ပြေး… အိပ်သင့်အိပ်… ဒီလိုနဲ့ သာသာယာယာလေးပဲသွားမယ်လေ… ကယ်ရီသမားက ဘီးပေါက်လို့ ဓာတ်ဆီပြတ်လို့ ပလပ်ကျွတ်နေလို့ဆို ကယ်ရီက ဆက်စီးလို့ မရတော့ဘူးလို့ ပြောတာပဲ… ဒီတော့ ပိုက်ဆံပေးထားတော့ ပိုက်ဆံပြန်တောင်းမရတော့ဘူး… ဒီ boost တွေ bot တွေက အတော်ဆိုးတဲ့ကောင်တွေရယ်… ခရီးမှ မစရသေးဘူး ငွေအရင်တောင်းထားတာ… သူတို့ဖက်က အသာစီးတွေနဲ့ပဲ… အဲဒီကျတော့ လမ်းပဲပြန်လျောက်ရတာပေါ့… အစကတည်းက ကိုယ်ဖာသာ သက်လုံကောင်းအောင် ရိက္ခာပြည့်စုံအောင် စုဆောင်းထားရမှာ… Google Search တွင်မတော့ Myanmar Steemit Community ၏ ပုံရိပ်များအား မြင်နေရပေပြီ... ကောင်းသောပုံရိပ်များ ကျန်ရစ်နေစေလိုပါတယ်... ကျွန်ုပ်တို့ရေးတင်လိုကသော post များသည် Steemit Platform တွင်သာမက Google မှာမှာ ရှာဖွေ နိုင်နေပြိဖြစ်၏........


06.png


ကဲဗျာ ... ကဲဗျာ… ဘာရေးရမှန်း မသိတော့ စိတ်ထဲရှိတာတွေ ရေးချနေတာ post တော့ တင်လို့ရပါပြီ… ဒီလောက်နဲ့ရပ်လိုက်တာကောင်းပါမယ်... မြန်မာ့ရိုးရာ သင်္ကြန်ကာလကလည်း သိပ်မလိုတော့ဘူးဆိုတော့ အလုပ်လေးတွေကလည်း ထပ်ရှုပ်ဦးမယ်ထင်ပါတယ်ဗျာ... MSC ကနေလည်း ထပ်မံလှူဒါန်ဦးမှာ ဖြစ်တာမို့ ကူညီနိုင်သူများအနေနဲ့လည်း ၀ိုင်းဝန်းကူညီနိုင်ကြပါတယ်လို့ ပြေရင်း ရပ်နားလိုက်ပါတယ်ဗျာ... အင်း မေ့တော့မလို့ စိတ်မပျက်ကြပါနဲ့လို့ အားတင်းထားကြပါလို့ တိုက်တွန်းပါတယ်... စားနပ်ရိက္ခာ ရေ နဲ့တူတဲ့ STEEM, STEEM DOLLA, STEEM POWER တွေကို ခရီးလမ်းအတွက် လုံလုံလောက်လောက်ပြည့် ပြည့်စုံဖြစ်အောင်သာ စုဆောင်းထားကြပါလို့... ကဲ ကဲ တကယ်နားပါပြီဗျာ...


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

19-Mar-2018 တနင်္လာနေ့(Monday)