အရေး အဖတ်(Writing Reading)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



reading writing copy.png

ကျွန်တော်တို့တစ်တွေသည် စာတွေကိုလည်းရေးနေကြပါတယ်... စကားတွေလည်းပြောနေကြတယ်... ဒါပေမယ့်လည်းပေါ့လေတစ်ချို့သော နေရာတွေမှာ စာကိုလည်း မှန်အောင်မရေးတတ်၊ စကားကိုလည်း မှန်အောင်မရေးတတ်ဖြစ်ဖြစ်နေ တတ်တယ်ဗျာ... သူများတွေကိုမပြောပါဘူး... ကျွန်တော်ဖြစ်နေတာကိုပြောပြတာပါဗျ... စာတွကို လိုက်ဖတ်ကြည့်ပေမယ့်လည်း တစ်ခါတစ်ရံ ဘယ်ဟာအမှန်မှန်းမသိတော့တာတွေကိုလည်း တွေ့ကြုံရတတ်ပါတယ်ဗျာ... ဒီလိုအကြောင်းလေးတွေကြောင့် စာအရေးအသား နဲ့ အသံထွက်ဖတ်သည့် စာဖတ်ခြင်းအကြောင်းလေးကို ရေးချင်စိတ်ပေါက်လာတဲ့အတွက်ကြောင့် ရေးချင်သလို ရေးချလိုက်ပါတယ်ဗျာ.. သည်းခံခွင့်လွှတ် နားလည် ဖတ်ရှုကြပါကုန် ချစ်မိတ်ဆွေအပေါင်းတို့.... ခန္တီတရားလေးကို လက်ကိုင်ထားပီးတော့ပေါ့နော်..

အရေး ဆိုတာကတော့ စာကို ရေးသားခြင်းဖြစ်တယ်ပေါ့ဗျာ... အဖတ် ဆိုတာကတော့ ဟင်းဖတ် အဲလေမှားလို့ အဲဒီလိုရေးသားထားတဲ့စာတွေကို ဖတ်ခြင်း ဖြစ်မယ်ဗျ... ကွဲပြား ခြားနားကာနားလည်နိုင်ကြပါစေကုန်... စာအရေးအသားဆိုတော့ စကားလုံးတွေကို မှန်ကန်အောင်ရေးကြရတယ်လေ... စာဖတ်တာကတော့ အသံထွက်အတိုင်းဖတ်ကြရပေတယ်ပေါ့... ရေးတော့ အမှန် ဖတ်တော့အသံ လို့လည်း ဆိုကြမဟုတ်လားဗျာ... ဆိုလိုသည်မှာကား အရေးအသား နှင့် အရွတ်အဖတ်တွင် အရေးကို အမှန်အတိုင်းရေးကြရပြီး အဖတ်ကို အသံအတိုင်းဖတ်ကြရပေသည်။ ဆိုကြပါစို့ ခွဲရသည်ကခဏတာ အဲ မှားလို့ သီချင်းနဲ့ရောသွားလို့ပါ ဆောရီး။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ အရေးအသားတွင် ကျွန်တော်တို့ မြို့ဖြစ်သော စစ်ကိုင်းကိုရေးသားကြရာတွင် စစ်ကိုင်း လို့ ရေးသားကြရပြီး ဖတ်ရှုကြသောအခါမှာတော့ စကိုင်း လို့ ဖတ်ကြရပါတယ်မဟုတ်ပါလားခင်ဗျာ... အဲဒီလိုပါပဲ အရေးမှာ သူကောင်း* အဖတ်မှာ သကောင်း ၊ အရေးမှာ သံတော်ဦး အဖတ်မှာ သတော်ဦး အရေးမှာ ရွှေနားတော် အဖတ်မှာ ရွှေနတော်၊ အရေးမှာ သူငယ်ချင်း အဖတ်မှာ သငယ်ချင်း၊ အရေးမှာ လက်ဖက် အဖတ်မှာ လဖက် စသည်ဖြင့် အမှန်ဖြစ်အောင် ရေးကြ ဖတ်ကြရတယ်မဟုတ်လားခင်ဗျာ... ပြောချင်တာကတော့ စာရေးကြရာမှာ အရေးကို အရေးအတိုင်း ၊ အဖတ်ကို အဖတ်အတိုင်း မှန်အောင် ရေးကြရမှာဖြစ်ပါတယ်... မြန်မာစာကိုမှားယွင်းအောင် ဖျက်ဆီးနေကြတာက အခြားသူတွေမှ မဟုတ်ပေပဲ ကျွန်တော်တို့ ရွှေမြန်မာတွေပဲကိုးဗျ... ကွီး တွေ ဘွီးတွေ ကနေ တကယ် အမှန်ထင်ကုန်ကြရတော့မယ်... ဘယ်သူတွေ ဘယ်လိုပဲ အမှားတွေရေးနေပေမယ့် ကျွန်တော်တို့ကတော့ မှန်အောင်ရေးကြရအောင်ပါဗျာ... မြန်မာစာပေကို ဖျက်ဆီးတဲ့အထဲ မပါအောင် ကြိုးစားကြရအောင်ပါဗျာ...


myanmar sar.png

Image from google


ခုခေတ်ကာလ ခါသမယမှာတော့ အရေးအသားများကို ရေးသားကြရာမှာ အသံထွက် အတိုင်းလိုက်ရေးကုန်ကြ တော့ စာလုံးပေါင်း သတ်ပုံတွေ မှားကုန်ကြတာကို တွေ့ရတယ်ဗျ... အထူးသဖြင့် Social Media တစ်ခုဖြစ်တဲ့ Facebook မှာ ဆို အသံထွက်အတိုင်း ရေးသားကြတာ တွေ့ရတယ်... အသံထွက်တဲ့အတိုင်း ရေးကုန်ကြတော့ စာအရေးအသားအမှန်ကို မသိကြတော့ဘူးပေါ့ဗျာ... အမှားကြာလာတော့ အမှန်တွေဖြစ်ကုန်ကြတယ်... နောက်တက်လာမယ့် ကလေးသူငယ်လေးတွေလည်း အကုန်မှားကုန်ကြမယ်ထင်တယ်ဗျ... ဒီတော့ကာ နောင်မျိုးဆက်သစ်လေးတွေ မမှားရလေအောင် ကျွန်တော်တို့ကစပြီး စာလုံးပေါင်းကို အတတ်နိုင်ဆုံးမှန်အောင် ရေးသင့်တယ်လို့ထင်တယ်ဗျ... မိတ်ဆွေများကော ဘယ်လိုထင်လဲဗျ... ရာဇ၀င် လို့ပြောရမလား သမိုင်းလို့ပြော ရမလား... အဲ ဘယ်လိုပဲပြောပြော နောက်တက်လာမယ့် ကလေးသူငယ်လေးတွေ နောက်မျိုးဆက်သစ်လေးတွေ အမှန်သိအောင်ရေးကြဖို့က လက်ရှိလူတွေရဲ့ တာဝန်ပဲလို့ထင်တယ်ဗျ... ထင်တာကိုပြောကြည့်တာပါဗျာ... မှားရင်တော့ ခွင့်လွှတ်ပါဗျ... အမှန်ကိုလည်း ပြင်ပေးကြပါဗျ... လက်ခံဖို့အသင့်ပါ...

စာအရေးအသားတွေမှာ စကားပြေပြေပြစ်ပြစ်ဖြစ်အောင်ရေးသား သင့်တယ်ဗျ... အဲဒီတော့ စကားပြေဆိုတာ ဘာလဲပေါ့... ရှင်းပါ့မယ်ဗျ... စကားပြေ ရဲ့ အဓိပ္ပါယ်ကို မြန်မာစာပို့ချချက်စာအုပ်တွေထဲမှာ "ပြေပြစ်အောင်ရေးသားထားသော စကား သို့မဟုတ် စာ" လို့ ဖွင့်ဆိုရေးသားထားတယ်ဗျ... စကားကို ပြေပြေပြစ်ပြစ်ဖြစ်အောင်ရေးသားရမယ်ပေါ့... စာကိုလည်း ပြေပြေပြစ်ပြစ်အောင် ရေးသားရမယ်ပေါ့... အဲဒါက စကားပြေပါပဲဗျာ... တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ စကားကိုပဲဖြစ်ဖြစ် စာကိုပဲဖြစ်ဖြစ် ရေးသားဖော်ပြကြရာ မှာ စာကိုဖတ်တဲ့သူက ရှင်းရှင်းလင်းလင်း နားလည်နိုင်အောင် ရေးသားရခြင်းကို စကားပြေ လို့ခေါ်မယ်ထင်တယ် ဗျ... ဖတ်တဲ့သူ နားလည်အောင် ရေးသားနိုင်မှလည်း စာကိုဖတ်ချင်ကြမယ်မဟုတ်လားဗျ... ဘာရေးထားမှန်း မသိရင်တော့ ချက်ချင်းမျက်နှာလွှဲသွားမယ်မဟုတ်လား... ကိုယ့်စိတ်နဲ့နှိုင်းပြီး ပြောကြည့်တာပါ... လူတိုင်းလည်း အဲလိုဖြစ်မယ်ထင်ပါတယ်... ဘယ်အရာကိုမဆို စိတ်ဝင်စားမှ ဖတ်မယ် ကြည့်မယ် လေ့လာမယ်... ဒါကလူတွေရဲ့ သဘာဝပဲဖြစ်မယ်... ဒီတော့ စာရေးကြတယ်ဆိုရာမှာ စာကို ပြေပြေပြစ်ပြစ်ရေးသားကြရမယ်ဗျ... မှန်ကန်အောင် လည်းရေးကြရမယ်... အရေးအသားပြေပြစ်တယ်ဆိုစေဦးတော့ စာလုံးပေါင်းတွေ မမှန်ရင် မျိုးဆက်သစ်များ အတွက်ရော အနာဂတ်တိုင်းပြည်အတွက်ရော မကောင်းနိုင်ဘူးဗျ... စကားပြေ ဆိုတာက လူမျိုးအတွက် အသက်ပဲဖြစ်တယ်လို့ဆိုခဲ့ကြတယ်ဗျ... စကားပြေ မထွန်းကား တဲ့ နိုင်ငံက မတိုးတက်သောနိုင်ငံ၊ မဖွံ့ဖြိုးတဲ့ နိုင်ငံလို့ နိုင်ငံတကာက သတ်မှတ်ကြတယ်တဲ့ဗျ... တိုးတက်ဖွံ့ဖြိုးနေတဲ့ နိုင်ငံတိုင်းမှာ စကားပြေ အရေးအသားတွေက အလွန်ကျယ်ကျယ်ပြန့်ပြန့်ကို နေရာယူထားတယ်တဲ့ဗျ... ဒီတော့ ကျွန်တော်တို့လည်း စကားပြေကို တတ်နိုင်သမျှ မှန်ကန်တဲ့စကားလုံးလေးတွေနဲ့ ရေးသားသင့်တယ်လို့ ထင်မိတယ်ဗျ...
စာများကိုရေးကြတဲ့အခါ သုတ ပဲဖြစ်ဖြစ်၊ ရသ ပဲဖြစ်ဖြစ် ဘယ်လိုစာတွေကိုပဲရေးရေး နောင်လာနောက်သားများ မျိုးဆက်သစ်များက မြန်မာစာကို မှန်ကန်အောင်မြင်နိုင်ရန်အတွက် အတတ်နိုင်ဆုံး မှန်အောင်ရေးသင့်တယ် မဟုတ်လားဗျ... အရင်က ကျွန်တော်တို့တစ်တွေ ဘယ်လိုပဲစာတွေ မှားခဲ့မှားခဲ့ပေါ့... အခုကနေ နောက်နောင် မမှားကြရလေအောင် အရေးအသားတွေ ကိုရော အဖတ်အရှုတွေကိုပါ တတ်နိုင်သမျှ မှန်အောင် ရေးကြ ဖတ်ကြဖို့ တိုက်တွန်း နှိုးဆော်ရင်းဖြင့် ရပ်နားအပ်ပါသည်ခင်ဗျာ...


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

5-12-2017 အင်္ဂါနေ့(Tuesday)