အရောင်များ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ခေါင်းစီးကို အရောင်များလို့ပေးထားတာဆိုတာ့ သိပ်ရှင်းပြစရာလိုမလိုပါဘူးနော်။ အရောင်ဆိုတာက အခု ကျွန်တော်တို့ အသုံးပြုနေကြတဲ့ ရောင်စုံ အရောင်တွေကိုရေးချင်တာပါ။ အရောင်ပေါင်းစုံကို ပတ်ဝန်းကျင်မှာ အလွယ်တကူမြင်နေကြရတာပဲ။ တချို့အရောင်တွေက တောက်တောက်ပပ တချို့အရောင်တွေက အရောင်အဆင်းမရှိသလောက် မှိန်မှိန်လေး အရောင်အမျိုးမျိုးကို နေ့စဉ်နေ့တိုင်း မြင်တွေ့နေကြရတာပဲလေ။ အရောင်တွေမှာလည်း သူ့ဂုဏ်သတ္တိနဲ့သူရှိတယ်လို့ ကြားဖူးပါတယ်။ ဘယ်အရောင်က ဘယ်လိုဂုဏ်သတ္တိတွေ ရှိသလဲတော့ မသိပါဘူးဗျ။ ခုရေးချင်တာကလည်း အဲဒီလို ဂုဏ်သတ္တိတွေအကြောင်းကို မဟုတ်ပါဘူး။ ဘယ်အရောင်ကတော့ ဘယ်လိုအကျိုးပြုတယ်။ ဘယ်အရောင်ကတော့ဘယ်လိုဆိုးကျိုးတွေကိုဖြစ်ပေါ်စေ တတ်တယ်ဆိုတာ မသိဘူးဗျ။ ဒါပေမယ့် အရောင်တွေက လူတွေရဲ့ စိတ်ကို လှုံ့ဆော်မှုတွေပေးတယ်လို့တော့ ထင်ပါတယ်။ စိတ်အားတက်ကြွစေတယ်။ စိတ်အားငယ်စေတယ် စသည်ဖြင့်ပေါ့လေ။ အရောင်တွေကို အသုံးချ ရာမှာလည်း အသုံးချသူတွေရဲ့စိတ်ကို ဖော်ပြကြတယ်လို့လည်း ဆိုပါတယ်။ စိတ်ခံစားမှု၊ စိတ်အားတက်ကြွမှု၊ စိတ်အားငယ်နေမှုတွေမှာ ဘယ်လိုခံစားချက်တွေနဲ့ ရေးဖွဲ့ထားသလဲဆိုတာတွေကို သိရှိနိုင်ပါတယ်လို့ ဆိုကြ ပါတယ်။ အ၀တ်အစားများကို ၀တ်ဆင်မှုတွင် ၀တ်ထားသောအရောင်ကိုလိုက်ကာ စိတ်ခံစားမှုကိုလည်း ပြောင်း လဲနိုင်တယ်လို့လည်း မှတ်သားဖူးပါတယ်။ မှတ်သားဖူးတယ်သာ ပြောရတယ်။ တကယ်တော့ ဘာမှမမှတ်မိပါ။ အရောင်ဆိုတာ စိတ်ရဲ့ ခံစားမှု တစ်ခုဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ ဒါအပြင် အရောင်ဟာ ဆက်သွယ်မှု တစ်ရပ်လည်းဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရမယ်ဆိုရင် အရောင်တွေကပြောတဲ့ ဘာသာစကားလို့ ဆိုနိုင်မယ် ထင်ပါတယ်။ နေ့စဉ်လှုပ်ရှားလုပ်ကိုင်နေရင်းဖြင့် အရောင်မျိုးစုံအား မြင်တွေ့ကြရပါတယ်။ ဒီတော့ ကျွန်တော်တို့လူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာ ဘယ်သူမှ အရောင်နဲ့ကင်းကွာလို့မရနိုင်ပါဘူး။


02.png


ရဲရဲတောက်နီနေတဲ့အရောင်ကို တွေ့မြင်ရမယ်ဆိုရင် ရဲဝံ့စေတတ်၊ စိတ်ခံစားမှုပြင်းထန်စေတတ်၊ စိတ်လှုပ်ရှား ဖွယ်ဖြစ်စေတတ်၊ တက်ကြွမှုဖြစ်စေတတ်သော သဘောရှိကြောင်း ရေးသားထားချက်များကို ဖတ်ရှုဖူးပါသည်။ အရောင်များမှာလည်း ဆွဲဆောင်မှုရှိကြပါတယ်။ ရှေးလွန်ပြီးသော နှစ်ပေါင်းများစွာကပင် အရောင်များ၏ အကျိုးသက် ရောက်မှုကို လူ့သမိုင်းအဆက်ဆက် ဖော်ထုတ်လာခဲ့ကြပါတယ်။ အရောင်တစ်ရောင်တွင် အရောင်နုခြင်း အရောင်ရင့်ခြင်းတွေလည်း ကွဲပြားခြားနားနေပါတယ်။ အရောင်တစ်ရောင်သည် လူတို့အား တက်ကြွခြင်း၊ ထိုင်းမှိုင်းခြင်း၊ ပူခြင်း၊ အေးခြင်းတို့ကို ဖြစ်ပေါ်ခံစားစေနိုင်ပါတယ်။ အရောင်များအကြောင်းသည် စိတ်ဝင်စားစရာကောင်းပါတယ်။ သဘာဝရဲ့အရောင်တွေရှိသလို လူတွေကဖန်တီးပြုလုပ်ယူထားတဲ့ အရောင်တွေလည်း အများအပြားရှိကြပါတယ်။ ကျွန်တော်တို့တစ်တွေ ကံကောင်းနေကြတာက အဲဒီအရောင် တွေကို မြင်တွေ့ခံစားနိုင်တဲ့ မျက်စိလေးတွေက ကောင်းမွန်နေတာပါပဲ။ ကျွန်တော်တို့သာ မကျစီ မျက်စိအမြင်မရတဲ့ သူတစ်ယောက်အတွက်က အရောင်ဆိုတာကို ဘာမှန်းမှ မသိနိုင်တော့တာလေ။ မျက်စိမမြင်သူတစ်ယောက်အတွက်တော့ အရောင်ဆိုတာတွေကို ခံစားရရှိနိုင်မယ်မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အမြင်အာရုံလေးတွေကိုလည်း သက်တမ်းရှည်ကြာအောင် ထိန်းသိမ်းထားသင့်တယ် မဟုတ်လားဗျာ။ အရောင်တွေက လူတွေကို လှည့်စားနိုင်ကြတယ်။ အမှန်ကတော့ လူတွေကိုလှည့်စားတယ် ဆိုတာထက် အမြင်အာရုံကို လှည့်စားနိုင်တယ်လို့ ပြောရမယ်ထင်ပါတယ်။ လူအတော်များများအား အရောင် တစ်ရောင်ကို အခြားအရောင်တွေထက် ပိုပြီး စွဲလမ်းတတ်တဲ့ သဘောလည်းရှိတာတွေ့ရတယ်။ မိတ်ဆွေတွေ ထဲကရော အဲဒီလို အရောင်တစ်ရောင်ကို စွဲလမ်းနေတဲ့သူတွေ ပါကြလားဗျ။ ကျွန်တော်ကတော့ သိပ်စွဲလမ်းတဲ့ အရောင်ရယ်လို့ သီးသန့်မရှိပေမယ့် မကြိုက်တဲ့အရောင်လည်း သိပ်မရှိပါဘူး။


04.png

Image Source


အရောင်တွေ ရောင်စဉ်တွေအကြောင်းကို ကမ္ဘာပေါ်မှာ အစောဆုံး သိပ္ပံနည်းကျ စမ်းသပ်ပြခဲ့တာက အိုက်ဆက်နယူတန်(Isaac Newton)ဖြစ်ပါတယ်။ နယူတန်ကိုလူတိုင်းသိကြပါတယ်။ ရူပဗေဒပညာရှင်တစ်ဦး ဖြစ်ပြီးတော့ သူ့ရဲ့ Newtow Law တွေက ခုချိန်ထိ မြန်မာ့ပညာရေးမှာ သင်ကြားပေးနေရဆဲပဲလေ။ နယူတန်က သုံးမြှောင့်ဖန်တုံးတစ်တုံးကို အလင်းရောင်ဖြတ်သန်းစေပြီး ဖန်တုံးရဲ့ တစ်ဖက်မှာ ရောင်စဉ်ခုနှစ်သွယ်ထွက်တာကို လက်တွေ့စမ်းသပ်ပြခဲ့တယ်မဟုတ်လား။ အဲဒီထွက်လာတဲ့ ရောင်စဉ် ခုနှစ်သွယ်ကို နောက်ထပ် သုံးမြှောင်ဖန်တုံးကို ပြန်ဖြတ်စေတဲ့အခါမှာတော့ အဖြူရောင်အလင်းတန်းတစ်ခု ပြန်ထွက်လာတယ်ဆိုတာ လက်တွေ့ပြသခဲ့တယ်လေ။ ဒါကကျောင်းသင်ခန်းစာတွေမှာ သင်ကြားပေးခဲ့တာ မဟုတ်လား။ နယူတန်က အဖြူရောင် ကနေ အရောင်ခုနှစ်မျိုး၊ အရောင်ခုနှစ်မျိုးကနေ အဖြူရောင်အဖြစ် အရောင်တွေရဲ့ ထူးခြားမှုကို ပြသခဲ့တာ နှစ်ပေါင်းမနည်းမနောရှိခဲ့ပါပြီလေ။ သဘာဝမှာ မြင်ရတဲ့ သက်တံရောင်စဉ်ဟာလည်း အရောင်ခုနှစ်မျိုးနဲ့ဆောက်တည်ထားပြီး အကန့်ုလိုက် အလွန်လှတာကို လူတိုင်းမြင်ဖူးကြပါတယ်။ အရောင်ဆို တာကလည်း အလင်းရောင်နဲ့ ဆက်နွှယ်ပတ်သက်နေတာပါ။ အလင်းရောင်ပြင်းပြင်း ရရင် အရောင်တွေပြောင်း လဲသွားတတ်သလို အလင်းရောင် နည်းသွားရင်လည်း အရောင်တွေပြောင်းလဲသွားတတ်တာဖြစ်ပါတယ်။ နယူတန်ရဲ့ လက်တွေ့ပြသချက်ကြောင့် နောက်မျိုးဆက်သစ် သိပ္ပံပညာရှင်တွေဟာလည်း အရောင်တွေကို ဆက်လက်လေ့လာခဲ့ကြတယ်လို့ ဆိုပါတယ်။ အရောင်မှာ သီအိုရီတွေတောင်ရှိကြပါတယ်။ ပန်းချီ၊ ဒီဇိုင်း၊ ဓာတ်ပုံ စတဲ့ အနုပညာနှင့်ဆိုင်တဲ့ ပညာရပ်တိုင်းမှာလည်း အရောင်ဟာအရေးပါလှပါတယ်။ အရောင်ကို နားမလည်ရင် ဘယ်လိုနည်းနဲ့မှ အဆင် မပြေနိုင်ပါဘူး။


05.png


အရောင်အကြောင်းရေးရမယ်ဆိုရင် မကုန်နိုင်သေးဘူးဗျ။ ပုံနှိပ်ခြင်းဆိုင်ရာမှာ သုံးတဲ့အရောင်စနစ်တွေ၊ ဓာတ်ပုံမှာ သုံတဲ့အရောင်စနစ်တွေ ပန်းချီအနုပညာတွေမှာသုံးတဲ့ အရောင်စနစ်တွေ အမျိုးမျိုးကွဲပြားခြားနား နေမှာပါ။ အဲဒီလောက်အထိလည်း နားမလည်တော့ ဆက်မရေးတော့ပါဘူး။ ဒီလောက်နဲ့ပဲ ဖြတ်ထားမှဖြစ်မယ်။ နောက်ထပ်ဆက်ရေးဖို့လည်း သိသမျှက ကုန်နေပြီ။ ဒီတော့မရပ်ချင်လည်း ရပ်ရတော့မှာပဲဗျ။ ကျေနပ်နိုင်ပါစေ။ ဆွေးနွေးပေးနိုင်ပါစေ။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

5-May-2018 စနေနေ့(Saturday)