အရေးပါသောဓာတ်ပုံပညာ(Photography)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar bar. My dear Myanmar steemians families,
ဒီတစ်ခါတော့ ဓာတ်ပုံပညာနဲ့ ပတ်သက်တဲ့အကြောင်းအရာလေး အနည်းငယ်ကို ရေးသာလိုက်ပါတယ်ခင်ဗျာ။ ဓာတ်ပုံပညာ(Photography) ဆိုလိုက်သောကြောင့် ကျွန်တော်သည် ဓာတ်ပုံဆရာတစ်ယောက်ဟုတော့ အထင်မရောက်စေချင်ပါ။ ဓာတ်ပုံပညာနှင့်ပတ်သက်သော မိမိသိသမျှလေးကို ဗဟုသုတအဖြစ် ပြန်လည်မျှဝေ ရေးသားလိုက်ခြင်းဖြစ်ပါ သောကြောင့် မှားယွင်းမှုများ ပါရှိပါက ထောက်ပြ ဝေဖန် အကြံပြု ရေးသားပေးကြပါရန်လည်း တောင်းဆိုအပ်ပါသည်။
Photography
Photography is the science, art, application and practice of creating durable images by recording light or other electromagnetic radiation, either electronically by means of an image sensor, or chemically by means of a light-sensitive material such as photographic film.
For more info : https://en.wikipedia.org/wiki/Photography
Photograph
A photograph or photo is an image created by light falling on a light-sensitive surface, usually photographic film or an electronic medium such as a CCD or a CMOS chip. Most photographs are created using a camera, which uses a lens to focus the scene's visible wavelengths of light into a reproduction of what the human eye would see. The process and practice of creating photographs is called photography. The word "photograph" was coined in 1839 by Sir John Herschel and is based on the Greek φῶς (phos), meaning "light", and γραφή (graphê), meaning "drawing, writing", together meaning "drawing with light".
For more info : https://en.wikipedia.org/wiki/Photograph
Image from google
တကယ်တော့ ဓာတ်ပုံပညာသည် ခက်ခဲ နက်နဲ ကျယ်ဝန်းလှသည့်ပညာရပ်တစ်ခုဖြစ်ပါသည်။ ယခုခေတ်ကာလတွင် ဓာတ်ပုံပညာနှင့် လွတ်ကင်းသော လုပ်ငန်းများမရှိသလောက်နည်းပါးမည်ထင်ပါသည်။ သတင်းစာများ၊ ဂျာနယ်များ၊ မဂ္ဂဇင်း၊ အင်တာနက် ၀က်ဆိုဒ်များ၊ ကြော်ငြာကဏ္ဍမျိုးစုံ စသည့်လုပ်ငန်းများသည် ဓာတ်ပုံနှင့်လွတ်ကင်းသောလုပ်ငန်းမရှိချေ။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ကြော်ငြာလုပ်ငန်းများ၊ အင်တာနက်ဝက်ဆိုဒ်များတွင် ဓာတ်ပုံများဖြင့် ဝေေ၀ဆာဆာ တင်ဆက်လာကြသည့်ခေတ်ကာလဖြစ်လာနေပေပြီ။ ကြော်ငြာလုပ်ငန်းများသည် ဓာတ်ပုံသည် အဓိကအရေးပါသော အခန်းမှရပ်တည်နေပေသည်။ ဓာတ်ပုံမပါရှိသော ကြော်ငြာနှင့် ဓာတ်ပုံပါရှိသောကြော်ငြာ၏ ခြားနားမှု၊ ကွာခြားမှုသည် အလွန်သိသာလှပေသည်။ ခရီးသွားမှတ်တမ်း၊ သုတေသနလုပ်ငန်းများ နှင့် အခြားသောပညာရပ်အမျိုးမျိုးတို့တွင်လည်း ဓာတ်ပုံပညာသည် မရှိမဖြစ်သော အခန်းကဏ္ဍမှ နေရာယူထားပေသည်။ သက်သေအထောက်အထားများအတွက်လည်း ဓာတ်ပုံ သည်အရေးပါနေဆဲဖြစ်ပေသည်။ ထို့ပြင် ပွဲလမ်းသဘင်များဆင်ယင်ကျင်းပကြရာတွင်လည်း ဓာတ်ပုံသည် မပါမဖြစ် အရေးပါ အရာရောက်လှပါသည်။ မြန်မာနိုင်ငံတွင် အလှူတော်မင်္ဂလာပွဲများ၊ မင်္ဂလာလက်ထပ်ပွဲများ၊ မွေးနေ့ဧည့်ခံပွဲများ၊ ဘာသာရေးဆိုင်ရာပွဲတော်များ၊ ဘွဲ့နှင်းသဘင်များ၊ အစည်းအဝေးအခမ်းအနားများတွင် ဓာတ်ပုံသည် မပါမဖြစ်သော အရာတစ်ခု ဖြစ်နေပေပြီ။
Image from google
ရှေးခေတ်ကာလ၏ အနုပညာလက်ရာများ၊ စာအုပ်စာတမ်းများနှင့် အခြားသောအဖိုးတန် မှတ်တမ်း များအတွက်လည်း ဓာတ်ပုံဖြင့် မှတ်တမ်းတင်ခြင်းသည်လည်း ယနေ့ခေတ်တိုင်အောင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေဆဲဖြစ်ပါသည်။ ရဲလုပ်ငန်းများဖြစ်သော အမှုအခင်းများတွင်လည်း ဓာတ်ပုံသည် သက်သေအထောက်အထား အတွက် အလွန်အရေးပါနေဆဲဖြစ်ပါသည်။ ကျန်းမာရေးကဏ္ဍတွင် ကျွန်တော်တို့၏ သာမာန်မျက်စိဖြင့် မမြင်နိုင်သော ရောဂါ ပိုးမွှားများကို မိုက်ခရိုစကုတ်၏ အကူအညီဖြင့် ပုံကြီးချဲ့ကာ ဓာတ်ပုံရိုက်ပြီး လေ့လာဆန်းစစ်မှုများလုပ်ကိုင်ကြပေသည်။ အိတ်စ်ရေး(X-ray) ဟုခေါ်ဆိုသော ဓာတ်မှန်ရိုက်ခြင်း သည်လည်း ဓာတ်ပုံရိုက်ခြင်းပင်ဖြစ်ပေသည်။ ယခုခေတ်ကာလသည် နည်းပညာများ လျှင်မြန်စွာ တိုးတက်လာသည်နှင့်အမျှ ဓာတ်ပုံရိုက်ကူးခြင်းတွင်လည်း Digital နည်းပညာများက အစားထိုးလာ ကြပြီဖြစ်ပေသည်။ Digital နည်းပညာအကူအညီဖြင့် ဓာတ်ပုံများကို ရိုက်ကူးခြင်း၊ ပြုပြင်ခြင်းများလည်း ပြုလုပ်လာခဲ့ကြသည်။
Digital Photography
Digital photography is a form of photography that uses cameras containing arrays of electronic photodetectors to capture images focused by a lens, as opposed to an exposure on photographic film. The captured images are digitized and stored as a computer file ready for further digital processing, viewing, digital publishing or printing.
For more info : https://en.wikipedia.org/wiki/Digital_photography
ဓာတ်ပုံပညာသည် လူသားတို့၏ သမိုင်းကြောင်းများ၊ မှတ်တမ်းများအတွက် အလွန်တရာ အရေးပါလှပေသည်။ ဓာတ်ပုံပညာသည် ဓာတုဗေဒ(Chemistry) နှင့် ရူပဗေဒ(Physics) တို့ အခြေပြု ပေါင်းစည်းထားခြင်းဖြစ်ပေသည်။ ဓာတ်ပုံ ကင်မရာကို ရှေးဦးတီထွင်နိုင်စဉ်ကာလတွင် ဓာတ်ပုံကို ပုံပေါ်အောင်ပြုလုပ်နိုင်ခဲ့သော်လည်း ကြာရှည်စွဲထင်စေရန် မတတ်နိုင်ခဲ့ကြပါချေ။ နှစ်ပေါင်းများစွာ၊ ပညာရှင်ပေါင်းများစွာသည် လေ့လာ တီထွင် ကြံဆ ခြင်းဖြင့် ယခုခေတ်ကာလတွင် အလွယ်တကူမြင်တွေ့နိုင်သော ဓာတ်ပုံများကို ထင်ရှားပြတ်သားအောင်ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ပေသည်။ ရှေးယခင်ကာလက ဓာတ်ပုံကို ဖလင်ဖြင့်ရိုက်ပြီး ကူးယူကြရသော်လည်း၊ ယခုအခါတွင်မူ ဒစ်ရျစ်တယ်နည်းပညာဖြင့် အလွယ်တကူ ကူးယူနိုင် နေပေပြီ။ ဖလင်များကို နက်ဂ္ဂတစ်ဖလင်ဟုခေါ်ဆိုခဲ့ကြပြီး ထိုဖလင်မှတဆင့် စက္ကူပေါ်တွင် စွဲမြဲသောအရုပ်ကို ထင်စေခဲ့ခြင်း ဖြစ်ပေသည်။
Image from google
ဓာတ်ပုံတစ်ပုံ၏ အရေးပါမှုကို သမိုင်းသုတေသီများ၊ ရှေးဟောင်းသုတေသီများ၊ ရာဇ၀တ်မှုခင်းဆိုင်ရာ ထောက်လှမ်းနေရသူများက ပိုမိုသိရှိနိုင်မည်ဟု ထင်မှတ်မိပါသည်။ ဓာတ်ပုံတစ်ပုံ၏ သဲလွန်စကြောင့် များစွာသော အရာများ ပြောင်းလဲသွားနိုင်စွမ်းရှိပေသည်။
ဓာတ်ပုံပညာသည် အနုပညာတစ်မျိုးပင်ဖြစ်ပါသည်။ ရှုထောင့်အမျိုးမျိုးတို့မှ ရိုက်ချက်ကောင်းများ ရရှိစေရန်အတွက် အနုပညာခံစားချက်မပါလျှင် ဓာတ်ပုံသည်အသက်ဝင်မည်မဟုတ်။ ဓာတ်ပုံ ပုံကောင်းတစ်ပုံရရှိရန်မှာ ရိုက်ကူးသူ၏ အနုပညာအမြင်၊ ဓာတ်ပုံပညာအရည်သွေးတို့လည်း လိုအပ်မည် ဖြစ်ပေသည်။ အချိန်တစ်ချိန်၊ နေရာတစ်နေရာ၊ အလင်းအမှောင်တူညီသောအချိန် တစ်ချိန်တည်းတွင်ပင် ဓာတ်ပုံရိုက်ကူးသူနှစ်ဦး၏ ဓာတ်ပုံရိုက်လက်ရာသည် တူညီနိုင်ခြင်းမရှိပေ။ ယခုခေတ်ကာလတွင် မော်ဒယ်တစ်ယောက်အား ဓာတ်ပုံဆရာ အနည်းဆုံး (၅) ယောက် လောက်မှ ဘက်ပေါင်းစုံမှ ရိုက်ကူးတင်ဆက်နေကြပေသည်။ သို့သော် ထိုဓာတ်ပုံဆရာ (၅) ယောက်၏ ဓာတ်ပုံ ပေါ်ထားရှိသောအမြင်တို့သည် တစ်ဦးနှင့်တစ်ဦးမတူညီနိုင်သလို ရိုက်ကူးထားသော ရသသည်လည်း မတူညီကြ ကြောင်းတွေ့ရှိရပါသည်။ ရူကွင်း ရူကွက်တစ်ခုကို အချိန်တူ၊ နေရာတ၊ူ အလင်းအမှောင်တူ၊ ကင်မရာအရည်သွေးများ တူညီပါသော်လည်း ရိုက်ကူးသူ၏ အရည်အချင်းနှင့် ခံစားချက်ပေါ်တွင် မူတည်ပြီး ထွက်ရှိလာသော ဓာတ်ပုံတစ်ပုံ၏ ရသပေးစွမ်းနိုင်မှု အင်မတန်ကွာခြားသွားတတ်သည်ကိုလည်း တွေ့မြင်ရပါသည်။
ကောင်းမွန်သော ပန်းချီကားကောင်းမွန်ပြည့်စုံသော ပန်းချီရရှိနိုင်ရန် ခက်ခဲသကဲ့သို့ ကောင်းမွန်ပြည့်စုံသော ဓာတ်ပုံတစ်ပုံ ရရှိရန်မှာလည်း လွယ်ကူမည်မဟုတ်။ ယခုခေတ်ကာလတွင် မိုဘိုင်းဖုန်းများဖြင့် ဓာတ်ပုံများကို မိမိကိုယ်တိုင် အလွယ်တကူ ရိုက်ကူးရယူနေကြသဖြင့် ဓာတ်ပုံပညာသည် လွယ်ကူသယောင် ထင်မြင်နေကြပေမည်။ သို့သော် ဓာတ်ပုံပညာကား ထိုသို့အလွယ်တကူ ရိုက်ကူးတိုင်း ပုံကောင်းရရှိနိုင်သည် မဟုတ်ဟု ထင်မြင်မိပါသည်။
Image from google
ရှေးယခင် ဖလင်များဖြင့် ရိုက်ကူးသောနည်းစနစ်မှသည် ယခုအခါတွင် တိုးတက်လာသောနည်းပညာမြင့် ပစ္စည်းများဖြင့် ရိုက်ကူး ပုံဖော်ကြရာတွင်ပင် ကွာခြားချက်များ ရှိနေပါသေးသည်။ ဓာတ်ပုံပညာသည် နည်းပညာများထွန်းကားလာသည်နှင့်အမျှ ပြောင်းလဲတိုးတက်နေဦးမည်။ ပျောက်ကွယ်သွားရန်လည်း မလွယ်ကူသော ပညာတစ်ရပ်ဖြစ်ပါသည်။ နောက်နောင်လည်း အနုပညာ သဘောသက်ဝင်နေသည့် ဓာတ်ပုံပညာသည် ဆက်လက်ကွဲပြားနေအုံးမည်ဟု ထင်မြင်ယူဆမိပါကြောင်းရေးသား ခြင်းဖြင့် အဆုံးသတ်လိုက်ရပါသည်။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
16-10-2017(Monday)