အလွဲလေးများ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
ကျွန်တော်တို့တစ်တွေ ဘ၀မှာတခါတရံ ရုတ်တရက် အမှတ်မထင် ကြုံကြတဲ့လုပ်ရပ် ကလေးများတွေ စကားပြောလေးတွေကနေ ရီစရာလေးတွေဖြစ်သွား တတ်ကြတာ ကြုံဖူးကြမှာပါ… အရေးပေါ်နေ ပါတယ်ဆိုမှ ဘေးချော်နေတတ်တာလေးတွေကလည်း ရီစရာအဖြစ်ကျန်ရစ်နေတတ်ပါတယ်… ဘေးချော်နေတုံးကတော့ ရီစရာမဟုတ်ဘူး… ရီဖို့နေနေသာသာ ဇောချွေးပြန်နေတတ်ကြတာ လူတိုင်းကြုံဖူးကြမှာပါ… အဲဒီအချိန်မှာတော့ ဒုက္ခပေါ့… အချိန်ကြာလာတဲ့အခါမှာ အဲဒီဒုက္ခက ရီစရာလေးတွေဖြစ်သွားတယ်ကြတယ်… အတွေ့အကြုံလေးတွေ ပြန်ပြောကြရင်း ဘယ်တုံး က မင်းကဘယ်လို ငါကဘယ်လို မင်းက ဘယ်လိုရီစရာကောင်းနေတာ ငါကဘယ်လိုဟာသ ဖြစ်နေတတ်ကြတာတွေ ပြန်ပြောကြရင်း တ၀ါးဝါး တဟားဟား ပွဲကျနေတတ်ကြတယ် မဟုတ်လား… ဒီလိုအကြောင်းအရာလေးတွေကို ပြန်စဉ်းစားရင်းနဲ့ ရေးသားချင်စိတ်ပေါက်လာလို့ ကြုံခဲ့ဖူးတာလေးတွေကို ပြန်စဉ်းစားရင်း မျှဝေလိုက်ပါတယ်… တချို့ကတော့ ကိုယ်တိုင် ကြုံလာခဲ့တာဖြစ်ပြီးတော့ တချို့ကတော့ အပေါင်းအသင်းတွေနဲ့ ပြောကြ ဆိုကြရင်း ကြားရတဲ့ အတွေ့အကြုံလေးတွေဖြစ်ပါတယ်…
Image from google
တချိန်တခါက ကျန်းမာရေးပညာပေးအစီအစဉ်တစ်ခုဖြစ်တဲ့ HIV, AIDS အသိပညာပေး လုပ်ငန်းအနေနဲ့ ကျေးရွာတွေကို လိုက်လံ ဟောပြောကြတဲ့ကြရတဲ့ အဖွဲ့တစ်ဖွဲ့မှာ ကြုံခဲ့ဘူး တာလေးတစ်ခုပါ… ဟောပြောပွဲဆိုပေမယ့် စင်မြင့်တွေ ထိုင်ခုံတွေနဲ့ ခန်းမကြီးကို သွားမမြင်လိုက်ကြပါနဲ့… တန်းလျားခုံလေးချ လူတွေကိုစုထိုင်ခိုင်းပီး ဆရာလုပ်ကြရတဲ့ပွဲလေး တွေပေါ့… ပြောသမျှ ဟောသမျှ အောက်ကနေငုတ်တုတ်လေးတွေထိုင် အင်္ဂလိပ်လိုတွေပြော အမှန်တော့ သူတို့လည်း နားလည်လို့မဟုတ်ဘူး… မျက်လုံးလေးတွေပြူးပီး ထိုင်ကြည့်နေကြ တယ်… ငြိမ်နားထောင်နေကြတယ်… ငြိမ်နားထောင်ရပေမပေါ့… ဘာမှမှ နားမလည်ကြပေပဲ ကိုး… နားလည်ရင်တော့ ထကလော်တုတ်ကြမလားမသိ… ခုတော့ငြိမ်နေကြတယ်လေ… HIV, AIDS ကိုကာကွယ်ဘို့အတွက် Condom ကိုအသုံးပြုကြပါပေါ့… တကယ့်လိုရင်းက အဲဒါပဲ… ခေါင်းဆောင်လုပ်တဲ့သူက ပြောဟောလည်းပီးရော “နားမလည်တာ မရှင်းတာမေးကြပါလို့ ပြောလိုက်တယ်…” အဲဒီမှာလည်း တုတ်တုတ်မှမလှုပ်… “အားမနာကြပါနဲ့ မေးကြပါပေါ့ ထပ်ပြောတယ်…” ဒီတော့ ရွာသားတစ်ယောက်က ထပြောတယ်… “မြို့ကဆရာကြီး ကျုပ်တို့က အဲဒီအင်္ဂလိပ်မုန့်တွေ နိုင်ငံခြားကမုန့်တွေဝယ်မစားနိုင်ဘူး… နာမည်တောင် မကြားဖူးပါဘူးဗျာ…” လို့ပြောတယ်… အဲဒီမှာ ဟောပြောတဲ့ဆရာတွေ အကုန်ပြူး အကုန်ပြဲကုန်တာပေါ့…. မျက်လုံးပြူးတာ ပါးစပ်တွေပြဲကုန်တာပြောတာနော်…
Image from google
ဒီရွာသားအနေနဲ့က အရွှဲ့တိုက်ပီးပြောတာလည်း မဟုတ်ဘူး… ရီစရာပြောတာမဟုတ်ဘူး… ရွာသားတွေလည်း တစ်ယောက်မှ မရီကြပါဘူး… ဟောပြောပွဲလိုက်လာတဲ့သူတွေထဲက တချို့တော့ ပြုံးဖြီဲးဇြီးတွေ ဖြစ်ကုန်တာပေါ့… AIDS တို့ HIV တို့ ထပ်ခါ ထပ်ခါ ပြောတယ်… သတိပြုဆင်ခြင်ကြ ဖို့တိုက်တွန်းတယ်… Condom ဆိုတာတွေကို အသုံးပြုဖို့ပြောတယ်… ရွာသားများအနေနဲ့ကတော့ နိုင်ငံခြားအစားအစာတွေလို့ ထင်သွားပါတယ်… ဟောပြောသူ တော်လွန်းလို့ နေမယ်နော… “HIV တို့ AIDS တို့ Condom တို့ဆိုတာတွေက စားစရာတွေမဟုတ်ဘူးလေ…” ဒီတော့ ရွာသား “အယ် သိပါဖု… စားစရာမှတ်လို့…” ဆိုပီး ထိုင်ချလိုက်တယ်… နောက်တစ်ယောက်ထပ် ထပြီးပြောလာပြန်တယ်ဗျ… “မြို့ကဆရာ ကျုပ်တော့ နားမလည်တာလည်းမရှိပါဘူး… နားလည်တာလည်းမရှိပါဘူး… ဘာတွေပြောနေမှန်းလည်း မသိပါဘူး… ဒီတော့ကာ မေးစရာလည်းမရှိပါဘူး” ဆိုပီး ပြောပါလေရောပေါ့… ဒါကလည်း ပွဲတော်တော်များများမှာဖြစ်တတ်တဲ့ပြဿနာတစ်ခု လို့ထင်တယ်… ပြန်မပြောကြလို့နေမှာပါ… ဘယ်နားလည်လိမ့်မတုံး AIDS တို့ HIV တို့ ကျေးရွာတွေအနေနဲ့ ဘာမှန်းမှသေချာနားမလည်ကြသေးတာ… ကဲ မှတ်ကြကရောပေါ့ စားစရာမုန့်ထင်တဲ့သူကထင်တယ်… ဒီတော့ ဟောပြောရေးခေါင်းဆောင်ခမျာ နားမလည်သေးဘူး ဆိုပီး နောက်တစ်ခါ HIV, AIDS ရောဂါဖြစ်တယ်ဆိုတဲ့အကြောင်း၊ ကာမစပ်ယှက်တာ လိင် ဆက်ဆံရာကနေ ရောဂါကူးစက်ကြောင်း တပ်ရှင်းပြကြ… Condom ဆိုတာ အဲဒီလို လိင်ဆက်ဆံချိန်မှာ လိင်တံကုစွတ်ပီး အသုံးပြုကာကွယ်ရတဲ့ ပစ္စည်းဖြစ်ကြောင်း သေသေချာချာ ထပ်ရှင်းပြကြတယ်… ဆိုတော့မှ ရွာကလူတွေအကုန် တ၀ါးဝါး တဟားဟားနဲ့ ပွဲကျကုန်ကြတာ ရီကုန်ကြတာ… ထပြောတဲ့ ရွာသားလည်း ရောယောင်ပီး ရယ်နေရတော့တာပေါ့… “ကဲ ရှင်းပလားလို့မေး… မရှင်းတာရှိရင်မေးကြပါ…” လို့ထပ်ပြော တယ်… “ရှင်းတော့ရှင်းသလိုလိုဖြစ်ပါပီဆရာ မေးစရာတော့မရှိဘူးဗျို့” လို့ရွာသားတွေက ထအော်တယ်… အိုကေသွားပီ.. နားလည်သွားပီပေါ့… ဟောပြောပွဲခေါင်းဆောင်တော်တော် ကျေနပ်သွားပီပေါ့…
Image from google
ဒီတော့ဟောပြောပွဲခေါင်းဆောင်က “ ခင်ဗျားတို့ မေးစရာမရှိရင် ကျွန်တော် ခင်ဗျားတို့ကို မေးခွန်းတစ်ခုလောက်မေးချင်ပါတယ်… ဖြေကြမလား” လို့မေးတော့ အားလုံးက ဖြေမယ်ပေါ့… ရွာသူ ရွာသားတွေအနေနဲ့ ဒီအချိန်မှာ စာသင်ကျောင်းမှာ စာအသင်ခံနေရတဲ့ သူငယ်တန်း ကလေးတွေလိုဖြစ်နေလောက်တယ်ဗျ… ဖြေနိုင်ရင် ချက်ချင်းထဖြေကြမယ့်ပုံတွေပဲ… အစွမ်း ပြချင်ကြတာပေါ့လေ… ငါဖြေနိုင်တယ်ပေါ့… ဒီတော့ ခေါင်းဆောင် မေးလိုက်တဲ့ မေးခွန်းက “ဒီထဲမှာ လိင်ဆက်ဆံဖူးတဲ့ သူတွေ ပါသလား” တဲ့ ရှင်းတော့ အတော်ရှင်းပါတယ်… သိသူများ အဖို့ပြောတာပါ… ဒီအချိန်မှာ အသက် ၁၀ နှစ်လောက်သာ ရှိသေးတဲ့ ကလေးတစ်ယောက်က လျင်လျင်မြန်မြန် သွက်သွက်လက်လက်နဲ့ ထဖြေလိုက်တာက “မြို့ကဆရာကြီး ကျုပ် လိမ်ဆက်ဆံဖူးတယ်” တဲ့…. အမလေး… ဟောပြောပွဲအဖွဲ့ အကုန်လုံး နှစ်ဆပြူးပြဲကုန်ကြရောဗျို့… အဲဒီကလေးကို ၀ိုင်းပြူးပြဲကြည့်လိုက်တော့ သူကတော့ သူရဲကောင်းပုံစံနဲ့ ရင်ကော့ ခေါင်းမော့နေတာပေါ့… မေးခွန်းကို သူတစ်ယောက်တည်းကပဲ ဖြေနိုင်တယ်ပေါ့… သူ့ပုံစံက စာမေးတာကို ဖြေနိုင်တဲ့ ကျောင်းသားလိုပေါ့… ခေါင်းဆောင်လည်း အံ့အားတသင့်နဲ့ ထဖြေတဲ့ကလေးကို “ကလေး မင်းအသက်ဘယ်လောက်လဲ” လို့မေးတယ် “၁၀ နှစ်” တဲ့… “မင်းက ဘယ်သူနဲ့ လိင် ဆက်ဆံဘူးတာလဲ” လို့ဆိုတော့ “ကျုပ်က အမေ နဲ့လည်း လိမ် ဆက်ဆံတယ်… အမနဲ့လည်း လိမ်ဆက်ဆံတယ် ညီအကို အချင်းချင်းလည်း လိမ်ဆက်ဆံတယ် အဖေနဲ့လည်း လိမ်ဆက်ဆံတယ်” အမ် သေတော့မှာပဲ ခေါင်းဆောင် ပြို့ပူးပြဲလာတာပေါ့ “ဘယ်လိုလိင်ဆက်ဆံတာလဲ” လို့ထပ်မေးတော့ “အမေ့ကို စာအုပ်ဖိုးဆို ပိုက်ဆံတောင်းပီး ပေဒိုးပစ်တယ်… အဖေ့ကိုလည်း တူတူပဲ ညီကိုတွေကိုတော့ မုန့်ဝယ်ကျွေးမယ်ဆိုပီး လိမ်ပီးစာကူးခိုင်းတယ်… အမ ကိုလည်း တူတူပဲ… အဲလို အမြဲလိမ်ဆက်ဆံတယ်” ဒီတော့မှ မြို့ဟောပြောပွဲတစ်ဖွဲ့လုံး ငိုအားထက် ရီအားသန်ဆိုသလိုပဲ လိမ်ညာတာ ကို ကလေးက ပြောနေမှန်းသိပြီး တခွီးခွီးနဲ့ရယ်ကြတော့တာပေါ့… သက်ပြင်းတွေလည်းချတဲ့သူက ချပေါ့လေ… အဲဒီမှာ တခါ လိင် နဲ့ လိမ် ကို ရွာသူ ရွာသာတွေကို ထပ်ရှင်းပြလိုက်ပြပါတယ် ဗျာ… ဒီတော့မှ ဘာကြောင့် မြို့က လူတွေ မျက်လုံးတွေပြူးပြဲကုန်သလဲဆိုတာသိပြီး သူတို့က တခါ ရီပွဲတွေဖွဲ့ကုန်ကြတော့တာပေါ့… ဟောပြောပွဲပီးတော့ ကလေးပြောခဲ့တဲ့ စကားတစ်ခွန်းက လူတွေပါးစပ်ထဲ စွဲသွားပါလေရော… “မိသားစုတွေ သူငယ်ချင်းတွေကို လိမ်မဆက်နဲ့နော်” ဆိုသော စကားလေးပါ…
တစ်ချက်ပြုံးရင် တစ်ရက် အသက်ရှည်နိုင်မှာပါ… ပြုံးပျော်ခြင်းတွေနဲ့ ဘ၀ကိုအေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေ…
Image from google
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
3-Mar-2018 စနေနေ့(Saturday)