အလွယ်ဆုံး အမြန်ဆုံး ဒေါ်လာရှာနည်း(Make Dollar Quick And Easy)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



Untitled-1 copy.png


ဒေါ်လာရှာနည်းလို့ ခေါင်းစဉ်ဖတ်ပြီး လူရှာတယ်လို့ မထင်လိုက်ပါနဲ့... ပြီးဆုံးအောင်ဖတ်ကြည့်ပါ...ကျွန်တော်တို့ လူအများစုက အလွယ်ရမည်ဟု ဆိုလိုက်လျှင် အင်မတန်စိတ်ဝင်စားကြတာ တွေ့ရတယ်ဗျ... ကျွန်တော်အပါအ၀င်ပေါ့... ဒါပေမယ့်လည်း အလွယ်သာပြောတာ တကယ်တော့ မလွယ်တာတွေသာများပါတယ်... ဒါလည်း လူတိုင်းသိတယ်ဗျ... သိပေမယ့် အလွယ်ဆိုရင်ကို လိုက်ချင်တတ်ကြတယ်... ဒီတော့ကာ အလွယ်တကူ ဒေါ်လာရနည်းဆိုတာလေးမျှကြည့်မယ်... ယူကြမလား... "ဂုဏ် ဂုဏ် ဂုဏ်..... ဂုဏ် ဆိုတာ ငွေ ကိုခေါ်တယ်... ငွေကိုသာရေလိုသုံးရင် တစ်ပြည်လုံးမှာ လုပ်သမျှတင့်တယ် ယောက္ခမကြီးက မျက်နှာချိုတယ်... ကိုယ့်မယားက စေတနာပိုမယ်" ဘာမှမဟုတ်ပါဘူး... လောကလူ့ဘုံမှာ ငွေမရှိ ခဲ့ရင်အင်မတန်မျက်နှာငယ်တတ်တယ် ဆိုတာ လူတိုင်းသိပြီးဖြစ်လို့ အကျယ် အကျယ် မရေးတော့ဘူးဗျာ... လူတိုင်း လူတိုင်း ငွေကို နေ့စဉ်နဲ့အမျှ ရရှိအောင်ကြိုးစားနေကြရတယ်လေ... နည်းစနစ်ကောင်းတဲ့သူတွေ ရထားတဲ့သူများအတွက်တော့ ငွေရတာလွယ်ကြပေတယ်... အဲ့ဒီငွေကလည်း အခက်သားဗျ... ကုန်းရုန်းရှာနေလို့ လည်း ၀င်ငွေလမ်း ကဖြောင့်ချင်မှဖြောင့်တတ်တယ်... ဘာမှမလုပ် ငုတ်တုတ်ထိုင်နေတဲ့သူကလည်း လက်ဖျား ဒေါ်လာသီးနေတတ်တယ်... ဒီတော့ အလွယ်လေးနဲ့ ဒေါ်လာရှာနည်းများ လိုက်ရှာမိပြန်တော့ ဖုန်းဘေလ်ဖိုးကုန် တာသာ အဖတ်တင်နေတာ နှစ်ပေါင်းမနည်းရှိပါပေါ့မလား... ဒေါ်လာရှာနည်းကတော့ ခုချိန်ထိ ဟုတ်တိပတ်တိ မတွေ့သေး... သုံးခဲ့ရတဲ့ ဖုန်းဘေလ်ဖိုးတွေကို စုထားမယ်ဆိုရင်တောင် ခွေးဘီလူးကားလေးတစ်စီးတော့ ပိုင်နေလောက်ပါပြီ...


06.png

Image from google


လူ့လောကကြီးမှာက ငွေကအကုန်လုံးကိုတော့ လုပ်မပေးနိုင်ပေမယ့် အသက်ရှင်နေသမျှတော့ ငွေက အရေးပါ နေတာပဲလေ... ဒီတော့ ငွေရှိမှ ဖြစ်မယ်... အချုပ်တန်းဆရာဖေက "ငွေမရှိရင် ခွေးတောင်မလေး" လို့ပင် စပ်ဆိုခဲ့ ဖူးတယ်ဆိုလားပဲ... တကယ်လက်တွေ့မှာ ငွေမရှိရင် တကယ်ပင်ခွေးဟောင်တတ်တာ... ဒီတော့ ဒေါ်လာလေးများ လက်ထဲရဖို့အရေး online ငွေရှာနည်းမျိုးစုံနဲ့ ငွေရှာကြတော့တာပေါ့... ရတဲ့သူတွေရှိသလို မရတဲ့သူတွေလည်း ဒုနဲ့ဒေး... ဘာတွေကို ယုံကြည်ရမလဲဟေ့ လို့အော်ရမလိုလို... သူငယ်ချင်းတစ်ယောက် လက်ဖက်ရည်ဆိုင်ထိုင်ရင်းနဲ့ ငြီးတယ်...

"ခုခေတ် ငွေရှာရတာ ခက်ခဲလှသကွာ ဒေါ်လာရှာရတာလည်း ခက်မှခက်" တဲ့... သူငယ်ချင်းတစ်ယောက်ပြောလာသောစကားလေး

ဒီကောင်က ငွေရဖို့အရေး အစဉ်ကြိုးပမ်းနေတဲ့ကောင်... စာစီ စာရိုက် ဒီဇိုင်း ဓာတ်ပုံရိုက် ဓာတ်ပုံပြင် online မှာ ယောင်တောင်တောင်နဲ့ PPC ဆိုလား ကြော်ငြာတွေကို လိုက်နှိပ်တတ်သေးသဗျ... သူကိုယ်တိုင်လည်း သူများစာတွေကူးယူ အလကားရတဲ့ web site ထောင် သူများတွေကို လာကြည့်ဖို့ခေါ်ပြီး... ဒေါ်လာရဖို့ ကြော်ငြာတွေက ခံထားသေးတယ်... ဘယ်တော့မှလည်း ပိုက်ဆံမကပ်တတ်... အဲလို ကြော်ငြာကလစ်နှိပ်တဲ့ site အတော်များများကို သူမ၀င်ဖူးတာလည်း မရှိသလောက်ပဲ... အလုပ်မှန်သမျှ သူမလုပ်ဖူးတာ မရှိသလောက်ပဲ... ဒါတောင် ဒေါ်လာရှာရခက်ဆိုပဲ...


04.png

Image from google


"ဒေါ်လာရှာတယ်ဆိုတာ သိပ်မခက်လှပါဘူးလေ" လို့ပြောလဲပြောရော ဟိုကောင် သောက်နေတဲ့ ရေနွေးကြမ်း သီးတောင်သွားရောဗျို့... သူ့လောက် online ငွေတွေလိုက်ရှာနေတာ တောင် ဒေါ်လာကောင်းကောင်းမရတာ... ဒေါ်လာရှာတာ သိပ်မခက်လှပါဘူးလို့ပြောတော့ ရေနွေးသီးတာ ဆန်းတော့မဆန်းဘူး... steemit ကိုလည်း ဒီကောင်မသိသေး... မသိဆို PPC တွေပဲလုပ်နေတာလေ... တကယ်တော့ Steemit မှာစာမရေးရပဲ ဒေါ်လာတွေ အလွယ်တကူ ရအောင် အကြံအဖန်လေးတွေ လုပ်အုံးမယ် စဉ်းစားနေတယ်... ဟိုပါ ဒီပါ ဟိုလူကဆဲ ဒီလူကဆဲ နဲ့စာရေးနေတာ ပျင်းလာပြီလေ... စဉ်းစားစမ်းဟ.. ဒေါ်လာလွယ်လွယ်ဝင်အောင်လုပ်နည်းလေးတွေ...

စဉ်းစားမရ ခေါင်းပူတာအဖတ်တင်တယ်... လက်ဖက်ရည်ဆိုင်ထွက်ပြီး Facebook လျောက်ကြည့်မိတယ်... ဘယ်သူတွေ ဘာတွေ တင်သလဲလျောက်ကြည့်မိတယ်... ကြော်ငြာတွေကလည်း ပေါမှပေါ... အရင်က ဒီလိုကြော်ငြာတွေ သိပ်မတွေ့ပေမယ့် အခုတော့ Facebook ဖွင့်လိုက်မိတိုင်း online စီးပွားရေး ကြော်ငြာတွေ အများဆုံးတွေနေရပါပကောလား... ကြည့်ရင်း ကြည့်ရင်းနဲ့ စီးပွားရေးကြော်ငြာတစ်ခုကို မြင်လိုက်ရတဲ့အချိန် ခေါင်းထဲမှာ လျှပ်စီးလက်လိုက်သလို လင်းကနဲ ထင်းကနဲ ဒေါ်လာတွေ ဟော ကနဲ ဟောကနဲ ၀င်မယ့် နည်းလမ်း တစ်ခု ရလိုက်တယ်... ခေါင်းပူအောင် စဉ်းစားနေတုံးက ဘာမှထွက်မလာတဲ့ ဦးနှောက်... ခုတော့ ဘာမဟုတ် ညာမဟုတ် မစဉ်းမစားလျောက်ကြည့်မိကာမှ ထွက်လာတဲ့အကြံဥာဏ်... ဒီလိုဆိုတော့လည်း Facebook ကြီးက ဆိုးဘူးပဲ... ချက်ချင်းမှတ် ချက်ချင်းလုပ်ဖို့စီစဉ်လိုက်မှပါ... စမ်းကြည့်ရတာပေါ့လေ... မအောင်မြင်တော့လည်း အရှုံးတော့မရှိဘူးပေါ့... အရင်းအနှီးထည့်ရတာမှမဟုတ်တာပဲ... လူအတော်များများက အလကားတို့ အလွယ်တို့ဆို သိပ်ကြိုက်တတ်ကြတယ်လေ... လူတစ်ထောင်မှာ ၁၀ ယောက်လောက်ကသာ အဲဒီအလကားတို့ အလွယ်တို့ဆိုတာကို ရှောင်နိုင်ကြတာတွေ့ရတယ်ဗျ... ဒီတော့ လောဘကိုဆွ ဒေါ်လာရှာရပေမပေါ့...


02.png

Image from google


ထွက်လာတဲ့အကြံဥာဏ်အတိုင်းလုပ်ဖို့က Facebook အကူအညီယူရမယ်လေ... Steemit မှာက ကြော်ငြာဝင်လို့မှ မဖြစ်ပေပဲ... ဒီတော့အမြန်ဆုံးအကောင်း အထည်ဖော်မှ မြန်မြန်ဒေါ်လာဝင်မယ်... Group တစ်ခု ကို နာမည်ပြောင်းပေးလိုက်တယ်... Group ကိုလည်း နာမည်ပြောင်းပေးလိုက်တယ်... "ဒေါ်လာရှာနည်း" ... ပြီးတော့ တိုတိုပဲရေးပြီး ကြော်ငြာ တင်လိုက်တယ်...

"online ငွေရှာနည်း ဆိုဒ်ပေါင်းစုံအား ၀င်ရောက်ငွေရှာပြီး ကြပါပြီလား... မအောင်မမြင် ဒေါ်လာမ၀င်ဖြစ်နေကြပါသလား... အလွယ်ကူဆုံးနှင့် အမြန်ဆုံးဒေါ်လာဝင်နည်း အကြံဥာဏ်ပေးမည်... အလိုရှိပါက တစ်ဦးလျှင် ဥာဏ်ပူဇော်ခ 10$ သာပို့ပေးလိုက်ပါ... သင်တို့ပို့ပေးလိုက်သော ဒေါ်လာထက် အဆပေါင်းများစွာ အကျိုးရှိစေရမည်ဖြစ်သည်... စိတ်ဝင်စားပါက gmail ချန်ထားပြီး 10$ လွဲပေးလိုက်ပါ... ချက်ချင်းအကြံဥာဏ်ပို့ပေးမည်ဖြစ်သည်... လွဲပေးရမည့် bitcoin wallet address မှာ xxxxxxxxxxxxxxxxxxxxxx သို့မဟုတ် cb bank account- 0000000000 သို့လည်းကောင်း kbz bank account- 11111111111 , aya bank account - 222222222 တို့ ဖြစ်ပါသည်။ သင်တန်းပေးမည်မဟုတ် အကြံဥာဏ်ပေးချက်များအား mail ဖြင့်ပြည့်စုံစွာ ပို့ပေးမည်ဖြစ်ပါသည်။ "


03.png

Image from google


"အလွယ်ဆုံး နှင့် အမြန်ဆုံး ဒေါ်လာရှာနည်း"ဆိုတော့ စိတ်ဝင်စားတယ်ဆိုတဲ့လူအများကြီး မန့်ထားကြတယ် gmail တွေ တစ်ထောကြီး ချန်ထားခဲ့ကြတယ်... ချက်ချင်းငွေပို့သူတွေ 10 ယောက်လောက်ရှိတယ်... btc wallet လေး ဖောင်းကားသွားတယ်... နောက်နေ့တွေ နောက်နေ့တွေ ပို့လာလိုက်ကြတာ အဆင်ကိုပြေရော... ဒီလိုအဆင်ပြေ နေတဲ့အကြောင်း PPC ကလစ်နေတဲ့သူငယ်ချင်း ဘယ်ကဘယ်လိုကြားသွားသည်မသိ အမောတကော ဖုန်းဆက် လာပါတော့တယ်... အဲဒီအချိန်မှာလည်း လက်ဖက်ရည်ဆိုင်ရောက်နေတော့ လက်ဖက်ရည်ဆိုင်ထိပေါက်ချလာတယ်...

"င့ါလည်း နည်းလမ်းလေးပေးစမ်းပါအုံးကွာ... 10$ ကတော့အခုပေးစရာမရှိသေးဘူး... အကြွေးမှတ်ထားကွာ" ပြောပါလေရော... သူ့ထုံးစံအတိုင်း ဘိုင်ကျနေတယ်ပေါ့...

"မင်းနဲ့ငါနဲ့ကြားကွာ ငွေရေးကြေးရေးပြောနေစရာ မလိုပါဘူး... မင်းကိုအလကားပေးလိုက်မယ်...mail ပို့ပေးထားလိုက်မယ်... အိမ်ပြန်တော့"

အိမ်ပြန်တော့ပြောပေမယ့် မပြန် ပေကပ်ပြီး

"မင်းပို့ပေးနေတဲ့အကြံဥာဏ် mail ပြပါ" ပဲ ပြောနေတော့

"ကဲ ကဲ ဒါလောက်ဖြစ်နေတာ ပြပေးမယ်" ပြောပြီး

တူညီသောစာရေးထားပြီး ပို့ပေးထားတဲ့ mail တွေကို ဖွင့်ပြလိုက်ရပါတယ်... အကြံဥာဏ်ပေးထား သော mail တွေကို ကြည့်ပြီး သူငယ်ချင်းခမြာ ပါးစပ်အဟောင်းသားဖြစ်နေလေတော့တယ်...

အကြံဥာဏ် mail များတွင် ရေးပေးထားသော စာများကတော့-----------

ဒီနေရာမှာ ချစ်မိတ်ဆွေများကို ကြိုတင်သတိပေးလိုက်ချင်ပါတယ်.... ချစ်မိတ်ဆွေများအနေနဲ့ လိုက်မလုပ်ရန်အရေးကြီးပါတယ်... လိုက်လုပ်မိမည်ဆိုပါက သင်တို့အနေဖြင့် ကျွန်ုပ်ထံသို့ 10 SBD လွှဲပေးရမည်ဖြစ်ကြောင်း ကြိုတင် သတိပေးအပ်ပေသည်။ အင်းလေ အချင်းချင်းတွေဆိုတော့ 5 SBD လောက်ပဲလွှဲပေးလည်းလက်ခံရပေမပေါ့... မိတ်ဆွေတွေကိုးဗျ....


07.png

Image from google


05.png

Image from google


ဒေါ်လာအလွယ်တကူရှာနည်း


"ဒေါ်လာ လွယ်လွယ်ရရန် ယခု ကျွန်တော်လုပ်သကဲ့သို့လုပ်ပါ... ဒေါ်လာများ သင့်တို့ wallet ထဲသို့ ရောက်ရှိ လာပါလိမ့်မည်"


တိန်!!! မှတ်ကရောဟ ......

တစ်ချိန်က ဖတ်ခဲ့ဖူးသော ဟာသစာစုလေးများအား ပြန်လည် စဉ်းစားကာ မှီငြမ်း ဆန်းသစ်ပြုပြင် ရေးသားခြင်းဖြစ်ပါသည်။ ရီစရာအဖြစ် အလိမ်အညာမခံကြစေရန် ရည်ရွယ်ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော်တို့သည် အလွယ်ရနည်း ဆိုလျှင် အလွန်အလွယ်ကြိုက်တတ်သော ကြောင့် ခံရတတ်သည်ကို အသိပေးလိုခြင်းလည်းဖြစ်ပါသည်။ အလကားဆိုလျှင် အလွန်စိတ်ဝင်စားပြီး အသိဥာဏ်ပါကွယ်သွားတတ်ကြပါသည်။ ဆင်းကတ်အလကားပေးမည် အောက်တွင် ဖုန်းနံပါတ်လေးများ မန့်ပေးသွားကြပါ။ ဘေလ် တစ်သောင်းပါသည့်ကတ်များ မဲဖောက်ပေးပါမည်ဆိုပါက ဘာမှမစဉ်းစားတော့ပဲ အလုအယက်နှင့် မိမိတို့၏ ဖုန်းနံပါတ်များ မန့်ကုန်ကြသည်ကိုလည်း အမြဲလိုလိုမြင်တွေ့နေရပါသည်။ ဘာမဲဖောက်မည်။ ညာမဲဖောက်မည်သာရေးပြီး တင်လိုက်ပါက အလုအယက် မန့် ကြ ရှယ်ကြတာတွေ ခုချိန်ထိတွေ့မြင်နေရတုံးပင်ဖြစ်ပါသည်။ လူတစ်ထောင်တွင် မဟုတ်နိုင်ကြောင်း ပြန်မန့်သူ 10 ယောက်သာ ပါမည်ထင်ပါသည်။ သားအဖချင်းတောင် အလကား မရနိုင်ပါ။ သတိပြုဆင်ခြင်နိုင်ကြပါစေ။ မည်သည့်အရာမျှ အလွယ်တကူ အလကား မရနိုင်ကြောင်း သိရှိစေရန် သတိပေးရင်း ရပ်နားလိုက်ပါသည်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

1-Feb-2018 ကြာသပတေးနေ့(Thursday)