အမှတ်တရ ဓာတ်ပုံအချို့- ၁၀ (Memorable Of Some Photo_Episode-10)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့၏ နာမည်ကျော်ကြားလှသော သမိုင်းဝင် ရှေးဟောင်း ဘော်ကြိုမြတ်စွာဘုရား


ကျွန်တော့်အနေနှင့် ခရီးသွားစဉ် ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးများမှ အချို့သော ဓာတ်ပုံများကို တင်ပေးခြင်းဖြစ်ပါတယ်ဗျာ... ဓာတ်ပုံသမားစစ်စစ် မဟုတ်သည့်အတွက် အနေအထားအမှားအယွင်းလေးများတွေ့ရှိပါက ညွှန်ကြားပြသပေးကြပါခင်ဗျာ... ယခု ဓာတ်ပုံများအားလုံးသည် အချို့ကို Sony Auto Camera လေးဖြင့်လည်းကောင်း၊ အချို့ကို Smart Phone ဖြင့်လည်းကောင်း ရိုက်ကူးထားခြင်းဖြစ်ပါသည်.... ရှမ်းပြည်မြောက်ပိုင်း သိပေါမြို့သို့ သွားရောက်စဉ် အန္တရာယ်ချောက် ဟုနာမည်ကျော်ကြားသော ဂုတ်တွင်း နှင့် ရှမ်းပြည်မြောက်ပိုင်းသီပေါမြို့သို့ရောက်ရှိစဉ် သီပေါမြို့၏ နာမည်ကြီး ရှေးဟောင်းသမိုင်းဝင် ဘော်ကြိုမြတ်စွာဘုရားကြီးတွင် ရိုက်ကူးထားသော ပုံများဖြစ်ပါသည်... သည်းခံ ကြည့်ရှုအားပေးကြပါကုန်...


နောင်ချိုမြို့နယ်၊ အန္တရာယ်ချောက် ခေါ် ဂုတ်တွင်း မြင်ကွင်း


IMG_20171028_101453.jpg

အကွေ့အကောက်များစွာဖြင့် မတ်စောက်လှသော တောင်နှစ်တောင်ရဲ့ကြား အောက်ခြေအထိဆင်းပြီး အပေါ်ဆုံးသို့ ပြန်တက်ရသည့် အပြင် အမှန်တကယ်လည်း အန္တရာယ်များလှသော ချောက်ကြီးဖြစ်ပါတယ်ဗျာ.... တောင်ထိပ်နှစ်ခုကို တံတားထိုးပေးရန် လွယ်ကူခြင်းရှိပုံမရ.... ဒါ့ကြောင့်လည်း ယခုအချိန်တိုင်အောင် ချောက်အတွင်းဆင်း ချောက်ထိပ်ပြန်တက်ဖြင့် နေ့စဉ် ကားပေါင်းများစွာ အဆင်းအတက်လုပ်ပြီး သွားလာနေကြသည်ကို အသည်းယားစရာ မြင်တွေ့ခဲ့ရပါတယ်... ကိုယ်လိုရာခရီးကို လျင်လျင်မြန်မြန်ရောက်နိုင်စေဖို့အတွက် အခုလို ကိုယ့်အပေါ်တင်ပြီး ခေါ်သွားရတဲ့ ခရီးလမ်းတွေလည်း ရှိနေတတ်ပါတယ်ဗျာ...


သီပေါမြို့ရဲ့ နာမည်ကျော်ကြားလှသော ရှေးဟောင်းသမိုင်းဝင်ဘော်ကြိုဘုရားကြီး


IMG_20171029_123051.jpg

ဘုရားအ၀င် မုခ်ဦး


IMG_20171029_122014.jpg


IMG_20171029_122353.jpg


ဘော်ကြိုဘုရားဝင်းအတွင်းမှ ထူးဆန်းသော စကားပင် နှင့် သမိုင်းကြောင်း


IMG_20171029_122616.jpg


ဘုရားဝင်းအတွင်းမှ ဘီလူးရုပ်

IMG_20171029_122801.jpg

ရှေ့တည့်တည့်မှ မြင်ရသည့်ပုံ


IMG_20171029_122907.jpg

ဘေးတိုက်မြင်ရပုံ


လေးဘက်လေးတန်မှ မတူညီသော ဘုရားဘွဲ့တော်များ


IMG_20171029_122112 copy.jpg


IMG_20171029_122414.jpg


IMG_20171029_122441.jpg


IMG_20171029_122502.jpg

ဘော်ကြိုဘုရားပွဲတော်တွင် အလွန်စည်ကားလှကြောင်းသိရပါတယ်... ကျွန်တော်ရောက်သွားချိန်က ဘုရားပွဲနဲ့မတိုက်ဆိုင်တော့ သေချာမသိပါ... အချိန်လည်းများစွာမရသဖြင့် သမိုင်းကြောင်းကိုပင် ကောင်းစွာမသိရှိခဲ့ရပါ... နောက်များကြုံလျှင် သမိုင်းကြောင်းပါမေးမြန်းကာ ထပ်မံတင်ပေးပါအုံးမယ်ဗျာ...


မဆုံသောလမ်းလေးလို့ဆိုကြပေမယ့်လည်း အကြောင်းတိုက်ဆိုင်လာရင် တစ်ခါတစ်လေမှာတော့ ဆုံတတ်ကြပါသေးတယ်လေ...

IMG_20171028_084651.jpg


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png


ဓာတ်ပုံ (Photo)

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

31-12-2017 တနင်္ဂနွေနေ့(Sunday) Year End Of 2017