အမှတ်တရ ဓာတ်ပုံအချို့- ၄ (Memorable Of Some Photo_Episode-4)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



ခရီးသွားဟန်လွဲအနေနဲ့ ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးများမှ အချို့သော ဓာတ်ပုံများကို တင်ပေးခြင်းဖြစ်ပါတယ်ဗျာ... ဓာတ်ပုံသမားစစ်စစ် မဟုတ်သည့်အတွက် အနေအထားအမှားအယွင်းလေးများတွေ့ရှိပါက ညွှန်ကြားပြသပေးကြပါခင်ဗျာ... သဘာဝရှုခင်းလေးများကို ရိုက်ရတာဝါသနာပါလို့ ဘာရယ်မဟုတ် မျက်စိထဲ့တွေ့တဲ့ မြင်ကွင်းလေးများအား Auto Camera လေးနဲ့ ရိုက်ကူးထားခဲ့သော ပုံလေးများဖြစ်တဲ့အတွက် လိုအပ်ချက်များရှိနေတဲ့အတွက် သည်းခံကြည့်ရှုကြပါခင်ဗျာ... တစ်ချို့ပုံများသည် Smart Phone ဖြင့် ရိုက်ကူးထားခြင်းဖြစ်ပါသည်....


မန္တလေးမြို့၊ ကန်ပတ်လမ်းတွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော သစ်သီးဝလံပြပွဲတွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပါသည်။ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတော့ပါ။

DSC02413.jpg


ရွာအလှူ တမူကဲ သားရှင်ပြုတဲ့ပွဲ ထူးခြားတဲ့ ဆင်ဖြူတော်ကြီးနဲ့ ရွှေထီးဆောင်း မောင်ရင်လောင်း ကိုတော့ မြန်မာ့ရိုးရာ ရွာ အလှူပွဲမှာ အမှတ်တရ ရိုက်ကူးဖြစ်ခဲ့ပါတယ်....

DSC02699.jpg


မြန်မာရိုးရာ ဆင်အလှ ဆင်အက စစ်ကိုင်းမြိ့တည် နန်းတည် နှစ်(၇၀၀)ပြည့်ပွဲတော်တွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်.....

DSC02881.jpg


မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ကြောင်ပန်းကုန်းကျေးရွာအနီး ရှိ တမုတ်ရွေဂူကြီးမြတ်စွာဘုရားမှ ပျူခေတ် အတွင်းက လက်ရာများဖြစ်ပါတယ်... အင်မတန်စိတ်ဝင်စားစရာကောင်းလှပါတယ်... သမိုင်းဝါသနာပါသူများနှင့် ရှေးဟောင်းအနုပညာလိုက်စားသူများ သွားရောက်လေ့လာသင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်ဗျာ...

DSC03099.jpg


ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းတွင်ရှိသည့် မိန်းမရဲတောင် ရှုခင်းဖြစ်ပါတယ်... ရွာငံမြို့နယ်သည်လည်း အလွန်စိတ်ဝင်စားစရာကောင်းလှသော ဒေသတစ်ခုဖြစ်ပြီး နိုင်ငံတကာမှ အသိရခက်သော(အပျိုစင်)ဒေသအဖြစ် သတ်မှတ်ထားကြပါတယ်... တစ်ခါတစ်ခေါက်လောက်တော့ သွားရောက်လေ့လာကြည့်စေချင်ပါတယ်ခင်ဗျာ... ဖုန်းဖြင့်ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ...

IMG_20150415_104713.jpg



Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ဓာတ်ပုံ(Photo) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

18-11-2017 စနေနေ့(Saturday)