အမှတ်တရ ဓာတ်ပုံအချို့- 8 (Memorable Of Some Photo_Episode-8)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ခရီးသွားဟန်လွဲအနေနဲ့ ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးများမှ အချို့သော ဓာတ်ပုံများကို တင်ပေးခြင်းဖြစ်ပါတယ်ဗျာ... ဓာတ်ပုံသမားစစ်စစ် မဟုတ်သည့်အတွက် အနေအထားအမှားအယွင်းလေးများတွေ့ရှိပါက ညွှန်ကြားပြသပေးကြပါခင်ဗျာ... ယခု ဓာတ်ပုံများအားလုံးသည် Sony Auto Camera လေးဖြင့် ရိုက်ကူးထားခြင်းဖြစ်ပါသည်.... ရှမ်းပြည်မြောက်ပိုင်းသို့ရောက်ရှိစဉ် မြန်မာပြည်၏ နာမည်ကျော်များတွင် တစ်ခုအပါအ၀င် ဂုတ်ထိပ်တံတားသို့ရောက်ရှိစဉ် ရိုက်ကူးခဲ့ခြင်းဖြစ်ပါသည်... သည်းခံ ကြည့်ရှုအားပေးကြပါကုန်...
အမှန်တော့ စာရေးရန်အချိန်မရသောကြောင့် ဓာတ်ပုံကိုသာ အပြေးအလွှားတင်လိုက်ခြင်းဖြစ်ပါတယ်.... စာမရေးချင်သောကြောင့်လည်း ဓာတ်ပုံများကိုသာ တင်လိုက်ခြင်းဖြစ်ပါတယ်ဗျာ... ဘာရယ်မဟုတ် စိတ်ကူးတည့်ရာရိုက်ထားခြင်းသက်သက်သာဖြစ်ပါတယ်....
ဂုတ်ထိပ် မူလတန်းကျောင်း
ဂုတ်ထိပ်ဘူတာရုံအဆင်းလမ်း
ဂုတ်ထိပ်ဘူတာရုံအဆင်းလမ်းမှ ဈေးဆိုင်လေးများ
ဂုတ်ထိပ်ဘူတာရုံ
ဂုတ်ထိပ်ဘူတာ ပတ်ဝန်းကျင်ရှုခင်း
ဂုတ်ထိပ်တံတားအား အဝေးမှမြင်ကွင်း
ဂုတ်ထိပ်တံတား အနီးကပ်မြင်ကွင်းများ
ဂုတ်ထိပ်တံတားပေါ်သို့တက်ရောက်ခွင့်မပြုတော့ပါသဖြင့် တံတားပေါ်သို့ရောက်မတက်ရောက်ခဲ့ရတော့ဘူးဗျ... ကြုံကြိုက်ရင်တော့ ၀င်ရောက်လေ့လာသင့်သည်ဟု ထင်ပါတယ်... ဗဟုတနဲ့ စိတ်အပန်းဖြေလေးပေါ့ဗျာ... ချောက်ကြီးကို ဟိုဘက်ဒီဘက် တံတားထိုးတာကိုကြည့်ရတာ အသည်းယားစရာကောင်းသလို နှင်း မြူတွေ ချောက်အထက်ထိ ပျံလွှင့်နေတာကလည်း တစ်မျိုးကြည်နူးစရာကောင်းလှပါတယ်ဗျာ.... အခြားအရာများတော့မရှိပါခင်ဗျာ...ပတ်ဝန်းကျင်ရှုခင်းလေးများနှင့် နာမည်ကျော် ဂုတ်ထိပ်တံတားကိုသာ ရှုကြည့်နိုင်မည်ဖြစ်ပါတယ်....
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ဓာတ်ပုံ(Photo) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
16-12-2017 စနေနေ့(Saturaday)