အမှတ်တရ ဓာတ်ပုံအချို့- ၉ (Memorable Of Some Photo_Episode-9)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၊ သဘာဝ ရေပူ ရေအေး အပန်းဖြေစခန်း


ကျွန်တော့်အနေနှင့် ခရီးသွားစဉ် ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးများမှ အချို့သော ဓာတ်ပုံများကို တင်ပေးခြင်းဖြစ်ပါတယ်ဗျာ... ဓာတ်ပုံသမားစစ်စစ် မဟုတ်သည့်အတွက် အနေအထားအမှားအယွင်းလေးများတွေ့ရှိပါက ညွှန်ကြားပြသပေးကြပါခင်ဗျာ... ယခု ဓာတ်ပုံများအားလုံးသည် Sony Auto Camera လေးဖြင့် ရိုက်ကူးထားခြင်းဖြစ်ပါသည်.... ရှမ်းပြည်မြောက်ပိုင်းလာရှိုးမြို့သို့ရောက်ရှိစဉ် လာရှိုးမြို့၏ နာမည်ကြီး သဘာဝ ရေပူ ရေအေးအပန်းဖြေစိန်းသို့သွားရောက်စဉ် ရိုက်ကူးခဲ့ခြင်းဖြစ်ပါသည်... သည်းခံ ကြည့်ရှုအားပေးကြပါကုန်...


သဘာဝရေပူ ရေအေး အပန်းဖြေစခန်းအ၀င်


0001.jpg


ရေအေးကန်သို့သွားရာလမ်းညွှန်ဆိုင်းဘုတ်


0002.jpg


0003.jpg


ရေအေးကန်သို့ ဧည့်သည်များသွားရောက်ခြင်းနည်းပါးပါသည်။ ကျွန်တော်သွားရောက်စဉ်က ရေအေးကန်ဆိုသည်မှာ ရေပူကန်မှရေ များအား လွှဲပြောင်းခြင်းဖြင့်ထည့်ထားခြင်းဖြစ်ပီး သဘာဝရေအေးများကို ထိုကန်အတွင်းသို့ကျစေရန်စီမံထားခြင်းဖြင့် ရေပူအး အနည်းငယ်မျှသာ အပူသက်သာစေခြင်းဖြင့် ဖန်တီးထားခြင်းဖြစ်ပါသည်။ သန့်ရှင်းမှုလည်းနည်းပါးပါသည်။ ဓာတ်ပုံရိုက်ရန်လည်း မလှပသဖြင့် ရိုက်ကူးခဲ့ခြင်းမရှိပါ။


သဘာဝရေပူစမ်း မြင်ကွင်းများ


012.jpg


014.jpg


02.jpg


016.jpg


သဘာဝရေပူစမ်းတွင် ရေချိုးကြသူများပါသည်။ ရေအပူချိန်သည်လည်း တော်တော်မြင့်ပါသည်။ မိုးအေးသောအချိန်တွင်ပင်လျှင် ရေဆင်းချိုးနိုင်မည်ပင်။ သဘာဝရေပူစမ်းတွင် ရေချိုးပါက ကျန်းမာရေးကောင်းသည်ဟု ပြောဆိုကြပါသည်။ ဖြစ်နိုင်သည်ဟုလည်း ထင်မြင်မိပါသည်။ ရေ၏အပူချိန်ကြောင့် ချေးညှော်များအလွယ်တကူကျွတ်သွားပြီး ရေချိုးပြီးချိန်တွင် တော်ရုံအသားလတ်သူများတွင်ပင် ပါးနှစ်ဖက်သည်နီမြန်းကာ ရှမ်းမလေးများ၊ ရှမ်းထီးလေးများကဲ့သို့ပင်ဖြစ်နေတတ်သည်ကိုလည်းတွေ့ရပါသည်။ ရေချိုးပြီးချိန်တွင်လည်း မအေးပါ။ မည်သို့အေးတော့မည်နည်း။ အပူချိန်မြင့်မားသောရေဖြစ်သောကြောင့် အချိန်တော်တော်ကြာ အနွေးအကျီင်္မ၀တ်ပဲနှင့် နေနိုင်သည်ကိုတွေ့ရပါသည်။ ရေချိုးရန်အတွက် ယောက်ျားလေးများနှင့် မိန်းကလေးများ မရောနှောစေရန် သီးသန့်ကန်ခွဲထားသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။


သဘာဝရေပူစမ်းအား ဟိုဘက်ကမ်း ဒီဘက်ကမ်းကူးရန် တံတားများ


08.jpg


05.jpg


အပျော်စီး ဘဲရုပ်လှေဆိပ် နှင့် ဘဲရုပ်လှေစီးသူများ


010.jpg


020.jpg


011.jpg


သတိပေးဆိုင်းဘုတ်များ


03.jpg


07.jpg


ရေပူချိုးပြီးပါက ရိုးရိုးရေချိုးရန် ရေချိုးခန်း


013.jpg


06.jpg


သဘာဝရပူကန်၏ ရေထွက်ပေါက်


04.jpg

ရေထွက်ပေါက်မှ ရေများကျဆင်းနေသော်လည်း သဘာဝရေပူကန်ထဲမှရေများသည်ကား လျော့နည်းသွားခြင်းမရှိသည်မှာလည်း ထူးဆန်းမှုတစ်ခုပင်ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေကာမူ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့သို့ အလည်ရောက်ရှိခဲ့ကြပါက သဘာဝရေပူစမ်းတွင် ရေချိုးသင့်ပါကြောင်း အကြံပြုလိုက်ပါသည်။


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png


ဓာတ်ပုံ (Photo)

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

24-12-2017 တနင်္ဂနွေနေ့(Sunday)