အနန္တ ဂိုဏ်းဝင် ဆရာသခင်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ဒီနေ့အတွက်တော့ မနက်ဖြန် Promotion တင်ရန်မရှိတဲ့အတွက် အများစုက စာလာဖတ်ကြမယ်မဟုတ်ပါဘူး။ လာဖတ်သူများအတွက် အကျိုးရှိစေရန် ဆရာနှင့်ပတ်သက်သော ဗဟုသုတအချို့ကို မျှဝေပေးလိုက်ပါတယ်။ ယနေ့ခေတ်သည် ဆရာဆိုသူအား ဖုန်းတစ်လုံးလောက်ပင် ပညာမပေးနိုင်ဟု ထင်မှတ်ကာ ဖုန်းတစ်လုံးလောက်ပင် တန်ဖိုးထားခြင်းမခံရသော ပညာခေတ်ကြီး(Knowledge Age) မှာ ဆရာတို့၏အခန်းကဏ္ဍသည် မှေးမှိန်လာနေသည်ဟု မြင်မိပါတယ်။ ဒါကြောင့်လည်း ဆရာများအား မလေးမစား အလေးမထား ဖြစ်မှု တတ်နိုင်သမျှနည်းပါးစေရန် ရေးတင်လိုက်ခြင်းလည်းဖြစ်ပါတယ်။ လူသားများရဲ့ နေ့စဉ်ဘ၀တွင် မရှိမဖြစ်သိသင့်သိထိုက်သော ဘ၀အသိအမြင်အတွေးအခေါ် အသက်မွေးမှုအတွက် အတတ်ပညာများရရှိစေနိုင်ရန် ဆရာဆိုသည်မှာ လိုအပ်မည်သာဖြစ်ပါသည်။ ဆရာတို့သည်လည်း တပည့်ဖြစ်သူတို့အား သင်ကြား ပြသ လမ်းညွှန်ပေးရုံသာမဟုတ်ပဲ ဆရာဖြစ်သူ ကိုယ်တိုင်ကပင် ကိုယ်ကျင့်သိက္ခာ၊ လိုအပ်သောအတတ်ပညာ၊ အသိပညာ နှင့်ပြည့်စုံရန်လည်း လိုအပ်မယ်ဖြစ်ပါတယ်။ယနေ့ခေတ်ကာလတွင် ထိုသို့သောဆရာများရှားပါးနေပြီဖြစ်ပါတယ်။ အမျိုးသားဆရာ ဦးရေသည် ကျောင်းတစ်ကျောင်းတွင် လက်ချိုးရေတွက်ရနိုင်လောက်အောင်ပင် နည်းပါးနေပြီဖြစ်ပါသည်။
စာအချို့ကို စာရေးဆရာကြီး ဦးဝမ်ထိန် ရေးသားခဲ့သော ကမ္ဘာ့နေ့ကြီးရက်ကြီးများ နှင့် မြန်မာ့နေ့ကြီးရက်ကြီးများ စာအုပ်မှ မှီးငြမ်းရေးသားခြင်းဖြစ်ပါသည်။
ကမ္ဘာ့ဆရာများနေ့ __ World Teacher’s Day
ကမ္ဘာ့ဆရာများနေ့၏ ဂုဏ်ပြု ဆောင်ပုဒ်
Teachers Opening Doors to a better world
မြန်မာနှင့်ဆရာ
မြန်မာလူမျိုးတို့သည် ရှေးနှစ်ပေါင်းထောင်ချီသည့်အချိန်ကာလပင် ဆရာများအား အလေးထား ပူဇော်ခြင်း၊ ကန်တော့ခြင်းများကို အစဉ်အမြဲပြုလုပ်လေ့ရှိခဲ့ပါသည်။ ဆရာကိုလည်း ကျေးဇူးအရာတွင် နှိုင်းတုမမှီသည့် အနန္တော အနန္တငါးပါး တွင် ထည့်သွင်းထားသည်အထိ အရေးထားခဲ့ကြပါသည်။
ဆရာဟူသည်မှာ စေတနာ၊ ၀ါသနာ၊ အနစ်နာ စသည့် နာ(၃)နာဖြင့် လုပ်ကိုင်ဆောင်ရွက်ကြကြောင်း ကြားဖူးကြမည်ဖြစ်ပါသည်။ ဆရာဆိုသည်မှာ တပည့်များအပေါ်တွင် ၀တ္တရားအရ သင်ကြားပေးခြင်းမျိုး မဟုတ်ပဲ တကယ်တတ်စေချင်သောစေတနာဖြင့် သင်ကြားပေးခဲ့ကြခြင်းဖြစ်ပါသည်။
ဆရာဟူသောအဓိပ္ပာယ်
စကားလုံး | အဓိပ္ပာယ် |
---|---|
ဆ + ရာ | တွေးတွေးဆဆနှင့် ကြိုတင်လျှာထား ဆောင်ရွက်တတ်သူ |
ဆရာ | သူတစ်ထူးကို သင်ပြသူ |
ဆာယာ | တပည့်များကို အရိပ်ပေးသူ |
စရာ | (စရ) ပါဠိ စကားမှလာပြီး အကျင့်စာရိတ္တကောင်းမွန်သူ |
မိလိန္ဒပညာကျမ်းတွင် ဖော်ပြသောဆရာ့ဂုဏ် အင်္ဂါ (၂၅)ပါး
ဆရာ့အင်္ဂါ | အရေအတွက် |
---|---|
မစွန့်ခြင်း | (၂)ပါး |
အပေါင်းအသင်းကို သိခြင်း | (၄)ပါး |
စစ်ဆေးဝေဖန်ခြင်း | (၄)ပါး |
ထိရောက်စွာသင်ကြားပေးခြင်း | (၆)ပါး |
မမေ့လျော့ခြင်း | (၂)ပါး |
ချီးမြှင့်ခြင်း | (၃)ပါး |
အခြေအနေကိုသိခြင်း | (၄)ပါး |
T-E-A-C-H-E-R ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်
စကားလုံး | အဓိပ္ပာယ် |
---|---|
T | Teaching |
E | Education |
A | Active |
C | Clever |
H | Honest |
E | Expert |
R | Research Minded |
ကျေးဇူးရှင် ဆရာ နှင့် ပတ်သက်သော စကားဆောင်ပုဒ်အချို့
အေးချမ်းသာယာလှပသော ကမ္ဘာကြီးဖြစ်လာရန် အလင်းတံခါးဖွင့်ပေးသူမှာ တို့ဆရာ
Teachers Opening Doors to a better world.
အာစရိယဂုဏော အနန္တော- ဆရာများ၏ ဂုဏ်ကျေးဇူးသည် အဆုံးမရှိ ကြီးမြတ်လှ၏...
ရှေးရှုမေတ္တာ၊ စေတနာနှင့်၊ နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ၀မ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့
အတတ်လည်းသင်၊ ပဲ့ပြင်နိစ္စ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ
A teacher is many things.
လုပ်ငန်းထွေပြား ဆရာ့ဝတ္တရား
Those having torches will pass them on to others.
မီးတုတ်ကြီးများကိုင်လျက် အခြားမီးတုတ်ပေါင်းများစွာကို ကူးစက်ပေးသူ ဆရာဟူ၏
ဆရာဆိုသည်မှာ ထာဝရ၊ သူ၏စွမ်းဆောင်ချက်မှာမူ အပိုင်းအခြားမရှိ
ဆရာက ပါးစပ်နှင့်သင်၊ တပည့်က ရင်ထဲထည့်၍ အကောင်အထည်ဖော်
ဆရာကို ကာပြန် အာခေါင်ကို လှံစူး
ဆရာ မပြ နည်းမကျ
ဆရာ့အလုပ်က ပျော်မွေ့စရာ၊ နုနယ်သောအတွေးများကို ဖော်ထုတ်၍ လူငယ်ကလေးများ ဘယ်လိုနေထိုင်ပြုမူ ရမည်ကို သွန်သင်ပေးသူဖြစ်၏
ပညာရေးအဆင့်အတန်းမြင့်မားလာနိုင်ပါစေ…
ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်ကြပါစေ...
ကလေးသူငယ်များ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်ပါစေ...
ကလေးငယ်များအနာဂတ်အရည်အချင်းများ တိုးတက်ကာ ကောင်းမွန်သော လူ့အဖွဲ့အစည်း ဖြစ်ပေါ်နိုင်ပါစေ...
ကောင်းမွန်ပြည့်ဝသော ဆရာများ ပေါ်ထွန်းနိုင်ပါစေ...
မအားမလပ်မဖြစ်ခဲ့ပါက စနေနေ့တိုင်းတွင် ဗဟုသုတရရှိစေနိုင်သော စာများ ကဗျာများအား ရေးတင်သွားမည်ဖြစ်ပါသည်။ ဗဟုသုတတိုးပွားနိုင်ကြပါစေ။
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
22-Sept-2018 စနေနေ့(Saturday)