မျကိစိအတွက် အစားအစာလေးများ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


2-1.png


မနေ့ကတော့ မျက်စိအတွက် လေ့ကျင့်ခန်းအချို့ ဖော်ပြပေးခဲ့ပါတယ်… ဒီနေ့တော့ မျက်စိ အတွက် စားသောက်သင့်တဲ့အစာအစားအချို့ဖော်ပြပေးလိုပါတယ်… လေ့ကျင့်ခန်းများအား နောက်ထပ်တင်ပြလိုပါသေးတယ်… MSC မှာစာတွေရေးကြ စာတွေဖတ်ကြနဲ့ မျက်စိအားနည်း လာသူတွေကို မြင်နေရလို့ မနေနိုင်လို့ ဖတ်ထားသမျှ ပြန်စဉ်းစား မှတ်ထားသမျှ ပြန်ဖော်ထုတ် ပြီး မျှဝေပေးခြင်းသာဖြစ်ပါတယ်ဗျာ… ဆေးဝန်ထမ်းတစ်ဦး ဆရာဝန်တစ်ယောက်မဟုတ်ပါ လေသောကြောင့် အမှားအယွင်းများလည်း ရှိနိုင်ပါတယ်… အမှားပါလာပါက ထောက်ပြဝေဖန် အကြံပြု ဖြည့်စွက်ပေးကြပါလို့လည်း ပြောလိုပါတယ်ဗျ… မျက်မှန်မတပ်လိုသောသူများလည်း ရှိနိုင်သောကြောင့် ရေးသားခြင်းလည်းဖြစ်ပါတယ်… အနည်းငယ်သောအကျိုးတရားလေးများ ရရှိကြမယ်ဆိုရင်ဖြင့် အင်မတန် ၀မ်းမြောက် ၀မ်းသာ ဖြစ်မိမှာ အမှန်ပါခင်ဗျာ… အဆင်ပြေကြ ပါစေလို့လည်း ဆုတောင်းပေးပါတယ်…


02.png

Image from google


ကျွန်တော်တို့တစ်တွေဟာ မျက်စိအတွက်သီးသန့်မဟုတ်သော်လည်း နေ့စဉ် အသက်ရှင် နေထိုင်နိုင်ဖို့အတွက် အစားအစာတွေကိုတော့ စားသောက်နေကြရတာပဲမဟုတ်လား… ခန္ဓာကိုယ်ကြီးတစ်ခုလုံးအတွက် အစာစားပေးနေကြရတာဖြစ်ပေမယ့် တခါတရံမှာ ကိုယ်စား လိုက်တဲ့ အစားအစာတွေက အကျိုးမဖြစ်စေပဲ အဆိုးဖြစ်သွားတတ်တာလေးတွေလည်း ရှိတတ်ပါတယ်… ကျွန်တော်တို့အနေနဲ့ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကိုယ်ခန္ဓာကတော့ သိပါတယ်… အချက်တွေပေးနေပါတယ်… မျက်စိအတွက်လည်း ထိုနည်းတူတူပင်ဖြစ်ပါမယ်… မျက်စိအတွက် အဓိကအားဖြင့်တော့ လတ်ဆတ်တဲ့ သစ်သီး သစ်နှံတွေ၊ အတို့အမြုတ်အဖြစ် စားသုံးနိုင်တဲ့ ကောက်ပဲသီးနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးသင့်ပါတယ်… လတ်လတ်ဆတ်ဆတ် အသီးအနှံတွေ ကတော့ မျက်စိအတွက်သာမကပါဘူး… ခန္ဓာကိုယ် ကျန်းမာရေးအတွက် ကောင်းမွန်မှာဖြစ်ပါတယ်… ယခုကာလမှာတော့ ကလေးသူငယ်များမှ အစ အသက်အရွယ်ကြီးသောလူကြီးများပါမကျန် လူအများစုတို့ဟာ အဆင်းအတု အနံ့အတု တို့ဖြင့် စီရင်ထားတဲ့ မုန့်တွေ၊ အစားအသောက်တွေကို နှစ်သက် ခုံမင်စွာ စားသုံးလာကြပါတယ်… ဒီအတွက်ကြောင့်လည်း ငယ်ငယ်ရွယ်ရွယ်လေးများမှာပင် မျက်မှန် လေးများကိုယ်စီနဲ့ ဖြစ်ကုန်ကြပါတယ်… မျက်မှန်မပါလျင်ပင် ခေတ်မမီတော့သကဲ့သို့ ဖြစ်နေ သလားအောက်မေ့ရတယ်… မျက်မှန်လေးများကိုယ်စီဖြင့်ဖြစ်နေတဲ့အပြင် ပါဝါမပါတဲ့မျက်မှန် ကိုပင် အလှတပ်အဖြစ် ဂုဏ်ယူကာ တပ်နေကြပေးသေးတာတွေ့ရပါတယ်…


03.png

Image from google


လတ်ဆတ်တဲ့ အသီးအနှံများကတော့ လိမ္မော်သီး၊ သစ်တော်သီး၊ ဇီးသီး၊ ချယ်ရီသီး၊ ပန်းသီး၊ စတော်ဘယ်ရီသီး၊ စပျစ်သီး တွေလိုအသီးအနှံများဖြစ်ပြီးတော့ ဟင်းသီးဟင်းရွက်တွေအနေနဲ့ ကတော့ ကော်ဖီထုပ်၊ မုန်လာရွက်၊ မုံလာဥ၊ ရုံးပတီသီး၊ မုံလာဥနီ စသဖြင့်ဖြစ်ကြောင်းကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်… အသားငါးများအား တတ်နိုင်သမျှလျော့စားလေ ကောင်းလေ ဖြစ်ပါတယ်… ကုန်ကျစရိတ်အတော်သက်သာမှာ ဖြစ်ပါတယ်… မစားလေ ကောင်းလေဖြစ်မှာ ပေါ့လေ… စည်သွပ်ဗူးတို့၊ ဆားနယ်ပြီး ရက်ကြာကြာထားတဲ့ အသားငါးတွေကိုတော့ တတ်နိုင် သလောက်ရှောင်သင့်တာပေါ့… ထမင်းရေခန်းချက်ပြီး စားသောက်ခြင်းကလည်း အာဟာရ ပိုမိုပြည့်စုံတယ်လို့ဆိုကြပါတယ်… ခုခေတ်မှာတော့ တမင်းရည်ကို ငဲ့သူမရှိသလောက်ဖြစ်နေ လောက်ပါပြီ… ဘာကြောင့်ဆိုတော့ ခေတ်မီပေါင်းအိုးလေးများနဲ့ စတိုင်ကျကျ ချက်ပြုနေကြ ပေပြီကိုး… အများကြီး သိပ်မရေးလိုတော့ပါဘူး… အချိုများတာတွေလျော့စားပါ… အသားဓာတ်များလွန်းတာတွေ လျော့စားပါ… အဲဒါတွေက မျက်စိကို မြန်မြန်မှုန်စေပါ တယ်ဗျာ… မျက်စိမှုန်နေခြင်းကိုလည်း ပိုမိုဆိုးရွားစေတတ်ပါသတဲ့ဗျာ… ပြီးတော့ ငါး အမဲ ဥ တို့ကို အလွန်အကျွံစားသုံးခြင်းက ခန္ဓာကိုယ်ရဲ့ အစာချေစနစ်ကို အဟန့်အတားဖြစ်စေတယ်လို့ ဆိုကြပါတယ်…


05.png

Image from google


မျက်စိအတွက်အကောင်းဆုံးလို့ ပြောရမယ့် စားသုံးခြင်းလေးကိုလည်း ပြောပြလိုပါတယ်… အကောင်းဆုံး အစာစားခြင်းအတွက် အသီးအနှံတစ်မျိုးမျိုးကို ပထမဦးစွာ စားသုံးခြင်း ဖြစ်ပါ တယ်… ဒါကသိပ်တော့မလွယ်လောက်ဘူးထင်တယ်နော်… ကျွန်တော်တို့မြန်မာလူမျိုးတွေက အိပ်ရာထတာနဲ့ ဗိုက်ပြည့်တဲ့အစားအစာ တစ်ခုခုကိုအရင်ဆုံးစားတတ်ကြတာပေါ့… အဲဒီလို အိပ်ရာထထချင်းမစားနိုင်လဲ စားနိုင်တဲ့အချိန်မှာ စားပေးကြပါပေါ့… လတ်ဆတ်တဲ့သစ်သီး သစ်နှံတွေက မနက်စာအဖြစ် နို့စိမ်းနဲ့တွဲဖက် စားသုံးခြင်းက အကောင်းဆုံး မနက်စာလို့ ဆို ထားကြပါတယ်… မြန်မာများနဲ့ သိပ်အဆင်မပြေသလိုပင်… အသီးအနှံတွေကိုစားမယ်ဆိုရင် ပေါင်မုန့်တို့ ဆန်(ထမင်း)လိုဟာမျိုးတွေနဲ့ တွဲမစားသင့်ဘူးတဲ့… အဲဒါကြောင့် နို့နဲ့ တွဲစားခြင်းက အကောင်းဆုံးဖြစ်ပါတယ်… နေ့လည်စာ ဒါမှမဟုတ် ညစာစားတဲ့အခါမှာတော့ အတို့အမြုတ်လို ဟင်းသီး ဟင်းရွက်ပါအောင် စားသုံးသင့်ပါတယ်… ဟင်းသီးဟင်းရွက်ကလည်း လတ်ဆတ်မှ ကောင်းမွန်ပါမယ်… အဲဒီလို နှစ်ကြိမ်စားပြီးရင်တော့ အခြားကြိုက်နှစ်သက်ရာလေးတွေကို စားနိုင်ပါတယ်… အစားအစာတွေကို စားသုံးတဲ့အခါ အရက် ဒါမှမဟုတ် ရေသောက်ပြီး မစားသုံးသင့်ပါဘူး… အစာနင်တာကလွဲရင် ရေတောင် မသောက်သင့်ဘူးလို့ ဆိုကြပါတယ်… ဗီတာမင်အေဓာတ်များများပါသော အစားအသောက်များကို စားပေးခြင်းက မျက်စိကို အားဖြစ်စေပါတယ်… ငါးကြီးဆီမှာဆိုရင် ဗီတာမင်ဓာတ်အကြွယ်ဝဆုံးဖြစ်ပါတယ်… အစိမ်းရောင်ရှိသော အသီးအရွက်တို့တွင်လည်း ဗီတာမင်အေဓာတ်ပါရှိကြပါတယ်…


06.png

Image from google


အမှန်ကတော့ မိမိကိုယ်တိုင်က ဘယ်လို အစားအသောက်မဆို အလွန်အကျွံ စားသုံးခြင်းက ရှောင်ရှားရမှာဖြစ်ပါတယ်… အစားအသောက်တို့မှ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်များ ပါရှိနေတာဖြစ်ပါတယ်… ကိုယ်တိုင်က ကြိုက်လွန်းသောအစားအစာဟုဆိုကာ အလွန်အကျွံ စားသောက်ခြင်းကပင် မိမိခန္ဓာကိုယ်ကို ပြန်လည် ဒုက္ခဖြစ်စေတာသာများကြောင်း တွေ့ရပါ တယ်… ဒီတော့ကာ ကျွန်တော့်တို့အနေဖြင့် အစားအသောက်ကို မှန်ကန် မျှတစွာ စားကြရန် အရေးကြီးကြောင်း နှင့် အလွန်အကျွံစားသောက်ခြင်းသည် ဘယ်အရာမှမကောင်းကြောင်း သိရှိနိုင်ကြပါစေရန် ဗဟုသုတအလို့ငှာ ရေးသားရင်း နိဂုံးချုပ်လိုက်ရပေတယ် ချစ်မိတ်ဆွေ အပေါင်းတို့…


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

7-Mar-2018 ဗုဒ္ဓဟူးနေ့(Wednesday)