မျက်စိ ကို ဂရုစိုက်ပါ(Care Your Eye)
ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး။
The greatest wealth is health.
ကျန်းမာခြင်းသည် ချမ်းသာခြင်းထက် ပိုမိုကောင်းမွန်ပါသည်။
Heath is the better than wealth.
ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းပါ၏။
Prevention is better than cure.
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar bar. My dear Myanmar steemians families,
ကမ္ဘာ့လူဦးရေ တိုးတက်များပြားလာသည်နှင့်အမျှ တစ်နေ့တစ်ခြား ရောဂါအသစ်အဆန်းများအတူနှင့် ရောဂါဝေဒနာအမျိုးမျိုးတို့ကို ခံစားနေကြရသော ဝေ၏ဒနာရှင်ဦးရေလည်းတိုးပွားလာပါသည်။ ထိုသို့တိုးပွားလာနေခြင်းကို ကာကွယ်ခြင်း၊ ကုသခြင်း၊ စောင့်ရှောက်ခြင်းများပြုလုပ်ပေးရန်မှာ နိုင်ငံတော်တွင်သာတာဝန်ရှိသည် မဟုတ်ပါ။ လူသားတိုင်းတွင် တာဝန်ရှိသည်ဟု ထင်မြင်ယူဆမိပါသည်။ ထို့ကြောင့် ကျန်းမာရေးဆိုင်ရာ ကာကွယ်ရေး၊ ကုသရေး၊ ပညာပေးရေးဆိုင်ရာ လုပ်ငန်းများအတွက် အထောက်အကူဖြစ်စေရန်အတွက် လည်းကောင်း၊ လူသားတိုင်း ကျန်းမာရေးဆိုင်ရာ ဗဟုသုတ ပိုမိုတိုးပွားလာစေရန်အတွက်လည်းကောင်း၊ ရောဂါများဖြစ်ပေါ်လာပါက အချိန်မီ ကာကွယ် ကုသ စောင့်ရှောက်နိုင်စေရန်အတွက် ရည်ရွယ်ချက်ဖြင့်လည်းကောင်း ယခု ဆောင်ပါးကို ရေးသားလိုက်ခြင်းဖြစ်ပါသည်။ ဟိုတစ်စု ဒီတစ်စု မှတ်သားထားသော စာလေးများကို စုစည်းဖော်ပြခြင်းသာဖြစ်ကြောင်း သိစေအပ်ပါသည်။ ယခုဆောင်းပါးကို ကျန်းမာရေး ဗဟုသုတအထောက်အကူရရှိစေရန် နှင့် အချိန်မီ ကာကွယ် ကုသ နိုင်ပါရန်တို့အတွက် ဗဟုသုတအဖြစ် မျှရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော်သည် မျက်စိကျွမ်းကျင် မျက်စိဆရာဝန်တစ်ဦးမဟုတ်ပါသောကြောင့် အမှားအယွင်းများ ပါရှိပါက ပြင်ဆင် တည့်မတ်ပေးကြပါရန်ကိုလည်း တောင်းဆိုအပ်ပါသည်။
ယနေ့ခေတ်ကာလသည် အချိန်နှင့်အမျှ တိုးတက်လာနေသောခေတ်ဖြစ်သည်နှင့်အညီ သတင်းနှင့်နည်းပညာ(Information Technology) အချက်အလက်များရယူရာတွင် မရှိမဖြစ်လိုအပ်သော ကွန်ပျူတာများ နှင့် မိုဘိုင်းဖုန်းများကို အသုံးပြုမှု တွင်ကျယ်လာသည်နှင့်အမျှ အချိန်မတိုင်မီ မျက်လုံးများအင်အားလျော့ပါးလာနေခြင်း တနည်းအားဖြင့်ဆိုသော် မျက်စိမှုန်ခြင်းအပါအ၀င် အခြားသော မျက်စီရောဂါများကို ငယ်ငယ်ရွယ်ရွယ်နှင့် ခံစားနေကြရသည်ကိုလည်း တွေ့မြင်နေရပါသဖြင့် မိမိတို့၏ မျက်လုံးလေး မျက်စိလေးများကို ဂရုစိုက်နိုင်ကြပါရန်ရည်ရွယ်ပြီး ယခုဆောင်းပါးကိုရေးသားရန် ဖြစ်လာခြင်း ဖြစ်ပါသည်။ မျက်စိရောဂါများမှာလည်း အများအပြားရှိရာ ယနေ့ခေတ် လူငယ်အများအပြားတွင် ဖြစ်တတ်သော မျက်စိမှုန်ခြင်းအကြောင်း အနည်းငယ်ကိုသာ ပြန်လည်ရေးသားထားခြင်းဖြစ်ပါသည်။
ရှေးယခင်က မျက်စိမှုန်ခြင်းဆိုသည်မှာ အသက် (၄၀)ကျော် အရွယ်အများစုနှင့်သာသက်ဆိုင်သည့် မျက်စိရောဂါတစ်မျိုးဖြစ်ပါသည်။ အသက်(၄၀)ကျော်လျှင် မျက်စိများအားနည်းလာခြင်းကြောင့် မျက်စိမှုန်တတ်သောကြောင့် မွေးရာပါ မျက်စိအားနည်းသူများမှလွဲပြီး အခြားသော လူငယ် လူရွယ်များနှင့်မသက်ဆိုင်သလိုဖြစ်နေခဲ့သည်။ သို့သော် ယနေ့ခေတ်အချိန်ကာလတွင် ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများ အသုံးပြုသူတိုးတက်လာသည်နှင့်အမျှ လူငယ် လူရွယ်များတွင် အဖြစ်အများဆုံးသောရောဂါတစ်မျိုးဖြစ်နေကြောင်းကို တွေ့မြင်နေကြရမည်ဖြစ်ပါသည်။ ငယ်ငယ်ရွယ်ရွယ် လူငယ်များတွင် ပါဝါမျက်မှန်ကလေးများနှင့်ဖြစ်ကုန်ကြလေပြီ။ ပါဝါမျက်မှန်တပ်ခြင်းသည် ပါဝါမကိုက်လျှင်ဖြစ်စေ အခန့်မသင့်လျှင်ဖြစ်စေ မျက်စိပိုမိုထိခိုက်ပျက်စီးစေနိုင်ကြောင်းကို သတိချပ်သင့်လှပေ သည်။ မျက်စိမှုန်ခြင်းဖြစ်လာပါက မျက်စိကျွမ်းကျင်သောသူများနှင့် စနစ်တကျပြသခြင်း၊ ကုသခြင်းများ ပြုလုပ်သင့်ပါသည်။ ထိုသို့စနစ်တကျ မပြုလုပ်ပါက မျက်စိအတွက် နောက်ဆက်တွဲရောဂါများဖြစ်သော မျက်စိ တိမ်စွဲခြင်းများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း မှတ်သားဘူးပါသည်။ သတိထားသင့်လှပေသည်။
အဘယ့်ကြောင့်မျက်စိမှုန်သွားသနည်း။ မျက်စိ၏ အလင်းမြင်နိုင်သောစနစ်များ တစ်ခုနှင့်တစ်ခု အဆက်အစပ် မှန်ကန်မှုမရှိတော့သောကြောင့် မျက်စိ အမြင်အာရုံများ မှုန်ဝါးလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။ မျက်စိမှုန်ခြင်း လေးမျိုးရှိကြောင်းလည်း မှတ်သားဘူးသော်လည်း ယခုခေတ်အချိန်တွင် အခြားသော အကြောင်းများလည်း ရှိလာမည်ထင်ပါသည်။
(၁) အဝေးမှုန်ခြင်း (သို့မဟုတ်) အနီးမြင်ခြင်း၊ (Myopia)
For more info : http://www.allaboutvision.com/conditions/myopia.htm
(၂) အနီးမှုန်ခြင်း (သို့မဟုတ်) အဝေးမြင်ခြင်း၊ (Hyperopia)
For more info : https://nei.nih.gov/health/errors/hyperopia
(၃) အသက်ကြီးလာသဖြင့်မှုန်ခြင်း(သက်ကြီးမှုန်)၊ (Presbyopia)
For more info : https://en.wikipedia.org/wiki/Presbyopia
(၄) မြင်လွှာဆုံချက်မညီတော့သဖြင့် မှုန်ခြင်း၊ (Astigmatism)
For more info : https://www.aao.org/eye-health/diseases/what-is-astigmatism
တို့ဖြစ်ကြောင်း မှတ်သားခဲ့ဘူးပေသည်။ တချို့ဆေးပညာစာအုပ်များတွင်မူ ရေတိမ် Cataract နှင့် အတွင်းတိမ် Glaucoma များကြောင့် မျက်စိမှုန်ခြင်းကိုပါထည့်သွင်းဖော်ပြကြောင်းကိုလည်း လေ့လာသိရှိရပါသည်။
မျက်စိမှုန်ခြင်းသည် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါသည်။ ပစ္စည်းတစ်ခု သို့မဟုတ် စာဖတ်ခြင်းကို နီးနီးကပ်ကပ်ကြည့်ရှုချိန်ကြာမြင့်လာပါက မျက်စိမှုန်လာတတ်ပါသည်။ မိဘများ မျက်စိမှုန်ခြင်းကြောင့် သားသမီးများတွင် မျက်စိမှုန်လွယ်ခြင်း၊ မွေးလာစဉ်ကပင် မျက်စိမှုန်ရောဂါပါလာခြင်း၊ မျက်စိအား မကြာခဏ ထိခိုက်မိခြင်း တို့ကြောင့် မျက်စိမှုန်ရောဂါ ဖြစ်တတ်ပါသည်။ မျက်စိတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး ခါတိုင်းကဲ့သို့ မမြင်ရဟုယူဆပါက မျက်စိ ဆေးရုံ ဆေးခန်းသို့သွားရောက်ပြသသင့်ပါသည်။
မျက်စိနှင့်ပတ်သက်ပြီးထပ်မံဖတ်ရှုလိုပါက မျက်စိရောဂါကမ္ဘာ တွင် ၀င်ရောက်ဖတ်ရှုလေ့လာနိုင်ပါ သည်။
ကျန်းမာရေးသည် ငွေဖြင့်ဝယ်ယူခြင်းဖြင့် မရရှိနိုင်ပါချေ။ ကျန်းမာရေး ငွေတစ်ရာဖိုးလောက်ပေးပါ။ ငွေတစ်ထောင်ဖိုးလောက်ပေးပါဟု ပြောဆိုဝယ်ယူလို့မရနိုင်ကြောင်းကို လူတိုင်း လူတိုင်း သိရှိနားလည်ပြီးဖြစ် သော်လည်း လူအများစုကတော့ ကျန်းမာရေးချို့ယွင်းသောအချိန်ရောက်မှ ငွေဖြင့်ဆက်ပြီး အသက်ရှင်ရန် ကြိုးပမ်းနေမှုများအားလည်း နေ့စဉ်တွေ့မြင်နေရပါသည်။ ကျန်းမာရေးကောင်းမွန်စေရန်မှာ မိမိတို့ကိုယ်တိုင် သာ ဂရုစိုက် ကြရမည်ဖြစ်သည်ကိုလည်း ချစ်မိတ်ဆွေအပေါင်း သတိပြုစေချင်ပါသည်။ မိမိအားချစ်မြတ်နိုး လွန်းပါသည်ဆိုကာ ဖြစ်နေသော "ရောဂါငါ့ကိုပေး မင်းမယူနဲ့" ဟု ပြောဆို လွှဲပြောင်းယူလို့ ရသောအရာ မဟုတ်။ မိဘတို့ကလည်း မိမိတို့၏ သားသမီးများအား အလွန်ချစ်မြတ်နိုးပါသဖြင့် ငါ့သား ငါ့သမီးလေး ဝေဒနာ မခံစားရ စေရန်အတွက် ငါ့မှာသာဖြစ်ပါ င့ါသား ငါ့သမီးမှာတော့မဖြစ်ပါစေနှင့်ဟု ပြောလို့ရသည့်အကြောင်းအရာမဟုတ်။ ထိုသို့ဆိုလျှင် ကျန်းမာရေးကို ဂရုစိုက်ရန်မှာ မိမိတို့ကိုယ်တိုင်ပင်ဖြစ်ကြောင်းကိုလည်း သတိပြုကြပါကုန်။ အိပ်ယာတွင်လဲလျောင်းနေရသောသူ ၊ ၀ှီးချဲပေါ်တွင် ထိုင်နေရသူများသည် ကျန်းမာရေးကောင်းမွန်နေသူများထက် ကျန်းမာခြင်း၏တန်ဘိုးကို ပိုမိုသိရှိ ကြပါသည်။ ကျန်းမာနေသူတစ်ယောက်သည် မကျန်းမမာဖြစ်နေသောသူတစ်ယောက်၏ ဒုက္ခကို နားလည်နိုင်မည်မဟုတ်ပါချေ။ မကျန်းမမာဖြစ်မှသာ သိရှိကြတတ်ပေသည်။
မျက်စိကျန်းမာရေးအတွက်အကြံပြုချက်များ
၁။ မျက်စိကိုပုံမှန် စစ်ဆေးစမ်းသပ်ပါ။
၂။ နေပူထဲထွက်လျင် နေကာမျက်မှန်တပ်ပါ၊ ဦးထုပ်ဆောင်းပါ။
၃။ ဆီးချို ရောဂါကို ပိုမိုမဆိုးရွားစေန် ထိန်းသိမ်းပါ။
၎။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ စားပါ
၅။ ညအိပ်ခါနီးတွင် မျက်ကပ်မှန်တပ်ထားသူများ မျက်ကပ်မှန် ဖြုတ်ထားပါ။
၆။ ဆေးသောက်ရာတွင် ဆရာဝန်ညွှန်ကြားချက်များတိုင်း သတိထားသောက်ပါ။
၇။ အတွင်းတိမ်ကို ခွဲစိတ်ရမည်ဆိုပါက ချက်ချင်းခွဲစိတ်ပါ။ အချိန်မဆွဲပါနှင့်။
၈။ ကန်စွန်းဥစားပါ။ စပျစ်သီးစားပါ။ အသီးအနှံများများစားပါ။
၉။ ကွန်ပျူတာ နှင့် မိုဘိုင်းဖုန်းများ အသုံးပြုချိန်အားလျှော့ပါ။
၁၀။ ပုံမှန်မျက်စိအားကောင်းစေမည့် လေ့ကျင့်ခန်းများလုပ်ပါ။
၁၁။ စပယ်ရနံ့ပါသောမွှေးရနံ့များကိုရှူပေးပါ။
မျက်စိအတွက် စပယ်ပန်းဖြင့်ပြုလုပ်စီရင်အပ်သော မျက်စဉ်းဆေးနည်းတို မြန်မာလိုဖတ်ရှုရန်အတွက် နှိပ်ပါ
မြန်မာ့တိုင်းရင်းဆေးများ၊ ဆေးနည်းတိုများသည်လည်း အစွမ်းထက်ကြပါသည်။ မျက်ရိုးကိုက်၊ ဇက်ကြောတက် ရောဂါရှိသူ ကွန်ပျူတာ နှင့် နေ့စဉ် အလုပ်လုပ်ရသူများအနေဖြင့် ကွမ်းရွက်ကို ပြားစေ့အဝိုင်းခန့် ဆုတ်ပြီး နားထင်နှစ်ဖက်နှင့် မျက်မှောင် နှစ်ခုကြားတွင် ကပ်ပေးခြင်းဖြင့် သက်သာ သည်ဟု ဆိုသည်။ ကွမ်းရွက် ကပ်သောအခါ ကြမ်းသောဘက်မှ မကပ်ဘဲ မျက်နှာပြင် ပြောင်ချောသော ဘက်မှ ကပ်ရသည်ကြောင်း ထိုသို့ ပုံမှန်ပြုလုပ်ပေးပါက မျက်မှန်တပ်နေရသူများပင် မျက်မှန်လွတ်ကြောင်း စာရေးဆရာကြီးသာဂဒိုးရေးသးထားကြောင်းလည်း မှတ်သားဘူးပါသည်။
နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ စပျစ်သီးတစ်ခိုင်ကို ထည့်သွင်းစားသုံးခြင်းသည် မျက်စိမြင်လွှာကို ကာကွယ်ပေးနိုင်မယ်လို့ အာဟာရ ဗေဒပညာရှင်များက ပြောဆိုထားကြောင်း သိရှိရပါသည်။ ဖောလစ်အက်ဆစ်၊ ပိုတက်ဆီယမ်၊ မက်ဂ်နီဆီယမ်၊ အိုမီဂါအဆီအက်ဆစ် ဗီတာမင် C ဗီတာမင် E စသည့် ဗီတာမင်များပါဝင်သည့် သစ်သီးသစ်နှံများကို စားသုံးပေးခြင်းဖြင့် မျက်စိအားကောင်းစေကြောင်း ပြောကြားရင်း မိမိတို့၏ မျက်စိများကို အချိန်မတိုင်မီ ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ကြပါစေလို့ဆုတောင်ပေးလိုက်ပါတယ် ခင်ဗျာ။
အမှားအယွင်းများပါရှိပါက ပြုပြင်ပေးကြပါရန် နှင့် ခွင့်လွှတ်ကြပါရန် တောင်းပန်အပ်ပါသည်ခင်ဗျာ...
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
Image Credit : Google
ရေးသားသူ(Author) _
Myanmar Steemit Community
24-9-2017(Sunday)