အဆုံးအမများမှ ကောက်နုတ်ချက်(Excerpts From Religions Teaching)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



Excerpt From Religions Teaching copy.png

Image from google


စာဖတ်သူများအား အကျိုးရှိစေမည့်စာများကိုရေးသားလိုသောကြောင့် အခြားသောစာများကိုရေးသားရန် အာရုံမရှိဖြစ်နေပါ သည်။ ထို့သို့သောအကြောင်းကြောင့်ပင်လျှင် စာဖတ်သူအား လေးပင်သောစာများဖြစ်နေသည်လားတော့မသိပါ။ ကျွန်တော် ကိုယ်တိုင်ပင် အောင်မြင်နေသူ၊ လိုက်နာနေသူတစ်ယောက်မဟုတ်ပါချေ။ သို့သော် လိုက်နာနိုင်လျှင်အကျိုး ကျေးဇူးများ ထိုက်သင့်သလိုရရှိနိုင်မည်ဖြစ်ပါသောကြောင့် ထုတ်နုတ်ရေးသားခြင်းဖြစ်ပါသည်။ အဆုံးအမ စကားများကို အနည်းငယ်မျှစုစည်းထားသောကြောင့် အဆုံးအမများမှ ကောက်နုတ်ချက်ဟုသာ ခေါင်းစဉ်ပေးထားပါသည်။ အဘယ့်ကြောင့်ဆိုသော် ယခုရေးသားမည့်စာများသည် ဘာသာတရား ၏ဆုံးမချက်များသာဖြစ်သောကြောင့်ဖြစ်ပါသည်။ အယူအဆများ တိုက်ဆိုင်မှုမရှိခဲ့သော် အငြင်းပွားရန်အကြောင်း မရှိပါ။ ယူလိုကယူပါ။ မယူလိုကလည်း နေနိုင်ပါသည်။ ဘာမှပြသနာမရှိပါ။ လိုက်နာနိုင်သူများ အမှန်တကယ် အကျိုးတရားကိုဖြစ်ထွန်းစေမည်ဟုလည်း ယုံကြည်မိပါသည်။ ထို့ကြောင့်လည်း တိုက်ဆိုင်သူများ ရယူနိုင်စေရန် အတွက် ရေးသားလိုက်ခြင်းဖြစ်ပါသည်။

ကျွန်တော်တို့လူ့လောကတွင် ချီးမွမ်းခြင်းများ၊ ကဲ့ရဲ့ပြစ်တင်ခြင်းများ ရှိပါသည်။ လူတိုင်း ချီးမွမ်းခြင်းနှင့် ကဲ့ရဲ့ခြင်း နှင့် လွတ်ကင်းနိုင်သူ တစ်ယောက်မျှရှိမည်မထင်ပါ။ အချိန်တစ်ချိန်တွင် ချီးမွမ်းခြင်းခံရနိုင်သကဲ့သို့ အချိန်တစ်ချိန် တွင်မတော့ ကဲ့ရဲ့ပြစ်တင်ခြင်းကိုခံရပေမည်။ မြတ်စွာဘုရားသော်မှ ကဲ့ရဲ့ခြင်းမှမလွတ်ကင်းနိုင်ခဲ့သည်ကို သိမြင်ပြီး ဖြစ်ကြပါသည်။ ထို့ကြောင့် လူအများ၏ ချီးမွမ်းခြင်းအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ခြင်း နှင့် ကဲ့ရဲ့ပြစ်တင်ခြင်းခံရ ပါကလည်း ၀မ်းနည်းနေရန်မလိုအပ်ပါ။ လူအများပြောတတ်သော စကားတစ်ခွန်းမှာ ချီးမွမ်း ခုနှစ်ရက် ၊ ကဲ့ရဲ့ ခုနှစ်ရက်ဟု ဖြစ်သည်မဟုတ်ပါလား။ သာမန်လူတို့၏ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းသည် ခုနှစ်ရက်အတွင်းမှာပင်ပျောက်ကွယ်သွားတတ်သောကြောင့်ဖြစ်ပါမည်။ မိမိတို့တွင်ရှိသော ကောင်းမွန်သည့် အရည်အချင်းစွမ်းရည်သတ္တိများအား အကုန်အစင် မှန်ကန်စွာ နားလည်သိရှိခြင်းသည် သူတော်ကောင်းတို့၏ လက္ခဏာပင်ဖြစ်ကြောင်း သိမှတ်ဘူးပါ သည်။ ပညာရှိသူတော်ကောင်းတို့၏အကျင့်နှင့် ပညာမဲ့လူမိုက်တို့၏ အကျင့်သည်လည်း ဆန့်ကျင်ဖက်ဖြစ်ကြောင်း နားလည်ပြီးဖြစ်ကြပါသည်။ ပညာရှိသူတော်ကောင်းတို့၏ စိတ်သည်ကား တသမတ်တည်းထားတတ်သော်လည်း ပညာမဲ့ လူမိုက်များ၏စိတ်သည်ကား ချိန်ခွင်လျှာကဲ့သို့ ဟိုရောက် ဒီရောက် ကူးလူးနေတတ်ပေသည်။


like and dislike.png

Image from google


လူ့ဘောင်လောကတွင် လူအများနှင့်အတူ နေထိုင်လုပ်ကိုင်စားသောက်ကြရပေသည်။ ထို့ကြောင့်ပင် လူအများ နှင့် စကားများကို မဖြစ်မနေပြောဆိုကြရပေသည်။ သို့သော် လိုအပ်သော ပြောဆိုသင့်သောစကားကို ပြောဆိုခြင်း သည်သာလျှင် ကောင်းမွန်သည်ဟုလည်း ထင်ပါသည်။ စကားများများပြောခြင်းသည် မိမိတို့အတွက် အန္တရာယ် မဖြစ်စေကာမူ လူအများ၏ မုန်းတီးခြင်းကို ခံရတတ်ပါသည်။ စကားများစွာပြောဆိုခြင်းသည် ဘေးအန္တရာယ် ဖြစ်စေတတ်ခြင်း၏ မူလဇစ်မြစ်ဖြစ်ပေသည်။ တခါတရံစကားမပြောပဲ တိတ်ဆိတ်စွာနေခြင်းသည် ဘေးအန္တရာယ် မှ လွတ်ကင်းခြင်း၏ နည်းလမ်းတစ်ခုလည်းဖြစ်ပေသည်။ စကားမပြောတတ်သော ငှက်များသည်ကား မိမိတို့လိုရာ မိမိတို့ပြုလုပ်လိုရာကို သဘာဝလောကကြီးတွင် လွတ်လပ်စွာ ပျံသန်းနေထိုင်နိုင်ကြပေသည်။ စကားများသော သာလိကာ၊ ကြက်တူရွေးတို့သည်ကား လှောင့်အိမ်အတွင်းသို့ရောက်ကာ လှောင်ပိတ်ခြင်းကိုခံရတတ်ကြသည်ကို သတိ ပြုနိုင်ကြပါစေကုန်။


mynah and parrot.png

Image from google


လူတို့သည် လုပ်ငန်းများအားလုပ်ကိုင်ဆောင်ရွက်ကြရာတွင် မိတ်ဆွေအပေါင်းအသင်းလိုအပ်ပါသည်။ ကြီးကြီး ကျယ်ကျယ်လုပ်လိုပါက မိတ်ဆွေအများအပြားလည်းလိုအပ်မည်ဖြစ်ပါသည်။ သို့သော် များပြားလှသော မိတ်ဆွေ များတွင် မိမိအတွက် ယုံကြည်စိတ်ချရသော မိတ်ဆွေများရှိရန်လိုပါသည်။ ယုံကြည်စိတ်ချရသောမိတ်ဆွေများရှိ ပါမှလည်း မိမိလုပ်ငန်းများ အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ယုံကြည်စိတ်ချရသော မိတ်ဆွေများနည်းပါးပါကလည်း လူများပြီးပွဲမစည်ဆိုသော အဖြစ်မျိုးသာကြုံကြိုက်ကာ လုပ်ငန်းမအောင်မြင်နိုင်သည့်အပြင် ပျက်စီးခြင်းသို့ပင် ဆိုက်ရောက်နိုင်ပေသည်။ ဆုံးရှုံးခြင်းနှင့်သာ ရင်ဆိုင်ရနိုင် ပေသည်။ ထို့ကြောင့် မိမိတို့အတွက် စိတ်ချယုံကြည်အပ်သော မိတ်ဆွေများများ ရရှိစေရန် ကြိုးစား အားထုတ်သင့်ပါသည်။ တောအုပ်ကြီးတစ်ခုအား မီးရှို့မည်ဆိုပါက လေ ဆိုသည့်အကူအညီအမှန်တကယ် လိုအပ် ပါသည်။ လေ၏ အကူအညီမရရှိပါက တောအုပ်ကြီးအား မီးလောင်စေခြင်းငှာ မတတ်နိုင်ပါချေ။


real friend.jpg

Image from google


လူတို့တွင် တိရိစ္ဆာန်များနှင့် ကွာခြားနေခြင်းသည် လူတို့တွင် အသိဥာဏ်ပညာပိုရှိနေခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့၏ အသိဥာဏ်ပညာကို တိုးပွားအောင်ပြုလုပ်သင့်ပါသည်။ အသိဥာဏ်ပညာမပါပဲ လုပ်ကိုင် ဆောင်ရွက်ခြင်းသည် တိရိစ္ဆာန်တို့၏ ပြုမူချက်နှင့်အတူတူပင်ဖြစ်ပေမည်။ ထို့ကြောင့်မည်သည့်ကိစ္စကိုမဆို အောင်မြင်ရန်ဆောင်ရွက်လိုပါက အသိဥာဏ်ကို ဦးဆောင်ဦးရွက်ပြုကာ လုပ်ကိုင်ဆောင်ရွက်နိုင်ပါမှ အမှားအယွင်း နည်းပါးနိုင်ပါမည်။ လူသားအားလုံးသည် ရွှေကိုလည်းကောင်း၊ ငွေကိုလည်းကောင်း၊ သတ္တုပစ္စည်း အမျိုးမျိုးတို့အားလည်းကောင်း အရည်ပျော်သွားအောင် မီးမြိုက် မီးတိုက် အပူပေးခြင်းဖြင့် အရည်ပျော်သွားစေရန် ပြုလုပ်နိုင်ကြပေသည်။ သို့သော် ထိုသို့အပူပေးနေသောအချိန်တွင်သာ ထိုပစ္စည်းများအားအရည်ပျော်စေနိုင်မည် ဖြစ်ပါသည်။ မီးအရှိန်ကုန်သည်နှင့် မူလအတိုင်း ထို ရွှေငွေ သတ္တုများသည် ခဲမြဲအတိုင်း ခဲသွားမည်သာဖြစ်ပါ သည်။ ဆိုလိုသည်မှာ လူအများသည်လည်း အသိဥာဏ်ကိုရှေ့တန်းတင်ခြင်းမရှိပဲ တွန်းအားပေးသူရှိနေချိန်တွင် တက်ကြွစွာလုပ်ကိုင်နေတတ်ကြသော်လည်း တွန်းအားမရှိတော့သောအခါတွင် လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိတတ် ကြသည်ဖြစ်ကြောင်း သတိပြုစေချင်လိုခြင်းဖြစ်ပါသည်။ အာကာသတွင် တည်ရှိနေကြသော ဂြိုဟ်များ၊ လ နှင့် ကြယ်များ၏ အချိန်အခါအလိုက်သွားလာခြင်းကို ကြည့်ရှုခြင်း၊ တွက်ချက်ခြင်းဖြင့် အာကာသဆရာသည် ဗေဒင်ဟောပြောခြင်းများကိုပြုလုပ်ပေသည်။ သို့ရာတွင် ထိုဆရာသည် သူ့၏အိမ်တွင်ရှိနေသော အိမ်သူအိမ်သား များ မည်ကဲ့သို့ဖြစ်ပျက်နေကြသည်ကိုမူ ဘာမျှသိရှိခြင်းမရှိဖြစ်နေတတ်ပေသည်။ နက္ခတ်တာရာများကို ကျွမ်းကျင် သော်လည်း တာဝန်ဝတ္တရားများ မကျေပွန်မှုကိုညွှန်းဆိုလိုခြင်းဖြစ်ပေမည်။ လူတို့တွင် တာဝန်ဝတ္တရားများ၊ ကျင့်ဝတ်များရှိသောကြောင့် ထိုအရာများသည် အခြားတစ်ဖက်တွင် ကောင်းမွန်နိုင်သော်လည်း၊ အခြားတဖက်တွင် ပျက်စီးယိုယွင်းသွားတတ်သည်ကို သတိပြုဆင်ခြင်နိုင်ရန် ဆုံးမထားခြင်းဖြစ်ပါမည်။


real friend copy.png

Image from google


အထက်ပါအကြောင်းအရာတို့သည် ဘာသာရေးအဆုံးအမများ၊ ပညာရှိသူတော်ကောင်းတို့၏အဆိုအမိန့်များမှ ထွက်ပေါ်လာခြင်းဖြစ်မည်ထင်ပါသည်။ အချုပ်အားဖြင့်ကြည့်မည်ဆိုပါက လူအများ၏ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းသည် လူတိုင်းလူတိုင်း တစ်ချိန်ချိန်တွင် ခံရစမြဲဖြစ်ပြီး ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းနှင့်ကြုံရသည်ရှိသော် မတုန်လှုပ်သင့် ကြောင်း၊ စကားများခြင်းသည် ဘေးအန္တရာယ်ကျရောက်နိုင်သကဲ့သို့ လူအများ၏ မုန်းတီးခြင်းကိုလည်းခံရနိုင်ကာ အချုပ်အနှောင်လည်းကျတတ်ကြောင်း၊ လူ့လောကတွင် မိမိအကျိုးစီးပွားအတွက် မိတ်ဆွေစစ်၊ မိတ်ဆွေမှန်များ ရှိရန်အရေးကြီးကြောင်း၊ အသိဥာဏ်ကင်းမဲ့ခြင်းသည် လူဟုမခေါ်နိုင်တော့ဘဲ တိရိစ္ဆာန်နှင့် အတူတူပင်ဖြစ် ကြောင်း၊ တွန်းအားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လုပ်ကိုင်သင့်သောအလုပ်များအား လုပ်ကိုင်သင့်ပါကြောင်း နှင့် မိမိတို့၏ လူမှုတာဝန်များဖြစ်သော ကျင့်ဝတ်များ ၀တ္တရားများအားကျေပွန်သင့်ပါကြောင်း ကိုသိရှိနိုင်ကြပြီး မိမိတို့ လူအဖြစ်သို့ရောက်ရှိစဉ်ကာလတွင် လူပီသနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်းအဆုံးသတ်လိုက်ပါ သည်။


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

20-12-2017 ဗုဒ္ဓဟူးနေ့(Wednesday)