ပျိုတိုင်းကြိုက်တဲ့ နဂါးမောက်(Heartthrob Dragon Fruit)

ဗီယက်နမ်နိုင်ငံ ကန္တာရတောသား နဂါးမောက်သမိုင်းနှင့် ပျိုတိုင်းကြိုက်ဖြစ်လာသော နဂါးမောက်စိုက်ပျိုးရေး စတင်ဖြစ်ပေါ်လာပုံ

pitaya_dragon fruit.jpg

English လို Pitaya(မူရင်းဒေသမျိုးရင်းမျိုးစုမှာ-Hylocerus, ယခုအများအခေါ် Dragon Fruit)လို့ခေါ်တဲ့ နဂါးမောက်ပင်သည် ရှားစောင်းမျိုးနွယ်ပင် တစ်မျိုးဖြစ်ပါသည်။ Maxico နှင့် Colombia ကန္တာရဒေသတွေက မျိုးရင်းဖြစ်ပါသည်။ နဂါးမောက်ပင်ကို ဗီယက်နမ်နိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း(၁၀၀)ကျော်ကပင် ပြင်သစ်လူမျိုးတစ်ဦးက စတင်စိုက်ပျိုးခဲ့တယ်လို့သိရပါတယ်။ လွန်ခဲ့သော (၃၅) နှစ်ခန့်ကပင် နဂါးမောက်ပင်ကို ခြံစည်းရိုးများ နှင့် ပန်းခြံများတွင် အလှစိုက်ပျိုးခဲ့ပြီး စိုက်ပျိုးရေးသမား တောင်သူများ စိတ်ဝင်စားမှုမရှိသော အရိုင်းပင်တစ်ခုအဖြစ်တည်ရှိခဲ့လို့ဆိုပါတယ်။ အဲဒီအချိန်တုံးက နဂါးမောက်ပင်ကို အလှဆင်ဖို့လောက်သာ စဉ်းစားခဲ့ကြလို့ဖြစ်ပါတယ်။ Vietnam နိုင်ငံ Binh Thuan ပြည်နယ် HTB ဒေသ၊ Tien Giang ပြည်နယ် Cho Gao ဒေသ၊ Long An ပြည်နယ် Cha Thanh အရပ်ဒေသကလူတွေဟာ နီရဲ ရင့်မှည့်နေတဲ့ နဂါးမောက်သီးများကိုတွေ့တဲ့အခါ (စားကြည့်ကြပါလိမ့်မယ် စားရတာအရသာတွေ့တဲ့သူတွေက) ဈေးကိုသယ်သွားပြီး ရောင်းချခဲ့တယ်လို့ဆိုပါတယ်။ ဈေးမှာရောင်းချတော့ စားကြည့်တဲ့သူတွေကလည်း နဂါးမောက်သီးရဲ့ ထူးခြားတဲ့ပုံသဏ္ဍာန် လှပမှု စားရတဲ့အရသာကို ကြိုက်နှစ်သက်မှု တွေကြောင့် လူကြီးတွေကို ကန်တော့ဖို့ စားပွဲသောက်ပွဲတွေမှာ ခင်းကျင်းပြင်ဆင်ဖို့ စိတ်ဝင်စားအကြိုက်တွေ့ခဲ့ကြပါတယ်။ မိတ်ဆွေ သူငယ်ချင်းတွေ ဆွေမျိုး မိဘများကို လက်ဆောင်အဖြစ်ပေးခဲ့ကြတယ်လို့ဆိုပါတယ်။ အဲဒီအချိန်ကတည်းက အချို့သော အိမ်ရှင်မများဟာ နဂါးမောက်ပင်ကို အိမ်မှာ လက်တွေ့ကျကျစတင် စိုက်ပျိုးခဲ့ကြပါတယ်။

Pitaya_Dragon-fruit-field.jpg

1985 ခုနှစ်မှာ Binh Thuan နဲ့ Tien Giang ပြည်နယ်က လူတွေဟာ နဂါးမောက်ပင်ကို စတင်စိုက်ပျိုးခဲ့ကြပါတယ်။ ဒါပေမယ့် စီးပွားဖြစ်စိုက်ပျိုးတဲ့အဆင့်မဟုတ်ဘဲ စမ်းသပ် စိုက်ပျိုးနေကြတာဖြစ်တဲ့အတွက် အရေအတွက်အနည်းငယ်လောက်သာ စိုက်ပျိုးခဲ့ကြ တာဖြစ်ပါတယ်။
1990 ခုနှစ်အထိ နဂါးမောက်သီးဟာ လူအများအပြားစားသုံးခဲ့ကြပြီး အကြိုက်တွေ့စေတဲ့ အသီးတစ်မျိုးဖြစ်လာပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးသမားများက နဂါးမောက်ပင်တွေကို စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုံး က နိုင်ငံရပ်ခြားကို တင်ပို့ရောင်းချခြင်းမပြုသေးဘဲ ပြည်တွင်းစားသုံးမှုအတွက်သာ စိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်။

pitaya.jpg pitaya flower 1.jpg!

1993 ခုနှစ်မှာတော့ နိုင်ငံရေးပါတီတွေ တိုင်းပြည်တာဝန်ရှိသူတွေက တောင်သူလယ်သမားများအတွက် စိုက်ပျိုးသီးနှံများ တိုးချဲ့ဖြန့်ဖြူးရေးအတွက် အလုပ်လုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။ အဲဒီလိုနဲ့ နိုင်ငံတကာစီးပွားရေးနဲ့ ကုန်သွယ်ရေး ဈေးကွက်ထဲကို စတင်ပူးပေါင်းဆောင်ရွက်လာပါတယ်။ အဲဒီအချိန်ကစပြီးတော့ နဂါးမောက်သီးဟာလည်း တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ထုတ်ကုန်ကဏ္ဍမှာ နေရာယူလာခဲ့ပါတယ်။
ဒေသတွင်း အာဏာပိုင်အဖွဲ့အစည်းများရဲ့ တိုက်တွန်းမှု ၊ နည်းပညာ အပင်မျိုးပံ့ပိုးမှုများကြောင့် နဂါးမောက်သီးဟာ Binh Thuan, Tien Giang နဲ့ Long An ပြည်နယ်တွေအပါအ၀င် ဒေသတွင်းနေရာတော်တော်များများမှာ လူသိများလာသလို နဂါးမောက်ပင်စိုက်ပျိုးခြင်းများလည်း တိုးတက်ဖွံ့ဖြိုးလာခဲ့ပါတယ်။

Vietnam နိုင်ငံ Binh Thuan ပြည်နယ်နဲ့ တောင်ပိုင်းဒေသတွေမှာ နဂါးမောက်သီးကို နှစ်စဉ် April လကနေ October အထိ အထူးသဖြင့် May လကနေ August လ အတွင်းမှာ နဂါးမောက်သီးများကို ထုတ်လုပ်ရောင်းချကြကြောင်း သိရပါတယ်။

ယခုအခါ ကျွန်တော်တို့မြန်မာနိုင်ငံတွင်လည်း နဂါးမောက်ကို စီးပွားဖြစ်စိုက်ပျိုးသူဦးရေ တိုးပွားလာသည်ကိုလည်းတွေ့ရှိရပါသည်။ နိုင်ငံတကာတွင်လည်း နဂါးမောက်ကို စီးပွားဖြစ် စိုက်ပျိုးနေကြပြီဖြစ်ပါသည်။

ရှေးယခင်က နဂါးမောက်သီးသည် လူအများ၏စိတ်ဝင်စားမှုမရသည့် သာမာန်အရိုင်းပင် တစ်မျိုးအဖြစ် ကန္တာရထဲတွင် အထီးကျန်စွာတည်ရှိခဲ့ပါတယ်။

pitaya 1.jpg pitaya 10.jpgpitaya 4.jpg

ဒါပေမယ့် ယနေ့ခေတ်ကာလတွင်တော့ နဂါးမောက်သီးသည် ကမ္ဘာအနှံ့ မသိသူ မရှိလောက်အောင် လူသိများ လူကြိုက်များ ဈေးကောင်းရနေသော အသီးတစ်မျိုးဖြစ်နေပါသည်။ စားပွဲသောက်ပွဲများ ဆွမ်းကပ်ခြင်းများ အခမ်းအနားတော်တော်များများတွင် နဂါးမောက်သီးသည် အလှဆင်ရန် တန်ဆာတစ်ခုအဖြစ်သာမက စားသုံးရန်သင့်တော်သော မပါမဖြစ်သလို အရေးပါနေသော ဈေးကွက်ဝင် သစ်သီးတစ်မျိုးဖြစ်နေပါပြီ။
တစ်နည်းအားဖြင့် ဆိုသော် ပျိုတိုင်းကြိုက်တဲ့ နဂါးမောက် (Heartthrob) လို့ပင်တင်စားလိုက်ချင်ပါသည်။

@ansoe

https://steemit.com/@ansoe