အသိဥာဏ်ပညာဖြင့် ငွေရှာခြင်း(Make Money With Intelligence)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
လောကတွင် လူအဖြစ်သို့ရရှိပြီးနောက် စားဝတ်နေရေး တို့အတွက် အသက်မွေးဝမ်းကြောင်းကြရပေသည်။ ထိုသို့ အသက်မွေးဝမ်းကြောင်းကြရာတွင် နည်းလမ်းအမျိုးမျိုးဖြင့် ငွေရှာကြရပေသည်။ မိမိတို့ကျွမ်းကျင်ရာ နီးစပ်ရာ တို့ဖြင့် ငွေရှာကြသည်ကများမည်ထင်ပါသည်။ မည်သို့ပင်ငွေရှာကြသည်ဖြစ်စေ မှန်ကန်သောအသက်မွေး ၀မ်းကြောင်းဖြင့် ငွေရှာသင့်လှပေသည်။ သူတစ်ပါးတို့ မျက်ရည်ပေါက်ကြီးငယ်ကျမှ ငွေရသောအသက်မွေး ၀မ်းကြောင်းခြင်းမျိုးကို မပြုလုပ်သင့်ကြောင်းကို လူတိုင်းနားလည်ကြပါသည်။ ထိုအသက်မွေးဝမ်းကြောင်းကြခြင်း အမျိုးမျိုးမှ ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုခြင်း သို့မဟုတ် ပညာဖြင့်ငွေရှာခြင်းအကြောင်းလေးကို ဗဟုသုတ အဖြစ် အနည်းငယ်ရေးသားလိုက်ခြင်းဖြစ်ပါသည်။ ဗဟုသုတတိုးပွားနိုင်ကြပါစေရန်နှင့် သန့်ရှင်းသော အသက်မွေး ၀မ်းကြောင်းခြင်းအလုပ်တို့ဖြင့် ငွေရှာနိုင်ကြပါစေရန် ရည်ရွယ်ပါသည်။
Image from google
ပညာဖြင့်ငွေရှာခြင်းဟုဆိုသောကြောင့် ပညာဆိုသည့်အကြောင်းကို အနည်းငယ်ရှင်းရန်လိုမည်ထင်ပါသည်။ ပညာ ဆိုသည်မှာ အသိဥာဏ်ပညာပင်ဖြစ်ပါသည်။ စာရွက်ပေါ်ကအရည်အချင်းများကို ဆိုလိုရင်းမဟုတ်ပါချေ။ အဆိုး နှင့် အကောင်း၊ အကျိုး နှင့် အပြစ်တို့ကို ကောင်းစွာ ခွဲခြမ်းစိတ်ဖြာနိုင်ခြင်းသည် အသိဥာဏ်ပညာပင်ဖြစ်ပါသည်။ ထို့ကြောင့် ပညာဖြင့်ငွေရှာခြင်းဆိုရာတွင် အသိဥာဏ်ပညာတို့ဖြင့်ငွေရှာခြင်းကိုဆိုလိုပါသည်။ အသိဥာဏ်ပညာဖြင့် အသက်မွေးဝမ်းကြောင်း ငွေရှာခြင်းသည် မြင့်မြတ်သောအသက်မွေးဝမ်းကြောင်းခြင်း၊ မြင့်မြတ်သော ငွေရှာခြင်း ဖြစ်ကြောင်းကို ရှေးကပင်ရေးသားပြောကြားထားခဲ့ကြပါသည်။ အသိဥာဏ်ပညာကို မျက်စိဖြင့်မမြင်နိုင်ပါချေ။ ထိုသို့ မျက်စိဖြင့် ကြည့်ရှုရန်မဖြစ်နိုင်ဟု မရှိဟုဆိုနိုင်ပါမည်လား။ အသိဥာဏ်ပညာရှိ မရှိကို ထိုသူလုပ်ကိုင်သော အလုပ်တို့က သက်သေပြပေးနေမည်ဖြစ်ပါသည်။ စဉ်းစားရုံသက်သက်သည် ပညာမပါနိုင်ပါချေ။ မိမိတို့တတ်ကျွမ်း နားလည်ထားသော အသိပညာများဖြင့် အသက်မွေးဝမ်းကြောင်းခြင်းသည် မြင့်မြတ်ပေသည်။ သို့သော် မိမိတတ် ကျွမ်းနားလည်ထားသည်ကို ရိုးသားသော နားမလည်သော သူများအပေါ်တွင် အမြတ်ထုတ်နေခြင်းသည်ကား မြင့်မြတ်သော အသက်မွေးခြင်းဟု မခေါ်ဆိုနိုင်ပါ။ မခေါ်ဆိုထိုက်ပါ။ ဥပမာတစ်ခုအနေဖြင့် ရေးသားရလျှင် ရှေးက ရိုးသားသော ရွဲကုန်သည် နှင့် မရိုးသားသောရွှဲကုန်သည်တို့၏ လုပ်ကိုင်ပုံတွင် သိသာထင်ရှားမည်ထင်ပါသည်။ ရိုးသားသောရွှဲကုန်သည် မိမိသိသော တတ်သောပညာဖြင့် ရိုးသားစွာဖြင့် နားမလည်သူအပေါ်တွင် ရွှေခွက်ဟု ပွင့်လင်းစွာဖြင့်ပြောဆိုကာအသက်မွေးဝမ်းကြောင်းခဲ့ပေသည်။ ထိုကဲ့သို့သော အသက်မွေးဝမ်းကြောင်းခြင်းသည် မြင့်မြတ်သောအသက်မွေးဝမ်းကြောင်းခြင်းဟု ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။ ကျွန်တော်တို့ ယခု Steemit Platform တွင် စာရေးခြင်းဖြင့် ငွေရှာနေခြင်းသည်လည်း အသိဥာဏ်ပညာဖြင့် ငွေရှာခြင်းဖြစ်မည်ပင်။ ထိုသို့ငွေရှာကြရာတွင် အသိဥာဏ်ဖြင့် ထိန်းချုပ်ငွေရှာသင့်လှပါသည်။ လူတိုင်းက ငွေကိုလိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ငွေသည် မိမိတို့လိုအပ်သောအရာများနှင့် ဖလှယ်နိုင်သောကြောင့်ဖြစ်ပါသည်။ သို့သော် လိုအပ်သည်ဟုဆိုကာ မှားယွင်းသော အသိဥာဏ်ဖြင့် ငွေမရှာမိကြစေရန်လည်း သတိပြုဆင်ခြင်သင့်ပါသည်။ အသိဥာဏ်ကွယ်ပျောက်ကာ ငွေရသည်ဆိုတိုင်း အသိဥာဏ်မဲ့သော လုပ်ရပ်ဖြစ်ခဲ့ပါမူ ဆုံးရှုံးမှုများနှင့် တွေ့ကြုံရနိုင်ကြောင်းလည်း သတိပြုနိုင်ကြပါစေ။ ငန်းကတော့ တစ်နေ့တစ်လုံးရွှေဥ လေးများ ဥပေးနေပြီဖြစ်ပါသည်။ ငန်းကား ရင်ခွဲကာ ရွှေဥမရှာကြရန် ဆင်ခြင်တုံ အသိတရားလေးများဖြင့်သာ ပညာရှိရှိ ရယူငွေရှာနိုင်ကြပါစေ။
Image from google
ပညာဖြင့်ငွေရှာကြရာတွင် မှန်ကန်ရိုးသားကြမည်ဆိုပါက ငွေကြေးများအလွန်အမင်းအဆင်ပြေကောင်းမှ အဆင် ပြေနိုင်ပေမည်။ သို့သော်လည်း လူအများ၏ ချစ်ခင်လေးစားကြည်ညိုခြင်းကိုခံရမည်။ လူရိုသေ ရှင်ရိုသေဖြစ်မည် မှာမလွဲပါ။ ထိုသို့ဆိုသဖြင့် အချို့လူများအနေဖြင့် ချစ်ခင်လေးစားကြည်ညိုခြင်းသည် စားမရဟု ဆိုကောင်း ဆိုမည် ဖြစ်ပါသည်။ စားရခြင်း မစားရခြင်းသည် အဓိကမဟုတ်တော့ပါ။ မိမိတို့ပြုလုပ်လိုက်သောအလုပ်၏ အရိပ်သည် မိမိ နောက်သို့အစဉ်လိုက်သည်ဖြစ်သောကြောင့် ထမင်းတော့ငတ်မည်မဟုတ်ပါ။ ကျွန်တော်သည်လည်း ထိုက်သင့် သောပညာဖြင့် လုပ်ကိုင်စားသောက်ခြင်းဖြင့် ငွေရှာပါသည်။ ထိုသို့မြင့်မြတ်လောက်အောင်ထိ မဖြစ်နိုင်သေးသော် လည်း တတ်နိုင်သမျှကြိုးစားနေထိုင်ပါသည်။ မတရားရသောငွေတို့သည် ပညာမဲ့စွာလုပ်ရပ်ဖြင့် ရှာသောငွေတို့ သည် အလွန်လျင်မြန်စွာ ပျောက်ဆုံးကုန်တတ်ကြပါသည်။ မိမိကျွမ်းကျင်သောပညာဖြင့် တစ်ဖက်သားတို့အား လိမ်လည်လှည့်ဖြားခြင်းဖြင့် ငွေရှာပါက ထိုငွေတို့သည်လည်း အကြောင်းတစ်ခုမဟုတ် တစ်ခုကြောင့် ဆုံးရှုံးရတတ်ပေသည်။ မှန်ကန်စွာ ပညာဖြင့် အသက်မွေး ငွေရှာနေသူများ၏ စည်းစိမ်ဥစ္စာတို့သည်ကား မီးလောင် လျင်ပင် ထူးဆန်းစွာ ကွက်ကျန်နေခဲ့တတ်ပါသည်။ ထိုသို့သောအဖြစ်မျိုးကိုလည်း မြင်ဖူး တွေ့ဖူးကြပေလိမ့်မည်။ အကျင့်သီလစင်ကြယ်သောသူ၏ ဥစ္စပစ္စည်းတို့သည် မဆုံးရှုံးတတ်ကြောင်း၊ သူတို့ကိုယ်တိုင်က မပေးမကမ်းပါက ယူရန်မဖြစ်နိုင်ကြောင်း ရှေးအစဉ်အလာများရှိခဲ့ဘူးပါသည်။
Image from google
ယခုအခါ လူငယ်အများအပြားသည် ပညာများတတ်ကြပါသည်။ သို့သော် အသိဥာဏ်မတွဲသဖြင့် လွဲမှားစွာ အသုံးချ ကြကြောင်းမြင်တွေ့ရပါသည်။ ငွေရှာနည်းမျိုးစုံအနက် ပညာဖြင့်ငွေရှာခြင်းသည် အမှန်တကယ်စေတနာ ထားပါက အလွန်ပင် မြင့်မြတ်သည့်အပြင် လူချစ်လူခင်ပေါများပေသည်။ ဒေ၀ဒတ်သည် ပညာတတ်ပါ၏။ သို့သော်လည်း အသိဥာဏ်ပညာမဆင်ခြင်မနှိုင်းချိန်တတ်ပါသောကြောင့် ငရဲသို့ကျရောက်ရပေသည်။ မိမိတို့တတ်ကျွမ်းထားကြသော ပညာ၏ဂုဏ်၊ ပညာဖြင့်အသက်မွေးဝမ်းကြောင်းပြုလုပ်ကြရာတွင် အသိဥာဏ်ဖြင့် ဆင်ခြင် အသုံးပြုသင့်ပါသည်။ သို့မှသာလည်း မြင့်မြတ်သော အသက်မွေးဝမ်းကြောင်းခြင်းဖြစ်ပါမည်။ ထို့ကြောင့် မိမိတို့တတ်ကျွမ်းနားလည်ထားသော ပညာရပ်များအပေါ်မှ အခြားသော နားလည်တတ်ကျွမ်းမှုမရှိကြသောသူများ အား ပညာပြ အမြတ်ထုတ်ခြင်း မပြုလုပ်သင့်ပါကြောင်းရေးသားရင်းဖြင့် နိဂုံးချုပ်လိုက်ပါသည်။
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
25-Jan-2018 ကြာသပတေးနေ့(Thursday)