အသိစိတ် မသိစိတ်(Conscious Mind And Subconscious Mind)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
လူတိုင်းလူတိုင်းတွင် မျက်စိဖြင့်ကြည့်ရှုရန်မတတ်နိုင်သော စိတ်ဆိုသည့်အရာလေးရှိကြလေ သည်။ ထိုစိတ်ဆိုသောအရာသည် မျက်စိဖြင့်ကြည့်မြင်နိုင်ရန်မဖြစ်နိုင်သော်လည်း လူတို့အား စိတ် မှပင် ဦးဆောင်နေကြောင်းစာအများစုတွင် ရေးသားဖော်ပြကြသည်ကို တွေ့ရှိကြရမည်ဖြစ်သည်။ ဗုဒ္ဓမြတ်ဘုရားကိုယ်တော်တိုင်ကပင်လျင် စိတ်သည်သာလျှင်အဓိကဖြစ်ကြောင်းဟောကြားထား ခဲ့ပေသည်။ လူတို့အား စိတ်မှပင် ဦးဆောင်နေပေသည်။ စိတ်ဆောင်နေသည်ဆိုသောစကားများ၊ စိတ်သာရှင်စော ဘုရားဟော ဆိုသည့်စကားများသည် လူ့ဘ၀တွင် စိတ်သည်အလွန်အရေးပါ ကြောင်း ထင်ရှားစွာဖော်ပြနေပေသည်။ ထို့ကြောင့် မိမိတို့၏ စိတ်ကလေးများကိုလည်း ဆန်းစစ် သင့်သည်မဟုတ်ပါလော။ မိမိတို့၏စိတ်သည် အဘယ်သို့သောအကြောင်းအရာတွင် ပျော်မွေ့နေ တတ်ပါသနည်း။ လူအများစု၏စိတ်တို့သည် မကောင်းမှုတွင်ပျော်မွေ့တတ်သောသဘောရှိပေ သည်။ ထို့သို့မကောင်းမှုတွင် ပျော်မွေ့တတ်သောစိတ်အား အသိဥာဏ်ပညာဖြင့်ထိန်းချုပ်နိုင်ရန် ကြိုးစားသင့်လှပေသည်။ လူတို့၏ ခန္ဓာကိုယ်အားကြိုးဖြင့်တုတ်နှောင်ဖမ်းဆီးထားနိုင်မည်ဖြစ်သော် လည်း စိတ်ကိုကား တုတ်နှောင်ဖမ်းဆီးထားရန် အလွန်ပင်မလွယ်ကူပါ။ ထို့ကြောင့် အသိဥာဏ်ပညာဖြင့်သာ ထိန်းချုပ်ရမည်ဖြစ်ပေသည်။
Image from google
လူတို့တွင် အသိစိတ်(Conscious Mind) နှင့် မသိစိတ်(Subconscious Mind) နှစ်မျိုးတွင် အသိစိတ်သည် အရှင်သခင်ဖြစ်နေပြီး မသိစိတ်သည် နောက်လိုက်အခိုင်းအစေသာဖြစ်နေသည်။ အသိစိတ်သည် ဆင်ခြင်တွေးတော စဉ်းစားနိုင်သောစိတ်ဖြစ်ပေသည်။ တနည်းအားဖြင့်ဆိုရသော် ယဉ်ကျေးသောစိတ်ဖြစ်ပါသည်။ မည်သည့်အကြောင်းအရာကို မည်သို့စဉ်းစားရမည်ကို လူတိုင်း နားလည်သဘောပေါက်ကြပါသည်။ ဖြစ်ပေါ်နေသောအကြောင်းအရာကိုမူတည်ကာ စဉ်းစားကြ ခြင်းသည် အသိစိတ်၏ အလုပ်ပင်ဖြစ်ပေသည်။ မသိစိတ်သည်ကား ထိုစဉ်းစားဆင်ခြင်တတ်သော တနည်းအားဖြင့် ယဉ်ကျေးနေသော စိတ်၏ အောက်တွင် ပျောက်ကွယ်နေသောကြောင့် မသိစိတ် ကို သတိမထားမိတတ်ကြပေ။ မသိစိတ်အား အသုံးချတတ်သူများသည် တန်ခိုးစွမ်းအားများရရှိ တတ်ကြကြောင်း လက်တွေ့သာဓကများစွာရှိပါသည်။ မသိစိတ်သည်ကား စဉ်းစားတတ်သော ဥာဏ် ဆင်ခြင်တတ်သောဥာဏ်လုံးဝမရှိပါ။ တနည်းအားဖြင့်ဆိုရသော် ရိုင်းစိုင်းသောစိတ်ပင်ဖြစ် လေသည်။ ထိုသို့ရိုင်းစိုင်းသောစိတ်ကို ကောင်းမွန်စွာအသုံးချနိုင်လျှင် အရာရာတွင်ကျယ်နိုင်သည် ဖြစ်ကြောင်းလည်း ဖတ်မှတ်ဖူးပါသည်။ လက်တွေ့လေ့ကျင့်သည့်သူများသည်လည်း အောင်မြင် သူ အချို့ရှိကြသည်ဆိုပါသည်။ သို့သော် လူတိုင်းအောင်မြင်သည်လည်းမဟုတ်ပါ။ လွယ်သလိုလို နှင့် ခက်ခက်ခဲခဲဖြစ်နေတတ်သည်ဟုလည်း ထင်ပါသည်။
Photo from google
အင်မတန်ရိုင်းစိုင်းကြမ်းတမ်းသော ဆင်ဆိုးကြီးများသည် မသိစိတ်နှင့်တူပြီး ထိုဆင်ဆိုးကြီးများကို ထိမ်းသိမ်းခိုင်းစေနေသော ဆင်ဦးစီးများသည် အသိစိတ် နှင့်တူညီမည်ထင်ပါသည်။ မယဉ်ကျေးသော မသိစိတ် ဆင်ဆိုးများကို ယဉ်ကျေးသောအသိစိတ် ဆိုသော ဆင်ဦးစီးများကို ကျွမ်းကျင်နိုင်နင်းစွာ ခိုင်းစေနိုင်သဖြင့် အလုပ်များစွာကို လိမ္မာယဉ်ကျေးစွာ ပြုလုပ်တတ်ကြ သည်ကို လူတိုင်းမြင်ဘူးကြမည်ဖြစ်ပါသည်။ အသိစိတ်သည် ဥာဏ်ပညာဆင်ခြင် တတ်သော ကြောင့် သူ၏ခိုင်းစေမှုအောက်တွင် ဘာမျှဥာဏ်ပညာဆင်ခြင်နိုင်မှုမရှိသော မသိစိတ် သည် လိုက်လံလုပ်ကိုင်ရသည်သာဖြစ်ပါသည်။
Image from google
ယခု Online တွင် Trading လုပ်ခြင်းဖြင့် ငွေရှာသူအချင်းချင်းတွင် ၀ယ်ယူသောဈေးနှုန်းအတူတူ ပင်ဖြစ်သော်လည်း အရှုံးနှင့်ရင်ဆိုင်ရသူနှင့် အမြတ်အစွန်းများစွာရရှိသွားသူ အဘယ့် အတွက်ကြောင့် အလွန်ကွာခြားသွားတတ်ပါသနည်း။ ကုသိုလ်ကံကောင်းလို့ ကုသိုလ်ကံဆိုးလို့ ဟုများဆိုကြလေမည်လား။ ကျွန်တော်အထင်အမြင်နှင့် ပြောရလျှင် ထိုကိစ္စတွင်လည်း မသိစိတ်ကို အသုံးချနိုင်သူသည် အမြတ်အစွန်းများစွာရရှိတတ်ပြီး အသိစိတ်သက်သက်ကိုသာ အသုံးချသူသည် အရှုံးပေါ်မည်ဖြစ်သည်ထင်ပါသည်။ ဥပမာအားဖြင့် ဆိုရသော် လူနှစ်ယောက်သည် coin တစ်ခုကို ဈေးနှုန်းအတူတူဖြင့် ၀ယ်ယူထားကြသည်ဆိုပါစို့။ အချိန်ကာလအားဖြင့် တစ်လခန့်ကြာသည်ဆိုပါစို့။ တစ်လခန့်အကြာတွင် တစ်ယောက်သည် ၀ယ်ယူထားသည်ထက် အဆပေါင်းများစွာအမြတ်ရရှိသဖြင့် ရောင်းချလိုက်ခြင်းဖြင့် အမြတ်များစွာ ရရှိသွားသည်ဆိုပါစို့။ အခြားတစ်ယောက်သည် အမြတ်အနည်းငယ်ကိုပင်မနည်းကြိုးစားရောင်း လိုက်ရသည်။ သို့မဟုတ် အရှုံးနှင့်ရောင်းလိုက်ရသည်။ သို့မဟုတ် ရောင်းမထွက်ပဲဖြစ်နေသည်။ ထိုသူနှစ်ယောက်၏ ကုသိုလ်ကံသည် အဘယ်သို့သောအကြောင်းကြောင့် အလွန်ကွာခြားသွား ပါသနည်း။ အမြတ်အစွန်းများစွာရလိုက်သောသူသည် လအနည်းငယ်အတွင်းတွင် coin ဈေးများ အဘယ်ကဲ့သို့ဖြစ်မည်။ အဘယ်အချိန်တွင် ဈေးတက်မည်။ မည်သည့်အချိန်တွင်ဈေးကျနိုင်သည် စသည်ဖြင့် စိတ်တွင် ကြိုတင်ထင်မြင်သည်။ ထိုကိစ္စသည် အတွေ့အကြုံနှင့်ဆိုင်သကဲ့သို့ နေ့စဉ် လေ့လာမှုများ၊ ကျွမ်းကျင်မှုများသည် မသိစိတ်သို့အချက်ပေးနေသကဲ့သို့ပင်ဖြစ်နေသောကြောင့် ကြိုတင် တွက်ဆ ထင်မြင်နိုင်ခြင်းဖြစ်ပါမည်။ အမြတ်များစွာရသောသူသည် မသိစိတ်ကို အသိစိတ်ဖြင့် ခိုင်းစေနိုင်လိုက်သောကြောင့်ပင် ဖြစ်ပေသည်။ အခြားသောတစ်ယောက်သည်ကား coin ကိုစတင် ၀ယ်ယူစဉ်ကလည်း တန်ဖိုးနည်းသောကြောင့်လည်းကောင်း၊ မကြာမီဈေး တက်မည်ဟူသော စကားကို ကြားမိသောကြောင့်လည်းကောင်း ၀ယ်ယူမိလိုက်ခြင်းဖြစ်နိုင်ရာ၏။ အရှုံးနှင့်ရင်ဆိုင်ရသောသူသည်ကား အသိစိတ်သက်သက်ဖြင့် လုပ်ကိုင်ခြင်းကြောင့် ဖြစ်ပေသည်။
Photo from google
ဆင်ဆိုးဆင်ရိုင်းနှင့်တူသော မသိစိတ်ကို ဆင်ဦးစီးနှင့်တူသော အသိစိတ်ဖြင့် ထိမ်းချုပ်စေခိုင်းနိုင်ပါက လူတို့သည် မည်သည့်အရာကိုမဆို အလွယ်တကူ ဖြစ်မြောက်အောင်မြင်နိုင်ပါသည်။ ထို့ကြောင့် မသိစိတ်ကို လိမ္မာယဉ်ကျေးစွာခိုင်းနိုင်စေရန် အချို့သောသူများသည် လေ့ကျင့်နည်း များစွာဖြင့် လေ့ကျင့်တတ်ကြသည်ကိုလည်း ဖတ်ဖူးပါသည်။ ထိုသို့လေ့ကျင့်ရာတွင် ကြားဖူးသည် ကား ဓာတ်ဖန်လုံးကြည့်ခြင်းနည်းများလည်း အပါအ၀င်ဖြစ်ပါသည်။ လူသိလည်းအလွန်များပေသည်။ ဓာတ်ဖန်လုံးကြည့်သည်ဖြစ်စေ မကြည့်သည်ဖြစ်စေ တကယ့်အရင်းအမြစ်သည် မိမိတို့၏ အလွန်ရိုင်းစိုင်းသောအတွင်းစိတ်ခေါ် မသိစိတ်ကို နိုင်နင်းအောင်ထိမ်းချုပ်ခြင်းပင်အဓိကဖြစ်ပါ သည်။ အချိန်တစ်ချိန်တွင် အလုပ်တစ်ခုကိုသာ အာရုံစိုက်လုပ်ကိုင်နေခြင်းသည်လည်း ထိုသို့သော အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်ပါသည်။ သို့သော် တရားထိုင်ခြင်းဖြင့် မိမိတို့၏စိတ်ကို ထိမ်းချုပ်ခြင်း နှင့် ငါးမျှားခြင်းဖြင့် ဖော့တုံးလေးကို အာရုံစူးစိုက်နေခြင်း နှစ်ခုသည်ကား ကွာခြားမည်ဖြစ်ပါသည်။ ကုသိုလ်အလုပ် နှင့် အကုသိုလ်အလုပ်တို့၏ ဆန့်ကျင်ဘက်သဘောအတိုင်းသာ ရှိနေမည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့၏ လိုအင်ဆန္ဒများ အလွယ်တကူ ပြည့်မြောက်အောင်မြင်နိုင်လိုပါက မိမိတို့၏ ဆင်ရိုင်းအား ကျွမ်းကျင်သော ဆင်ဦးစီးဖြင့် ထိမ်းချုပ်စေခိုင်းနိုင်ကြပါစေဟု ဆန္ဒပြုရင်း ရပ်နားလိုက်ပါသည်။ အထက်ပါအကြောင်းအရာများသည် ဗဟုသုတအဖြစ်သာရေးသားခြင်းဖြစ်ပါသည်။
ဆရာတင်လှိုင်ဦးရေးသားထားသော Using Subconscious Mind ကိုလည်း ဖတ်ရှုနိုင်ရန် နှိပ်ပါ
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
12-Jan-2018 သောကြာနေ့(Friday)