အသုံးပြုရန်လွယ်ကူသော busy
အသုံးပြုရန်လွယ်ကူသော တစ်နည်းအားဖြင့် ကျွန်တော်တို့ မြန်မာများနှင့် အလွန်ရင်းနှီးသော ပုံစံဖြင့် Steemit ကို FB ပုံစံ အသုံးပြုချင်သော မြန်မာ Steemit များအတွက် Website တစ်ခုနှင့်မိတ်ဆက်ပေးချင်ပါသည်။ ပုံစံမှာ FB ပုံစံနှင့်အလွန်နီးစပ်သဖြင့် အသုံးပြုရတာ ပိုမိုရှင်းလင်းမည် ထင်မိပါသောကြောင့် ရေးသားတင်ပြလိုက်ပါတယ်ခင်ဗျာ မြန်မာ Steeemit များ လွယ်ကူစွာ အသုံးပြုနိုင်ကြစေရန်ရည်ရွယ်ပါသည်။ ယခုမှ စသုံးခြင်းဖြစ်သောကြောင့် အပြည့်အစုံတော့မသိပါကြောင်း ကြိုတင်ဝန်ခံအပ်ပါသည်။ အသုံးပြုနေသူများ တတ်သိနားလည်သော ဆရာသမားများမှ လိုအပ်ချက်များကို ပြုပြင်ပေးကြပါလို့လည်း အကူအညီတောင်းအပ်ပါသည်။
FB ပုံစံဖြင့်ပြုချင်သည်ဆိုပါက Account ဖွင့်နည်း ကို ပုံများနှင့်တကွ တင်ပေးလိုက်ပါသည်။ FB ပုံစံဖြင့်တူသော Web Site မှာ Busy. org ဖြစ်ပါသည်။
အကောင့်ဖွင့်ရန်အတွက် (ဖုန်းဖြင့်အသုံးပြုသူများအတွက် Browser မှ ၀င်ရောက် Account ဖွင့်ပါ)
Internet Broswer ကိုဖွင့်ပါ ။ Browser မှ Address Bar တွင် busy.org ဟု ရိုက်ပြီး Enter နှိပ်ပါ။
သို့မဟုတ်
(အောက်ပါနည်းကတော့ ကွန်ပျူတာဖြင့်အသုံးပြုသူများအလွယ်တကူ အသုံးပြုနိုင်ကြောင်းပါ)
မိမိ Steemit Blog တွင်တင်ထားသော Post တစ်ခုထဲသို့ဝင်ရောက်ပါ။
ပြီးလျှင် tag တွဲသော အတန်းအောက် ညာဘက်ဆုံး share this post သံကြိုးပုံသင်္ကေတကိုနှိပ်ပါ။
အောက်ပုံအတိုင်းပေါ်လာပါလိမ့်မယ်။
busy.org ကိုနှိပ်ပါ။ အောက်ပါပုံ နှစ်ခုထဲမှ တစ်ခုခုပုံနှင့် ပေါ်လာပါလိမ့်မည်။
Sign Up ကိုနှိပ်ပါ။
အောက်ပါပုံအတိုင်းပေါ်လာမည်။
ACCOUNT NAME အကွက်ထဲတွင် Steemit တွင် အသုံးပြုနေသော user name ကိုရိုက်ထည့်ပြီး ရှေ့ဆက်သွားရန် CONTINUE ကို နှိပ်ပါ။
ဒီအဆင့်ကတော့ ရင်းနှီးပြီးသားဖြစ်ကြမှာပါ။
I'm not robot ကိုနှိပ်ပါ။ စက်ရုပ်မဟုတ်ကြောင်းသက်သေထူရတာပါ။
စက်ရုပ်ဟုတ်ကြောင်းပြောပြီးရင် နောက်တစ်ဆင့်ကိုရောက်သွားပါမယ်။
ဖုန်းနံပါတ်ထည့်ပေးပြီး Confirm လုပ်ရတဲ့အဆင့်ပါ။ ဒီအဆင့်ကတော့ လူတိုင်းကို ဖုန်းနံပါတ်တောင်းချင်မှ တောင်းမယ်ထင်ပါတယ်။ တောင်းလည်း အသုံးပြုတဲ့ဖုန်းနံပါတ်ထည့်ပေးပါ။ ဖုန်းနံပါတ်တစ်ခုကို တစ်ခါဘဲအသုံးပြုလို့ရမယ်ထင်ပါတယ်။ CONTINUE ကိုနှိပ်ပီး နောက်တစ်ဆင့်ကိုသွားလိုက်ပါ။ CONTINUE ကိုနှိပ်လိုက်ရင် ဖုန်းထဲကို Code ဂဏန်း 5 လုံး ပို့ပေးပါလိမ့်မယ်။ အဲဒီ Code ကို CONFIRMATION CODE အကွက်ထဲကို ရိုက်ထည့်ပေးလိုက်ပါ။
CONTINUE ကိုနှိပ်ပြီး နောက်တစ်ဆင့်ကို သွားလိုက်ပါ။ အောက်ပုံအတိုင်းတွေ့ရပါလိမ့်မယ်။
ဖုန်းနံပါတ်ဖြင့် Confirmation မတောင်းလျှင် အထက်ပါအဆင့်များကို ကျော်သွားမည်ထင်ပါသည်။ ဖုန်းဖြင့် Confirmmation တောင်းလျှင် Steemit Account ဖွင့်သည့်အတိုင်း Confirm mail စောင့်ရပါမည်။
ဖုန်းနံပါတ်ဖြင့် Confirm မလုပ်ရလျှင် Log In လျှင်ရပါမည်။ Log In ၀င်လျှင် အောက်ပါအတိုင်း ပေါ်လာမည်ဖြစ်ပါသည်။
User name တွင် မိမိတို့အမည်ပေါ်နေမည်ဖြစ်ပြီး Password အတွက် Steemit Account ပြုလုပ်စဉ် Mail ထဲသို့ပို့ထားသည့် Password ထည့်ပေးရပါမည်။ ပြီးလျှင် Log In ကိုနှိပ်ပါ။ Busy Account ရဲ့ မိမိ Dashboard ကိုရောက်ပါမယ်။
ဒါဆိုရင် မိမိတို့တင်ထားတဲ့ Post များ ကို အလွယ်တကူ ကြည့်ရှုနိုင်ပြီဖြစ်သလို Like, Comment နှင့် Post အတွက်ရရှိနေသော $ ကိုလည်း အလွယ်တကူ ကြည်ရှု့နိုင်ပြီဖြစ်ပါကြောင်း အတွေ့အကြုံလေး Share လိုက်ပါတယ်ခင်ဗျာ
နားလည်ပြီးသော အသုံးပြုလျှက်ရှိသော ဆရာသမားများမှ လိုအပ်သည်များကို ဖြည့်စွက်အကြံပြုပေးကြပါရန် တောင်းပန်ပါသည်။
သေချာစွာနားလည်ခြင်းမရှိသော်လည်း မျှဝေချင်သောစိတ်ဖြင့် တင်ပေးလိုက်ခြင်းဖြစ်သောကြောင့် အမှားများပါလျှင် အမှန်ပြင်ပေးကြ ပါရန်နှင့် နားလည်ခွင့်လွှတ်ပေးကြပါရန် တောင်းပန်ပါသည်။
Stemmit participant အားလုံး နှင့် မြန်မာ Stemmit များအားလုံးအဆင်ပြေကြပါစေခင်ဗျာ....
မြန်မာလူငယ်များအားလုံးကြိုးစားကြပါရန်လည်း တိုက်တွန်းအပ်ပါသည်။