အတိုအထွာ ရယ်စရာ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


ပိုက်ဆံပြတ်ချိန် အရက်သောက်နည်း


00.png


ရွာတစ်ရွာမှာ မောင်ထွေးဆိုတဲ့ လူတစ်ယောက်ရှိသတဲ့… ထန်းရည်သမား အရက်သမားလို့ ပြောရမယ်ထင်တယ်… ဘာကြောင့်ဆို အလုပ်ကောင်းမကောင်းမလုပ်ပဲ ကြက်တိုက်တယ်… ဖဲရိုက်တယ်… ထန်းရည်သောက်တယ်… တောအရက်လဲ အလွန်သောက်သဗျ… ဒါပေမယ့် သူများတော့ ဒုက္ခမပေးတတ်ဘူး… ရွာက အလှူ မင်္ဂလာဆောင် ဘုရားပွဲ ကျောင်းပွဲမှန်သမျှတော့ လိုက်ကူလုပ်တယ်ဗျို့… ပြီးရင်တော့ မူးတော့တာပဲ… အရက်သောက်တတ်သူတွေ ပြောတတ်တဲ့စကားတစ်ခွန်းက နေညိုရင် လေပြိုတယ်တဲ့... မောင်ထွေးကတော့ နေမညိုလည်း လေပြိုပြီး သောက်ချင်ရင် အချိန်မရွေး နေရာမရွေး သောက်တယ်... သူမူးပြီး ညအချိန်မတော်ရွာလမ်းပေါ် ပြန်လာပြီဆို ခွေးတွေတစီစီနဲ့ပေါ့ဗျာ… ပါးစပ်ကလဲ ပေါက်ကရတွေ အော်လာတတ်သေးတယ်… မူးပြီးအိမ်ပြန်လာရင် အမြဲအော်တတ်တဲ့ စကားက


03.png

Image from google


“ဟေ့ မောင်ထွေးတဲ့ကွ… ဘယ်လူမှ ခွေးမထင်ဘူး… ဘယ်ခွေးမှလဲ လူမထင်ဘူးကွ”

အဲဒီစကားလုံးပဲ အော်ပြီး ပြန်လာတတ်တာ လူတွေကတော့ အထူးအဆန်းမဟုတ်တော့ပါ… အဲ-သူက မိုက်ရင်ထွက်ခဲ့တို့ မိုက်တဲ့ကောင် ထွက်ခဲ့တို့ တော့ စိန်မခေါ်ဘူး… မူးသာမူးတာရယ် မလိမ့်တစ်ပတ်လုပ် တဲ့နေရာမှာတော့ ဆရာကြီးဗျ… ရွာထိပ်က ညောင်ပင်ကြီးအောက်မှာ နတ်စင်ရှိတယ်… ညောင်ပင်ကြီးဘေးမှာ ရေကန်ကြီးတစ်ကန်ရှိတယ်… အရက်လည်းသောက်ချင် ပိုက်ဆံကလည်းမရှိတော့ နတ်စင်က ကိုကြီးကျော် ဆက်ထားတဲ့ အရက်ပုလင်းကို မျက်စပစ်တော့တာပဲ… ရွာထိပ်က နတ်စင်ရှေ့သွားပီး ကိုကြီးကျော်နတ်ရုတ်ရှေ့မှာ အရိုအသေလေးပေးပြီးတော့


02.png

Image from google


“ကိုကြီးကျော် ခင်ဗျားက လောင်းကစားသမားမဟုတ်လား… ဒီတော့ ခင်ဗျားနဲ့ ကျုပ်နဲ့ အလောင်းအစား လုပ်မယ်… ကျုပ်ရှုံးရင် ခင်ဗျားကို အကောင်းစား အရက်တစ်ပုလင်းဆက်မယ်… ကျုပ်နိုင်ခဲ့ရင်တော့ ခင်ဗျားကိုဆက်ထားတဲ့ အရက်ပုလင်း ကျုပ်ယူသောက်မယ်… ဘယ်နှယ့်သဘောတူလား”

ပြောပါလေရော… ဟိုက နတ်ရုပ်လေ ဘယ်စကားပြန်ပြောပါ့မလဲ… ဒီတော့ထပ်ပြောတယ်ဗျ…

“ဆိတ်ဆိတ်နေခြင်းက ၀န်ခံခြင်းတဲ့နော် ကိုကြီးကျော်… ကျုပ် ထပ်မေးမယ်နော်… သဘောတူလား”

ခဏစောင့်ကြည့်တယ်… ကိုကြီးကျော်နတ်ရုပ်က ဘာမှစကားပြန်မပြောဘူးလေ… ဒီတော့ ထပ်မေးတယ်…

“ကိုကြီးကျော် သဘောတူလား” ကိုကြီးကျော်နတ်ရုပ် ဘာမှပြန်မပြောနိုင်ရှာ….

“ကောင်းပြီ… ကျုပ် သုံးကြိမ် သုံးခါမေးတယ်… ဘာမှပြန်မပြောဘူးဆိုတော့ သဘောတူတယ်လို့မှတ်မယ်… ကိုကြီးကျော်ရေ ကျုပ်စိန်ခေါ်တာကို လက်ခံတယ်ပေါ့”

ကိုကြီးကျော်နတ်ရုပ်က ဘာပြန်ပြောမလဲဗျာ…

“ဒီတော့ ဘယ်လို အလောင်းအစားလုပ်မယ်ဆိုတာ ကျုပ်ပြောပြမယ်… ကိုကြီးကျော်နဲ့ကျုပ် ဟောဟိုက ကန်ထဲမှာ ရေငုပ်ပြိုင်ကြမယ်… ရေပေါ်အရင်ပေါ်တဲ့သူအရှုံး… သဘောတူလား” ကိုကြီးကျော်နတ်ရုပ်ခမျာ ငြိမ်နေရတယ်…


05.png

Image from google


“သဘောတူတယ်ဆို ခုရေသွားငုပ်ကြမယ်”

အကျီ င်္ကိုချွတ် ခါးတောင်းကို မြှောင်အောင်ကြိုက်ပြီး ကိုကြီးကျော်နတ်ရုတ်ကို ရေကန်ထဲ ခေါ်သွားပါလေ ရောဗျို့…နတ်ရုပ်ခမျာ တုတ်တုတ်မှ မလှုပ်ရဲ အောင် မောင်ထွေးလက်ထဲ ပါသွားလေရဲ့…ရေအနက်က ရင်ဘတ်လောက်ရောက်တော့

“ကဲ ကိုကြီးကျော်ရေ ပြိုင်ပွဲစမယ်… ကျုပ် တစ် နှစ် သုံး ရေမယ်… သုံးဆိုတာနဲ့ ရေငုပ်ကြမယ်… ရေပေါ်ကို အရင်ပေါ်တဲ့သူ အရှုံးနော်… ကဲ စရေပြီနော်… ရယ်ဒီ ၀မ်း တူး သရီး ငုပ်တော့ ဗျို့”

ပြောလည်းပြော နတ်ရုပ်ကို လက်နှစ်ဖက်နဲ့ကိုင် ဆွဲနှစ်ပြီး ရေထဲ ငုပ်သွားတယ်… နတ်ရုပ်ကိုလက်က ကိုင်ထားတော့ နတ်ရုပ်ပါ ရေထဲ မြုတ်သွားတာပေါ့... ခဏနေတော့ မောင်ထွေးက ကိုင်ထားတဲ့ နတ်ရုပ်ကို လက်ကလွှတ်လိုက်တယ်… ဒီတော့ နတ်ရုပ်က ရေပေါ် ပေါလောကြီးပေါ်လာရတာပေါ့… မပေါ်ခံနိုင်ရိုးလား... နတ်ရုပ်က သစ်သားနဲ့လုပ်ထားတာလေ... အဲဒီလို လက်လွှတ်ပြီး ခဏနေတော့ မောင်ထွေး ရေထဲကနေ ဘွားကနဲပေါ်လာပြီး

“ဟား ဟား ဟား ကိုကြီးကျော် ခင်ဗျားရှုံးပြီ… ဒီတော့ ကိုကြီးကျော်အရက်ပုလင်း ကျုပ်သောက်တော့မယ်”

ဆိုပြီး ကုန်းပေါ်ပြန်တက် နတ်စင်သွား ကိုကြီးကျော် နတ်ရုပ်ကို ပြန်ထားပြီး ပြောလိုက်သေးသဗျ...

"ကိုကြီးကျော် ခင်ဗျားအရက်ပုလင်း ကျုပ်က အလကားယူသောက်တာမဟုတ်ဘူးနော်... ခင်ဗျားနဲ့ အလောင်းအစားလုပ်ပြီး ခင်ဗျားရှုံးလို့ ကျုပ်ယူသောက်တာ"

နောက်တော့ ခပ်တည်တည်နဲ့ပဲ ကိုကြီးကျော် ကို ဆက်ထားတဲ့ အရက်ပုလင်းယူပြီးထွက်သွားပါလေရောဗျ… အရက်သောက်ဖို့ ပိုက်ဆံပြတ်တိုင်း ပြတ်တိုင်း ကိုကြီးကျော်နတ်ရုပ်ကို ရေထဲယူသွားပြီး ရေငုပ်ပြိုင်တယ်... ပြီးတော့ အရက်ပုလင်း ယူပြီး ထွက်သွားတယ်... ခဏတိုင်း အဲလိုလုပ်ပြီး အရက်ပုလင်းကို ယူသောက်ပါများတော့ ကိုကြီးကျော်ခမျာ မနေနိုင်တော့... မောင်ထွေးကို အိပ်မက်လာပေးပါလေရောဗျို့... တောင်းပန်တာပေါ့...

"ငထွေးရယ် နင့်ဟာနင် အရက်သောက်ချင်တယ်ဆိုရင်လည်း ဒီအတိုင်းပဲ ယူသောက်ပါကွာ... ငါ့ကို ခဏ ခဏ ရေထဲမနှစ်ပါနဲ့... ငါ ရေမွန်းလှတယ်ကွယ်" တဲ့...

ရယ်မောခြင်းဖြင့် ဘ၀အမောတွေပြေနိုင်ပါစေ...

04.png




Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

20-Mar-2018 အင်္ဂါနေ့(Tuesday)