အတုယူဖွယ် ပုရွက်ဆိတ်လေးများ(Exemplary Ants)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



exemplary ants copy.png

Image from google


သတိမမူဂူမမြင် သတိမူက မြူကိုပင်မြင် ဆိုသော စကားကဲ့သို့ပင်ဖြစ်မည်ထင်ပါသည်။ ငယ်စဉ်ကလေးဘ၀မှစကာ ပုရွက်ဆိတ်ကလေးများအား မြင်ဖူး တွေ့ဖူး အကိုက်ခံရဖူးသော်လည်း တစ်ခါမျှ သူတို့အကြောင်း မစဉ်းစားမိခဲ့ဘူးပါ။ ယခုအချိန်မှ ပုရွက်ဆိတ်ကလေးများအကြောင်းကို မြင်ကာမှ ထူးဆန်းသောအတွေးများလည်း ၀င်လာသည်ဟု ပြောရမည်ပင်ဖြစ်သည်။ ယခင်ကမြင်ဖူးခဲ့သော်လည်း စိတ်မ၀င်စားခဲ့ပါ။ ထို့ကြောင့်ပင်လျှင် အချိန်တန်မှ အသုံးကျသည်ဟု ပြောဆိုခဲ့ကြသည်ထင်ပါသည်။ ပေးသူကမည်မျှပင်ပေးစေကာမူ မရသင့်သူက မည်သို့ပင် နည်းမျိုးစုံသုံးပေးသော်လည်း ရကိုမရတတ်ကြသည်မှာ ရှေးကတည်းကပင်ဖြစ်ပါမည်။ မြတ်စွာဘုရား ကိုယ်တိုင်ပင်လျှင် အချိန်ကိုကြည့်ပြီး ကျွတ်ချိန်တန်သူများကိုသာ တရားရေအေးတိုက်ကျွေးတတ်သည်ကို သတိ မပြုမိ။ မဆင်ခြင်မိခဲ့ပါဘူး။ ထို့သူပေးသကပေးသော်လည်း မရထိုက်သူများသည် မရခဲ့ကြသည်မှာလည်း အထူးအဆန်းတော့မဟုတ်တော့ပါ။ ယခုလည်း ပုရွက်ဆိတ်ကို ငယ်စဉ်ကလေးဘ၀ကတည်းကမြင်ဖူးခဲ့ သည်မှာ မှန်သော်လည်း သေချာစွာမစဉ်းစားခဲ့မိပါ။ ယခုသိချိန်တန်မှ သိရသောကြောင့် ယခုစာအား ရေးသားလိုက်ခြင်းဖြစ် ပါသည်။ ပြည့်စုံသောရေးသားချက်တစ်ခုတော့မဖြစ်နိုင်ပါချေ။ အတုယူဖွယ် အားကျဖွယ်တစ်ခုအဖြစ်မြင်တွေ့မိပါသောကြောင့် ဗဟုသုတအနေဖြင့်သာ ရေးသားခြင်းဖြစ်ပါသည်။


team.png

Image from google


ပုရွက်ဆိတ်ကလေးများသည် အကောင်သေးငယ်သော်လည်း အင်မတန်အံ့သြစရာကောင်းလှပါသည်။ စိတ်ဝင်စားစရာလည်းကောင်းလှပါသည်။ အကောင်ငယ်ငယ်လေးတွေက ဘာများလုပ်နိုင်မလဲဟု ထင်စရာဖြစ် သော်လည်း သေးငယ်လှသောအရွယ်အစားနှင့်မလိုက်အောင်ပင် ကြီးမားသော လုပ်ရပ်များအားလုပ်နိုင်ကြပေ သည်။ သူတို့နေထိုင်ရန်အတွက် အဆောက်အဦကို ဆောက်လုပ်ရာတွင်လည်း အင်မတန်လက်ရာမြောက်သော ဗိသုကာလက်ရာတစ်ခုအဖြစ် မြင်နိုင်မည်ဖြစ်သည်မှာလည်း အလွန်ထူးဆန်းလှပါသည်။ ထိုအကောင်သေးသေး လေးများသည် အလုပ်ရာတွင် အလုပ်တာဝန်များအား စီမံခန့်ခွဲကြရာတွင် လူများကဲ့သို့ မည်သည့်စီမံခန့်ခွဲမှု အတတ်ပညာကို သင်ကြားရခြင်းမရှိပါဘဲနှင့် အလွန်ကျွမ်းကျင်ကြသည်ကိုလည်း အံ့သြဖွယ်ရာအဖြစ် တွေ့မြင် ရပါသည်။ အလုပ်တစ်ခုအား လုပ်ကိုင်ကြရာတွင်လည်း တာဝန်များအား လျင်မြန်စွာကျေပွန်အောင် လုပ်ဆောင် သွားနိုင်ကြသည်မှာ အံမခန်းပင်ဖြစ်ပါသည်။ အလုပ်လုပ်ရာတွင်လည်းကောင်း၊ ရန်သူကိုကာကွယ်ရာတွင် လည်းကောင်း စည်းစည်းလုံးလုံးဖြင့် တက်ညီလက်ညီ လုပ်ကိုင်တတ်ကြသည်ကိုလည်းမြင်တွေ့ရသည်မှာ ထိုသေးငယ်သော ပုရွက်ဆိတ်ကလေးများသည် လူများကဲ့သို့ပင် အသိဥာဏ် အမှတ်သညာများ ရှိနေရော့သလား ထင်စရာပင်ဖြစ်ပါသည်။ ထိုကဲ့သို့လည်း လေ့လာသူအများအပြားက ထင်မြင်ယူဆချက်များရှိနေခဲ့ပါသည်။ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးတစ်ဦးဖြစ်သူ လော့အေဗရီ(ဆာဂျွန်လပတ်ဗတ်)က "ပုရွက်ဆိတ်တွင် ဆင်ခြင်တုံဥာဏ်စွမ်းမရှိဟု ပြောဆိုရန်ခက်လှပါတယ်" ဟု မိန့်ဆိုခဲ့သည်ဟု စွယ်စုံကျမ်းများထဲတွင် ဖတ်ဖူးပါ သည်။ အခြားသော အင်မတန်အလုပ်လုပ်သော
ပျား၊ နကျယ်ကောင်များသည်လည်း ပုရွက်ဆိတ်မျိုးရင်းပင်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ပျားများသည်လည်း အလွန်အလုပ်ကြောင်းကိုလူတိုင်း သိရှိပြီးဖြစ်ပါသည်။ နောင်တစ်ကြိမ်ကြုံလျှင်ပျားသတ္တ၀ါများအကြောင်းကိုတော့ ဗဟုသုတအဖြစ်ရေးသားချင်ပါသေးသည်။


Ant

Ants are eusocial insects of the family Formicidae and, along with the related wasps and bees, belong to the order Hymenoptera. Ants evolved from wasp-like ancestors in the Cretaceous period, about 99 million years ago, and diversified after the rise of flowering plants. More than 12,500 of an estimated total of 22,000 species have been classified.[4][5] They are easily identified by their elbowed antennae and the distinctive node-like structure that forms their slender waists.

For more information : https://en.wikipedia.org/wiki/Ant


Ants Ants - Facts About Ants - Types of Ants


Did you know? An ant can lift 20 times its own body weight.

For more information : http://pestworldforkids.org/pest-guide/ants/


Harvester Ants make a gel home

Video from You Tube



marching.png

Image from google


ပုရွက်ဆိတ်တို့သည် အကောင်သေးငယ်သော်လည်း အစွမ်းထက်ပညာရပ်များအား ပိုင်ဆိုင်ထားကြသကဲ့သို့ သူမတူအောင် စည်းလုံးကြသည်မှာ အလွန်ထူးဆန်းအံ့ဖွယ်ပင်ဖြစ်ပါသည်။ ပုရွက်အား သုတေသနလုပ်ငန်းများ ဖြင့်အခြားသောတိုင်းပြည်များတွင် ပြုလုပ်ဆောင်ရွက်နေကြသည်မှာလည်း နှစ်ပေါင်းများစွာပင်ရှိခဲ့ပြီဖြစ်ပါသည်။ အခြားနိုင်ငံများတွင် ထိုကဲ့သို့သော သုတေသနလုပ်ငန်းများ၊ ထိမ်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့်လုပ်ကိုင်နေကြသူများ အများအပြားရှိသော်လည်း ယခုချိန်အထိ ကျွန်တော်တို့မြန်မာနိုင်ငံတွင်တော့ အရေးပါသော သုတေသနလုပ်ငန်းများအကြောင်း မကြားမိသေးပါချေ။ ကျွန်တော်၏ မပြည့်စုံသော ဗဟုသတ၊ နည်းပါးသောအကြားအမြင်များကြောင့်လည်း ဖြစ်နိုင်ပါသည်။ ကမ္ဘာပေါ်တွင် ပုရွက်ဆိတ်အမျိုးအစားပေါင်း (၂၀၀၀)ကျော်ရှိသည်ဟု မှတ်သားဖူးပါသော်လည်း ကျွန်တော်မြင်ဘူးသည်မှာ အနီ နှင့် အနက်သာ နှစ်မျိုးသာ ရှိပါသည်။ ပုရွက်ဆိတ်၏မျိုးရင်းသည် သတ္တဗေဒအခေါ်အဝေါ်အားဖြင့် မည်သို့ခေါ်ဝေါ်သည်ကိုတော့မသိပါ။ မြင်ဘူးသော ပုရွက်ဆိတ် အနီ အနက်တို့သည် သေးသွယ်သောခါးများရှိကြပါသည်။ ခါချဉ်ကောင်သည်လည်း ပုရွက်ဆိတ်မျိုးနွယ်ဝင်ဖြစ်ပေမည်။ ဦးခေါင်းတွင် အမျှင်ကဲ့သို့သော စမ်းသပ်ကရိယာ ဦးမှင်ပါရှိသည်ကို မြင်တွေ့ ရပါသည်။ ထိုဦးမှင်သည် အရာဝတ္ထုတို့အား စမ်းသပ်ရန်အတွက်အသုံးပြုကြောင်း၊ ပုရွက်ဆိတ်များ သွားလာလှုပ် ရှားကြရာတွင် ဦးမှင်သည် အမြဲတမ်းလှုပ်ရှားနေသည်ကိုလည်းကောင်း မြင်တွေ့ဘူးပါသည်။ ထိုသို့လှုပ်ရှားနေ ခြင်းသည် ရေဒါများကဲ့သို့ထင်မှတ်မိပါသည်။ ပုရွက်ဆိတ်အချို့သည် မျက်စိမမြင်ကြောင်းနှင့် အများစုတို့သည် အလင်းနှင့် အမှောင်ကို ခွဲခြားနိုင်စွမ်းရှိသည့် မျက်စိပါရှိသည်ဆိုပါသည်။ ပုရွက်ဆိတ်တို့သည် တစ်ကောင်တည်း နေတတ်သော သတ္တ၀ါမဟုတ်မူပဲ အပေါင်းအဖွဲ့နှင့်စည်းလုံးစွာနေတတ်ကြပါသည်။ တစ်ခါတစ်ရံတွေ့ရှိရတတ် သည်မှာ ပုရွက်ဆိတ်သေးသေးကလေးများသည် သိန်းဂဏန်း၊ သောင်းဂဏန်းပင်ရှိတတ်သည်ကို မြင်တွေ့ဘူး ကြမည်ထင်ပါသည်။ အလွန်အုပ်စုတောင့်သော သတ္တ၀ါပင်ဖြစ်ပါသည်။


ants .png

Image from google


ပုရွက်ဆိတ်တို့နေထိုင်သော နေရာအား သေချာစွာ မှန်ဘီလူးဖြင့်ချဲ့ကြည့်မည်ဆိုပါက နိုင်ငံတစ်နိုင်ငံကဲ့သို့ပင် ဖြစ် နေကြောင်း အံ့သြဖွယ်ရာတွေ့ရှိကြရမည်ဖြစ်ပါသည်။ အင်မတန်လည်း စည်းစနစ်တကျရှိလှပါသည်။ သူ့အလုပ် နှင့်သူ အမြဲအလုပ်ရှုတ်နေတတ်ကြပါသည်။ ထိုသေးသေးလေးများတွင် အုပ်စုလိုက်ခေါင်းဆောင်ပုရွက်ဆိတ်များ လည်းရှိကြသည်ဆိုပါသည်။ အလုပ်သမားပုရွက်ဆိတ်၊ တောင်ပံပါသောပုရွက်ဆိတ် စသည်ဖြင့် အမျိုးမျိုးရှိရာ သူတို့၏တာဝန် ၀တ္တရားများကို ကျေပွန်စွာထမ်းဆောင်တတ်ကြပါသေးသည်။ သူတို့၏ အသိုက်အမြုံသည် ၀င်ပေါက် ထွက်ပေါက်များ၊ လမ်းအသွယ်သွယ်၊ အိမ်ခန်း၊ အိပ်ခန်း၊ ပစ္စည်းများသိုလှောင်ရာအခန်းများ စသည်ဖြင့် စနစ်တကျတည်ဆောက်ထားခြင်းသည် လူတို့ထက်ပင်များစွာသာလွန် စနစ်တကျရှိပါသည်။ ထူးဆန်းလွန်းလှ ပေသည်။ သဘာဝတရားတွင် အလွန်ထူးဆန်းသော အရာများ၊ ကျွန်တော်တို့မသိသောအရာများ အလွန်များပြား လှကြောင်းကိုလည်း သိရှိလိုက်ရပါသည်။ ပုရွက်ဆိတ်တိုင်းပြည်ကို အလည်အပတ်သွားရောက်ချင်စိတ်ပင် ဖြစ်ပေါ်မိပါသည်။ ၀င်ထွက် သွားလာ လှုပ်ရှားနေကြသော ပုရွက်ဆိတ်များသည် အလွန်များပြားလှသော အလွန် စည်ကားလှသော မြို့ကြီးတစ်မြို့အား အပေါ်မှ စီးကြည့်နေသကဲ့သို့ အလွန်လှပပေသည်။ အားလုံးသော ပုရွက်ဆိတ်များသည် အားလပ်နေသည့်အကောင် တစ်ကောင်တစ်လေပင်မတွေ့မိပါချေ။ သူ့အလုပ်နှင့်သူ အမှန်ပင်အလုပ်ရှုတ်နေကြပေသည်။ လူများကဲ့သို့ အချိန်ဖြုန်းနေသည့် ပုရွက်ဆိတ် တစ်ကောင်တစ်လေမျှပင် မမြင်မိပါ။ ထိုနေရာတွင် လူတို့သည် ပုရွက်ဆိတ်သေးသေးကလေးများကိုအတုယူသင့်လှပေသည်။


ant home.png

Image from google


အတိုချုပ်အားဖြင့်ဆိုရသော ပုရွက်ဆိတ်တို့သည် အကောင်သေးငယ်သော်လည်း စည်းကမ်းသေ၀ပ်မှု၊ စည်းလုံးမှု၊ အလုပ်တာဝန်ယူမှု၊ အလုပ်အားကြိုးစားပမ်းစားလုပ်ကိုင်တတ်မှုအား အတုယူအားကျသင့်လှပါသည်။ ပုရွက်ဆိတ်သေးသေးလေးများ ၏ တစ်ဝက်လောက်မျှ အမှန်တကယ်အလုပ်လုပ်ခဲ့ပါမူ ကျွန်တော်တို့အနေဖြင့် ဆင်းရဲမွဲတေနေစရာအကြောင်းမရှိဟု ထင်မြင်ယူဆမိပါသည်။ အမှန်တကယ်ပင် ပုရွက်ဆိတ်သေးသေးများအား အတုယူအားကျစိတ်ဖြစ်ပေါ်လာမိပါသည်။ ထိုကဲ့သို့ ကျွန်တော်တို့လူသားကမ္ဘာကြီးသည်လည်း စည်းကမ်းလိုက်နာမှု၊ စည်းလုံးညီညွတ်မှု၊ အလုပ်တာဝန်များအား ကျေပွန်စွာထမ်းဆောင်မှု၊ ကြိုးစားပမ်းစား အားထုတ်မှုများပြုလုပ်ကြမည်ဆိုပါလျှင် အမှန်တကယ်ပင် ဖွံ့ဖြိုးတိုးတက်လာကြမည်ဖြစ်ပါသည်။ ပုရွက်ဆိတ် သေးသေးကလေးများပင် စွမ်းဆောင်နိုင်ပါက အသိဥာဏ်ရှိပါသည်ဆိုသော လူအများအနေဖြင့် မစွမ်းဆောင်နိုင် စရာမရှိနိုင်ပါကြောင်း ရေးသားရင်း ရပ်နားလိုက်ပါသည်။


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

4-Jan-2018 ကြာသပတေးနေ့(Thursday)