အလျော့ပေးခြင်းဖြင့်အနိုင်ယူပါ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


Untitled-1 copy.png


ကိုယ့်အပြစ်ကိုဖုံးကွယ်ရန်အတွက် ပညာတတ်ရန်မလိုပါ။ ပညာမဲ့သောသူတိုင်းပင် ကိုယ့်အပြစ်ကို ဖုံးတတ်ကြသည်။ လူသာမန်တို့ထက်ထူးပြီး လူအများ၏ ခွင့်လွှတ်ခြင်းကို ခံယူလိုပါက မိမိအပြစ်ကို အလျင်အမြန်ဝန်ခံလိုက်ခြင်းပင်ဖြစ်ပါသည်။ မိမိအပြစ်ကို ၀န်ခံလိုက်ခြင်းဖြင့် အခြားသူများမှ မိမိအားအပြစ်တင်ရန် အချိန်မရတော့သကဲ့သို့ အပြစ်တင် ရန်အတွက် အားတောင့်အားနာဖြစ်သွားတတ်လေတော့သည်။ မိမိအပြစ်ကိုဝန်ခံလိုက်ခြင်းဖြင့် ထူးကဲသော စိတ်ခံစားမှုတစ်ခု လူတို့၏ စိတ်တွင်ပေါ်ပေါက်လာလေတော့သည်။ တနည်းဆို သော် စိတ်၏ချမ်းသာမှုအရသာကို ခံစားရတတ်လေသည်။ မိမိကိုယ်ကို အပြစ်တင်လိုက်ခြင်း သည် အခြားသူများ၏အပြစ်တင်ခြင်းမှ လွတ်ကင်းခြင်းပင်ဖြစ်ပေသည်။ သို့သော် အခြားသူများအား အပြစ်တင်ရန်အတွက် အလွန်လွယ်ကူသော်လည်း မိမိကိုယ်ကို အပြစ်တင် ရန်အတွက်ကား အလွန်ခက်ခဲတတ်ကြောင်းကိုလည်း သတိပြုရမည်ဖြစ်ပါသည်။ မိမိကိုယ်ကို အပြစ်တင်နေရာမှ လမ်းကြောင်းလွှဲချော်တတ်ကြောင်းလည်း သတိပြုရမည်ဖြစ်ပါသည်။ စကားပုံတစ်ခု ကြားဖူးပါသည်။ မည်သူပြောဆိုထားသော စကားပုံမှန်းတော့ မသိပါ။ “တိုက်ယူ ခြင်းဖြင့် ဘယ်သောအခါမျှ မိမိတို့လိုသလောက် ရမည်မဟုတ်ပါ။ သို့ရာတွင် လျော့ပေးခြင်းဖြင့် မျှော်လင့်သည်ထက် ပို၍ရလိမ့်မည်” ဟူသောစကားသည် နေရာအတော်များများတွင် မှန်ကန်ကြောင်း တွေ့နေရပါသည်။ လူအများသည်မိမိတို့လိုချင်သောအရာအားရရှိရန် အလျော့ပေးခြင်းမပြုလုပ်ကြပါ။ လျော့ပေးခြင်းက ပိုမိုအောင်မြင်နိုင်သည်မှာ အံ့သြစရာကောင်းလှသည်မဟုတ်ပါလား။


03.png


ကျွန်တော်တို့သည် သာမန်လူသားများသာဖြစ်ကြသဖြင့် အမှားမကင်းနိုင်ကြပါ။ မယုံကြည်နိုင် လောက်အောင်ပင် မကြာခဏမှားတတ်ကြပေသည်။ ထိုသို့အမှားများနှင့်တွေ့ကြုံခဲ့ရသည် ရှိသော် မိမိတို့အမှားအတွက် ရိုးသားသင့်ပါသည်။ ရိုးသားသူများဖြစ်ကြပါက ကျွန်တော်တို့ မှားသောအမှားအတွက် မြန်မြန်ဆန်ဆန် ၀န်ခံလိုက်သင့်ပါသည်။ ထိုသို့အမှားကို ၀န်ခံခြင်းသည် အခြားသူများ၏ အထင်အမြင်သေးခြင်းခံရသောဘေးမှလည်း ကင်းလွတ်နိုင် သည့်အပြင် လူအများ၏ အထင်ကြီးလေးစားမှုကိုပင် ရရှိနိုင်ပါသည်။ ကြားဖူးသော ဇာတ်လမ်းလေးတစ်ပုဒ်အား ပြန်လည်ရေးသားလိုပါသည်။ သင်ခန်းစာယူစရာများ ပါရှိသော ကြောင့်ဖြစ်ပါသည်။ တခါက စာသင်ကျောင်းးတစ်ကျောင်းတွင် အတန်းတွင်းရှိ ကျောင်းသား တစ်ယောက်စီအား မိမိတို့၏ထင်မြင်ယူဆချက်များအား စာရွက်တစ်ရွက်ဖြင့်ရေးသားစေခဲ့ပါ သည်။ ထိုသို့ရေးသားရာတွင် မိမိတို့၏နာမည်မတပ်ရသဖြင့် လွတ်လွတ်လပ်လပ် မညှာမတာ ရေးသားကြပေသည်။ ထိုသို့ရေးသားပြီးသောအခါတွင် မုန့်စားကျောင်းဆင်းသွားလေသည်။ ထိုအချိန်တွင် ကျောင်းသားတစ်ယောက်သည် အလွန်ဝမ်းနည်းစွာဖြင့် အတန်းပိုင်ဆရာထံသို့ ရောက်လာပါတော့သည်။ ကျောင်းသားအားလုံးသည် ထိုကျောင်းသားအား ရစရာမရှိ လောက်အောင်ပင် ရေးသားထားသောကြောင့်ဖြစ်ပါသည်။ ကျောင်းသားများအား အနိုင်အထက်ပြုလုပ်သည်။ ကြွားဝါလွန်းသည်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသည် စသည်ဖြင့် မကောင်းကြောင်းများအား ရေးသားထားကြပေသည်။ ကျောင်းသား တစ်ယောက်က ကျောင်းမှထွက်သွားရန်ပင် ဆန္ဒရှိကြောင်း ရေးသားထားပေသည်။


02.png


မုန့်စားကျောင်းပြန်တက်ချိန်တွင် ထိုကျောင်းသားသည် သူ့အကြောင်းရေးသားထားသော စာများအားလုံးကို အတန်းရှေ့တွင် ဖတ်ပြလေသည်။ စာအားလုံးဖတ်ပြီးချိန်တွင် ထိုကျောင်းသားသည် စာအားလုံးအား ပြန်လည်ချေပလိုသောစိတ်သည် အပြင်းအထန်ဖြစ်ပေါ် နေလေသည်။ သို့သော် ထိုဆန္ဒအား ချိုးနှိမ်ပြီး အောက်ပါအတိုင်း ပြောကြားလေသည် -

“သူငယ်ချင်းအပေါင်းတို့ ငါဟာ လူတိုင်းနဲ့မတည့်တာ အမှန်ပဲဖြစ်ပါတယ်။ ဒီစကားက ဘယ်နည်းနဲ့မှ မမှားနိုင်ပါဘူး။ သူငယ်ချင်းတို့ရေးထားတဲ့စာတွေကိုဖတ်မိပြီး စိတ်ထဲမှာ အတော်နာမိပါတယ်။ ဒါပေမယ့် သူငယ်ချင်းတို့ရဲ့စာတွေက ငါ့အတွက် အကျိုးကျေးဇူး အများကြီးရရှိပါတယ်။ ငါ့ရဲ့စရိုက်ဆိုးတွေကို ချိုးနှိမ်သင့်ကြောင်း သင်ခန်းစာပေးပါတယ်။ ငါဟာ သာမန်ပုထုဇဉ်လူသားတစ်ဦးသာဖြစ်ပါတယ်။ သူငယ်ချင်းတို့နဲ့အတူတူ ပေါင်းသင်း နေထိုင်လိုပါတယ်။ ငါ့ကို သူငယ်ချင်းအားလုံးက ချစ်ခင်စေချင်ပါတယ်။ သူငယ်ချင်းတို့အနေနဲ့ ငါ့ကို အကူအညီမပေးချင်ကြတော့ဘူးလား။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ ငါ့အနေနဲ့ ဘယ်လိုအချက်တွေကို ပြုပြင်နေထိုင်ရမလဲဆိုတဲ့ စာတွေကို ဒီနေ့ညနေကျောင်းဆင်းပြီးရင် ရေးမပေးနိုင်ကြဘူးလား။ ကျေးဇူးပြုပြီး ရေးပေးကြမယ်မဟုတ်လား။ သူငယ်ချင်းတို့ရေးပေးကြ မယ်ဆိုရင် ငါ့အနေနဲ့ ဘယ်လိုပြုပြင်နေထိုင်ရမယ်ဆိုတာသိပြီး အမှန်တကယ်ကြိုးစားပြုပြင်ပါ့ မယ်”

သူသည်အမှန်တကယ်ပင် လှိုက်လှိုက်လှဲလှဲပြောဆိုနေခြင်းဖြစ်ပါသည်။ အတန်းတွင်းမှ သူငယ်ချင်းအားလုံး၏ စိတ်ထဲတွင်လည်း လှိုက်လှိုက်လှဲလှဲကူညီချင်စိတ်များ ဖြစ်ပေါ်လာပါ တော့သည်။ မုန့်စားကျောင်းမဆင်းမီက ၀ိုင်းဝန်းဆဲဆိုရေးသားထားသော သူငယ်ချင်းအားလုံး သည် သူ့အားကူညီလိုစိတ်များဖြစ်ပေါ်လာပါသည်။ ရှင်းရှင်းလင်းလင်းဖွင့်ဟ၀န်ခံခြင်း၊ သွန်သင်ခြင်းကို နာခံလိုစိတ်ရှိခြင်းတို့အားမြင်တွေ့ရကြောင်း၊ ထိုစိတ်ဓာတ်သည် နှိမ့်ချခြင်းပင် ဖြစ်ကြောင်း ၀ိုင်းဝန်းပြောဆိုကြလေသည်။ သူငယ်ချင်းအားလုံးသည် ထိုကျောင်းသားအား ၀ိုင်းဝန်းအားပေးစကားပြောကြားကြလေသည်။ အကြံကောင်းများပေးကြကုန်လေသည်။ ထိုကျောင်းသားအား ချစ်ခင်ရင်းနှီးလာရုံသာမက ကူညီလိုစိတ်များ အလိုအလျောက်ဖြစ်ပေါ် ကြကုန်လေသည်ဟု ကျောင်းသားအားလုံးက ၀န်ခံကြလေသည်။ ထိုကျောင်းသား၏ ချိုသာသော စကားတို့သည် ကျောင်းသားအားလုံးက သူ့အပေါ်ထားရှိသော ဒေါသများ အားလုံးပြေပျောက်သွားစေနိုင်ခဲ့ပါသည်။

ထိုအဖြစ်အပျက်သည်အမှန်တကယ်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တစ်ခုဖြစ်ပါသည်။ ထိုအဖြစ်အပျက်မှ ယူသင့်သောသင်ခန်းစာမှာ မိမိ၏ မှားယွင်းနေသည်ဟု လူအများအား အကူအညီပြန်တောင်းခြင်း နှင့် မိမိကိုယ်ကို နှိမ်ချပြီး ချိုသာသောစကားဖြင့် ပြန်လည်ပြောဆို ခြင်းပင်ဖြစ်ပါသည်။ ထိုသို့အပြုအမူများကို တော်ရုံစိတ်ဓာတ်ဖြင့် လုပ်ရန်မလွယ်ကူ သော်လည်း ထိုသို့ပြုလုပ်သောအကျင့်ရရှိသောအချိန်တွင် မခက်ခဲကြောင်း သိရှိနိုင်မည် ဖြစ်ပါကြောင်း ရေးသားရင်းဖြင့် ရပ်နားလိုက်ပါသည်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

10-Apr-2018 အင်္ဂါနေ့(Tuesday)