အချိန် နှင့် မှန်ကန်သောလုပ်ရပ် (Time And The Right Work)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



time and te right work copy.png

ကျွန်တော်တို့ လူသားတိုင်းတွင် တူညီစွာ ပိုင်ဆိုင်ထားသောအရာတစ်ခုသည် အချိန်ပင်ဖြစ်ကြောင်းလူတိုင်း သတိထားမိမည်ထင်ပါသည်။ မည်သူကိုမျှ ပိုပေးမထားသော တူညီစွာပိုင်ဆိုင်မှုရရှိနေသော ထိုအချိန် ကို အသုံးချ သူက မည်ကဲ့သို့ အသုံးချသနည်းဆိုသည့်အပေါ်တွင် မူတည်ကာ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ အောင်မြင်ခြင်း၊ ရှုံးနိမ့် ခြင်းများ ကွဲပြားခြားနားသွားကြသည်ထင်ပါသည်။ လုပ်သင့်လုပ်ထိုက်သော အလုပ်တစ်ခုကို လုပ်သင့်လုပ်ထိုက်သော အချိန်တွင် မလုပ်ပါက ရသင့်သောအကျိုးတရားများ ရရှိနိုင်မည်မဟုတ်ကြောင်းကိုလည်း ဖတ်ဖူး မှတ်ဖူးနေပါသည်။ အချိန်ကာလဆိုသည်မှာ တန်ခိုးသတ္တိရှိသည်ဖြစ်ပါသည်။ အသုံးချသူ၏ညံ့ဖျင်းမှုကြောင့် အချိန်ကာလတစ်ခုတွင် ကွာခြားသွားမည်ဖြစ်ပါသည်။ အချိန်ကို ကောင်းမွန်စွာအသုံးချသူတို့မှာ ကောင်းမွန်သော ဘ၀များကို ပိုင်ဆိုင်ကြပြီး အချိန်ကို ကောင်းမွန်စွာအသုံးမချသူတို့မှာ အောက်ဆုံးတွင်သာ အဆုံးသတ်နေကြရပေ မည်။ ထိုအရာသည် မည်သည့်ဘုရားသခင်နှင့်မှမသက်ဆိုင်ပါ။ မိမိတို့နှင့်သာသက်ဆိုင်ပေသည်။


time is money.png

Image from google


အချိန်သည် အောင်မြင်မှုဖြစ်သည်။ အချိန်သည် ငွေဖြစ်သည်။ အချိန်သည် ဘ၀အတွက်အောင်မြင်ရေးဖြစ်သည်။ ကျွန်တော်အပါအ၀င် အချို့သောလူများသည် လုပ်သင့်သောအချိန်တွင် ပျင်းနေသဖြင့်လည်းကောင်း၊ အိပ်ချင်နေ သဖြင့်လည်းကောင်း မလုပ်မိလိုက်သောအခါ ဆုံးရှုံးမှုနှင့်ကြုံတွေ့ရတတ်ပါသည်။ ဆုံးလည်း ဆုံးရှုံးနေကြပါသည်။ တနည်းအားဖြင့်ဆိုသော် မိုးလွန်မှ ထွန်ချသူများဟုလည်း ဆိုနိုင်မည်ထင်ပါသည်။ အချိန်ရှိခိုက လုံ့လမစိုက်သူများ ဖြစ်နေကြသည်ကများနေကြပါသည်။ အချို့သော ဆုံးရှုံးမှုများသည် ပြန်လည်အမြတ်ရနိုင်သော်လည်း တချို့သော ဆုံးရှုံးမှုများသည် အဖတ်ဆည်မရနိုင်လောက်အောင်၊ ၀မ်းနည်းပူဆွေးမဆုံးနိုင်လောက်အောင် ဖြစ်တတ်သည်ကို လည်းသတိပြုသင့်ပါသည်။ မိမိတို့၏ လုပ်ငန်းခွင်တွင် အကျိုးစီးပွားအား ဖျက်ဆီးနိုင်သည့် အကြောင်းကိစ္စတစ်ခုခု ကိုမြင်တွေ့သည်ဆိုပါက အချိန်ဆွဲခြင်းမပြုလုပ်သင့်ပဲ ချက်ချင်း ဖယ်ရှားသင့်ပါသည်။ အမှိုက်ကစ ပြသာဒ် မီးလောင်ဟု ဆိုကြသည်မဟုတ်ပါလား။ ထိုသို့မဟုတ်ပါပဲ ပြုပြင်သင့် ဖယ်ရှားသင့်သော အချိန်တွင် ဖယ်ရှားပြုပြင်ခြင်းမပြုခဲ့ပါက ဆုံးရှုံးမှုများ အများအပြားဖြစ်လာနိုင်သည်။ လုပ်သင့်လုပ်ထိုက်သော ကိစ္စများအား လုပ်သင့်လုပ်ထိုက်သောအချိန်တွင် လုပ်ကိုင်ရန်ဝန်မလေးပါနှင့်။ မပျင်းပါနှင့် ဟု အကြံပေးလိုပါသည်။


IF U WANT IT WORK IT.png

Image from google


ကျွန်တော်တို့အတွက် ကုန်လွန်သွားခဲ့ပြီဖြစ်သော အချိန်တို့သည် ဘာမှပြန်ရနိုင်တော့သည်မှာလည်း အသေအချာ ဖြစ်ပါသည်။ နောင်တတော့ရနေနိုင်ပါသည်။ ပညာသင့်သောအချိန်တွင် ပညာကောင်းစွာမသင်ခဲ့ခြင်းကြောင့် ရာဇ၀င်တွင် သူဌေးသားများသည်ပင်လျှင် သူတောင်းစားဘ၀ရောက်ခဲ့ကြရသည်။ အချိန်အခါကောင်းကို မမြင်မိ အလေးမထားမိ၊ စော်ကားမိခြင်းကြောင့် အပြစ်ဒဏ်ခံရသည်ဟုပင်ဆိုရလေမည်လား။ သဘာဝတရားကြီးက ဒဏ်ခတ်အရေးယူခြင်းလား။ ထိုသို့ဆိုမည်ဆိုလျှင်လည်း ဆိုနိုင်မည်ပင်။ ပေါ့ပေါ့ဆဆနေထိုင်ခဲ့ပြီးကာမှ အခြားသူ များကိုအားကျကာ ပြုပြင်နေထိုင်လျှင် ထိုက်သင့်သလောက်ကောင်းမွန်သောရလာဒ်ကိုရရှိနိုင်သေးသော်လည်း အမြင်မှန်မရ သေဆုံးကြရသူများသည် လမ်းဘေးတွင် သေဆုံးကြရမည်ဖြစ်ကြောင်းကိုလည်း သတိပြုဆင်ခြင် ကြပါစေ။


steem.png

Image from google


ယခုအချိန်ကာလသည် Steemit Platform တွင်ကြိုးစားရန်အခွင့်အလမ်းအကောင်းဆုံး အနေအထားသို့ ရောက်ရှိ နေသည်ဟုလည်းထင်မြင်မိပါသည်။ ယခုအချိန်တွင်မှ ကောင်းစွာကြိုးစားခြင်းမရှိပါက နောင်နှစ်အနည်းငယ်တွင် နောင်တကြီးစွာ ရနိုင်ကြောင်းကိုလည်း Steemit တွင် အကောင့်ဖွင့်ကာ အီးယောင်ဝါးလုပ်နေသူများအား သတိပေးစကားပါးလိုက်ပါသည်။ တန်ဖိုးဆိုသည်မှာ အချိန်အခါအလိုက် ကွဲပြားသွားတတ်ကြောင်းကိုလည်း နားလည်သဘောပေါက်စေချင်ကြပါသည်။ မိုးရွာတုံးရေခံ၊ လသာတုံး ဗိုင်းငင်ဆိုသော မြန်မာစကားပုံများသည် အချိန်၏အရေးပါမှုကို ညွှန်းဆိုလိုခြင်းဖြစ်သည်ကိုလည်း သတိပြုသင့်ပါသည်။ ယခင်ကကြားဖူးသော ဒဏ္ဍာရီတစ်ခုရှိခဲ့ဘူးပါသည်။ အဆင့်မြင့် ၀ိဇ္ဇာပညာရပ်တို့သည် အလွန်အစွမ်းထက်ကြောင်း လူအချို့နားလည်ကြပေမည်။ အချိန်အခါနှင့် အတိအကျ ရွတ်ဆိုရသော မန္တာန်များရှိကြောင်းကိုလည်း ကြားဖူးပါသည်။ ထိုအထဲတွင် မဟာဝေဒဗ္ဗမန္တန် သည် ဓနသိဒ္ဓိနက္ခတ်နှင့် ကြုံသောအချိန်တွင် ရွတ်ဖတ်ပါက ရတနာမိုးရွာသည်ဟု ရှေးပညာရှင်များဆိုထားကြပါသည်။ ထိုအရာကိုစဉ်းစားကြည့်ပါက သူ့အချိန်တွင် အချိန်ကိုက်ရွတ်ဆိုပါမှ ရတနာမိုးရွာမည်ဖြစ်သည်ကို သတိပြုသင့်လှ ပေသည်။ ထိုသို့မဟုတ်ပါပဲ ခဏနေမှ ရွတ်မည်ဆိုကာ အချိန်နောက်ကျရွတ်လျှင် ဘာအကျိုးတရားမျှရမည်မဟုတ် ကြောင်း ဖတ်ရပါသည်။ မှတ်ရပါသည်။ အသိဥာဏ်ပညာထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် အသက်ဆုံးရှုံးကြရ သည်ကိုလည်းမှတ်သားခဲ့ဘူးပါသည်။


di ut biw.png

Image from google


လောကီပညာများသည်အစွမ်းသတ္တိရှိပါသည်။ သို့သော် သူ့အချိန်အခါနှင့်သူ အလုပ်လုပ်ကြရပါသည်။ ထို့ကြောင့် အသက်ကြီးကာမှ သူငယ်တန်းတက်ချင်နေလို့မရနိုင်သကဲ့သို့ မိမိတို့အတွက် အချိန်အခါကောင်းများကို လက်မလွတ်စေသင့်ပါ။ အချိန်အခါကောင်းခြင်းမကောင်းခြင်းကို မိမိတို့၏အတွေ့အကြုံများ သို့မဟုတ် မိမိထက် အတွေ့အကြုံများသူများထံမှ ရရှိနိုင်ပါသည်။ အချိန်ဆိုသည်မှာ မည်သူ့ကိုမျှမစောင့်ပါ။ သူ့အလုပ်သူလုပ်နေမည် သာဖြစ်ပါသည်။ ထို့ကြောင့် အချိန်မနှောင်းကြပါစေနှင့်။ အချိန်မလွန်ကြပါစေနှင့်။ အချိန်အခါ၏ သဘောသဘာဝ ကို သိရှိအောင်လုပ်ကာ မှန်ကန်သောဆုံးဖြတ်ချက်ဖြင့် မိမိတို့၏ ဘ၀လမ်းခရီးအား အောင်မြင်အောင် ကြိုးစား အားထုတ်နိုင်ကြပါစေကြောင်းဆုတောင်းရင်းဖြင့် ရပ်နားလိုက်ပါသည်။


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

17-12-2017 တနင်္ဂနွေနေ့(Sunday)