အချစ် (Love)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
ယခင်နေ့များမှ အအေးမိသဖြင့် နှားစေးကာ နေထိုင်မကောင်းဖြစ်နေခဲ့ပါသည်။ ထို့ကြောင့် စာရေးရန်အတွက် အာရုံကစိုက်မရပါ။ အာရုံစိုက်မရသဖြင့် လာရောက်ဖတ်ရှုသူများအား စာရှည်ရှည်ရေးရန်လည်းမတတ်နိုင်ပါ။ တိုတိုတောင်းတောင်းရေးသားလိုက်ပါသည်။
လူဟူသောသတ္တ၀ါသည် မည်သည့်အချိန်က၊ မည်သို့သောအကြောင်း၊ မည်သို့မည်ပုံ ဖြစ်ပေါ်လာသည်ကို ကျွန်တော်မသိပါ။ တချို့သော ပညာရှင်ကြီးများကား လူတို့သည် မည်သည်တို့မှ ဆင်းသက်လာကြသည်ဟု ပြောဆိုကြသကဲ့သို့ ဘာသာတရားတို့မှလည်း မတူညီကွဲပြားသော ယူဆချက်များအားဖော်ပြထားခဲ့ကြပေသည်။ ယခုကျွန်တော်ရေးသားလိုသည်မှာကား လူ ဖြစ်ပေါ်လာခြင်းအကြောင်းမဟုတ်ပါ။ ထိုသို့ လူဖြစ်ပေါ်လာသောအခါ လူနှင့်တွဲလျက်ဖြစ်ပေါ်လာသော လူတိုင်းတွင်လည်းဖြစ်ပေါ်နေတတ်သော အချစ် အကြောင်းအနည်းငယ်ကို ရေးပြလိုခြင်းဖြစ်ပါသည်။ လူတိုင်းဟုရေးလိုက်ရခြင်းသည် လူတိုင်းသည် အချစ်နှင့်မကင်းနိုင်ဟု ထင်မြင်သောကြောင့်ဖြစ်ပေသည်။ အချစ်နှင့်ကင်းနိုင်ကြပါသည်ဟုဆိုကာ လူပိုကြီးများ ၊ အပိုကြီးများ လုပ်နေသူများလည်း ရှိပါမည်။ ဒီနေရာတွင် စာဖတ်သူများအား မေးမြန်းကြည့်လိုပါသည်။ လူပိုကြီး ၊ အပိုကြီးများတွင် အမှန်တကယ်ပင် အချစ် ရှိ မရှိ ကို မည်သို့ထင်ကြပါသနည်း။ Comment တွင် ရေးပေးကြပါကုန်။ ယခုစာများသည် ထိုလူပိုကြီးများ၊ အပိုကြီးများအကြောင်းမရေးလိုပါ။ အချစ်နှင့်ပတ်သက်သော ခံစားချက်၊ ထူးဆန်းမှု၊ စိတ်အပြောင်းအလဲများထဲမှ အနည်းငယ်သောအကြောင်းကိုသာရေးလိုပါသည်။ ဖတ်ရှုအားပေးကြပါ ကုန်လော့။
Image from google
လူ့လောကကြီးတွင် အများစုသောလူငယ်တို့သည် အချစ်အား တန်ဖိုးထားကြသည်ဟုဆိုကာ ကြွေးကြော်တတ်ပါ သည်။ "အချစ်အတွက်ကြောင့် အသက်ပင်သေသေ မင်းဒသရဲ့သစ္စာကြီးပုံတွေ" ဟူသော သီချင်းစာသား သဘော ကျ အတုလေသလားတော့မသိပါ။ အချစ်အတွက်ဆို အသက်စွန့်မည်၊ အသက်စွန့်သည်။ အချစ်ကိုယုံကြည် ကိုးကွယ်ခြင်းဖြင့် မိမိတို့၏ ကြီးပွားတိုးတက်ရာလမ်းများအားစွန့်ပစ်ကြလေသည်။ အချစ်အတွက် ပညာသင်ကြား ရေးကိုစွန့်ပစ်တတ်ကြလေကုန်သည်။ ထိုထိုသောအကြောင်းတရားများဖြစ်သော အသက်စွန့်ခြင်း၊ တိုးတက်ရေး ကို စွန့်ခြင်း၊ ပညာရေးကိုစွန့်ခြင်း တို့ကိုပြုလုပ်တတ်သောသူတို့အား အချစ်သူရဲကောင်းများ၊ တကယ့်အချစ်စစ်များ ဟုတင်စားခေါ်ဝေါ်လိုက်ကြပါလေသည်။ ထိုသို့မှတ်ယူထားခဲ့ခြင်းသည် အသက်အရွယ်တစ်ခုကို ကျော်လွန်သောအခါ ထိုစွန့်စားခန်းများအတွက် "ငါ သည် အတော်မိုက်မဲသော လူဖြစ် ပါလား၊ ငါ အင်မတန်မှားခဲ့ပါလား" ဟု တွေးတောမိတတ်ကြလေသည်။ အနိစ္စ မမြဲခြင်း ဆိုသော တရားသဘောထဲတွင် အချစ်ဆိုသောစိတ်သည်လည်း ပါဝင်မည်ထင်သည်။ ချစ်တတ်သော ထိုစိတ်ကို မြဲအောင်ကြိုးစားနိုင်ပါမှ မပျက်ပြယ်ရုံဖြစ်မည်ထင်ပါသည်။ အချို့သောလူငယ်များသည် လည်း မင်္ဂလာဆောင်ခြင်းသည်ကား မိမိတို့၏ အချစ်များအား သဂြိုလ်ရာ သုသာန်အဖြစ်တွေးခေါ်ကြပါသေး သည်။ အချိန်နှင့်အမျှ ပြောင်းလဲတတ်သော သဘောတရားများတွင် ထိုအချစ်သည်လည်း မလွန်ဆန်နိုင်ဟု ထင်ပါ သည်။ ပြောင်းလဲတတ်သောသဘောတရားများအတိုင်း အချစ်သည်လည်း ပြောင်းလဲနေပေရာ ဂရုမစိုက်၊ အရေး မယူပစ်ထားပါက အမှန်ပင် ထိုအချစ်အတွက် သုသန်၊ သချိုင်းအဖြစ်သို့ အမှန်တကယ်ရောက်ရှိကြရလေ တော့သည်။
Image from google
လူတို့၏ သဘောသဘာဝအရ ချစ်သူရည်းစားဘ၀ရောက်ရှိချိန်တွင် ယောက်ျားလေးဖြစ်သူကလည်း မိန်းကလေး မကြိုက်စေနိုင်သော အပြုအမူများအားလုံးအား ဖုံးဖိထားကြသကဲ့သို့ပင် မိန်းကလေးများကလည်း ယောက်ျားလေးမကြိုက်နှစ်သက်သောအပြုအမူများအားလုံးကို ဖုံးဖိကာ အမြဲချစ်ဖွယ် ကောင်းသော အမူအရာများကိုပြုမူတတ်ကြပေသည်။ အချစ်နှင့်တွေ့လျှင်လူတို့သည် နုပျိုတက်ကြွနေတတ်ကြ သည်ဟုဆိုစကားအတိုင်း ချစ်ဖွယ်ရာအဆင်းကို ဆောင်တတ်ကြသည်။ အိမ်ထောင်ကျကာ အကြင်လင်မယားဖြစ်သို့ရောက်ရှိသောအချိန်တွင်လည်း သမီးရည်းစားဘ၀ကကဲ့သို့ပင် သဘောထားကာ နေထိုင်နိုင်ကြမည်ဆိုလျှင် အချစ်သည်အသက်ရှည်နိုင်မည်ဖြစ်ပါသည်။ အိမ်ထောင်ကျပြီးသော အချိန်ကာလတွင် ပြောချင်တိုင်းမပြော၊ ဆိုချင်တိုင်းမဆို၊ စကားပြောဆိုရာတွင်လည်း ချိုချိုသာသာ အပြန်အလှန် လေးစားမှုဖြင့်ပြောဆိုကြမည်ဆိုပါမူ အချစ်သစ်ပင်လေးသည် ညှိုးနွမ်းသွားစရာအဖြစ်သို့ရောက်ရှိကြမည် မဟုတ်ပါ။ သို့သော် အများအားဖြင့် သမီးရည်းစားဘ၀တွင် တစ်ယောက်ကိုတစ်ယောက် အပြစ်မမြင်ချစ်ခင်စုံမက် နေခဲ့ကြသောကြောင့် စကားပြောဆိုကြရာတွင် အမှန်အတိုင်း ဝေဖန်ပြောဆိုကြခြင်းမရှိပဲ အလိုက်သင့်သာ ပြောဆိုဆက်ဆံတတ်ကြပေသည်။ ပုဆိုးတန်းတင် အကြင်လင်မယားအဖြစ်သို့ရောက်ရှိသွားသောအချိန်တွင်မူ အမှန်တရား၏ ဘက်တော်သားကြီးများအသွင်ဆောင်သွားတတ်ကြကာ "ငါက အမှန်ကိုပြောတာပဲ မခံချင် လဲသေ" ဆိုသော စိတ်ဓာတ်များဝင်လာတတ်ပေသည်။ အိမ်ထောင်ကျပြီးသောအခါတွင် အနေအထိုင်များက အစ အတော်များများပြောင်းလဲကုန်လေသည်။ ပေါ့ပေါ့တန်တန်သဘောထားများ ၀င်ရောက်ကြလေသည်ဖြစ်ရာ အချစ်ဆိုသော သစ်ပင်လေးကို အဆိပ်ရည်လောင်းနေသကဲ့သို့ဖြစ်သွားတတ်ကြပေသည်။ အချစ်ဆိုသော အကြောင်းအရာကို အများစုကလည်း အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြမည်ဖြစ်သကဲ့သို့ အယူအဆအမျိုးမျိုးလည်း ရှိနိုင်ပါသည်။ ယခုရေးသားခြင်းသည် ကျွန်တော်စိတ်တွင်ဖြစ်ပေါ်သောယူဆထင်မြင်ချက်သာဖြစ်ပါပေသည်။
Image from google
နောက်ဆုံးအနေဖြင့်ဆိုရလေသော် အချစ်ဆိုသည်မှာ မိမိတို့ကိုယ်တိုင်က သင်္ချိုင်းသို့ပို့ပစ်ခြင်းဖြစ်ပေရာ၊ မိမိတို့ကိုယ်တိုင်က အဆိပ်ရည်များဖြင့် လောင်းသတ်မိတတ်ကြကြောင်းကို သတိပြုဆင်ခြင်ကြရပေမည်။ ထိုသို့ ဆင်ခြင်နိုင်လျှင်ကား အချစ်ဆိုသော သစ်ပင်ကလေးကို သန့်ရှင်းသောရေလောင်းပေးခြင်းနှင့်တူသည်ဖြစ်ပါ ကြောင်း ရေးသားရင်းဖြင့် ရပ်နားခွင့်ပြုပါခင်ဗျာ။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
26-12-2017 အင်္ဂါနေ့(Tuesday)