ဘုရားစေတီ နှင့် တရုတ်စကားပန်းပင်များ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ယနေ့သည် ကမ္ဘာ့တနင်္ဂနွေနေ့ဖြစ်ရာ ကျွန်တော်အနေဖြင့် တင်နေကျအတိုင်း ဓာတ်ပုံလေးများကိုသာတင်ပေးလိုက်ပါသည်။ ဓာတ်ပုံဆရာ စစ်စစ်မဟုတ်သည်ကတစ်ကြောင်း၊ ဓာတ်ပုံတို့၏ သဘောတရားကို ကောင်းစွာ နားလည်ခြင်းမရှိသောကြောင့်လည်းကောင်း၊ စိတ်ကူးတည့်ရာကိုလျောက်ရိုက်ထားသောပုံများဖြစ်သောကြောင့်လည်းကောင်း ပုံကောင်းများမဟုတ်နိုင်ပါ။ လိုအပ်ချက်များစွာ ဖြစ်ပေါ်နိုင်ပါသည်။ ဓာတ်ပုံဆရာအဖြစ် မရည်မှန်းသော်လည်း အမှားပြင်ပေးနိုင်လျှင်ကျေးဇူးတင်ပါသည်။
ဒီနေ့တင်တဲ့ဓာတ်ပုံလေးတွေက စစ်ကိုင်းရဲ့ နေရာအတော်များများမှာ တွေ့မြင်ကြတဲ့ တရုတ်စကားပန်းပင်များနှင့် ဘုရားစေတီတို့ကို စိတ်ကူးပေါက်ကာ ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။ ဘုရားစေတီများနှင့် တရုတ်စကားပန်းပင်များသည် အမြဲလိုလိုတွဲလျက်တွေ့နိုင်ပါသည်။ ပုံကောင်းများမဟုတ်သော်လည်း အားပေးသွားကြပါဦး။
ယခု ဓာတ်ပုံများအားလုံးသည် အချို့ကို Sony Auto Camera လေးဖြင့်လည်းကောင်း၊ အချို့ကို Smart Phone ဖြင့်လည်းကောင်း ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ကိုယ်တိုင်ရိုက်ကူးသောပုံများ ဖြစ်ပါတယ်။
စေတီရင်ပြင် တရုတ်စကား ဧရာမြစ်ပြင်
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ဓာတ်ပုံ(Photo) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
20-May-2018 တနင်္ဂနွေနေ့(Sunday)