ဘယ်တော့မှ အရှုံးမပေးပါနဲ့ (Never, Never, Never Give Up)
လူဆိုတာ ဘယ်တော့မှ အရှုံးမပေးရဘူး (Human must never give up.)
အလုပ်ကိုလည်း အရှုံးမပေးရဘူး.... (Must also never give up in work.)
သဘာဝဘေးတွေကိုလည်း အရှုံးမပေးရဘူး...(Must also never give up for disasters)
မအောင်မြင်ရင် အောင်မြင်တဲ့အထိ ထပ်ကြိုးစားရမယ်....(Not success , try again and again until success)
အလောတကြီးမလုပ်ပါနှင့် ဖြေးဖြေးနှင့်မှန်မှန်လုပ်ဆောင်ပါ..ဒါပေမယ့် နောက်ကြောင်းကိုတော့ဘယ်တော့မှ ပြန်မလှည့်ပါနဲ့
(Never walk backward.)
အလုပ်အားလုံးက ဂုဏ်ရှိပါတယ်... အလုပ်မှန်သမျှဂုဏ်ရှိပါတယ်... အလုပ်မရွေးသင့်ပါဘူး... ကိုယ်လုပ်နေတဲ့အလုပ်ကို တိုးတက်အောင်နေ့စဉ် စဉ်းစား ကြံစည် နေသင့်ပါတယ်... တိုးတက်အောင်လုပ်ရပါမယ်.... အလုပ်ကို တိုးတက်အောင်လုပ်မယ်ဆိုရင် အဲဒီအလုပ်ကို တိုးတက်အောင်လုပ်မယ်ဆိုရင် ဘယ်လိုအလုပ်မျိုးဖြစ်ဖြစ် ကြီးကျယ်လာတာပါဘဲ..... တံမြက်စည်းလှဲ အမှိုက်သိမ်းတဲ့အလုပ်တွေကို စနစ်တကျလုပ်ကိုင်ဆောင်ရွက်တဲ့အခါ စည်ပင်သာယာဆိုတာလုပ်ငန်းအဖြစ် ကြီးကျယ်လာပါတယ်... နောက်ထပ် နောက်ထပ် လုပ်နိုင်မယ့်အလုပ်တွေလည်း ပါလာပါတယ်...
ကြီးပွားလိုသော တိုးတက်အောင်မြင်လိုသော လူငယ် လူကြီးအားလုံးသည် မိမိတို့ လုပ်နေသောအလုပ်ကို သေးသည် ငယ်သည် ကြီးသည် စသဖြင့် သဘောမထားသင့်ပါ... မိမိလုပ်နေသောအလုပ်သည် စိတ်ထားတတ်လျှင် မည်သည့်အလုပ်မဆိုမြတ်ပါသည်.... မိမိတို့လုပ်နေသောအလုပ်သည် တကယ့်ကြီးကျယ်သည့်အလုပ်တစ်ခုအဖြစ် ထင်မြင်ပြီး စေတနာပါပါနှင့် ဇွဲမလျော့ပဲကြိုးစားလုပ်ကိုင်သင့်ပါတယ်...
ဘွဲ့လက်မှတ်ရခြင်းသည် လူ့ဘ၀လမ်းကြောင်းတွင် အသက်မွေးဝမ်းကြောင်းခြင်းအတွက် အရေးအကြီးဆုံးသောအရာမဟုတ်... ဘွဲ့မရဘဲနှင့် အောင်မြင်ကျော်ကြားသူများ ကဏ္ဍပေါင်းစုံတွင် တွေ့မြင်နိုင်ပါသည်....
မှတ်သားမိသော အကြောင်းအရာတစ်ခုကို ပြောပြလိုပါသည်....
ရှေးယခင်က ကျေးလက်တောရွာတစ်ခုမှာရှိတဲ့ တောသူဌေးကြီးတစ်ဦး ထံတွင် လခစားလာရောက်လုပ်ကိုင်နေကြသော ဘွဲ့ရ အလုပ်သမားများ ပြောဆိုနေ နိုင်ငံခြားဘာသာစကားများ စီးပွားရေး စာရင်းကိုင် ပညာများ အတွက်ပြောကြားနေခြင်းများကို ပြောကြားလေ့ရှိရာ သူဌေးကြီးသည် ထိုအလုပ်သမားများပြောသောအကြောင်းအရာများကို လုံးဝ နားမလည်ပါချေ.....
သို့သော် မိမိလက်မှတ်ကိုပင် ပီပီသသ ထင်ရှား ပြတ်သားအောင် မထိုးတတ်သော တောသူဌေးကြီးထံတွင် ဘွဲ့လက်မှတ်ရပြီး ပညာရပ်မျိုးစုံကို ပြောဆိုနိုင်သော ဘွဲ့ရ များသည် လခကိုစားပြီး အလုပ်သမားလုပ်နေကြရသည်မှာ အဘယ့်ကြောင့်ပါနည်း...
ထိုကဲ့သို့ဖြစ်ရခြင်းမှာ ငါသည် ဘယ်ကျောင်းဆင်းဖြစ်သည် ငါသည် ဘယ်ဘွဲ့ကိုပိုင်ဆိုင်ထားသည် စသဖြင့် ပညာဂုဏ်မောက်ကာ အောက်ခြေမှ အထက်ကို ရောက်ရှိရန်မကြံစည်ကြဘဲနှင့် အထက်ကို တစ်ခါတည်းတက်ရန် ကြံစည်ကြရင်း ကြံစည်ရင်းဖြင့် အောက်ကို ကျမှန်းမသိ ကျနေကြသူများဖြစ်သည်။
ယနေ့ခေတ်တွင်လည်း ထိုကဲ့သို့အဖြစ်အပျက်များက မရိုးနိုင်သောပုံပြင်ကဲ့သို့ အများအပြားတွေ့ရှိနေရဆဲ တွေ့မြင်နေရအုံးမည်ဖြစ်သည်... မိမိ၏ ပညာဂုဏ်မောက်လျှက် အကြံကြီးကြံနေခြင်းထက် မိမိလက်ရှိလုပ်ကိုင်နေသော သို့မဟုတ် လုပ်ကိုင်နိုင်သော အလုပ်တွင် ဖိဖိစီးစီး ကြိုးစားလုပ်ကိုခြင်းက ကြီးပွားအောင်မြင်ခြင်းသို့ရောက်ရှိနိုင်ပါသည်...
လုပ်ငန်းသေးသေးလေးကနေစပါ မအောင်မြင်ရင်လည်းအရှုံးမပေးပါနဲ့ ထပ်ခါ ထပ်ခါ ကြိုးစားလျှင် နောက်ဆုံးအောင်မြင်ရသည်သာဖြစ်ပါသည်... မအောင်မြင်သောသူများသည် နောက်ကြောင်းပြန်လှည့်ကာ နောက်တစ်ခုကို လုပ်ကိုင်နေခြင်းကြောင့်ဖြစ်သည်သာများပါသည်...
မည်သူတစ်ဦးတစ်ယောက်မျှ
လှေကား ဆယ်ထစ်ကို တစ်ချက်တည်းနဲ့ ခုန်မတက်နိုင်ပါဘူး
ဒါပေမယ့် လှေကားဆယ်ထစ်ကနေတော့ တစ်ချက်တည်းခုန်ပီး အောက်ကိုကျနိုင်ပါတယ်..
Anybody can not jump 10 steps of ladder who fall from 10 steps of ladder.
အထက်ရောက်ပြိး အောင်မြင်နေတဲ့သူတွေအားလုံးဟာ အောက်ခြေ သေးသေးလေးကနေစခဲ့ကြရပါဘဲ...
အမြဲတမ်းပြောင်းလဲနေတဲ့သူတစ်ယောက်ဟာ ဘယ်တော့မှ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်မလာနိုင်ပါ...
Slow and Steady. I say again, never give up for someone.
I wish all steemit fellows can successful. Thanks for reading.
Steemit မှာ အောင်မြင်ကြပါစေ.....
Photo credit google