ဘယ်လိုသုံးသလဲ?

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


လူတစ်ဦးချင်း၊ လူတစ်ယောက်ချင်းစီ၏ ကိုယ်ကျင့်တရားများအား ဖျက်ဆီးနိုင်စွမ်းသော စွမ်းအင်များ ရှိနေသည်။ ကောင်းအောင်လည်းပြုလုပ်နိုင်သကဲ့သို့ ဆိုးသွမ်းအောင်လည်းပြုလုပ်နိုင်စွမ်းရှိနေပေ သည်။ မကောင်းမှု အကုသိုလ်တွေကို အလွယ်တကူလုပ်ပေးနိုင်သကဲ့သို့ ကောင်းမှု ကုသိုလ်အများကြီး ကိုလည်း အလွယ်တကူပြုလုပ်ပေးနိုင်ပါသည်။ လင်နှင့်မယား၊ ဆွေမျိုးအပေါင်း တို့ကို သြဇာညောင်းအောင်ပြုလုပ်ပေးနိုင်ပါသည်။ လူအပေါင်းအပေါ်အားလည်း သြဇာညောင်းနိုင်စေ ပါသည်။ လင်နှင့်မယားကို ချစ်ချစ်ခင်ခင်ဖြင့် နေထိုင်နိုင်စေရန်ပြုလုပ်ပေးနိုင်သကဲ့သို့ အလွယ်တကူ ခွာပြဲစေနိုင်သော အစွမ်းသတ္တိတွေလည်း ရှိပါသည်။ မိမိတို့ပြုလုပ်သမျှ အလုပ်တို့အား အဟန့်အတား အဖြစ် ပြုလုပ်နေသူတို့အား အလွယ်တကူ ဒူးထောက် အောက်ကြို့လာစေရန်အတွက် ပြုလုပ်နိုင်သော အစွမ်းသတ္တိများလည်း ရှိနေပေသည်။ မိမိ၏နာမည်ကျော်ကြားမှုကိုလည်းကောင်း၊ နာမည်ပျက်စီးစေရန်အတွက်လည်းကောင်း အထောက်အပံ့လည်းပေနိုင်ပေသည်။ရှေးလွန်လေခဲ့ပြီးသော နှစ်ပေါင်းများစွာကပင် မိမိတို့လိုချင်သောအရာ နှင့် မိမိတို့ပိုလျှံနေသောအရာတို့အား လဲလှယ်ရန်အတွက် ကြားခံပစ္စည်းတစ်ခုအဖြစ် လူတို့ဖန်တီး ခဲ့ခြင်းဖြစ်ပေသည်။ လူတို့ဖန်တီးခဲ့သော ထိုအရာသည် လူတို့အားပျက်စီးစေသကဲ့သို့ လူတို့အား တိုးတက်သောဘ၀များသို့ တွန်းပို့ပေးနိုင်ပါသည်။ ထိုအရာသည်ကား အဘယ်သို့သော အရာဖြစ်ပါသနည်း။ ထိုအရာသည်ကား လူအများက ဒုတိယဘုရားသခင်ဟု သမုတ်ခြင်းခံရသော ငွေ ဟူသောအရာသာဖြစ်ပေတော့သည်။ ငွေဆိုသည်မှာကား သူချည်းသက်သက်ဖြင့် ဘာကိုမျှ စွမ်းဆောင်နိုင်ခြင်းမရှိ။ ဘာကိုမျှလည်းမတတ်နိုင်ပါ။ အကောင်းကိုလည်း မပြုလုပ်နိုင်သကဲ့သို့ အဆိုးကိုလည်း မဖန်တီးနိုင်ပါချေ။ ငွေသည်သူ့ချည်းသက်သက်ဖြင့် မည်သည့်အရာကိုမျှ ဖန်ဆင်းနိုင် ခြင်းမရှိပါ။ တကယ်လက်တွေ့တွင်မူ ငွေသည် ဒုတိယ ဘုရားသခင်ဟု ခေါ်တွင်နေကြသည်ကို လူတိုင်း သိရှိကြပေသည်။ ထိုငွေဆိုသောအရာကို အသုံးချသူအပေါ်တွင်သာ မူတည်နေပါသည်။ ဘယ်လိုအသုံးချသနည်း။ မည်ကဲ့သို့အသုံးပြုလေသနည်း ဆိုသည့်အပေါ်တွင်မူတည်ပြီး အကောင်း နှင့် အဆိုး ကွဲပြားသွားလေတော့သည်။


04.png


ငွေသည်ကား အသုံးချခံပြုပစ္စည်းသက်သက်သာဖြစ်ပေသည်။ ငွေဖြင့် ကောင်းမှုကုသိုလ်များဖြစ်သော ဘုရား တည်၊ ကျောင်းဆောက်၊ လူအများအားကူညီပံ့ပိုးပေးခြင်း ပြုလုပ်ခဲ့သော် ထိုကြားခံပစ္စည်းဖြစ် သော ငွေသည် အကောင်းဖြစ်နေလေသည်။ ထိုငွေဖြင့်ပင် မကောင်းမှုအကုသိုလ်များဖြစ်သော သူ့အသက်သတ်ခြင်း၊ သူများသားပျို သမီးပျိုတို့၏ဘ၀အား ဖျက်ဆီးခြင်း စသည့် ဒုစရိုက်မှုများအား ပြုလုပ်ခဲ့သည်ရှိသော် ကြားခံပစ္စည်းဖြစ်သော ငွေသည် အဆိုးဖြစ်ရလေတော့သည်။ ထိုကောင်းခြင်း၊ ဆိုးခြင်းတို့အား ကြားခံပစ္စည်းငွေက ပြုလုပ်နေသည်မဟုတ်ပါဘဲ ငွေကို အသုံးချသူ၊ အသုံ့းပြုသူတို့၏ လုပ်ရပ်အပေါ်တွင်မူတည်ပြီး အကောင်း နှင့် အဆိုး ကွဲပြားသွားရခြင်းသာဖြစ်လေတော့သည်။ ထို့ကြောင့် ကြားခံပစ္စည်းတစ်ခုဖြစ်သော ငွေအား အကောင်းပြောလျှင်လည်းမမှန်သကဲ့သို့ အဆိုးဟု ပြောလျှင်လည်း မှားနေမည်သာဖြစ်ပေသည်။ ငွေအား အသုံးပြုသူသည် မည်ကဲ့သို့ အသုံးချသနည်း ဆိုသည့်အပေါ်တွင်သာ မူတည်နေလေသည်။ ကောင်းခြင်း ဆိုးခြင်းသည် ငွေနှင့်ဘာမျှမဆိုင်။ ဘာမှ လည်းမပတ်သက်ပါပဲနှင့် တရားခံကျနေလေသည်။


03.png


ငွေကြေး မပေါ်ပေါက်သေးသော ရှေးလွန်လေပြီးသောအခါကာလက တိရစ္ဆာန်များအား ကြားခံအဖြစ် အသုံးပြု့ပီး ကုန်ပစ္စည်းဖလှယ်ခဲ့ကြပါသည်။ ထိုမှတစ်ဆင့် ရွှေ ငွေ ကြေး စသော သတ္တုတို့အား ကြားခံ ငွေကြေးအဖြစ်အသုံးပြုပြီး ရောင်းဝယ်ဖောက်ကားခြင်းပြုလုပ်ခဲ့ကြပါသည်။ ရွှေ ငွေ ကြေးစသော သတ္တုတို့အား အသုံးပြုပြီး ရောင်းဝယ်ခြင်းသည် တိရစ္ဆာန်တို့အား အသုံးပြုခြင်းထက် များစွာ ကောင်းမွန်ပေသည်။ ထို့နောက် ဒင်္ဂါးများကို သွန်းလုပ်ပြီး ရောင်းဝယ်ဖောက်ကားလာခဲ့ကြပါသည်။ တစ်နယ် နှင့် တစ်နယ်ရောင်းဝယ်ဖောက်ကားခြင်းပြုလုပ်ရာတွင် များပြားလှသော ဒင်္ဂါးများအား ငယ်ယူရန်အခက်အခဲများစွာဖြစ်ပေါ်ခဲ့ကြပေသည်။ ထို့ကြောင့် အလွယ်တကူ သယ်ယူနိုင်သော ယနေ့ ခေတ်တွင် အသုံးပြုနေကြသော ငွေစက္ကူ အား ဖန်တီးအသုံးပြုခဲ့ကြခြင်းဖြစ်ပေသည်။ ငွေစက္ကူအား ကြားခံအဖြစ်အသုံးပြုခြင်းသည် ဒင်္ဂါးများအားအသုံးပြုခြင်းထက် ပိုမိုကောင်းမွန်သောကြောင့် ယနေ့ အချိန်တိုင်အောင် အသုံးပြုနေကြရဆဲဖြစ်ကြောင်းမြင်တွေ့နိုင်ပါသည်။ ယခုအခါ ငွေစက္ကူကိုပင် သယ်ယူသွားစရာမလိုတော့ပဲနှင့် ရောက်လေရာအရပ်မှပင် ငွေအားအလွယ်တကူ လွှဲပြောင်းနိုင်နေ ကြပြီဖြစ်ပါသည်။ မည်သို့ပင် ပြောင်းလဲ ပြောင်းလဲ ကုန်ပစ္စည်းဖလှယ်ရာတွင် အသုံးပြုသော ကြားခံများသည် မည်သို့မျှ တတ်နိုင်ကြသည်မဟုတ်ပါ။ ထိုကြားခံပစ္စည်းများအား အသုံးပြုသူ၊ အသုံးချသူတို့၏ မည်သို့အသုံးချနေသနည်းဆိုသည့် အပေါ်တွင်မူတည်နေပါသည်။


02.png


လူများမှ အဆင့်ဆင့်တီထွင်ဖန်တီးလာခဲ့သော ပစ္စည်းများဖလှယ်ရာတွင် ကြားခံအဖြစ်တည်ရှိနေသော ကြားခံဖြစ်သော ငွေအပေါ်တွင် လူသားများ၏ အလိုလောဘအလိုက် ပြောင်းလဲသမုတ်ခြင်းခံရပေ သည်။ ငွေဆိုသောအရာသည် အရာရာကို ပြုလုပ်နိုင်သည်၊ အရာရာကို ဖန်တီးနိုင်သည် စသည့်စကားများကို လူအများကြားဖူးကြပါသည်။ သို့သော် ငွေသည်အရာရာကို ဖန်တီးနိုင်သည် အရာရာကို ပြုလုပ်နိုင်သည်ဆိုသော စကားတို့အား လက်မခံနိုင်ပါ။ ငွေသည် အရာအတော်များများကို ဖန်တီးနိုင်သော်လည်း အရာရာကိုတော့ မဖန်တီးနိုင်ပါ။ တကယ့် မေတ္တာစစ်စစ်တို့အားလည်းကောင်း၊ လူသားများ စည်းလုံးညီညွတ်ခြင်းတို့အားလည်းကောင်း ငွေဖြင့်ဖန်တီးရန်မလွယ်ကူနိုင်ဟု ထင်ပါသည်။ ထို့ကြောင့်ငွေသည် မည်သို့သောအကြောင်းအရာကိုမျှမဖန်တီးနိုင်ပဲ ထိုငွေအား သုံးစွဲသူ အသုံးချသူတို့က မည်သို့ အသုံးချ သုံးစွဲသနည်းအပေါ်တွင်သာ မူတည်ပါကြောင်း ရေးသားရင်း ရပ်နားလိုက်ပါသည်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

27-Apr-2018 သောကြာနေ့(Friday)