Coin များ၏ ပြိုင်ဆိုင်မှု
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ယခုရက်ပိုင်းတွင် MSC အဖွဲ့သားများအား စာရေးကြရန် တိုက်တွန်းလိုသော်လည်း SBD, Steem ဈေးများ ကျဆင်းနေမှုကြောင့်လည်းကောင်း၊ အခြားသော Airdrop များ၏ အလွယ်တကူ ငွေကြေးရရှိနိုင်မှုကြောင့် လည်းကောင်း၊ ကိုယ်တိုင်က အလုပ်မအားမလပ်ဖြစ်နေကြမှုများကြောင့်လည်းကောင်း Steemit တွင် Post တင်ကြဖို့အတွက် တိုက်တွန်းနှိုးဆော်ရန် မလွယ်ကူပါချေ။ ယခုဆိုလျှင် SBD များအား ထုတ်ပေးခြင်း မပြုတော့သောကြောင့် Steemit Platform သည် ပြောင်းလဲမည့်အစီအစဉ် တစ်ခုခုချမှတ်ဆောင်ရွက် လိမ့်မည်ထင်ပါသည်။ ဈေးကျလျှင် ဖြစ်လာတတ်သော ပြဿနာတစ်ခု ဖြစ်သည့်အပြင် အခြားသော Coin အသစ်တို့အား အလွယ်တကူ ရှာဖွေနိုင်မှုကြောင့် ပိုမိုဆိုးရွားသွားသည်ဟု ထင်မြင်မိပါသည်။ ကျွန်တော်တို့ကိုယ်တိုင်ပင် Steemit Post တစ်ခုဖြစ်ရန် ကြိုးပမ်းအားထုတ်မှု လျော့နည်းသွားသည်ဟုလည်း ထင်ပါသည်။ အကောင်း နှင့် အဆိုးသည် ထာဝစဉ် ဒွန်တွဲနေ မည်သာဖြစ်သောကြောင့် မိမိတို့၏ အတွေ့အကြုံ နှင့် အသိဥာဏ်ပညာတို့၏ အကူအညီဖြင့် ရှေ့ဆက်သွားနိုင် ကြစေရန်သာ မျှော်လင့်မိပါသည်။ Steemit Post တစ်ခု၏ သက်တမ်းသည် ခုနှစ်ရက်သာ ရှိသော်လည်း အခြားသော Coin အသစ်များမှ ပေးထားသောအခွင့်အရေးသည် Live Time ဖြစ်နေသည်ကလည်း Steemit အား စိတ်ပျက်အားလျော့စရာတစ်ခုဖြစ်နေမည်ထင်ပါသည်။ သို့သော် Coin အသစ်များသည် မည်သို့ မည်ပုံ ထွက်ပေါ်လာမည်ကို မသိနိုင်ကြပါချေ။ အချို့ Coin အသစ်များသည် အကြိမ်များစွာ၊ ရက်ပေါင်းများစွာ ကြိုးစားမှသာ USD 1$ ခန့် ရနိုင်မည်ဖြစ်ပါသည်။ ထိုသို့ မသေမချာ မရေမရာ Coin တို့အား လုပ်ကိုင်နေရခြင်းကို များစွာ အားစိုက်ထုတ်ခြင်း မပြုသင့်ဟုလည်း ထင်မိပါသည်။ ရေရှည်တွင် အဆင်ပြေနိုင်ခြင်း ရှိ မရှိ သေချာမှုမရှိသောကြောင့် ကျွန်တော်အနေဖြင့်မူ စမ်းသပ်လုပ်ကိုင်ခြင်းအဆင့် လောက်သာပြုသင့်သည်ဟုလည်း ထင်မြင်မိပါသည်။ ယခုကာလသည် များပြားလှသော Coin အသစ်များနှင့် လက်ရှိဈေးကွက်တွင်ရှိနေသော Coin များ ပြိုင်ဆိုင်နေရသော ကာလဖြစ်မည်ဟု ထင်ပါသည်။ အောင်မြင်လာနိုင်သော Coin များ ရှိသကဲ့သို့ ကျရှုံးသွားသော Coin များလည်း ရှိကြမည်ဖြစ်ပါသည်။ STEEM သည် ကျရှုံးသည် Coin များအထဲတွင် ပါဝင်လိမ့်မည်မဟုတ်ဟု ယုံကြည်မိပါသည်။
မည်သို့ပင်ဆိုစေကာမူ Steemit ကဲ့သို့ မိမိတို့၏ ကိုယ်ပိုင်အယူအဆ၊ အတွေးအခေါ်၊ ဖန်တီးချက်များကိုသာ ပြုလုပ်ရသော ဆိုဒ်များကို သဘောကျမိသည်ကား အမှန်ပင်ဖြစ်ပါသည်။ မတူညီသည့်အချက်များ အလွန်များပြားလှမည်ဖြစ်သော်လည်း အခြားသော Coin တို့သည် အောင်မြင်မည်၊ မအောင်မြင်မည် မသိသော်လည်း လွယ်ကူလှသဖြင့် လူအများစုတို့လုပ်ကိုင်နေကြ သည်ဟု ထင်ပါသည်။ မျက်စိရှေ့ တွေ့သမျှ မြင်သမျှ ဓာတ်ပုံရိုက်ကာ အလွယ်တကူ Post တင်နိုင်သောကြောင့် ကိုယ်တိုင်ဖန်တီးခြင်းဖြင့် Post တင်ရသော Steemit Platform ကဲ့သို့ Platform တွင် ကြိုးစားအားထုတ်ရန် စိတ်မပါဖြစ်နေကြသည် ထင်ပါသည်။ ဈေးကွက်ပေါ်သို့ Coin ရောက်လျှင် ရင်းနှီးငွေမလိုအပ်ပဲ အမြတ်အစွန်းရရှိမည်ဖြစ်ပါသည်။ ဈေးကွက်ပေါ်သို့ Coin မရောက်ရှိခဲ့လျှင်လည်း ငွေကြေးရင်းနှီးထည့်ဝင်ထားရသည်မဟုတ်သောကြောင့် ငွေကြေးဆုံးရှုံးမှု မဖြစ်ပေါ်သောကြောင့် အရှုံးမရှိနိုင်ကြပါချေ။ အကြောင်းအမျိုးမျိုးကြောင့် Steemit အား ခေတ္တစွန့်ခွာနေ ကြသည်ဖြစ်ရာ တစ်ချိန်ချိန်တွင် ပြန်လည်ရောက်ရှိ လာနိုင်သည်ဟု မျှော်လင့်မိပါသည်။ ကန့်သတ်ချက်မဲ့နေသော၊ စည်းကမ်းတင်းကြပ်မှုမရှိသော Coin တို့၏ ဆွဲဆောင်အားသည်လည်း အလွန်ပင်ပြင်းထန်ပါသည်။ စည်းကမ်းများသည် လူအများစုနှင့် မတည့်တတ်ကြပါ။ Steemit Platform သည် စည်းကဲ့မဲ့၍ မဖြစ်နိုင်ပါ။ သက်ဆိုင်ရာ စည်းကမ်းချက်များအား လိုက်နာကြရပည်ဖြစ်ပါသည်။ စည်းကမ်းတင်းကြပ်ခြင်းကို လူအများစုက မနှစ်မြို့တတ်ကြပါ။ စည်းကမ်းအဘယ့်ကြောင့်ချမှတ်ထားကြရ သနည်း ဆိုသည့် မေးခွန်းကိုမူ ဖြေဆိုကြရန် စဉ်းစားကြလိမ့်မည်မဟုတ်ပါ။ စည်းကမ်းမရှိသောသူတို့ကြောင့် စည်းကမ်းချမှတ်ရခြင်း ဖြစ်ပါသည်။ စည်းကမ်းရှိနေလျှင် စည်းကမ်းချမှတ်ရန်ပင် လိုအပ်မည် မဟုတ်ပါ။ လွတ်လပ်မှုကို လိုလားတတ်သော လူတို့၏ စိတ်သဘာဝသည် မလွတ်မလပ်ဖြစ်လာသောအခါ စိတ်ညစ် စိတ်ပျက် ဖြစ်ကြပေသည်။ မည်သူတွေ စိတ်ပျက်ပျက် ကျွန်တော်အနေဖြင့်မူ စိတ်မပျက်မိပါ။ SBD, Steem အရ နည်းသည်ဖြစ်စေ၊ အရများသည်ဖြစ်စေ မိမိတတ်နိုင်သမျှတော့ ကြိုးစားရေးသာနေဦးမည်ဖြစ်ပါသည်။
Online တွင် ငွေကြေးရှာဖွေနေသူ အများစုသည် Coin များနှင့် ရင်းနှီးပြီးသူများက များပါသည်။ ကျွန်တော်အနေဖြင့်မူ အခြားသော Coin များကို သေချာစွာ နားလည်မှု မရှိသကဲ့သို့ Steem, SBD ကိုလည်း သေချာနားလည်မှုမရှိသေးပါ။ ယခင်ကလည်း မည်သည့် Online ငွေရှာခြင်းကိုမျှ သေချာနားလည်ခြင်းမရှိခဲ့ပါ။ သို့သော် Steemit Platform သည် ကိုယ်တိုင်ဖန်တီးရသော ဖန်တီးချက်များအား အသိအမှတ်ပြုပေးသော ကြောင့် စိတ်ဝင်တစားလုပ်ကိုင်နေခြင်းဖြစ်ပါသည်။ စာများကို ရေးသားနေသော စာရေးဆရာတစ်ယောက် မဟုတ်သကဲ့သို့ ကာတွန်း၊ ပန်းချီ၊ ဓာတ်ပုံ ပညာရှင်လည်းမဟုတ်ပါ။ သဘောကျ နှစ်ခြိုက်မိသောကြောင့် စာများရေးနေမိခြင်းသာဖြစ်ပါသည်။ Steem, SBD တစ်ပြားမျှ မရသောအခြေအနေ၊ Vote လုံးဝမရှိသော Post များဖြင့် စတင်ခဲ့ခြင်းကြောင့် ယခုလက်ရှိအခြေအနေသည် များစွာသာလွန်နေပါသေးသည်။ အားလျှင် စာရေးမည်။ အခြားသူများ၏ Post များအား ဖတ်ရှုကာ Vote ပေးသွားမည်သာဖြစ်ပါသည်။ လူတိုင်းအား နေ့စဉ် Vote ပေးနိုင်မည် မဟုတ်ကြောင်းကို အားလုံးလည်း သိရှိပြီးဖြစ်ပါသည်။ ဈေးကျလျှင် စိတ်မကောင်းဖြစ်မိ သော်လည်း စိတ်မပျက်မိပါ။ အားလည်းမလျော့သေးပါ။ အဖွဲ့သားအားလုံးကို တိုက်တွန်းလိုသည်မှာလည်း အချိန်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တတ်နိုင်သမျှ အချင်းချင်း ဖေးမကူညီပေးကြစေလိုပါသည်။ Comment များကို အချင်းချင်း အပြန်အလှန် ရေးသားပေးကြခြင်းဖြင့် Post တင်ရေးသားသူတို့အား ပျော်ရွှင်စေလိုပါသည်။ အမှားအယွင်းရှိလျှင်လည်းအချိန်မီ ပြုပြင်နိုင်ကြမည်ဖြစ်ပါသည်။ ထိုသို့ အသုံးတည့်လှသော Comment ကို အလွယ်ရေးသားခြင်း မပြုကြရန်လည်း လိုအပ်ပါသည်။ အချို့ နိုင်ငံခြားသားများ၏ Post အောက်တွင် ရေးထားသော Comment များသည် အလွန်ပင်ရှည်လျားကာ Post တစ်ခုပင် တင်နိုင်လောက်ပါသည်။ ထို့ကြောင့် အားတက်စေသော Comment တစ်ချက်သည် Post တင်ရေးသားသူတို့အတွက် နောင်ဆက်လက်ရေးသားမည့် Post များအတွက် ပိုမိုအားဖြစ်စေသော အားဆေးကြီး တစ်ခွက်ပင်ဖြစ်ပါကြောင်း ရေးသားရင်း ရပ်နားလိုက်ပါသည်။
Success in Steemit
အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
13-Aug-2018 တနင်္လာနေ့(Monday)