ပျက်စီးတာလား ? ခေတ်မီတာလား ?(Damage? or Modern?)_ New Version

Continued yesterday.....

Screenshot_86.png


I'm not writing bad things. There are also good points. But I would like to know if many consider it a modern violation of the so-called virtuous behavior. They no longer dare to kill others. They are not slow to take the property of others unjustly. They no longer feel guilty about committing adultery. Lying is like eating and drinking. Needless to say, there are many who are addicted to drugs. It can be said that the social environment is progressive and modern because most of the five virtues taught by the Buddha are not safe even among the five virtues. It is a time when the focus is on making money in the daily work and eating. He lied to make money. I stole. They learn to lie without asking. I always wondered if we could say that our country was developing. I do not think that such a deterioration of basic character can be called progressive. In ancient times, the Five Virtues were tried to be as strong as an unbroken girdle. I am not known how the Five Virtues are practiced today.

မကောင်းတာတွေကို ရေးသားနေခြင်းမဟုတ်ပါ။ ကောင်းတဲ့အချက်တွေလည်း
ရှိပါတယ်။ ဒါပေမယ့် အများစုက သီလ လို့ ခေါ်ဆိုနိုင်တဲ့ အကျင့်စာရိတ္တကို ဖောက်ဖျက်နေတာက ခေတ်မီတယ်လို့ သတ်မှတ်နေကြတာလားလို့ သိချင်မိတာပါ။ သူများအသက်သတ်ဖြတ်ဖို့လည်း ဝန်မလေးတတ်ကြတော့။ သူတစ်ပါးပစ္စည်းဥစ္စာကို မတရားသဖြင့် ရယူဖို့လည်း လက်မနှေးတတ်ကြတော့။ သူတစ်ပါး သားမယားကို ပြစ်မှားကျူးလွန်ဖို့လည်း ဝန်မလေးကြတော့။ လိမ်လည်ပြောဆိုတာဆိုတာကတေ့ ထမင်းစားရေသောက်အလုပ်လိုပင် ပြုမူနေကြတယ်။ မူးယစ်စေတတ်တဲ့အရာကို လက်တည့်စမ်းရင်း စွဲစွဲလန်းလန်းဖြစ်နေကြတာက အများအပြားဆိုတာ ပြောစရာပင် မလိုတော့။ ကဲ မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ လူတို့ကျင့်အပ်တဲ့ ငါးပါးပဥ္စသီထဲ အဲ ငါးပါးသောသီလထဲ မှာ တစ်ပါးသီလတောင် မလုံခြုံတော့တာက လူကြီး လူငယ် အများစုပဲဖြစ်နေတော့ လူမှုပတ်ဝန်းကျင်ကြီးက တိုးတက်တယ် ခေတ်မီတယ်လို့ ဆိုနိုင်ပြောနိုင်ပါ့မလားဗျာ။ နေ့စဉ်နဲ့အမျှ ရှာဖွေလုပ်ကိုင်စားသောက်နေရာတွင် ငွေရရှိရေးကိုသာ အဓိကဦးတည်ဆောင်ရွက်တတ်တဲ့ ခေတ်ကာလဖြစ်နေပါတယ်။ စီးပွားရှာရမှာ လိမ်တယ်၊ ခိုးတယ်။ မမေးလည်း လိမ်လည်ပြောဆိုတတ်လာကြတယ်။ ဒါကို ကျွန်တော်တို့နိုင်ငံကြီး တိုးတက်နေပါတယ်လို့ ပြောလို့ရနိုင်ပါ့မလားလို့ အမြဲစဉ်းစားမိတယ်။ ဒီလောက် အခြေခံစာရိတ္တတွေပျက်စီးနေ တာကို တိုးတက်တယ်လို့ မခေါ်နိုင်ဘူးလို့ထင်ပါတယ်။ ရှေးရှေးတုံးက ငါးပါးသီလကို အတတ်နိုင်ဆုံး မကျိုးမပေါက်ရောင် ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံအောင် ကြိုးစားကြတယ်။ ခုခေတ်ကာလမှာ ငါးပါးသီလကို ဘယ်လိုကျင့်သုံးနေကြသလဲဆိုတာ မသိတော့ပါ။


Screenshot_85.png


It is true that it is different from the past ancient time. I don't know if the social standards are high or not. The intellect is also thought to have descended to the bottom. alcohol, Drinking beer is modern. It's human. It's modern to sit in a beer garden. Girls can only be modern if they can sit in the beer station as if they were at home. It is said that girls are popular only when they are dating. The same is true in other developing countries. Many people are not from their own country. Remember that the rules and regulations that others follow are not suitable for your country. They do not imitate what is good. I don't know if it is said that imitating bad habits is modern. Nowadays, people sit in bars and pubs with small episodes, and I don't know if it would be outdated if they did not reach the KTV or guest house. Of course, I was amazed that the girls could come and go as they please. I don't know if they want to say it is outdated because they have never been to a guest house. Modernity and decay are no different. Evil is always bad. Goodness is always good. I stopped, praying that they would have a different understanding of modernity and decay.

ရှေးရှေးကနဲ့တော့ မတူတော့ အမှန်ပါပဲ။ လူမှုအဆင့်အတန်းတွေ မြင့်သလား မမြင့်သလားတော့မသိပါ။ အသိဉာဏ်တွေကတော့ အောက်ဆုံးကို ထိုးဆင်းသွားတယ်လို့လည်း ယူဆပါတယ်။ အရက်၊ ဘီယာသောက်မှ ခေတ်မီသတဲ့။ လူရာဝင်သတဲ့။ ဘီယာဆိုင်ထိုင်မှ ခေတ်မီသတဲ့။ မိန်းကလေးတွေကအစ ဘီယာဆိုင် အရက်ဆိုင်ကို ကိုယ့်အိမ်လို အေးအေးလူလူထိုင်နေနိုင်မှ ခေတ်မီသတဲ့။ မိန်းကလေးများ ဟိုဖော် ဒီဖော် ဖော်နေမှ လူကြိုက်များသတဲ့။ အခြားတိုးတက်နေတဲ့ နိုင်ငံများမှာလည်း ဒီလိုပါပဲလို့ပြောကြလိမ့်မယ်။ သူများတွေနိုင်ငံက ကိုယ့်နိုင်ငံမှ မဟုတ်။ သူများတွေကျင့်သုံးနေတဲ့ စည်းကမ်းတွေ နည်းလမ်းတွေက ကိုယ်နိုင်ငံနဲ့ ကိုက်တယ် မကိုက်ဘူး ရှိနေတာသတိမူ၊ ကောင်းတာကိုကျ အတုမယူကြပဲ၊ မကောင်းဘူးဆိုတဲ့ အကျင့်စာရိတ္တကိုကျ လိုက်လံအတုခိုးနေတာ ခေတ်မီတယ်လို့ ဆိုကြတာလားတော့မသိတော့ပါ။ ယနေ့ခေတ်ကာလမှာ အတွဲလေးတွေကိုယ်စီနဲ့ ဘီယာဆိုင် အရက်ဆိုင် ထိုင်ကြသလို နောက်ဆက်တွဲအနေနဲ့ KTV တို့ တည်းခိုခန်းတို့ကိုမှ မရောက်ရင် ခေတ်မမီတော့ဘူးလားမသိပါ။ မိန်းကလေးများကလည်း တည်းခိုခန်းကို အေးအေးလူလူ ကိုယ့်အိမ်လိုသဘောထား ဝင်ထွက်သွားလာနေနိုင်ကြတာကိုလည်း အံ့သြနေမိ တာအမှန်ပါ။ တည်းခိုခန်းမရောက်ဖူးလို့ ခေတ်မမီဘူးဆိုချင်ကြလေသလားတော့ နားမလည်နိုင်တော့ပါဘူး။ ခေတ်မီတာ နဲ့ ပျက်စီးယိုယွင်းတာ မကွဲပြားတော့ပါဘူး။ မကောင်းမှုဆိုတာ အမြဲတမ်းမကောင်းမှုပါပဲ။ ကောင်းမှု ဆိုတာကလည်း အမြဲတမ်း ကောင်းမှုပဲ ဖြစ်ပါကြောင်းရေးသားရင်း၊ ခေတ်မီတာ နဲ့ ပျက်စီးယိုယွင်းလာတာကို ကွဲကွဲပြားပြား နားလည်နိုင်ကြပါစေလို့ ဆုမွန်တောင်းရင်း ရပ်နားလိုက်ပါတယ်။

Old version links >>>

STEEM BLOG - https://steemit.com/myanmar/@ansoe/atksilatala-ekhtmitala

HIVE BLOG - https://hive.blog/myanmar/@ansoe/atksilatala-ekhtmitala