ဒီအတိုင်း ပေးနိုင်ဘူး

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


တစ်နေ့ ပျင်းပျင်းနဲ့ ကွှီးစိုးတစ်ယောက် အိမ်ရှေ့ကပြင်မှာထွက် ဖုန်းလေးကိုထုတ်ပြီး အသည်းအသန်ဂိမ်း ဆော့နေတဲ့အချိန် ဖုန်းဝင်လာတယ်… အတော်စိတ်တိုသွားသဗျ… ကြည့်လိုက်တော့ ငအော ဆိုတဲ့ကောင်ဆက်တဲ့ဖုန်း… မကိုင်ရင်လည်းထပ်ခေါ်နေမယ့်ကောင်…

“ဟလို ကွှီးစိုး ကွှီးစိုး ဘယ်မှာလည်း”

“ဟကောင် ဘာတုံး ဘာလုပ်မလို့တုံး အိမ်မှာကွ”

“လာမလို့ ဖုန်းဆက်ကြည့်တာ”

“လာကွာ လာလာ အိမ်မှာ ရှိတယ်”

ဂိမ်းတော့ရှုံးတော့မှာပဲ… ဂိမ်းဆက်ဆော့ကာရှိသေး… မောင်မင်းကြီးသား ငအော အိမ်ပေါ်တက်လာတယ်…

“ဟ မြန်လှချေလား ဘာနဲ့လာလို့ ဒါလောက်မြန်ထာလဲ”

“မြန်ဆို ကွှီးစိုး အိမ်ရှေ့ကနေဖုန်းဆက်တာကိုး”

အိမ်ရှေ့ရောက်နေမှ အိမ်လာမလို့ ရှိသလား လှမ်းမေးတဲ့ကောင်ကရှိသေး… စတီးမစ်မှာ ဟိုတစ်လုံး ဒီတစ်လုံး နဲ့ တောင်ရေးမြောက်ရေး စာတိုပေစတွေရေးပြီး ဆရာရေးဆရာဖြစ်နေတဲ့ ငအော…

“ကွှီးစိုး ဘာတွေ ချက်နေတာတုံး”

“ဘာမှ မချက်ဘူးလေကွာ ငုတ်တုတ်ထိုင်နေတာကို ခဏနေစမ်းပါအုံး”

“ဟင်းချက်တာပြောတာဟုတ်ဘူး ဘယ်ကောင်မလေးတွေနဲ့ချက်နေတာလဲမေးထာ”

အထင်တကြီးနဲ့ မေးလဲမေးပါလေ့ ဒီကောင်

“ငှယ်… ကောင်မလေးတွေနဲ့ချက်စရာလား နေစမ်းပါအုံးခဏ”

“ဒါဆို ဖုန်းတစ်လုံးနဲ့ ဘာတွေအသည်းအသန် လုပ်နေထာလဲ”

“သွားရောကွာ ခွီးထဲမှ ရှုံးဘီ ဂိမ်းဆော့နေတာကွ မင်းလုပ်တာနဲ့ ရှုံးပြီ”

“တိန်-ကွှီးစိုးလည်း ဂိမ်းဆော့သလား”


03.png


“တခါတလေ အပျင်းပြေပေါ့ကွာ… ထားပါကွာ ခုက ဘာကိတ်လဲ”

“ဘာကိတ်မှ မပါဘူး”

“ငါ့ဆီလာတာ ဘာကိစ္စလဲ မေးတာဟ အားအားယားယား အလည်လာတာတော့မဟုတ်လောက်ဘူး”

“ဟီး မေးစရာလေးရှိလို့ပါ ကွှီးစိုးရ”

“ဘာမေးချင်တာတုံး”

“ကွှီးစိုးက နေ့တိုင်းစာတွေရေးတင်နိုင်တယ်မလား”

“အေးလေ ဘာဖြစ်လို့”

“အဲဒီနည်းလေး သင်ပေးပါ”

“ဘယ်နည်းသင်ခိုင်းနေတာလဲ”

“စာတွေ နေု့တိုင်းရေးနိုင်အောင် ဘယ်လိုနည်းစနစ်နဲ့များရေးနေတာလဲလို့ မေးချင်တာ အဲဒီလိုနည်းစနစ်လေးများ သင်ပေးပါအုံးဗျ”


02.png


အဲဒါမှ ပြဿနာပဲ… ကျုပ်က စိတ်ထဲဝင်လာတာ ရေးချင်သလိုရေးချနေတာကို… တွေ့သမျှကုန်ကြမ်း ကြားသမျှကုန်ကြမ်း ခေါင်းထဲအကုန်မှတ်ထားပြီး ဖတ်ဖူးတဲ့စာ ကြားဖူးနားဝရှိတဲ့စကားလုံးလေးတွေနဲ့ မဖြစ်ညစ်ကျယ် စာရေးနေရတာကို ကျုပ်များ တကယ့်အောင်မြင်နေတဲ့ နိုင်ငံကျော် စာရေးဆရာကြီးများ မှတ်နေရော့သလား… ခက်ပြီ ဒီ ငအော နဲ့ကတော့… နည်းစနစ်လေးပေးပါ လာတောင်းတဲ့သူနဲ့တော့ တွေ့နေပြီ… နာမည်ကလည်း အတော်ကြီးနေသား... တောင်တစ်လုံး မြောက်တစ်လုံးရေးတင်နေတာကို အထင်တကြီး စာရေးနည်း လာတောင်းနေသေးတယ်… ဟန်ကိုယ့်ဖို့ ဆိုတဲ့စကားအတိုင်း အတည်ပေါက်နဲ့တော့ ပြောရပေမယ်…

“ဒီမယ် ငအော ငါ့ရဲ့စာရေးနည်းလိုချင်တယ်ပေါ့လေ”

“ဟုတ် ကွှီးစိုး”

“မင်းကို ငါ့စာရေးနည်း သင်ပေးရမယ်ပေါ့”

“ဟုတ် ကွှီးစိုး”

“အဲဒါဆို ဒီအတိုင်းတော့ မပေးနိုင်ဘူး”

“ခင်ဗျာ ဒီအတိုင်းမပေးနိုင်ဘူးဆိုတော့ ကွှီးစိုးက ကန်တော့ပွဲတွေ ဘာတွေနဲ့ ပေးမှာလား”

“ငှယ် … နင့်ကို ငါက စာရေးနည်းသင်ပေးတာကို ငါက ဘာလို့ ကန်တော့ပွဲပေးရမှာတုံး ပေးချင်းပေးရင် နင်က ကန်တော့ပွဲပေးရမှာ”

“သိဘူးလေ ကွှီးစိုးက ဒီအတိုင်းတော့မပေးနိုင်ဘူးဆိုတာကိုး”

“ဒီအတိုင်းမပေးနိုင်ဘူးဆိုတာက နင် ငါပြောတဲ့ နည်းအတိုင်း စတီးမစ်မှာစာတွေ ရေးမယ်မဟုတ်လား”

“ဟုတ်တယ်လေ”

“အဲလိုရေးရင် နင်ပိုက်ဆံရမယ် ဟုတ်”

“ဟုတ်”

“အဲဂလိုဆို နင် စာတစ်ခါရေး Promotion Post တစ်ခုတင်တိုင်း ရတာတစ်ဝက်ပေးရမယ်”

“ဟင် ဒါသက်သက် ကွှီးစိုး လူလည်ကျတာပဲ Promotion Post တင်လို့ ရတာတစ်ဝက်ဆိုတော့ ရေးနေသမျှ ပေးနေရမပေါ့ ဒီအတိုင်း စေတနာကောင်းလေးထားပြီး ပြောပြပါလား ကွှီးစိုးရယ်”

“မပေးချင် မမေးနဲ့လေ”

မှတ်ကရော… ငအော ခဏငိုင်သွားရော… ကွှီးစိုးတို့က ပြတ်ပြတ်ပဲ… ကိုယ့်ဦးနှောက်နဲ့ ကိုယ်မစဉ်းစားပဲ… သူများဦးနှောက်လာဖောက်စားနေတဲ့ကောင် ငအော … ဒါလောက်မှ မရရင်တော့ No ပါပေါ့… ခပ်တင်းတင်းပဲနေလိုက်တယ်…

“စတင်း 5 လောက်တော့ ဥာဏ်ပူဇော်ခ ပေးပါမယ်ဗျာ… Pro ရေးသမျှ တစ်ဝက်တော့မလုပ်ပါနဲ့… ခုက နေ့တိုင်း Pro တင်လို့ရတော့ နေ့တိုင်းတင်နေတာ… အဲဒီလိုဆို ကွှီးစိုးကို နေ့တိုင်းပေးနေရမှာပေါ့… ကိုယ့်ညီလေးတွေပဲဗျာ… လုပ်ပါဗျ… ခုချက်ချင်းလွှဲပေးမယ်ဗျာ… ပြောပြပါ”

“အဲလိုဆိုရင်လည်း 5 စတင်းတော့မရဘူးကွာ… 10 စတင်းတော့ပေး”

“မလုပ်ပါနဲ့ ကွှီးစိုးရယ်… 5 စတင်းပဲထားပါ… ဈေးတွေကကျနေတော့ စာရေးတာ ဘာမှမရလို့ပါဗျ”

ဒီကောင် ငအော… ပြောမပြမချင်း ပြန်မယ့်ပုံမပေါ်… မပြန်လို့ ညနေရောက်သွားရင် ထမင်းတောင် ၀င်စားသွားအုံးမယ့်အကောင်… အိမ်မပြန်ပဲ ညအိပ်ချင်အိပ်နေတဲ့ကောင်… မဖြစ်ချေဘူး… 5 စတင်းလေးယူပြီး မြန်မြန်ပြောပြလိုက်မှ မြန်မြန်ပြန်မယ်…

“ကောင်းပြီလေ… 5 စတင်းခုလွှဲပေး… မင်းမို့လို့နော်… အခြားသူဆို ငါ့စာရေးနည်းမပြောဘူးကွ”

“ဟာ ကျေးဇူး ကွှီးစိုးရေ ခုပဲ လွှဲပေးမယ်”

ငအော ခမြာ ၀မ်းသာအားရနဲ့ ပြောလည်းပြော ဖုန်းလည်းထုတ်ပြီး 5 စတင်း လွှဲဖို့လုပ်တယ်… စောင့်ကြည့်နေလိုက်တယ်… ခဏနေတော့

“ဒီမှာ လွဲလိုက်ပြီ ကြည့်နော် ကွှီးစိုး”

သူ့ဖုန်းကိုလှည့်ပြတယ်…


04.png


“နေအုံးလေ ငါ့ ပိုက်ဆံအိတ်ထဲဝင်မ၀င် ကြည့်အုံးမယ် ခဏစောင့်အုံး”

“ဟာဗျာ… ဒီမှာ မှန်နေတဲ့ဟာ မရောက်ပဲ နေမလားဗျ”

“ဟ သူမှန်မှန် မမှန်မှန် ငါအလုပ်က ငါ့ပိုက်ဆံအိတ်ထဲ ၀င်မ၀င်စစ်ရမှာပဲ”

“စစ်ဗျာ… မြန်မြန်စစ်”

ငအော စိတ်မရှည်တဲ့လေသံနဲ့ဆောင့်ကြိး အောင့်ကြီးနဲ့ ပြောတယ်…စတီးမစ်ထဲဝင်ပြီး စစ်ကြည့်လိုက်တော့ 5 စတင်း ၀င်နေတာတွေ့တယ်… တကယ်တော့ ငအော ကို ဘာနည်းစနစ်ပြောပြရမယ်မှန်းမသိသေးလို့ အကြံထုတ် အချိန်ဆွဲနေတာ… 5 စတင်းကလက်ထဲရောက်နေပြီလေ… အေးဆေးပေါ့… ဘလော့ဝင်လိုက် ဝေါလက်ဝင်လိုက် ရက်ပလိုင်း ၀င်လိုက်လုပ်နေတော့ ငအော က

“ရောက်ပြီမို့လား ဘာတွေကြည့်နေတာလဲ ပြောတော့ဗျာ”

ငအော စိတ်မရှည်တော့ မြန်မြန်ပြောမှ နို့မို့ 5 စတင်းလေးပြန်တောင်းနေရင် ဒုက္ခ... မပြောရင်လည်း ပြန်တောင်းမှာအသေအချာ... မပေးရင်လည်း Post တင်တိုင်း ကွန့်မန့်ကနေ လာလာတောင်းနေမှာလည်း အသေအချာ...

မြန်မြန် ရွှီးလွှတ်မှ...

“အိုကေ အိုကေ ပြောမယ်… သေချာလိုက်မှတ်နော် နောက်တစ်ကြိမ် ပြောမပြတော့ဘူး”

“ဟိုး… ခဏ ကွှီးစိုး… ရက်ကော့ လေးဖမ်းထားလိုက်အုံးမယ် ပြန်နားထောင်လို့ရတာပေါ့ မရှင်းရင်လည်း ပြန်မေးမယ်”

“ဘာလဲ ရက်ကော့က”

“အသံဖမ်းတဲ့ ဟာလေ”

Record လုပ်ထားအုံးမယ်ပြောတာကိုး… ငအော ကအလာကြီးပဲ… တခါတည်း အပိုင်ကိုင်ထားချင်တာ…

“အသံဖမ်းထားချင်တာလား အဲဒါဆိုလဲ မြန်မြန်လုပ်”

“ခဏပါ ကွှီးစိုးရ… ရပြီ ပြောတော့”

"အဟမ်း အဟမ်း အဟမ်း"

"ပြောမှာမပြောပဲနဲ့ အဟမ်းတွေ ရက်ကော့ထဲ ပါကုန်ပီ"

“အေးပါကွ လည်ချောင်းလေးရှင်းတာပါ ငါ စာတွေရေးနေတာကတော့ ဒီလိုကွ

…………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………

(မှတ်ချက်။ ။ စိတ်ဝင်စားသူများ 5 စတင်း လွှဲပြီး ဆက်သွယ်မေးမြန်းနိုင်ပါသည်။ စတင်းမလွှဲပဲ မေးမြန်းလာပါက ပြန်လည်ဖြေကြားမည်မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်)

ရွှီးနေလိုက်တာ လေအတော်ရှည်သွားတဲ့အတွက် ရေထသောက်လိုက်ရတယ်... မောင်မင်းကြီးသား မောင်ငအော ကတော့ ကျုပ်ရွှီးသမျှ သဘောတွေကျနေလေရဲ့....

“ကျေးဇူးပဲ ကွှီးစိုးရေ ခုပဲ စာရေးတင်တော့မယ် ပြန်ပြီဗျို့”

ဝမ်းသာလိုက်သည့်ဖြစ်ခြင်း မြန်မြန်ပြန်ပါမှပဲ… နို့မို့ဆို စီးပွားရေးထိခိုက်မယ့် ငအော…
အနှီ ငအော ဆိုသောကောင်သည်ကား ထိုနေ့မှစကာ စာရေးရန် အခက်အခဲမရှိတော့ကြောင်း၊ ကျေးဇူးတင်ကြောင်း မကြာခဏ ဖုန်းဆက်ပါသေးတယ်.....

ရယ်သောသူသည် အသက်ရှည်၏ လို့ဆိုကြလို့ပါ....

ဒီကွှီးစိုးက တစ်ခါလာ တိုးတက်ရေး၊ နောက်တစ်ခါလာ အောင်မြင်ရေး ဒါတွေချည်းပဲရေးနေတယ်… ပျင်းလာပြီ… Promotion ကလည်း လာလာတင်နေတတ်တော့ V and C ကလည်း မပေးလို့ကမဖြစ်… စာမဖတ်ပဲ သူများကွန့်မန့်ကြည့်ပြီး ရမ်းသမ်း မန့်လိုက်တော့မယ်… အလှည့်ရယ် အပြောင်းရယ် လုပ်ပြီး စိတ်ကူးပေါက်ရာ ခြင်းသာဖြစ်ပါတယ်… Promotion မတင်ပြန်ရင်လည်း Blog မှာလည်း လာဖတ်သူ တစ်ယောက်ရယ်မှ မရှိသလောက် ဆိုတော့ကာ...

တစ်မျိုးမမြင်နဲ့ နှစ်မျိုး သုံးမျိုးမြင်ကြနော်… အနှီ Post အား ရယ်စရာလို့သာ မှတ်… ကြိုပြောထားလိုက်အုံးမယ်… ရယ်စရာလို့မမှတ်တဲ့သူတွေ 5 စတင်း တကယ်လာမလွှဲမိကြစေနဲ့… ယောင်လို့တောင်မှ လာမလွှဲနဲ့နော်... ဒါလောက်သတိပေး ပြောထားတဲ့ကြားက လွှဲလို့ကတော့ ....................................................


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

4-Sept-2018 အင်္ဂါနေ့(Tuesday)