Dicord Channel အားအသုံးပြုခြင်းဗဟုသုတအနည်းငယ်(Afew Knowlede For Using Dicord)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



06.png


ကျွန်တော်သည် Steemit Platform ကိုကျွမ်းကျင်သောသူတစ်ယောက်တော့မဟုတ်ပါ။ သို့သော်လည်း သိသမျှလေးအားမျှဝေချင်သောစိတ်ဖြင့်ရေးသားခြင်းဖြစ်ပါသည်။ အမှားအယွင်းရှိပါက ကျွန်တော့်၏ အားနည်းချက်သာဖြစ်ပါသည်။ ခွင့်လွှတ်ပေးကြပါကုန်။ လူသစ်များနှင့်အခြားသောမသိသေးသော မြန်မာအဖွဲ့ဝင်များအတွက်ကျွန်တော်နားလည်သလောက်ရေးသားပေးလိုက်ခြင်း ဖြစ်ပါသည်။ လိုအပ်ချက်များရှိနေမည်ဖြစ်သော်လည်း ထိုက်သင့်သော အကျိုးတရားလေးများနှင့် ဗဟုသတလည်းရရှိနိုင် စေရန်အတွက် အထောက်အပံ့အနည်းငယ်ရရှိနိုင်စေရန်အတွက်ရည်ရွယ်ရေးသားခြင်းဖြစ်ပါသည်။ လိုအပ်ချက်များကို နားလည်ပြီးသော ဆရာများမှ ဖြည့်စွက်ပေးကြပါရန်လည်း တောင်းပန်အပ်ပါသည်။ အမှားအယွင်းများပါလာပါကလည်း ပြုပြင်ပေးနိုင်ပါသည်။ ဝေဖန်ပေးကြပါဟုလည်း တောင်းဆိုအပ်ပါသည်။ ပြုပြင်စရာရှိပါက ပြုပြင်ပါမည်။ မြန်မာလူမျိုးအားလုံး Steemit Platform တွင် အောင်မြင်စေချင်ပါသည်။ ယခုလို STEEM နှင့် SBD(Steem Dollar)များက ဈေးတက်နေချိန်တွင် vote အခက်အခဲဖြစ်နေသဖြင့် အကူအညီအနည်းငယ်မျှရပါစေဆိုသည့် စိတ်စေတနာဖြင့်ရေးသားပါသည်။ Discord Channel အကြောင်းကို ယခင်က ဆရာသမားများရေးသားထားခဲ့သည်များလည်းရှိပါသည်။ အချိန်ကာလကြာမြင့်နေပြီ ဖြစ်သည့်အပြင် မြန်မာအဖွဲ့ဝင်အသစ်များအနေဖြင့် Blog များတွင် ၀င်ရောက်ဖတ်ရှုကြခြင်းမရှိဟုလည်းထင်မြင်မိသော ကြောင့်လည်း ယခုစာအားရေးသားခြင်းလည်းဖြစ်ပါသည်။ မကြာမီရက်ပိုင်းကပင် @domelay ရေးသားခဲ့ပါသေးသည်။ မဖတ်ရှုရသေးပါက Dicord နဲ့ noti လေးတွေယူမယ် ကိုနှိပ်ပြီးဖတ်ရှုနိုင်ပါသည်။


07.png


Discord Channel သည် Minnow Support Project ၏ Server တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။ Discord သည် Facebook တွင် အသုံးပြုကြသည့် Messenger ကဲ့သို့ပင် Messanging Application တစ်ခုပင်ဖြစ်ပါသည်။ Discord ကိုအသုံးပြုရန်အတွက် Register ပြုလုပ်ရန်လိုအပ်ပါသည်။ Register လုပ်ပြီးသွားသော်လည်း Channel များသို့ဝင်ရောက်နိုင်ရန်အတွက် Invite Link လိုပါသည်။ ကျွန်တော့်၏ Link မှလည်း ၀င်ရောက်နိုင်ပါသည်။ ကျွန်တော့်၏ Invite Link မှာ https://discord.gg/GFrjxr ဖြစ်ပါသည်။ ထို Link မှဝင်ရောက်ခြင်းဖြင့်လည်း Register ပြုလုပ်နိုင်ပါသည်။ GMail Confirm ပြုလုပ်ရန်လည်း လိုအပ်လာနိုင်ပါသည်။ လိုအပ်ချင်မှလည်း လိုအပ်ပါလိမ့်မည်။ တချို့အကြောင်းအရာများကို သေချာစွာ မမှတ်မိသောကြောင့် မသေမချာရေးလိုက်ရခြင်းဖြစ်ပါသည်။ Comfirmation တောင်းလာပါက မိမိ၏ GMail Account တွင် Discord မှ Mail ပို့ထားမည်ဖြစ်ပါသည်။ Verify Email ကိုနှိပ်ပေးရန်လိုအပ်ပါသည်။ Verify Email နှိပ်ပြီးပါက ခေတ္တစောင့်ဆိုင်းပေးပါ။ ထိုအဆင့် ပြုလုပ်ပြီးပါက Dicord Channel သို့ရောက်ရှိသွားမည်ဖြစ်ပါသည်။ Register ပြုလုပ်ပြီးသော်လည်း P.A.L Group Channel တွင် ထပ်မံ Register ပြုလုပ်ပေးရမည်ဖြစ်ပါသည်။


2.png


P.A.L Group Channel တွင် Register ပြုလုပ်ခြင်းကို အဆင့်လိုက် ဆက်လက်ဖော်ပြပေးလိုက်ပါသည်။

(၁) P.A.L Group Channel ထဲတွင် #registration ကိုရှာပါ။


03.png


(၂) တွေ့ရှိပါက Message #registration အကွက်ထဲတွင် $register username ဟု ရိုက်ထည့်ပါ($register ရေးပြီးလျှင် space တစ်ချက်ခြားပါ။ ပြီးလျှင် မိမိတို့၏ steemit တွင် အသုံးပြုနေသည့် user name ကိုရိုက်ထည့်ပါ ဥပမာ ကျွန်တော်၏ steemit user name သည် ansoe ဖြစ်သောကြောင့် ကျွန်တော် register ပြုလုပ်ရာတွင် $register ansoe ဟုရိုက်ပေးရပါ သည်။ $registeransoe ဟုတစ်ဆက်တည်းရိုက်မရပါ $register နှင့် user name ကို space ခြားထားပေးရပါမည်။) ထိုသို့ ရိုက်ထည့်ပြီးပါက Bot မှ အောက်ဖော်ပြပါအတိုင်း Memo ချပေးပါလိမ့်မည်။ minnowsupport မှ တစ်ခု၊ banjo မှ တစ်ခု memo နှစ်ခုဖြစ်ပါမည်။


minnowsupport(bot) To register ansoe with @ansoe, sent 0.001 STEEM or 0.001 SBD to minnowsupport with memo: abcde-fghij-klmno
Then type $register ansoe again.

banjo(bot) To register ansoe with @ansoe, sent 0.001 STEEM or 0.001 SBD to banjo with memo: pqrst-uvwxy-zabcd
Then type $register ansoe again.


01.png


အထက်ပါ memo သည် minnowsupport သို့ 0.001 STEEM သို့မဟုတ် 0.001 SBD ပို့ပေးရမည်ဖြစ်သကဲ့သို့ banjo ထံသို့လည်း 0.001 STEEM သို့မဟုတ် 0.001 SBD ပို့ပေးရမည်ဖြစ်ပါသည်။ ထိုသို့လွှဲပေးရာတွင် minnowsupport သို့ 0.001 STEEM သို့မဟုတ် 0.001 SBD ပို့ပေးပါရာတွင် သူပေးထားသော memo နောက်တွင်ပါသော pqrst-uvwxy-zabcd ကိုကော်ပီယူကာ မိမိတို့လွှဲပေးသော memo အကွက်တွင် သေသေချာချာထည့်ပေးရန်လိုအပ်ပါသည်။ မှားမရပါ။ ထို့အတူ banjo ထံသို့လွှဲပေးရာတွင်လည်း banjo ပေးထားသော memo နောက်တွင်ပါသည့် pqrst-uvwxy-zabcd ကိုသေချာစွာ ကူးယူပြီး မိမိလွှဲပေးသော memo အကွက်တွင် သေချာစွာထည့်ပေးပါ။ ထိုသို့ 0.001 STEEM သို့မဟုတ် 0.001 SBD လွှဲပေးရခြင်းကို မနှမြောသင့်ပါ။ သူတို့ထံမှ အမြဲတမ်း upvote ရရှိနေမည်ဖြစ်သောကြောင့် သူတို့၏ upvote တစ်ချက်စာပင် မရှိပါ။


transfer copy.png


ထို့နောက် P.A.L Group Channel မှ message box ထဲတွင် $register username ကိုထပ်မံရိုက်ထည့်ပေးရမည် ဖြစ်ပါသည်။ ထိုအခါ minnowsupport နှင့် banjo တို့က register ပြုလုပ်ပြီးကြောင်း အသီးသီး ပြပေးပါလိမ့်မည်။

(၃) ထိုသို့ register ပြုလုပ်ပြီးပါက ကျွန်တော်တို့အနေဖြင့် minnowsupport နှင့် banjo တို့ထံတွင် upvote တောင်းနိုင် ပါသည်။ သို့သော် အချိန် အနည်းဆုံး ၁၂ နာရီခြားသာ တောင်းနိုင်မည်ဖြစ်ပါသည်။ တစ်ရက်လျှင် မိမိတို့၏ post တစ်ခုကိုသာ upvote တောင်းခြင်းသည် ပိုကောင်းပါမည်။ အချိန်မပြည့်မီသွားတောင်းမိလျှင် upvote မရနိုင်ကြောင်း ဖြေကြားမည်ဖြစ်သကဲ့သို့ ခဏ ခဏ တောင်းနေလျှင် ဘန်းခံရနိုင်ပါသည်။ သတိပြုဆင်ခြင်ပါ။ minnowsupport နှင့် banjo တို့ထံမှ upvote တောင်းရန်မှာလည်း လွယ်ကူပါသည်။ P.A.L Group Channel မှ #upvote ကိုရှာပြီး #upvote ကိုနှိပ်ပါ။ ထို့နောက် message box ထဲတွင် **$upvote postlink(ဥပမာ- $upvote https://steemit.com/myanmar/@ansoe/sm-knylundefinedkpa-test-this-technique) ဟု ရေးပေးပြီး sendလိုက်ပါက minnowsupport နှင့် banjo တို့မှ upvoted ဟု ပြန်ကြားလာသည်ကိုတွေ့ရမည်ဖြစ်ပါသည်။


05.png


မိမိတို့ upvote လုပ်ခိုင်းလိုက်သော post ၏ comment တွင် ၀င်ရောက်ကြည့်ပါက minnowsupport နှင့် banjo တို့က သူတို့ upvote လုပ်ထားပြီးကြောင်း ပြသပေးနေမည်ဖြစ်ပါသည်။


04.png


Minnow Support Projectတွင် အခြားသော အသုံးချစရာများ အများအပြားရှိ နေပါသေးသည်။ သို့သော် ကျွန်တော်နားလည်သည်မှာ ယခုရေးသားထားသောအပိုင်းလောက်ကိုသာ နားလည်ထားခြင်း ဖြစ်ပါသည်။ အခြားသော အသုံးပြုစရာများသည်လည်း အလွန်အသုံးတည့်မည်မှာ သေချာပါသည်။ နားလည်တတ်ကျွမ်းပြီး သူများမှ ထပ်မံ မျှဝေပေးကြပါလို့ တောင်းဆိုလိုပါသည်။ ကျွန်တော်နားလည်သမျှလေးကိုသာ ရေးသားခြင်းဖြစ်ပါသဖြင့် လိုအပ်ချက်များစွာ ရှိနေပါသည်။ လိုအပ်ချက်များ ရှိနေကြောင်းကိုလည်းသိပါသည်။ သို့သော် ကျွန်တော့်တွင် နောက်ထပ် ရေးသားပြစရာအကြောင်းအရာမကျန် တော့ပါသဖြင့် ဒီ ဆောင်းပါးလေးအတွက် ဒီနေရာမှာတင် ရပ်နားခွင့်ပြုပါခင်ဗျာ။ သေချာစွာ မရှင်းလင်းပါက CG ထဲတွင်လည်းမေးမြန်းနိုင်ပါသည်။ ကျွန်တော့ CB တွင်လည်းလာရောက်မေးမြန်းနိုင်ပါသည်။ ကျွန်တော့် CB တွင် မေးမြန်းပါက အချိန်ကြာနိုင်သောကြောင့် CG ထဲတွင်မေးမြန်းခြင်းကပိုမိုအဆင်ပြေနိုင်ပါသည်။ နားလည်သူများမှ ရှင်းပြပေးသွားပါလိမ့်မည်။ အားလုံးပဲအဆင်ပြေကြပါစေ။


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

22-12-2017 သောကြာနေ့(Friday)