ဝေဖန် လေကန်ရေး

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


အခြားသူများတွေကို အကောင်း အဆိုးဝေဖန်ဖို့ရန်အတွက် ကိုယ်တိုင်ကလည်း ဝေဖန်မယ့် အကြောင်းအရာအတွက် ထိုက်သင့် သလောက်တော့ နားလည်နေရမယ်ထင်တယ်။ ဒါမှလည်း ကောင်းသလား၊ ဆိုးသလားဆိုတာကို ဝေဖန်နိုင်မယ်လေ။ ဘာမှမသိထားရင် ဘယ်လိုဝေဖန်ရမလဲ။ မသိပဲနဲ့ ဝေဖန်မယ်ဆိုလည်း ဝေဖန်ရာ မရောက်ပဲ လေကန်နေတာပဲဖြစ်မယ်ထင်တယ်။ ကျွန်တော် ထင်တာရေးတာပါ။ သဘောထားမတိုက်ဆိုင်ခဲ့ရင် ကျော်သာချလိုက်ပါ။ အကြံပြုမယ်ဆိုရင် လက်ခံရန် အသင့်ပါ။ ဥပမာတစ်ခုအနေနဲ့ပြောကြည့်ရမယ်ဆိုရင် Facebook ကိုသာ သုံးဖူးတဲ့ Facebook User တစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ Steemit ကို မမြင်ဘူး မတွေ့ဘူး မလေ့လာဘူးပဲနဲ့တော့ ဝေဖန် လို့မဖြစ်နိုင်ဘူးလေ။ လေပဲကန်နေလို့ရမှာပေါ့။ လေကန်နေတာတောင် အမှားတွေပဲ ကန်နေမိမယ်။ Steem အကြောင်းကို မသိရင် Steem Dolla, STEEM, Steem Power ဆိုတာတွေကတော့ ဝေလာဝေးဖြစ်ရောပေါ့နော။ လူတစ်ယောက်ကို ဝေဖန်မယ်ဆိုရင်လည်း ထို့အတူတူပဲဖြစ်မှာပါ။ ဝေဖန်မယ့်လူရဲ့ အကြောင်းကို မသိရပဲနဲ့ မှန်မှန်ကန်ကန် ဝေဖန်ဖို့အတွက် မဖြစ်နိုင်ဘူးထင်တယ်။ ဘာမှမသိပဲနဲ့ ဘယ်လိုဝေဖန်မလဲ၊ ဘယ်လိုအကြံပြုမလဲ၊ ဘယ်လိုအမှားတွေကို ထောက်ပြနိုင်ပါ့မလဲ။ အဲဒီလိုပဲမြင်မိပါတယ်။ မှားနေရင် ထောက်ပြ ဝေဖန် အကြံပြုပေးကြပါ။ စိတ်ထဲပေါ်ရာ ရေးချနေရတာဆိုတော့ မှားတယ်ဆိုရင်လည်း မှားလို့ပေါ့။ မှန်တယ်ဆိုရင်လည်း မှန်လို့ နေလိမ့်မယ်။


02.png


လူတို့ရဲ့ အတွေးအခေါ်တို့ အသိဥာဏ်တို့ဆိုတာတွေက ဘ၀မှာ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ ကနေ ဖြစ်ပေါ်လာတယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ရဲ့ အတွေးအခေါ် အယူအဆက သူဖြတ်သန်းခဲ့တဲ့အတွေ့အကြုံပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တတ်၊ ယူဆတတ်ကြတာကို တွေ့မြင်နေရလို့ပါပဲ။ ဒါပေမယ့်လည်း အတွေ့အကြုံကပေးလိုက်တဲ့ အသိဥာဏ်တို့ ဆုံးဖြတ်ချက်တို့ ဆိုတာတွေကလည်း တခါတရံမှာ ရှုတ်ထွေးပွေလီနေတတ်ပါတယ်။ အဲဒီနေရာမှာလည်း စိတ်ခံစားမှုတွေကိုလိုက်ပြီးတော့ ဆုံးဖြတ်တတ်ကြလေတော့ အမှန်နဲ့လွဲနေတတ်တာကိုလည်း တွေ့ရပါတယ်။ အတွေ့အကြုံဆိုတိုင်းလည်း ကောင်းတဲ့အတွေ့အကြုံ၊ အသုံးချနိုင်တဲ့ အသုံးကျတဲ့ အတွေ့အကြုံ ဖြစ်ချင်မှ ဖြစ်တတ်တာပါ။ တချို့အကြောင်းတရားတွေက တရားသေမှတ်ထားလို့လဲ မရတတ်ဘူးမဟုတ်လား။ ဒီနေ့ဈေးထဲသွား ဈေးဝယ်တော့ ဆိတ်သားတစ်ပိဿာ (၁၂၀၀၀)ကျပ် ဖြစ်နေတယ်ဆိုပေမယ့် မနက်ဖန် ဈေးသွားဝယ်ရင် (၁၂၀၀၀) ထက်ပိုချင်ပိုနေနိုင်သလို လျော့ချင်လည်း လျော့နေနိုင်တာပေါ့။ အမြဲတမ်းဈေးဝယ်နေရတဲ့ အိမ်ရှင်မတွေ အိမ်ရှင်ထီးတွေက ပိုသိပါလိမ့်မယ်။ အဲလိုပဲ တချို့အကြောင်းတွေက ပုံသေ ကားချ တရားသေမှတ်လို့ မရတာတွေ အများအပြားရှိမယ်ထင်ပါတယ်။ ဒီနေ့ STEEM ဈေးက 3.5$ ဖြစ်နေပေမယ့် မနက်ဖြန်ကျရင် 500 $ ဖြစ်ချင်လည်း ဖြစ်သွားနိုင်တာပဲ(ဖြစ်ချင်တာပြောကြည့်တာပါ၊ မြန်မြန်ဖြစ်ပါစေလို့လည်း ဆုတောင်းနေ တာပါ)။ အဲလိုများဖြစ်ခဲ့ရင် ချစ်လှစွာသော ချစ်မိတ်ဆွေအပေါင်း ဘယ်လိုများနေပြီး ဘာတွေများလုပ် နေကြမလဲလို့ စိတ်ကူးနဲ့လည်း ပုံဖော်ကြည့်မိတယ်ဗျ။ ဘာလုပ်ကြမလဲဟင်? ကျွန်တော်တစ်ကိုယ်ရေ စိတ်ကူးကတော့ ဈေးတွေအရမ်းတက်စေချင်ပါတယ်။ ဒါပေမယ့် ဈေးတွေအရမ်းတက်သွားရင် ဘာလုပ်ရမလဲဆိုတာတော့ မသိတာအမှန်ပါဗျာ။


03.png


ကျွန်တော်တို့ MSC ကို အခြားသောသူများမှ စည်းကမ်းတင်းကျပ်တယ်။ ကြီးကျယ်တယ်။ ဟိုဟာလည်းမလုပ်ရ။ ဒီဟာလည်း မလုပ်ရနဲ့။ ဒါက အခြားသူများက ဝေဖန် လေကန်နေ ကြတာပဲဖြစ်မယ်။ ဒါပေမယ့် MSC အဖွဲ့သားများနဲ့ Admin အဖွဲ့အနေကတော့ လျော့တိလျော့ရဲနဲ့ စည်းကမ်းကိုမရှိဘူး။ သူတို့အကျိုးအတွက် အမုန်းခံ အပင်ပန်းခံပြီး ပြောဆိုနေကြတယ်။ ကောင်းမွန်တဲ့ဝင်ငွေလေးတစ်ခု တစ်ဖက်တစ်လမ်းကရအောင် တိုက်တွန်းပါတယ်။ ဒင်းတို့က အပြစ်ပဲမြင်နေတယ်။ ဒီလိုအမြင်နှစ်ခုကွဲ သွားတယ်မလား။ ဘယ်အမြင်ကအမှန်ဖြစ်မလဲ။ ဝေဖန်ဖို့တော့ မလွယ်ဘူးထင်တယ်။ ကျွန်တော်တော့ မဝေဖန်တတ်ပါဘူး။ ဘယ်အဖွဲ့အစည်း ဘယ်အသင်းအဖွဲ့ ဘယ်လုပ်ငန်းမှာမဆို ပါဝင်ဆောင်ရွက် လုပ်ကိုင်နေကြတဲ့သူတွေက စုစည်းညီညွတ်မှုရှိကြမယ်။ စုပေါင်းဆောင်ရွက်တတ်ကြမယ်။ အစစ်အမှန်နဲ့လုပ်ကိုင်ကြမယ်ဆိုရင် တော်တော်ကို အဆင်ပြေနိုင်မယ်ထင်တယ်။ အရည်အချင်းရှိတဲ့ အဖွဲ့သားတွေ လိုအပ်သလို အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေလည်း ရှိမှ ဖြစ်မယ်။ အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေတော့ ရထားပါရဲ့။ အဖွဲ့သားများက အရည်အချင်းမရှိပြန်ရင်လည်း အောင်မြင်ဖို့ မလွယ်ကူသလို ခေါင်းဆောင်ဖြစ်သူတွေက အရည်အချင်းမဲ့နေပြီး အဖွဲ့သားတွေက အရည်အချင်းပြည့်နေပေမယ့် လည်း အောင်မြင်နိုင်မယ်မထင်ပါဘူး။ မီးရထားခေါင်းကြီးက ပျက်နေမှတော့ နောက်တွဲတွေ ဘယ်လောက်ကောင်းကောင်း ခရီးမတွင်သလို မီးရထားခေါင်းတွဲကြီးက ဘယ်လောက် ကောင်းကောင်း နောက်တွဲတွေက အို နာ ကျိုး ပဲ့ တွေ သံရည်ကျိုစက်ရုံ ပို့ရမယ့်ဟာတွေ ဖြစ်နေမယ်ဆိုပြန်ရင်လည်း ခရီး မတွင်နိုင်ဘူးဖြစ်နေမယ်လေ။ ရှေ့နဲ့နောက် အတွဲညီညီနဲ့ ချီတက်မှ ပန်းတိုင်ကို ရောက်နိုင်မယ်မဟုတ်လား။ အတတ်နိုင်ဆုံး အတွဲညီအောင်တော့ Admin အဖွဲ့သားများက ကြိုးစားနေကြတာပဲ။ Steemit Platform ဆိုတဲ့လမ်းကြီးကတော့ အလွန်အင်မတန်ကောင်းမွန်နေတယ်လို့ထင်တော့ ဒီအထဲမှာ လမ်းကိုတော့ ထည့်မတွက်တော့ပါဘူး။ အမှန်တကယ်လည်း လမ်းမကြီးက အလွန်အင်မတန်ကောင်းနေတာကိုး။ သွားမဲ့ ရထားကပဲ ကောင်းမွန်ခိုင်ခံ့နေဖို့ အတွဲညီညီသွားနိုင်ဖို့ပဲ လိုမယ်ထင်ပါတယ်။


04.png


ဒါတွေကို နားလည်သိရှိပြီး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် အချိတ်အဆက်လေးတွေနဲ့ ဝေဖန်ကြမယ် ဆိုရင်ဖြင့် အကောင်းဆုံးဆုလာဘ်တွေ ရနိုင်တာပေါ့လေ။ ဆုလာဘ်တွေရပြီးတော့လည်း အဖွဲ့ကို အကျိုးပြန်လည်ပြုပေးဖို့လိုပါတယ်။ ဆုလာဘ်တွေယူပြီး ကျေးဇူးတင်ပါတယ်ဆိုပြီး အဖွဲ့ကို ခြေစုံကန်ပစ်လိုက်လို့တော့ မဖြစ်ချေဘူး။ အဲလိုဆိုရင်တော့ သမင်မွေးရင်း ကျားစားရင်းဆိုသလိုဖြစ် နေမယ်ထင်တယ်။ အသိဥာဏ်နဲ့ဝေဖန်ကြဖို့ အကြံဥာဏ်ပေးကြဖို့ လိုမယ်ထင်ပါတယ်။ အဲဒီလို ဝေဖန်ကြ အကြံပြုကြဖို့လည်း တိုက်တွန်းလိုပါတယ်။ အသိဥာဏ်မပါတဲ့ လေကန်တဲ့ ဝေဖန်တာမျိုး မဖြစ်အောင်လည်း အတတ်နိုင်ဆုံးရှောင်ရှားနိုင်ကြမယ်ဆိုရင်တော့ အကောင်းဆုံးတွေ ရရှိလာကြမှာ ပါလေ။ ဒါ့ကြောင့် ဝေဖန်တယ် ဆိုတာ အတွေ့အကြုံတစ်ခုတည်းနဲ့မဖြစ်နိုင်သလို အတွေ့အကြုံမရှိ ပြန်ရင်လည်း အဆင်မပြေနိုင်ပြန်ပါဘူး။ ဘာပြောပြော လေကန် နေတာထက်စာရင် ဝေဖန်တာကတော့ မဆိုးလောက်ဘူးထင်ပါတယ်။ မိမိတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းဖြစ်တဲ့ မျက်စိ နား နှာခေါင်း တွေကို ကိုယ်တိုင်အသုံးချပြီးတော့ ကိုယ်တိုင်အသုံးချနိုင်ဖို့လိုပါတယ်။ ကိုယ်ပိုင် ပစ္စည်းတွေကို သူများကအသုံးချ ခံနေရခြင်းမဖြစ်အောင် ကိုယ်တိုင် ကြိုးစားကာကွယ်ပြီး ဘ၀အတွက် တိုးတက်လမ်းကို မြင်တွေ့နိုင်ကြပါစေလို့ ဆုတောင်းရင်း ရပ်နားလိုက်ပါတယ်ဗျာ။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

8-May-2018 အင်္ဂါနေ့(Tuesday)