အောင်မြင်စေရန်နည်းလမ်းအချို့(Some Technique For Success)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families,


လူ့လော လူ့ဘ၀ဆိုတာက ပင်လယ်သမုဒ္ဒရာများကဲ့သို့ ခန့်မှန်းရခက်တတ်ကြပါသည်။ တစ်ခါတစ်ရံမှ ငြိမ်သက်တိတ်ဆိတ်နေတတ်တယ်။ တစ်ခါတစ်ရံမှာတော့ လှိုင်းကြီး၊ လှိုင်းငယ်များထနေတတ်ပါသည်။ ချိုင့်ဝှမ်းများ၊ တောင်ကမူများ၊ တောင်တန်းကြီးများ၊ မညီမညာနဲ့ ခရောင်းလမ်း၊ ဆူးခင်းသောလမ်း စသည်တို့သည် ဘ၀ရဲ့လမ်းမများဖြစ်ပါသည်။ လူရယ်လို့ဖြစ်လာကြသောအခါမှာ လူ့များရဲ့သဘာဝများအရ မျှော်လင့်ချက် ဆိုသော အလင်းရောင်လေးများဖြာထွက်နေသော၊ မျှော်လင့်ချက်ရောင်ခြည်ရှိသော အဝေးတစ်နေရာကို လှမ်းမျှော်ကြည့်ရှု မိတတ်ကြတာ သဘာဝပါ။


success.png

Image from google


တစ်ခါတစ်ရံမှာ မိမိတို့ဖြတ်သန်းရာ ပတ်ဝန်းကျင်မှာ အမှောင်ထုကလည်းကြီးစိုးနေတတ်ကြပါသည်။ ပတ်ဝန်းကျင် က အမှောင်ထုကကြီးစိုးနေတဲ့အပြင် မြူများ၊ နှင်းများကလည်းကျဆင်းနေတတ်ကြတော့ အသိဥာဏ်ပညာများဖြင့် အားနည်းနေသူအတွက် ဘ၀ကိုဖြတ်သန်းရာခရီးလမ်းတစ်လျောက်မှာ လိုရာပန်းတိုင်ခရီးကို ရောက်ရန် ဒုက္ခနွံမှာ ကျွံကျနစ်မြုတ် ပျောက်ကွယ်သွားကြရတတ်ပါသည်။ ဒုက္ခဆိုသော နွံတောကြီးထဲမှ လွတ်မြောက်ရန်အတွက်သည် အသိဥာဏ်ပညာသာဖြစ်ပေမည်။ ထိုအသိဥာဏ်ပညာများကို ရရှိကြရန်မှာလည်း သင်ဆရာ မြင်ဆရာ ကြားဆရာ ဆိုသော ဆရာများထံမှ ရရှိမည်ဖြစ်ပါသည်။ ဆရာမပြနည်းမကျဆိုသည့်အတိုင်း မိမိစိတ်ကူးများဖြင့် လုပ်ကိုင်နေ ခြင်းအားဖြင့် အချိန်များဆုံးရှုံးနိုင်သလို၊ ငွေကြေးဥစ္စာများသည်လည်း ဆုံးရှုံးသွားနိုင်ပေသည်။ ကျွန်တော်တို့၏ မြတ်ဗုဒ္ဓ က "ဆရာသည် အရာရာကို ပြီးပြည့်စုံသော ချမ်းသာကို ဖြစ်စေနိုင်သည်(ပေးနိုင်သည်)" ဟု ဟောကြား ထားခဲ့ပေသည်။

ဘ၀တွင် အောင်မြင်ဖို့၊ စီးပွားဖြစ်ဖို့၊ ချမ်းသာဖို့ရန်အတွက် ကျင့်သုံးနေထိုင်လုပ်ကိုင်သင့်သောအချက်များတွင် "စဉ်းစားပါ။ တွေးတောပါ။ လက်တွေ့လိုက်နာကျင့်သုံးပြီး အကောင်အထည်ဖော်ပါ" ဆိုသော စကားတို့သည် အလွန်အရေးကြီးလှပေသည်။ မိမိတို့ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်တော့မည်ဆိုပါက ကြိုတင် စဉ်းစားထား ရပေမည်။ မစဉ်းမစားဘဲနှင့်တော့ မလုပ်သင့်ပေ။ ထိုသို့စဉ်းစားပြီးလျှင် အကောင်းနှင့်အဆိုး များကို တွေးတောဆင်ခြင်ပါ။ ထိုသို့ တွေးတောဆင်ခြင်စဉ်းစားကြနိုင်ရန်မှာလည်း အသိဥာဏ်ပညာ၊ ဗဟုသတများ လိုအပ်သကဲ့သို့ ဆရာများလည်းလိုအပ်ပါသည်။ ထိုသို့ စဉ်းစားခြင်း၊ တွေးတောခြင်းပြီးဆုံးပါက ဆုံးဖြတ်ချက်များ ချမှတ်ကာ လက်တွေ့လိုက်နာကျင့်သုံးခြင်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပါက ဘ၀တစ်ခု၏ အခြေအနေ အဆင့်အတန်းတစ်ခုသို့ မလွဲဧကန် ရောက်ရှိမည်ဖြစ်ပါသည်။


real friends.png

Image from google


အောင်မြင်ဖို့ရန်အတွက် စီးပွားရေးကိစ္စအရေးအရများတွင်ဖြစ်စေ မိတ်ဆွေကောင်းသည် မရှိမဖြစ်၊ မပါမဖြစ် အရေးပါပေသည်။ မြတ်ဗုဒ္ဓက "မိတ်ဆွေကောင်းရှိခြင်းသည် အလုံးစုံသော အမှုကိစ္စ အ၀၀တို့ကို အောင်မြင် ပြီးစီး စေသည်"ဟု ဟောကြားတော်မူခဲ့ပါသည်။ ဂျွန် ဒီ ရော့ဖဲလားဆိုသော မီလျံနာသူဌေးကြီးတစ်ဦးက "လူအများနှင့် ပေါင်းသင်းဆက်ဆံနိုင်သည့် စွမ်းရည်သတ္တိသည် သကြားတို့ ကော်ဖီတို့ကဲ့သို့ပင် ပိုက်ဆံပေးပြီးဝယ်ရင် ရနိုင်တဲ့ ကုန်တစ်မျိုးပါပဲ... ကျုပ်ကတော့ ဒီစွမ်းရည်သတ္တိကို ကမ္ဘာပေါ်မှာရှိတဲ့ အခြားပစ္စည်းများထက် ပိုက်ဆံပိုပေးပြီး ၀ယ်မှာပဲ" ဟုပြောဆိုခဲ့ကြောင်း မှတ်သားခဲ့ဖူးပါသည်။ မိတ်ဆွေဖြစ်မှု၊ ပေါင်းသင်းဆက်ဆံရေးကောင်းမှုတို့သည် အခန်းကဏ္ဍအသီးသီးတို့တွင် အရေးပါလှကြောင်းကို အောင်မြင်ကျော်ခဲ့သော ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်အများစုက လက်ခံခဲ့ကြပေသည်။

စီးပွားရေးလုပ်သည်ဖြစ်စေ၊ အောင်မြင်ကျော်ကြားလိုသောသူဖြစ်စေ တစ်ဦးတစ်ယောက်တည်း ရပ်တည်ပြီး လုပ်ကိုင်ဆောင်ရွက်ရန်မဖြစ်နိုင်ပါချေ။ စီးပွားရေး၊ အောင်မြင်ကျော်ကြားမှု စသည်တို့ကိုယ်တိုင်ကပင်လျှင် တစ်ဦး တစ်ယောက်တည်းလုပ်ကိုင်ဆောင်ရွက်ရသောအရာမဟုတ်။ လူအများနှင့်ဆက်ဆံလုပ်ကိုင်ရသော အကြောင်း အရာများဖြစ်သည်။ ထို့ကြောင့် ပေါင်းသင်းဆက်ဆံရေးကဏ္ဍသည် အလွန်တရာအရေးကြီးပါသည်။ ထို့ကြောင့် မိတ်ဆွေကောင်းများလည်းလိုအပ်ပါသည်။ ပေါင်းသင်းဆက်ဆံရေးဆိုသည်မှာလည်း ပညာရပ်တစ်ခုဟု သတ်မှတ်ချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ပေါင်းသင်းဆက်ဆံရေးပညာ ကိုတတ်မြောက်သွား သောကြောင့် အကျိုးစီးပွားဖြစ်ထွန်းခဲ့ကြသော အကြောင်းအရာအတော်များများကို လေ့လာဖတ်ရှုဖူးသောကြောင့်ဖြစ်ပါသည်။ ဒီနေရာမှာ သာဓကတစ်ခုကို ထုတ်နုတ်ရေးသားလိုပါသည်။ အောက်တွင်ရေးသားအပ်သော အကြောင်းအရာများ ကို ဖတ်ရှုဝေဖန်ကြည့်ကြပါခင်ဗျာ။


coal.png

Image from google


မြို့နာမည်များကိုတော့မမှတ်မိတော့ပါ။ နိုင်ငံခြားတိုင်းပြည်များမှ မြို့နာမည်များဖြစ်ပါသဖြင့် မမှတ်မိခြင်း ဖြစ်ပါသည်။ မြို့ကြီးတစ်မြို့ဟုသာ မှတ်သားပေးကြပါခင်ဗျာ။ မြို့တစ်မြို့မှာ တည်ရှိတဲ့ သမ၀ါယမ ကုမ္ပဏီလီမိတက် အဖွဲ့အစည်းကြီးကို ကျောက်မီးသွေးတင်သွင်းရန် နှစ်ပေါင်းများစွာကြိုးစားခဲ့ပါသော်လည်း မအောင်မမြင်ဖြစ်နေခဲ့ သောလူတစ်ယောက်သည် ဒေးကာနက်ဂျီ_Dae Carnegie" ထံမှာ အကြံဥာဏ်တောင်းခံသောအခါ "ဒေးကာနက်ဂျီ" ပေးသောအကြံသည် "သမ၀ါယမများသည် တိုင်းပြည်ကို အကျိုးထက် အပြစ်ကို ပိုပေးလေသည်" ဟူသောခေါင်းစဉ်ဖြင့် စကားရည်လုပွဲ ကျင်းပရန်စီစဉ်ပေးပါသည်။ ထိုစကားရည်လူပွဲတွင် ကျောက်မီးသွေးသွင်း လိုသူက သမ၀ါယမအသင်းများဖက်မှ ကာကွယ်ပြောဆိုရမည်ဖြစ်ပါသည်။


good speaker.png

Image from google


စကားရည်လုပွဲအတွက် အချက် အလက်များကို ရယူရန်အတွက် သမ၀ါယမကုမ္ပဏီ သို့သွားရောက်ကာအကူအညီတောင်းခံရပါသည်။ သမ၀ါယမ ကုမ္ပဏီကြီးကိုရောက်သောအခါ စကားရည်လုပွဲအကြောင်းပြောပြပြီးနောက် "အဲဒီစကားရည်လုပွဲကိစ္စအတွက်နဲ့ ပတ်သက်ပြီး လူကြီးမင်းမှလွဲပြီး အခြားမည်သူမျှ ကျွန်တော့်အား ကူညီနိုင်မည်မထင်ပါ... ဒီစကားရည်လုပွဲမှာလည်း ကျွန်တော်နိုင်အောင်ပြောဆိုချင်ပါတယ်... ကျေးဇူးပြုပြီးတော့ ကျွန်တော့်အား အကူအညီပေးပါ" ဟု ကျောက်မီးသွေးသွင်းလိုသူမှ ပြောဆိုရှင်းပြပါသည်။ အဲဒီတော့ ကျောက်မီးသွေးသွင်းရန် နှစ်ပေါင်းများစွာကြိုးပမ်းခဲ့သူ ရဲ့ ပြန်လည်ပြောကြားခဲ့တဲ့ အတွေ့အကြုံအပေါ် ပြောဆိုချက်က အင်မတန် စိတ်ဝင်စားစရာကောင်းလှပါသည်။ နားထောင်ကြည့်စေပါဗျာ။ "ကျွန်တော့်ကို ကူညီဖို့ အဲဒီ သမ၀ါယမအကြီးအကဲ ဆီမှာ တစ်မိနစ်ထဲ တွေ့ခွင့်တောင်းလိုက်တာပါ... သူနဲ့ တစ်မိနစ်ထဲ စကားပြောဆိုချင်တယ်ဆိုလို့လည်း သူက လက်ခံတွေ့ဆုံခွင့်ပေးခဲ့တာပါ... ကျွန်တော်အကူအညီတောင်းတဲ့စကားပြောပြီးတဲ့အချိန်မှာတော့ ထိုင်ခုံမှာ ထိုင်ပါဦး ဆိုပြီး သူကပြောဆိုရှင်းပြနေတာ နှစ်နာရီနီးပါးကြာသွားပါတယ်... သူတစ်ယောက်တည်း ပြောရတာကို အားမရဘဲ သမ၀ါယမနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို စာအုပ်ရေးသားခဲ့ဖူးတဲ့ အဲဒီ သမ၀ါယမ ကုမ္ပဏီရဲ့ အမှုဆောင်တစ်ဦးကိုလည်း ခေါ်ပြီးတော့ ရှင်းလင်းပြောပြပေးပါတယ်...နောက်ပြီး အမျိုးသားသမ၀ါယမလီမိတက် ကိုလည်း ကျွန်တော်ပြောရမယ့် ခေါင်းစဉ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေပါစာအုပ်တစ်အုပ်ကိုလည်း လှမ်းမှာ ပေးလိုက်ပါသေးတယ်...ဘယ်လိုပဲပြောပြော သမ၀ါယမဥက္ကဌကြီးဟာ သူ့ရဲ့ လုပ်ငန်းကြီးက လူအများကို အမှန် တကယ်အကျိုးပြုတယ်လို့ ခံယူချက်နဲ့ယုံကြည်နေတာတော့ အမှန်ပါပဲ... ကျွန်တော်ပြန်မယ်ဆိုတော့ ပခုံးကိုဖက်ပြီး သူ့အခန်းတံခါးဝထိ လိုက်ပါပို့ဆောင်ပေးပါတယ်...နောက်ပြီးတော့ "စကားရည်လုပွဲမှာ ဘယ်လို အခြေအနေရှိသလဲဆိုတာကို ပြန်ပြောပြပေးပါဦး...မောင်ရင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်"လို့လည်း ပြောပါတယ်...နောက်ဆုံးပြန်ကာနီး ပြောလိုက်တဲ့စကားကတော့ ကျွန်တော်ဘယ်လိုမှ ထင်မှတ်မထားတဲ့ စကားဖြစ်နေပါတယ်... ဥက္ကဌကြီးပြောလိုက်တဲ့စကားကတော့ "အော် ဒါနဲ့ စကားမစပ် မောင်ရင်ရယ်... ဆောင်းရာသီကုန်ကာနီးကျရင် ကျေးဇူးပြုပြီး ဦးနဲ့လာတွေ့ပေးပါဦး... မောင့်ရင့်ထံက ကျောက်မီးသွေး ၀ယ်ချင်လို့ ပါ"တဲ့ဗျာ....ကျွန်တော်က ကျောက်မီးသွေးဝယ်ယူဖို့ စကားတစ်ခွန်းမှ မပြောရပါဘဲနဲ့ သူက ၀ယ်ယူချင်ပါတယ်လို့ စကားစပြောလာခြင်းပဲဖြစ်တယ်ဗျ... သမ၀ါယမကုမ္ပဏီကြီးကို ကျောက်မီးသွေးတင်သွင်းနိုင်အောင် နှစ်ပေါင်းများစွာကြိုးစားခဲ့တာက သူ့ကိစ္စကို ၂ နာရီလောက်အချိန်ပေးစိတ်ဝင်စားလိုက်တာလောက် အသုံးမ၀င် မထိရောက်ဘူးဆိုတာ တွေ့ရပါတယ်" လို့ ကျောက်မီးသွေးသွင်းလိုသူက ပြောကြားခဲ့ပါသည်။


Untitled-1.png

Image from google


ဒီနေရာစဉ်းစားမိတာကတော့ ကျွန်တော်တို့တစ်တွေက မိမိတို့ကိစ္စကိုသာ ရှေ့တန်းတင်ပြီး အခြားသော သူများ၏ အရေးကိစ္စကို လျစ်လျူရှုထားတတ်ခြင်းသည် မှားယွင်းတဲ့ လုပ်ဆောင်ချက်၊ မအောင်မြင်နိုင်တဲ့လုပ်ဆောင်ချက် ဖြစ်တယ်ဆိုတာကိုဖြစ်ပါသည်။ အောင်မြင်စေရန်အတွက် စကားပြောကောင်းသူတစ်ယောက်ဖြစ်ရန်လိုအပ်သလို နားထောင်ကောင်းသူတစ်ယောက်လည်းဖြစ်ရန်လိုပါသည်။ သူတစ်ပါးအား စိတ်မ၀င်စားသူကို အခြားသူများ မှလည်း စိတ်ဝင်စားမည်မဟုတ်သည်ကိုလည်း အလေးပြုသင့်ပါသည်။

အဆုံးသတ်နိဂုံးအနေနှင့် အကြံပေးလိုသည်မှာ အောင်မြင်ချမ်းသာလိုပါလျှင် မိမိတို့၏ အတ္တကို ခေတ္တခဏ ဘေးဖယ်ပြီး အခြားသူများရဲ့ အရေးကိစ္စများကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးခြင်းဖြင့် မိမိတို့ လိုအင်ဆန္ဒများ အောင်မြင်ပြည့်ဝကြမည်ဖြစ်ပါကြောင်း ရေးသားရင်းဖြင့် အဆုံးသတ်လိုက်ပါသည်။

Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

20-10-2017 သောကြာနေ့(Friday)