အောင်မြင်ခြင်းဆီသို့

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ကျွန်တော်တို့လူသားအများတို့သည် သူတစ်ပါးအောင်မြင်သည်ကိုမြင်ရပါက မိမိတို့သည်လည်း အောင်မြင်လိုကြပေသည်။ လူတိုင်းမဟုတ်သော်လည်း အများစုတို့သည် အောင်မြင်နေသူတို့ကို အားကျ တတ်ကြပါသည်။ သို့သော် အောင်မြင်နေသူတို့၏ လက်ရှိအခြေအနေကိုသာ ကြည့်ကာ အားကျခြင်းသာဖြစ်ပါသည်။ ထိုအောင်မြင်မှုတို့အား မည်သို့သော အခက်အခဲများဖြင့် ရရှိအောင် လုပ်ဆောင်ခဲ့ကြရသနည်းဆိုသော အကြောင်းအရာကိုမူ စိတ်ဝင်စားမှုမရှိကြပါ။ လက်ရှိအောင်မြင်နေ မှုကိုသာ အားကျနေခြင်းဖြစ်ပေသည်။ အများစုသောလူတို့သည် အောင်မြင်ဖို့ကို မဆိုနှင့်။ အောင်မြင်ရန်အတွက် ကျင့်ဆောင်သင့်သည့် ကျင့်ဝတ်များ၊ လိုက်နာသင့်သည့် စည်းကမ်းများအား စိတ်ဝင်စားခြင်းမရှိတတ်ကြပါ။ အောင်မြင်ရန်အတွက် ပေးဆပ်သင့်သည်တို့အား ပေးဆပ်မှသာလျင် မိမိအောင်မြင်လိုသောအရာကို ရရှိစံစား ခံစားကြရသည်။ စီးပွားရေးတွင်ဖြစ်စေ၊ နိုင်ငံရေးတွင်ဖြစ်စေ၊ အခြားသော ကဏ္ဍများတွင်ဖြစ်စေ အောင်မြင်ရန် သို့တည်းမဟုတ် လူတို့လက်ခံကြစေရန်အတွက် ပထမဦးစွာလုပ်သင့်သည့် အလုပ်သည်ကား လူကြိုက်များအောင်၊ လူအများလက်ခံအောင် ပြုလုပ်ကြ ရခြင်းသာဖြစ်ပါသည်။ ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခု အောင်မြင်စေရန်အတွက် အရင်ဆုံးလူကြိုက်များရမည်မဟုတ်ပါလား။ မည်သည့်ကိစ္စရပ်တွင်မဆို လူကြိုက်များခြင်းသည် အောင်မြင်မှုပင်ဖြစ်ပါသည်။ ထို့ကြောင့် အောင်မြင်ချင်သည်ဆိုပါက လူကြိုက်များစေရန် အရင်ဆုံး ကြိုစားကြမည်ဖြစ်ပါသည်။


02.png


ထိုသို့ လူကြိုက်များစေရန်အတွက် လူအများနှင့်ပေါင်းသင်းဆက်ဆံကြရမည်ဖြစ်ပါသည်။ လူတာဝန်များ၊ လူ့ဝတ္တရားများအားလည်း နားလည်သဘောပေါက်ကြရမည်ဖြစ်ပါသည်။ အောင်မြင်စေရန်အတွက် လူ့ဝတ္တရားကျေပွန်မှုသည် အရေးပါဆုံးသောအချက်တစ်ချက်ပင်ဖြစ်ပါ သည်။ လူ့ဝတ္တရားမကျေပွန်သူတို့အား မည်သူကမျှ ဆက်ဆံလိုမည်မဟုတ်ပါ။ အောင်မြင်စေရန် အတွက် အဓိကအခန်းကဏ္ဍကပါနေကြသူများသည်လည်း လူများပင်ဖြစ်ပါသည်။ မည်သည့်နတ်ဒေ၀ါ များမှ မဟုတ်ပါ။ ထိုသို့ဆိုလေသဖြင့် အောင်မြင်ရန်အတွက် အရည်အချင်းမလိုအပ်ပေဘူးလားဟု မေးစရာဖြစ်နိုင်ပါသည်။ မိမိတို့လုပ်ကိုင်သည့် လုပ်ငန်းအတွက် လိုအပ်သောအရည်အချင်း ပြည့်ဝနေရန်လည်း လိုအပ်မည်ဖြစ်ပါသည်။ မိမိကုန်ပစ္စည်းအောင်မြင်စေရန်အတွက် မည်သည့်နတ်ကမှ လာရောက်ဝယ်ယူ အားပေးခြင်း ပြုလုပ်မည်မဟုတ်။ လူများကသာ ၀ယ်ယူအားပေး အကြံပေး ဥာဏ်ပေး လုပ်ကြမည်သာဖြစ်ပါသည်။ အခြားသောနည်းလမ်းမရှိပါ။ သီချင်းဆိုဝါသနာပါသဖြင့် မြန်မာအိုင်ဒေါတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဆိုပါက အောင်မြင်သူဖြစ်ရန် အတွက် ရွေးချယ်သူများသည် လူများဖြစ် ကြပြီး vote ပေးကြသူများမှာလည်း လူများပင်ဖြစ်ပါသည်။ မိမိသည် ထိုက်သင့်သောအရည်အချင်း သို့မဟုတ် ပြည့်ဝသောအရည်အချင်းရှိပြီးဖြစ်ပါက လူအများ သဘောကျ နှစ်ခြိုက်ရန် ပိုမိုလွယ်ကူနိုင်ပါသည်။ ထို့ကြောင့် အောင်မြင်လိုပါက မိမိလုပ်ကိုင်မည့် နယ်ပယ်၊ အလုပ် တို့အတွက် ထိုက်သင့်သော အရည်အချင်း ရှိရန်လည်း လိုအပ်မည်ဖြစ်ပါသည်။


03.png


အရည်အချင်းအလွန်ပြည့်ဝနေလျှင် လူဆိုသောသတ္တ၀ါသည် သွေးနားထင်ရောက်ကာ မာန်တက်ခြင်း၊ မာနကြီးခြင်းတို့ကို ဖြစ်ပေါ်စေတတ်ပါသည်။ မာန်မာနအား မချိုးနှိမ်ပါက အောင်မြင်မှုလမ်းမတွင် ခလုတ်ကန်သင်း တစ်ခုဖြစ်လာနိုင်ပါသည်။ အဟန့်အတားတစ်ခုဖြစ်လာနိုင်ပါသည်။ မာန်မာနတက်နေသော မျက်နှာသည် အလွန်ရုပ်ဆိုးသည်ဟုလည်း ပြောစမှတ်ပြုကြပါသည်။ လူမုန်းလည်း များတတ်သည်ဟု ဆိုပါသည်။ အမှန်ပင်ဖြစ်သည်ဟုထင်ပါသည်။ မာန်မာနတက်နေသူ အားလည်း မည်သူမျှအရေးလုပ်ဆက်ဆံချင်ကြမည်မဟုတ်ပါ။ မာန်မာနတက်နေသူအား လူအများမှ အလွယ်တကူသိနိုင်ပေသည်။ မျက်နှာအမူအယာအား ကြည့်ခြင်းဖြင့်လည်းကောင်း၊ ပြောဆိုသော စကားသံကို နားထောင်ခြင်းဖြင့်လည်းကောင်း အလွယ်တကူသိနိုင်ပါသည်။ ထိုသို့မာန်မာနတက်ခြင်း သည် ပညာတတ်လွန်းသောကြောင့်လည်းကောင်း၊ ဥစ္စာပစ္စည်းပြည့်စုံလွန်းသောကြောင့် လည်းကောင်းဖြစ်နိုင်ပေသည်။ မာန်မာနတက်ခြင်းသည် အသိဥာဏ်ပညာမရှိသောကြောင့်ပင်ဖြစ် ပေသည်။ မာန်မာနတက်နေသူတို့သည် အခြားသူများအား အထင်သေး၊ အမြင်သေးဖြင့် ဆက်ဆံတတ်ကြပေသည်။ လူတို့၏ပင်ကိုယ်သဘာဝတွင် မိမိတို့အား အထင်သေးခြင်းကို မည်သူမျှ နှစ်ခြိုက်ကြမည်မဟုတ်ပါ။ အထင်သေးခံရမည့် အလုပ်တို့အားလည်း မည်သူမျှ လုပ်ချင်ကြမည် မဟုတ်ပါ။ ထို့ကြောင့် အောင်မြင်လိုသူတို့သည် မာန်မာန ထားခြင်းအား ဝေးစွာ ရှောင်ကြဉ်ကြရန် လိုအပ်ပါသည်။


Untitled-4 copy.png


ရိုးသားဖြောင့်မတ်ခြင်း ရှိသူတို့သည် ရှားပါးပစ္စည်းတစ်ခုဖြစ်နေပါသည်။ လူရိုးဆိုသည်မှာ သချိုင်္င်းမှာ ပဲ ရှိတော့တယ် ဆိုသောစကားကဲ့သို့ပင်ဖြစ်နေသော ခေတ်ကာလရောက်နေပါသည်။ ရိုးဖြောင့်ခြင်းသည် ပင်လျင် အပြစ်တစ်ခုလို ရယ်မောစရာ လှောင်ပြောင်စရာတစ်ခုလိုပင်ဖြစ်နေသည်လားမသိပါ။ လူမိုက်အားပေးစကားများပင်ဖြစ်ပါသည်။ ထိုစကားအား အမှန်ယုံကြည်လက်ခံကာ မရိုးမဖြောင့် လုပ်ကုန်ကြလေတော့သည်။ မရိုးမဖြောင့်သောကြောင့် ရေရှည်ယုံကြည်မှုမရတော့ပါ။ ခဏတာအတွက် အရေးမကြီးသော်လည်း တစ်သက်တာအတွက်တွင် ရိုးဖြောင့်ခြင်းသည် အရေးပါ လှပါသည်။ မရိုးဖြောင့်သောသူအား မည်သူမျှ ယုံကြည်နိုင်လိမ့်မည်မဟုတ်ပါ။ လူဆိုး လူမိုက်တို့ ပင်လျှင် မရိုးမဖြောင့်ပြုမူကြသည်ကို နှစ်သက်လိမ့်မည်မထင်။ လူအများ၏ ယုံကြည်မှုကင်းမဲ့ခြင်းသည် အောင်မြင်ရန်မဆိုထားနှင့်။ ထမင်းနပ်မှန်ရန်ပင် မလွယ်ကူသောအဖြစ်သို့ ရောက်ရှိနိုင်ပေသည်။ မိမိတို့ကိုယ်တိုင်က မရိုးဖြောင့်သော်လည်း အခြားသူတစ်ဦးတစ်ယောက်မှ မရိုးမဖြောင့်သည်ကို လက်ခံချင်လိမ့်မည်မဟုတ်ပါ။ သူတို့၏ သားသမီးများအား ရိုးသားဖြောင့်မတ်ရန် သင်ကြားပေးကြ လိမ့်မည်ထင်ပါသည်။ ရိုးသားဖြောင့်မတ်ခြင်းသည် အောင်မြင်ရေးအတွက် အမှန်ပင်လိုအပ်ပါသည်။ ထို့ကြောင့် အောင်မြင်လိုသူတို့သည် မည်သည့်အခါမျှ မရိုးမဖြောင့် မလုပ်မိစေရန် နှင့် ရိုးသားဖြောင့်မတ်ခြင်းအား တန်ဖိုးထားရန်သည်လည်း အရေးကြီးသော အချက်တစ်ခုဖြစ်ပါလိမ့်မည်။ တကယ့်လက်တွေ့နှင့် စာတွေ့များသည် တခါတရံတွင် ကွဲပြား ခြားနားနေတတ်သော်လည်း အများအားဖြင့် မှန်ကန်နေတတ်သောကြောင့် အောင်မြင်လိုသူ ကြီးပွား ချမ်းသာလိုသူတို့သည် လိုက်နာသင့်သော အရာတို့အား အမြဲတမ်းလိုက်နာရန်လိုအပ်မည်ထင်ပါသည်။ ဖြူစင်နေခြင်းအား အရောင်စွန်းထင်းသွားရန် အလွန်လွယ်ကူကြောင်း သိနိုင်ပါသည်။ ထို့အတူပင် အကျင့်စာရိတ္တဖြူစင် နေသောသူတစ်ယောက်အတွက် ညစ်နွမ်းသွားစေသော အကြောင်းအရာတို့သည် လွယ်ကူနိုင်ပါသည်။ မည်းညစ်နေသော အရာတို့အား နောက်ထပ် ထပ်မံညစ်နွမ်းစေသော်လည်း မည်သူမျှသိသာနိုင်သည်အထိမဖြစ်ပါ။ ထို့ကြောင့် အောင်မြင်ရေးကို အလိုရှိကြပါကုန်သောသူတို့ သည် အမှားအယွင်းဖြစ်ပါက တောင်းပန်ရန် ၀န်မလေးသင့်ပါ။ အလျင်အမြန်တောင်းပန်သင့်ပါသည်။ တောင်းပန်ရန်လည်း ၀န်မလေးသင့်ပါဟု အကြံပြုရင်း ရပ်နားလိုက်ပါသည်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

16-May-2018 ဗုဒ္ဓဟူးနေ့(Wednesday)