ဒေတာများကိုမဆုံးပါစေနှင့်(Don't Lose Your Data)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



don't lose your data.png

Image from google


ယခုခေတ်ကာလအခါသမယသည် IT ခေတ်ဖြစ်သည်နှင့်အညီ မိုဘိုင်းဖုန်းများနှင့်ကွန်ပျူတာများအား အသုံးပြုမှုမှာ အလွန် များပြားလာသည်ကို လူတိုင်းအသိပင်ဖြစ်ပါတယ်ဗျာ... လူတိုင်းလူတိုင်းက ဖုန်းလေးများဖြင့် မိမိတို့၏ အချက်အလက်များကို ဖုန်းအတွင်းတွင် သိမ်းဆည်းတတ်လာကြသည်မဟုတ်လားခင်ဗျာ... ကွန်ပျူတာကို အသုံးပြုသူများကလည်း မိမိတို့၏ ကွန်ပျူတာအတွင်းမှာ အချက်အလက်များကို သိုလှောင်သိမ်းဆည်းထားတတ်ပါတယ်... ဖုန်းဆိုတာကလည်း ခေတ်နှင့်အညီ မရှိမဖြစ် ပစ္စည်းတစ်မျိုးလိုဖြစ်နေပါပြီ... ကွန်ပျူတာကတော့ လုပ်ငန်းလုပ်ကိုင်သူအများစုသာ ၀ယ်ယူအသုံးပြုကြပေတယ်. ကွန်ပျူတာဆိုတာကြီးက နေရာတကာ သယ်သွားလို့ကအဆင်မပြေ.... အိုင်ဖုန်းဆိုတာလေးကတော့ သွားလေရာ ခေါ်သွား လို့ရနေတယ်လေ... ဘာပြောပြော ကွန်ပျူတာကိုတော့ မရှိမဖြစ်လိုအပ်နေသော လုပ်ငန်းများရှိနေပါတယ်လေ... အဲလို မသုံးမဖြစ်သုံးကြတဲ့အခါ အရေးကြီးသော အချက်အလက်ဒေတာတွေ ကိုအမြဲတမ်း backup လုပ်ထားသင့်ပါတယ်ဗျာ... အကြောင်းတစ်စုံတစ်ရာကြောင့် ရှာဖွေထားသမျှ ဒေတာလေးတွေပျောက်ဆုံးကုန်မစိုးလို့ပါ...


backup  ur data.png

Image from google


အဲဒီလို မိုဘိုင်းဖုန်းများ နှင့် ကွန်ပျူတာအသုံးပြုသူများအတွက် အရေးထားသင့်တဲ့အချက် တစ်ခုကို ရေးသားချင်လာပါတယ်... ဘယ်လိုအရေးကြီးသလဲ.... ဘာတွေအရေးကြီးသလဲ... သာမန် အသုံးပြုနေသူများကိုတော့ သိပ်မပြောလိုပါ... လုပ်ငန်းတွေမှာ အသုံးပြုနေသူတွေလည်း ရှိမယ်ထင်တယ်ဗျ... ဖုန်းဆိုတာထက် ကွန်ပျူတာအသုံးပြု နေရတဲ့သူတွေကို သတိပေးချင်တဲ့သဘောလေးလည်းဖြစ်ပါတယ်.... အဲ ဆရာလုပ်တာတော့မဟုတ်ဘူးနော်... လေ့လာသိ ရှိသမျှလေးတွေကို သတိပြုနိုင်အောင်ပါ... စေတနာနဲ့ပါဗျာ... တကယ်လို့ ဆရာတင်ချင်တယ်ဆိုရင်လည်း သဘောပါပဲ... ဆရာကန်တော့ပွဲလေးတော့ ပေးမှရမယ်ပေါ့ဗျာ... စတာနော် တကယ်မှတ်ပြီး SBD တွေလည်း ပို့မနေကြနဲ့အုံး... ပို့လည်းလက်မခံဘူးတော့မဟုတ်ပါဘူး... အားနာနာနဲ့လက်ခံပါ့မယ်နော် ဟီး....

ပြောချင်တာက ဖုန်းတွေ ကွန်ပျူတာတွေမှာ တကယ်အရေးကြီးတဲ့ အချက်အလက်များကို သေချာထိန်းသိမ်းသင့် ပါတယ်ဆိုတဲ့အကြောင်းပါ... မိမိတို့နှစ်ပေါင်းများစွာစုဆောင်းထားတဲ့ အချက်အလက်များဟာ ပိုက်ဆံပေးပြီး ပြန်ဝယ်လို့မရတဲ့အချက်အလက်တွေရှိနိုင်ပါတယ်... ရှိလဲရှိနေပါတယ်ဗျ... ဖုန်းပျက်သွားတယ် ကွန်ပျူတာပျက် တယ်ဆိုတာက ပိုက်ဆံရှိရင် ပြန်ဝယ်လို့ရပါတယ်ဗျ... ကိုယ်စုဆောင်းထားတဲ့ အချက်အလက်တွေကတော့ ပိုက်ဆံရှိလည်း ပြန်ဝယ်လို့မရဘူးဗျ... အဲဒီတော့ ကိုယ့်ရဲ့ဒေတာတွေကို သေချာသိမ်းထုတ်ပြီး သေချာတဲ့ နေရာမှာ အသေအချာ သိမ်းထားသင့်ပါတယ်ဗျ... ကွန်ပျူတာ ထဲမှာ သိမ်းထားတာပဲ... ဖုန်းထဲမှာ သိမ်းထားတာပဲ... စိတ်မချရဘူးလား မေးမယ်ဆိုရင်တော့ စိတ်မချရပါဘူးပဲပြောရမယ်ဗျ... ဘာကြောင့်လဲဆိုတော့ ကွန်ပျူတာလဲ အချိန်မရွေးပျက်နိုင်သလို ဖုန်းလဲအချိန်မရွေးပျက်နိုင်ပါတယ်... Google Drive လို အင်တာနက်ထဲက အလကားရတဲ့ Drive တွေထဲမှာ သိမ်းထားတာကမှ ပိုစိတ်ချရမယ်... အချိန်မရွေး နေရာမရွေး အသုံးပြုနိုင်မယ်ဗျ... Gmail လိုပေါ့ဗျာ..


google drive copy.png

Image from google


အခုလို IT ခေတ်ကြီးထဲမှာ Gmail ဆိုတာကို လူတိုင်းနီးပါး နားလည်နေပြီထင်တယ်လေ... Gmail ဆိုတာ ဘာလဲလို့တော့ မမေးလောက်တော့ပါဘူး... ဟုတ် တယ် ဟုတ်... Gmail ဆိုတာနဲ့ Email ဆိုတာ ဘာကွာသလဲလို့မေးမဲ့သူများ ရှိနေအုံးမလားဗျ... ဘာမှမကွာ mail ပါပဲ နာမည်ပဲကွာပါတယ်... ဟုတ်တယ်မလား ဆရာတို့... Gmail ကအသုံးပြုရတာလွယ်ကူသလို အားလုံးကလည်း လက်ခံထားကြတာမို့ အဆင်ပြေပြေ သုံးနိုင်တာပေါ့.... Google Mail ဆိုတာ Gmail ပေါ့လေ... Email ပါပဲ... နားလည်သလို ပြောတာနော်... ဆရာတွေ အမှားပါရင် ပြင်ပေးပါ.... အဲဒီ Google ထဲက Google Drive ထဲမှာ အလကား သွားသိမ်းထားလို့ရတယ်တဲ့ဗျ... Steemit Password ကိုအဲ့ထဲမှာ ထည့်သိမ်းထားတယ်... Google Drive က 15GB အကားသွားသိမ်းထားလို့ ရတယ်တဲ့ဗျ... ထပ်ဝယ်ပြီး သုံးမယ်ဆိုရင် ပိုသုံးလို့ရမယ်ဗျ... 100 GB ထိ တိုးပြီး သုံးချင်တယ်ဆိုရင် တစ်လကို မြန်မာငွေနဲ့ 2701 ကျပ်သာကျပြီး တစ်နှစ်စာဆိုရင် 27135 ကျပ် ကျသင့်မယ်လို့တော့ ရေးထားတာပဲဗျ... Online သမားတွေဆိုရင် ငွေအလွယ်တကူ လှမ်းပို့နိုင်တာပေါ့လေ... တန်တယ်ပြောရမယ်ဗျ... 1TB(1024 GB) ထိတိုးသုံးချင်တယ်ဆိုရင် တစ်လကို 13,561 ကျပ် ကုန်မယ်... တစ်နှစ်လုံးစာအတွက်ဆို 135,732 ကျပ် ကုန်မယ်တဲ့ဗျ... တန်မယ်ထင်ပါတယ်... Google က Memory Stick နဲ့အလားသဏ္ဍာန်တူတာကို ရောင်းပေးတာပေါ့နော်... Memory Stick တစ်ချောင်းကိုတောင် သောင်းဂဏန်း ပေးနေရတာလေ... Hard Disc တို့ Memory Stick တို့ဆိုတာတွေကလဲ ခဏတိုင်းပျက်ပျက်နေတာလေ...


Drive Plan.png

Image from google


အခုဆိုရင် အစိုးရရုံးဌာနတွေနဲ့ အင်တာနက်ကို အမြဲတမ်းအသုံးပြုပြီး စာရေးနေတဲ့သူတွေ Blogger တွေဆိုရင် Cloud Driver ဆိုတာတွေကို ပိုက်ဆံပေးဝယ်ယူထား တတ်ကြတယ်ဆိုပဲ... Cloud Driver အကြောင်းကိုတော့ ကောင်းကောင်းနားမလည်သေးပါဘူး... ဓာတ်ပုံ ဗီဒီယိုရိုက်ကူးသူတွေဆိုရင် တော်ကြာနေ ကတ်ပျက်လို့ တော်ကြာနေကတ်ပျက်လို့ ခဏတိုင်းကြားနေရသလို မှားပြီး Format ချလိုက်လို့ ဒေတာတွေ ပျက်စီးကုန်တယ် ကြားကြားနေရတယ်... မှားဖျက်မိရင်ပဲဖြစ်ဖြစ် Format ချလိုက်မိရင်ပဲဖြစ်ဖြစ် ဒေတာတွေက ဆုံးရှုံးသွားကြတာပါ ပဲ.... Recovery လုပ်လို့ရတဲ့ Software တွေနဲ့ ပြန်ယူလို့ရတယ်လို့ပြောတတ်ကြပေမဲ့ 100% အပြည့်တော့ ရမယ် မထင်ပါဘူးဗျာ... အဲဒီတော့ ကိုယ့်ရဲ့ ဒေတာတွေကို သေသေချာချာ သိမ်းထားသင့်တယ်မဟုတ်လားဗျာ... တချို့ဖုန်းတွေမှာဆို Cloud Drive တွေ ထည့်ပေးထားတတ်ကြတာကို တွေ့ရတယ်ဗျ... တကယ် သုံးရမရတော့ မစမ်းကြည့်ဖူးသေးပါဘူး...


Untitled-1.png

Image from google


ဒီတော့ မိတ်ဆွေအားလုံးကို ပြောချင်တာက ကိုယ့်ရဲ့ အရေးကြီးတဲ့ဒေတာတွေ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့ တဲ့ ဒေတာတွေကို အလွယ်တကူ မဆုံးရှုံးမပျက်စီးရလေအောင် ကြိုတင် သိမ်းထားကြပါလို့... ပျက်စီးသွားမှ နောက်ကနေလိုက်ယူရတာက ဘယ်တော့မှ မသေချာတာ နားလည်ထားကြပါ... Online စီးပွားရေးလုပ်နေကြတဲ့ ဆရာတွေကတော့ Driver တွေအကြောင်း ပိုလေ့လာနိုင်ရင် ကောင်းမယ်ထင်ပါတယ်... အစိုးရ ရုံးဌာနတွေမှာ လဲ နောင်များဆိုရင် အင်တာနက်ပေါ်က Drive တွေမှာပဲ ဒေတာတွေကို သိမ်းကြတော့မယ်ထင်ပါတယ်... ဒါမှလဲ အလွယ်တကူ ရှာဖွေ သိမ်းဆည်းနိုင်ကြမှာပဲလေ... ဗဟုသုတအနေနဲ့ ရေးသားခြင်းဖြစ်ပါတယ်.... ဒီလောက်နဲ့ပဲ ရပ်နားခွင့်ပေးပါဗျာ...


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

24-11-2017 သောကြာနေ့(Friday)