ခေါင်းဆောင်မှု (Leadership)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar bar. My dear Myanmar steemians families,


ခေါင်းဆောင်တစ်ယောက်ဖြစ်လာစေရန် မည်ကဲ့သို့သောအရည်အချင်းများနှင့် ပြည့်စုံရပါမည်နည်း။ ခေါင်းဆောင်တို့၏ အရေးပါမှုကို ဖော်ပြညွှန်းဆို မှတ်တမ်းတင်ထားသော စာအများအပြားပင်ရှိပါသည်။

ခေါင်းဆောင်မှုနှင့်ပတ်သက်ပြီး ရှာဖွေထားသမျှ မှတ်သားထားမိသမျှ အနည်းငယ်သော ဗဟုတဖြစ်ပါစေရန်အတွက် ဆောင်းပါးတစ်ပုဒ်အဖြစ် ပြန်လည်ရေးသားလိုက်ပါသည်ခင်ဗျာ။


Leader

"A person or thing that holds a dominant or superior position withing its field, and is able to exercise a high degree of control or influence over others."

Leadership

"The individuals who are the leader in an organization, regarded collectively."

For more info : http://www.businessdictionary.com/definition/leadership.html


leadership copy.png

Image From google


ခေါင်းဆောင်မှုဆိုသည်မှာ အနာဂတ်အမြင်(မျှော်မှန်းချက်)များကို ချမှတ်ထားပြီး လက်တွေ့အဖြစ်သို့ ပြောင်းလဲနိုင်သော အရည်အချင်းဟု ဆိုလိုကြောင်းကို မှတ်သားခဲ့ဘူးသည်။ ခေါင်းဆောင်မှု ဆိုသည်မှာ အခြေအနေ၊ အချိန်အခါအရပ်ရပ်တို့ကို ကောင်းမွန်စွာသိရှိပါသည်။ ထိုသိရှိထားမှုများ အပေါ်တွင်အခြေခံကာ ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲအကျိုးဆက်များကို မြင်အောင်ကြည့်နိုင် ခြင်း၊ လက်တွေ့ဖော်ဆောင်နိုင်ခြင်းတို့လည်း ဖြစ်ကြောင်း ခေါင်းဆောင်မှုနှင့်ပတ်သက်သည့် အဓိပ္ပါယ်ဖွင့်ဆိုမှုများကို မှတ်သားခဲ့ဘူးသည်။

" I am not afraid of an army of lions led by a sheep;I am afraid of an army of sheep led by a lion"

“ခြင်္သေ့များကို သိုးတစ်ကောင်က ဦးဆောင်လာသော စစ်တပ်ကြီးအား ကျွန်ုပ်မကြောက်ပါ။ သို့သော် သိုးအများကို ခြင်္သေ့တစ်ကောင်က ဦးဆောင်လာခဲ့သော စစ်တပ်ကိုမူ စိုးရိမ်မိပါသည်”

(Alexander the Great)


မျှော်မှန်းချက် ဟုဆိုရာတွင် မိမိတို့၏ စိတ်ကူးယဉ်ခြင်း၊ မိမိတို့၏ ဖြစ်လိုသောဆန္ဒအပေါ်အခြေခံခြင်းများ လုံးဝ(လုံးဝ) ပါရှိခြင်းလည်းမရှိရပါ။ ထို့ကြောင့် ခေါင်းဆောင်မှုသည် ဖြစ်နိုင်သော အကြောင်းအရာများကို ရှာဖွေခြင်း၊ ထို့သို့ ရှာဖွေထားသော အကြောင်းအရာများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ စိတ်ကူလေးယဉ်ပြီး မိမိ၏ စိတ်ကူးထဲတွင်သာ အောင်မြင်နေခြင်း လုံးဝ(လုံးဝ) မဟုတ်ပါချေ။ ခေါင်းဆောင်မှုသည် လက်တွေ့ကျကျဖြင့် အနာဂတ် မျှော်မှန်းချက်များ ဖြင့် ခရီးဆက်နေခြင်းသာဖြစ်မည်ထင်ပါသည်။


"A leaderis one who sees more than others see,who sees futher than others see,and who sees before other see"

“အခြားသူများ မြင်တွေ့နိုင်ခြင်းထက် ပို၍မြင်နိုင်ရခြင်း၊ အခြားသူများ မြင်နိုင်သည်ထက် ပို၍ ဝေးကွာစွာ မြင်နိုင်ခြင်း၊ အခြားသူများမမြင်နိုင်သော အရာတို့ကို မြင်နိုင်ခြင်းသည် ခေါင်းဆောင်တို့၏ အရည်အချင်း ဖြစ်သည်"

( Leory Eimes )


FUTURE.png

Image From google


နောင်နှစ်အနည်းငယ်အတွင်း ဘာဖြစ်လာနိုင်သည် ကြိုတင်တွက်ဆ မြင်နိုင်ခြင်းသည် ခေါင်းဆောင်တို့အတွက် လိုအပ်သော အရည်အချင်းတစ်ရပ်လည်းဖြစ်မည်ထင်ပါသည်။ သို့သော် နှစ်ပေါင်းဆယ်စုအနည်းဆုံး ကြိုမြင် ကြိုတွက် ကြိုတင်ပြင်ဆင်နိုင် ခြင်းသည် အလွန်ကောင်း အလွန်တော်သောခေါင်းဆောင်များ၏ အရည်အချင်းတစ်ရပ်ပင်ဖြစ်ပါသည်။ လောက လူ့ဘောင်အဖွဲ့ အစည်းအသီးသီးတို့သည် ခေါင်းဆောင်သူတို့၏ အရည်အချင်းပေါ်တွင် မူတည်ပြီး တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း ၊ အောင်မြင်ခြင်း ၊ ပျက်စီးခြင်း ဆိုသည့် နောက်ဆက်တွဲ အကျိုးတရားများ ဖြစ်ပေါ် ခံစားကြရခြင်းဖြစ်ပေသည်။ ခေါင်းဆောင်သူတစ်ဦးသည် အရည်အချင်းပြည့်ဝခဲ့ပါက ထိုခေါင်းဆောင် ၏နောက်လိုက်များသည် စိတ်ချမ်းသာပျော်ရွှင်မှုများနှင့်အတူ တိုးတက် အောင်မြင်မည်မှာလည်း မြေကြီးလက်ခတ်မလွဲ သေချာပါသည်။ ခေါင်းဆောင်၏ အရည်အချင်းမပြည့်ဝမှုသည် ထိုအကျိုးဆက် နှင့် ပြောင်းပြန်ဖြစ်သော အကျိုးဆက်ကို ခံစားရမည်မှာလဲ မလွဲမသွေဖြစ်ပေသည်။ ဆုတ်ယုတ်ခြင်း၊ ပျက်စီးခြင်းဆိုသည့် နောက်ဆက်တွဲ အကျိုးဆက်သည်ကား ခေါင်းဆောင်တို့၏ အရည်အချင်း မပြည့်ဝမှုကြောင့်ဖြစ်ပေါ်လာခြင်းပင်ဖြစ်ပေသည်။

လူတိုင်း ခေါင်းဆောင်သူ ဦးဆောင်သူ ဖြစ်ချင်ကြမည်ထင်ပါသည်။ သို့သော် လူတိုင်းခေါင်းဆောင် မဖြစ်နိုင်ပါချေ။ လူတိုင်း အာဏာလက်ဆုပ် လက်ကိုင်ရှိသော အရာရှိဖြစ်ချင်ကြမည် ထင်ပါသည်။ အကြောင်းအကျိုးညီညွတ်လျှင် လူတိုင်း အရာရှိ ဖြစ်နိုင်ပါသည်။ ခေါင်းဆောင်ဆိုသည်မှာ မိမိ ဖြစ်ချင်တိုင်းဖြစ်လို့ရသောအရာမဟုတ်။ လူအများမှ တစ်သဘောတည်း တစ်စိတ်ဝမ်းတည်း ရွှေးချယ် တင်မြှောက်မှသာလျှင် ခေါင်းဆောင်အဖြစ်သို့ ရရှိ ရောက်ရှိ နိုင်ပေသည်။ ခေါင်းဆောင်ဆိုသည်မှာ မိမိဖာသာ တစ်ဦးတည်း ခေါင်းဆောင်ဖြစ်နေခြင်းမဟုတ်ပါ။ အရာရှိဆိုသူများကတော့ ထိုသို့မဟုတ်ပါ။ ၀င်ခွင့်စာမေးပွဲများ ၀င်ရောက်ဖြေဆိုခြင်းဖြင့်လည်းကောင်း၊ အငယ်တန်းစာရေးမှာ စတင်အလုပ်ဝင်ပြီး အချိန်ကာလ ကြာမြင့်သောအခါ အဆင့်ဆင့် ရာထူးတိုးသွားခြင်းဖြင့်လည်းကောင်း အရာရှိအဖြစ်သို့ ရောက်ရှိနိုင်ပေသည်။

leadership copy 112.png

Image From google


အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော်လည်း ခေါင်းဆောင်ကောင်းတစ်ဦးမဖြစ်နိုင်သလို အသက်အရွယ် ငယ်ရွယ်နေသော်လည်း ခေါင်းဆောင်ကောင်းတစ်ဦး မဖြစ်နိုင်ပါဟု ပြောမရပါချေ။ အသက်အရွယ် လုပ်ငန်းအတွေ့အကြုံ ဥာဏ်ပညာအရည်အသွေး တို့နှင့် အဓိကသက်ဆိုင်နေမည်ဖြစ်သည်ဟု ထင်မြင်ယူဆမိပါသည်။ မိမိတို့၏ လုပ်ငန်းအတွေ့အကြုံ၊ ကျွမ်းကျင်မှု၊ လိမ္မာပါးနပ်မ၊ှု အနစ်နာခံနိုင်မှု စသည်တို့သည်လည်း အရေးပါသော လိုအပ်ချက်များဖြစ်မည်ထင်ပါသည်။

တစ်ချို့သောသူများသည် ဥာဏ်ပညာနိမ့်ပါးသော်လည်း အတွေ့အကြုံများပြားလှပါသည်။ ထိုသို့သော လူများသည် ခေါင်းဆောင်အဖြစ်ရပ်တည်နေကြပါသော်လည်း သို့သော် မိမိတို့တွေ့ကြုံမှု များမှ သင်ခန်းစာထုတ်ယူခြင်းမရှိသလောက်နည်းပါးကြသည်ကို တွေ့ရှိရပါသည်။ အတွေ့အကြုံဟု ဆိုရာတွင် အသက်အသက်အရွယ် အတွေ့အကြုံတို့သည် ခေါင်းဆောင်မှုတွင် လိုအပ်သည်မှန်သော် ဆိုသော်ငြားလည်း အသက်အရွယ်ကြီးရင့်သည်အထိ လုပ်ငန်းပိုင်းဆိုင်ရာများ၊ အဖွဲ့အစည်းများတွင် ကြီးကြီးမားမား အရေးပါသောလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ခဲ့ခြင်းမရှိခဲ့ပါက အသုံးချရန် ခက်ခဲပေမည်။ မိမိတို့ နေ့စဉ်လုပ်ကိုင်ဆောင်ရွက်နေကြသောလုပ်ငန်းနှင့် ပိုမိုသက်ဆိုင်မည်ထင်ပါ သည်။ လူပင်ငယ်သော်လည်း မိမိတို့နေ့စဉ်လုပ်ကိုင်ဆောင်ရွက်နေသော ကျွမ်းကျင်သောလုပ်ငန်းနှင့်ပတ်သက်လျှင် ပိုမိုအောင်မြင်နိုင်မည်ထင်ပါသည်။

တစ်ချို့သောလူများသည် ဥာဏ်ရည် ဥာဏ်သွေး ထက်မြက်ကြသည်ကိုတွေ့မြင်ရမည်ဖြစ်သော်လည်း လုပ်ငန်းပိုင်းဆိုင်ရာများတွင် အတွေ့အကြုံ လုံးဝမရှိသူများကိုပင် တွေ့နေရပါသည်။ လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံမရှိလျှင်လည်း အောင်မြင်သော ခေါင်းဆောင်မှုကို ပေးနိုင်မည်မဟုတ်။ ခေါင်းဆောင်တို့သည် သူ့နောက်လိုက်များအတွက် အမြဲတမ်းအနစ်ခံနေကြသည်ကိုလည်း နောက်လိုက်များက နားလည်ထားသင့်ပေသည်။

leadership copy111.png

Image From google


အထက်ပါဖော်ပြပါအချက် နှစ်ချက်ပြည့်စုံနေလျှင် ကောင်းမွန်ပြည့်စုံသော ခေါင်းဆောင်မှုကို ပေးစွမ်းနိုင်မည်ဖြစ်ပြီး ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် ရပ်တည်နိုင်ထင်ဖြစ်ပါကြောင်း ရေးသားလိုက်ပါသည်။ အထက်ပါအချက်များနှင့်ချိန်ထိုးပြီး ခေါင်းဆောင်ကောင်းတစ်ယောက်ကို ရှာဖွေနိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါသည်။

ယခု ကျွန်တော်တို့ အတွက် Myanmar Steemit Community တွင် ခေါင်းဆောင်ကောင်း ရှိ မရှိ ကို ၀င်ရောက်လုပ်ကိုင်နေသော ချစ်မိတ်ဆွေ အပေါင်းတို့ စဉ်းစားလျှင် သိနိုင်မည်ထင်ပါသည်။ လုပ်ငန်း အဖွဲ့အစည်းများ မည်သည့်အဖွဲ့အစည်းတွင်မဆို ခေါင်းဆောင်သည်မရှိမဖြစ် လိုအပ်ပါသည်။ အဖွဲ့အစည်းများအားလုံးအတွက်လည်း ခေါင်းဆောင်ကောင်း အမှန်ပင်လိုအပ်ပါသည်။

အချိန်မရသည့်အတွက် ဆောင်းပါးတိုသွားလျှင် သည်းခံကြပါရန် တောင်းပန်အပ်ပါသည်ခင်ဗျာ...

Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

ansoe logo myanmar.png

ရေးသားသူ(Author) _

@ansoe
Soe Naing

Myanmar Steemit Community

21-9-2017(Thursday)