မျှော်ကာမှန်းရည် တောင်ကြီးဆီ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ယနေ့တော့ အာရောဂျံလေးကောင်းစပြုလာပြီဆိုတော့ နည်းနည်းလောက် ကြီးကြီးကျယ်ကျယ်လေး ပြန်ရေးချင်ပါသေးသည်။ ရက်အနည်းငယ်လောက် စာပဲရေးပြီးသူများတွေရဲ့စာတွေကို မဖတ်နိုင်ဖြစ်ခဲ့ရပါသည်။ ခွင့်လွှတ်တော်မူကြပါကုန်လော့ အမျိုးကောင်းသား အမျိုးကောင်းသမီးတို့။ လူ့ဘောင်လောကကြီးကလည်း အလွန်အင်မတန်ရှုတ်ထွေးပွေလီလှပါသည်။ နေ့စဉ်ဝမ်းရေးအတွက် လှုပ်ရှားရုန်းကန်နေကြရလေတော့ တစ်ခါတစ်ရံမှာ ကျန်းမာရေးဆိုတာကြီးကို ကိုယ်နဲ့မဆိုင်သလို လွှင့်ပစ်ထားတတ်ကြပါသည်။ ကြာလှတော့ လည်း စက်ပစ္စည်းတစ်ခုပင် မခံနိုင်ဖြစ်တတ်ရာ အသွေး အသားများနှင့်တည်ဆောက်ထားသော ကျွန်တော်တို့ ရဲ့ ခန္ဓာကိုယ်ကြီးလည်း မည်သို့မျှ ခံနိုင်ဖွယ်မရှိဖြစ်လာရတာကလည်း သဘာဝပဲဖြစ်ပါသည်။ မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းသည် ကောင်းသည်ဟုဆိုကြသော်ငြားလည်း အများစုသောလူတို့အနေဖြင့် ကျန်းမာရေးလိုက်စားဖို့ရန်ခက်ခဲကြပေသည်။ ထိုအများစုထဲတွင် ကျွန်တော်လည်း တစ်ယောက်အပါအ၀င်ဖြစ် ပေသည်။ ကံ ဥာဏ် ၀ီရိယ လို့တော့ ဘုရားဟောခဲ့ပေမယ့် အများစုကတော့ ကံကိုသာ ယုံစားနေတတ်ကြပါ သည်။ မည်သည့်အလုပ်ကိုမဆို ကံကိုသာယုံကြည်ပြီးလုပ်ကိုင်မည်ဆိုပါက မလွယ်ရေးချ မလွယ်ဟုပင် ပြောရ ပါလိမ့်မည်။ အသဥာဏ်မပါတဲ့ အကြောက်အကန်အားထုတ်ခြင်းက ဘာမှ အရာမရောက်တတ်ပါဘူး။ ဥာဏ်မပါပဲ အလွန်အမင်းကြိုးစားအားထုတ်ခြင်းက ပိုးစုန်းကြူး ကို မီး အမှတ်နဲ့ အားကုန် အင်ကုန် လေနဲ့မှုတ်ပြီး မီးမွှေးနေတဲ့ မျောက်လိုပဲဖြစ်နိုင်ပါလိမ့်မည်။ မီးတောက်နိုင်မတောက်နိုင်ကတော့ လူတိုင်းနား လည်ကြပေလိမ့်မည်။ ကျွန်တော်တို့အားလုံးကော ကြိုစားအားထုတ်မှုများမှာ ဥာဏ်ပါပါရဲ့လားလို့ စဉ်းစားနေ မိပါသည်။ အောင်မြင်စေရန်ကြိုစားသည့် စေတနာသည်မှန်ကန်နေသော်လည်း လုပ်ကိုင်မှုသည် မှားယွင်းနေ ပါသလားလို့လည်း စဉ်းစားစရာဖြစ်မိပါသည်။ ပလိုင်းပေါက်နဲ့ ဖားကောက်သလိုဖြစ်နေပါက ပလိုင်းကို ဖာထေး ပြုပြင်ရန် ကောင်းသော အကြံပြုချက်လေးများလည်း လုပ်စေချင်ပါသည်။ ၀ီရိယကတော့ ထိုက်သင့်သလောက်ရှိနေတတ်ကြပါတယ်။ ဒါကလည်း ကျွန်တော်တစ်ယောက်တည်းရဲ့ အမြင်ဖြစ်လို့ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်ပေါ့။


06.png


ယနေ့သည် မနေ့ကမဟုတ်တော့သလို မနက်ဖြန်လည်းမဟုတ်ပါ။ ယနေ့သည် ယနေ့သာဖြစ်ပေရာ မနေ့ကနှင့် မတူသည်မှာတော့ သေချာပေသည်။ လူတို့၏စိတ်သည်လည်း အချိန်နှင့်အမျှပြောင်းလဲနေသည်ဖြစ်ရာ အများကြီးအား မျှော်လင့်နေခြင်းတော့ မဖြစ်မိပါ။ ပြီးခဲ့သော MSC နှစ်ပတ်လည်မှသည် ဒုတိယအကြိမ်အဖြစ် လာမည့်နှစ် တောင်ကြီးမြို့တွင် တွင်ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားခဲ့ကြပါသည်။ တစ်ချို့လည်း တက်တက်ကြွကြွဖြင့် ရှိနေကြသလို တစ်ချို့လည်း MSC ကို ဘိုင့် ဘိုင့်လုပ်ကာ လမ်းခွဲထွက်သွားကြသူများလည်း ရှိပေသည်။ မည်သူက မည်သူ့ကိုမျှ အတင်းတိုက်တွန်း ဆွဲခေါ်၍ရသည်မဟုတ်ပါ။ မိမိတို့၏ စိတ်သဘောအတိုင်းဖြင့်သာ လုပ်ကိုင် ဆောင်ရွက်နေကြသည်ဖြစ်ရာ MSC မှ မည်သူ့ကိုမျှ ဆွဲထား၍ရမည်မဟုတ်ပါ။ သံယောဇဉ်ရှိသူများသည်သာ MSC ၏ အဆိုး အကောင်းကို မျှဝေခံစား စံစားကာ နေနိုင်ကြမည်ထင်ပါသည်။ သို့သော် လောလောဆယ် အခြေအနေရ စံစားဖို့ထက် ခံစားနေရသည်က များသောအခါတွင် အတိမ်းအစောင်းလေးများကို ဗိန်းမောင်းတီး ကာ မတိမ်းမစောင်း ထိန်းကြောင်းပေးကြ့ရန်လိုအပ်မည်ထင်ပါသည်။ အတိမ်းအစောင်းလေးများအား ဘုရား အလောင်းတော်ထုံး နှလုံးမူကြကာ နားလည် သည်းခံခွှင့်လွှတ်ကာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဖေးမကူညီ ကြပါမှ ရေရှည်တည်တံ့နိုင်မည်ဖြစ်ပါသည်။ တစ်ကမ္ဘာလုံးတွင် အဖွဲ့အစည်းနှင့်အလုပ်လုပ်ရာတွင် အဆင်မပြေ အဖြစ်ဆုံးသော နိုင်ငံသည် မည်သည့်နိုင်ငံဖြစ်လိမ့်မည်နည်း? ကိုယ်တိုင်ဖြေကြည့်ကြစေချင်ပါသည်။ အခြားသော နိုင်ငံအများစုတို့သည် အဖွဲ့အစည်း အပေါင်းအသင်းတို့ဖြင့် ကြီးမားသော လုပ်ငန်းကြီးများအား ကမ္ဘာကျော်အောင်လုပ်ကိုင်နေကြပေသည်။ အဖွဲ့အစည်း၏ နာမည်ဂုဏ် နှင့် မိမိတစ်ဦးတစ်ယောက်တည်း၏ နာမည်ဂုဏ်တို့သည် လုပ်ငန်းများလုပ်ကိုင်ရာတွင် ကွဲပြားခြားနားသွားတတ်ပါသေးသည်။ သတိမမူက ဂူကိုပင် မမြင် သတိမူက မြူကိုပင်မြင်နိုင်သည်ဆိုသော ဆိုရိုးစကားကဲ့သို့ပင် သတိမူနိုင်ကြစေချင်ပါသည်။


05.png


MSC ဆိုသော အမည်နာမလေးသည် ယနေ့အချိန်ထိတိုင် “စမ်းတစ်ဝါးဝါး လမ်းသလားနေခြင်း” ဖြင့် တည်ရှိနေဆဲဖြစ်ပါသည်။ ထိုအမည်နာမအား ချစ်ခင် မြတ်နိုးနေကြသူများရှိသလို ကြည့်မရကာ အပြစ်မြင် မချစ်ခင်သူများလည်း ရှိနေကြကြောင်း သိရှိကြမည် ဖြစ်ပါသည်။ အထွေအထူးပြောစရာလိုမည်မထင်ပါ။ ဘာ့ကြောင့် အဖွဲ့အစည်းကို တည်ထောင်ခဲ့ကြပါသလဲ? တစ်နှစ်ပြည့်ပြီးသည်အထိ အကျိုးအမြတ်(အကျိုးအမြတ်ဟုဆိုရာတွင် ငွေကြေးတစ်ခုတည်းကိုသာ ဆိုလိုသည် မဟုတ်ပါ) ဘယ်လောက်ရှိနေပါသနည်း? အောင်မြင်နေသည်လား? မအောင်မမြင်ဖြစ်နေသည်လား? ထိုကိစ္စ များအား အဖွဲ့သားတိုင်း ကိုယ်စီ ကိုယ်စီ စဉ်းစားသင့်သည်ဟုလည်း ထင်မြင်မိပါသည်။ ဥပမာအနေဖြင့်ရေးပြ ရမည်ဆိုပါက မိမိတို့ ကိုယ်ပိုင်လုပ်ငန်း သို့မဟုတ် ၀န်ထမ်းလုပ်ကိုင်နေသည်ဆိုပါက ထိုလုပ်ငန်းအား အောင်မြင်စေချင်သလား ကျရှုံးစေချင်ပါသလား? ကမ္ဘာပေါ်တွင် ခေတ်အဆက်ဆက်တွင် ကျရှုံးချင်လို့ လုပ်ငန်းလုပ်သူဟူ၍တော့ မကြားဖူးသေးပါ။ ရှိချင်လည်း ရှိခဲ့ပေလိမ့်မည်။ ကျွန်တော်၏ ညံ့ဖျင်းလှသော ဗဟုသုတကြောင့်လည်း ဖြစ်ပေမည်။ မည်သို့ဆိုစေကာမူ လူတိုင်းလူတိုင်းသည် ကိုယ်တိုင်အောင်မြင်ချင်သော စိတ်ရှိမည်သာဖြစ်ပါသည်။ တစ်ဦးချင်း အောင်မြင်ချင်သကဲ့သို့ မိမိတို့လုပ်ကိုင်နေသော အဖွဲ့အစည်းကိုလည်း အောင်မြင်စေလိုသော စိတ်ရှိမည်ဟု ထင်မှတ်မိပါသည်။ တစ်ဦးချင်းစီ အောင်မြင်စေရန် မိမိတို့စိတ်ကြိုက် စည်းကမ်းရေးဆွဲလုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။ ထို့အတူတူပင် မတစ်ထောင်သားများ မဟုတ်သော်လည်း လက်ရှိတွင် မ ခြောက်ဆယ်သားများလောက်သာဖြစ်သော ကျွန်တော်တို့ MSC သည် အလွန်နည်းသော လူအရေအတွက် ဖြစ်ပါသည်။ Steemit Platform တွင်သာမက အပြင်တွင်လည်း အခြားသော ကိုယ်ပိုင်စီးပွားများ ချိတ်ဆက်လုပ်ကိုင်နိုင်ကြပေမည်။ သို့သော် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု၊ စည်းလုံးမှုတော့ ရှိမှဖြစ်ပေမည်။ တိုက်တွန်းပါသည်။ နှိုးဆော်ပါသည်။ နောက်ဘယ်လိုစာလုံးတွေများကျန်နေသေးလည်းတော့ မသိတော့ပါ။ ဖေးမကူညီကြပါဆိုတာလောက်ပဲ တတ်နိုင်ပါတော့သည်။


04.png


မည်သူ့ကိုမျှရည်ရွယ်ရေးသားခြင်းမဟုတ်သလို စိတ်ဓာတ်ကျစေရန် ဖော်ပြနေခြင်းမဟုတ်ပါ။ အောင်မြင်စေလိုသော စိတ်စေတနာဖြင့် ရေးသားခြင်းဖြစ်ကြောင်း တာဝန်ယူပါသည်။ ကြီးကြီးကျယ်ကျယ်စကားလုံးလေးတွေသုံးပြီး စာမရေးဖြစ်တာ ကြာနေလို့ ကြီးကျယ်ကြီးတာပါ။ စည်းစည်းလုံးလုံးဖြင့် အခြားသော နိုင်ငံများကို နမူနာယူကာ စုပေါင်းလုပ်ကိုင်သော အလေ့အကျင့်ကောင်းများကို ပျိုးထောင်ကြလျှင် အကျိုးမယုတ်နိုင်သောကြောင့် ဖြစ်ပါသည်။ ပုဂံတွင် ကျင်းပခဲ့သော နှစ်ပတ်လည်ပွဲမှသည် နောင်နှစ်ပတ်လည် ပြည့်ချိန်တွင် ပိုမိုများပြားသော အဖွဲ့သားများနှင့် တွေ့ဆုံချင်ပါသော်လည်း ပုဂံမှခရီးသည် တောင်ကြီးကိုပင် ရောက်မှ ရောက်ပါ့မလားဟုပင် သံသယဖြစ်မိကြောင်းကိုလည်း ၀န်ခံရပေမည်။ တွန်းတင်ပေးနေသော Leader(@kachinhenry) အပါအ၀င် အခြားသော အကူအညီပေးနေသူများအားလည်း အားနားမိသလိုလိုခံစားရပါသည်။ အကွဲကွဲအပြားပြားဖြင့် နေ့စဉ် ပရိုမိုးရှင်းရသည်ကိုပင် စာရေးတင်ရန် စိတ်ပါဝင်စားခြင်း မရှိကြသည်မှာလည်း အားရစရာအနေအထားတစ်ခု မဟုတ်ခဲ့ပါ။ ပရိုမိုးရှင်းတွင် သတ်မှတ်ထားသော လူပြည့်လျှင် ကျွန်တော်တို့အနေဖြင့် ပရိုမိုးရှင်းတင်ကြမည် မဟုတ်ကြပါ။ ရသလောက်နှင့် တင်းတိမ်ရောင့်ရဲနေကြမည်ဖြစ်ပါသည်။ လောဘမရှိဘူးဟု မထင်စေလိုပါ။ လောကတွင် ငွေကို မလိုချင်သူ အများအပြားရှိလိမ့်မည်မဟုတ်ပါ။ ကျွန်တော်အနေဖြင့် ပရိုမိုးရှင်းမလိုချင်ပါဘူး ဟုပြောခဲ့လျှင် ထိုစကားသည် လိမ်လည်ပြောဆိုသော စကားသာဖြစ်ပါလိမ့်မည်။ အချုပ်အနေဖြင့် ရေးသားလို သည်မှာ စည်းလုံးမှုမရှိခြင်းသည် ပျက်စီးခြင်းအစဖြစ်နိုင်သလို သံသယဆိုသောအရာအား မထားသင့် မထားအပ်ပါကြောင်း မကြာမီက ပို့စ်တင်ရေးသားခဲ့ပါသည်။ စည်းလုံး ဖေးမ ကူညီ ရှေ့ဆက်ချီရန် တွန်းအားပေးနေခြင်းသည် မျှော်ရည်မှန်းတဲ့ ခရီးကို အချိန်တိုတို လျင်မြန်စွာရောက်စေနိုင်သကဲ့သို့ နောင်လာမည့်နှစ်မှာ တောင်ကြီးက မောင်ကြီးတို့ နှမလေးတို့နဲ့လည်း တွေ့ဆုံချင်သေးလို့ပဲဖြစ်ပါကြောင်း ရိုးသားစွာ ရေးသားရင်းဖြင့် ရပ်နားလိုက်ပါသည်။


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

17-Oct-2018 ဗုဒ္ဓဟူးနေ့(Wednesday)