မွေးနေ့ကိတ် နှင့် ဖယောင်းတိုင်များ(Birthday Cake and Candles)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families,
ယခုတကြိမ်တွင် မွေးနေ့ကိတ် နှင့် ဖယောင်းတိုင်ထွန်းခြင်း အစဉ်အလာတစ်ရပ်အား မည်သည့်ဒေသ၊ မည်သည့်အချိန်ကတစ်ပေါ်ပေါက်လာကြောင်းအနည်းငယ် နှင့် မြန်မာလူမျိုးများ၏ မွေးနေ့အလှူ တော်မင်္ဂလာပြုလုပ်ကြခြင်းအကြောင်းအနည်းတို့ကို ရေးသားဖော်ပြမည်ဖြစ်ပါသည်။ စဉ်းစားရင်း ပေါ်လာသော အတွေးလေးများအား စာများအဖြစ်သို့ ရေးသားပို့ဆောင်လိုက်ခြင်းဖြစ်ပါသည်။ မတူကွဲပြားနေသောအကြောင်းရာကလေးများအားလည်း စဉ်းစားနိုင်ကြပါစေရန်အတွက် ရည်ရွယ်ပါသည်။
Image from google
မွေးနေ့ပွဲများပြုလုပ်ပြီး မွေးနေ့ကိတ်ခွဲခြင်း၊ ဖယောင်းတိုင်မီးမှုတ်ခြင်း ဓလေ့ထုံးစံသည် ရှေးမြန်မာတို့၏ ရိုးရာအစဉ်အလာတစ်ခုတော့ ဟုတ်ခဲ့ဟန်မတူပါ။(ကျွန်တော့်အမြင်သာဖြစ်ပါသည်။ ကျွန်တော်၏ ဗဟုသုတနည်းပါးခြင်းကြောင့် မကြားဖူးခြင်းလည်းဖြစ်နိုင်ပါသည်) တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူးဆက်ဆံခြင်းဖြင့် ယဉ်ကျေးမှု ရေစီးကြောင်း စီးဆင်းလာကာ ကျွန်တော်တို့မြန်မာနိုင်ငံကို မည်သည့် အချိန်ကတည်းက ထိုဓလေ့စရိုက် စတင်ဖြစ်ပေါ်လာခဲ့ သည်ကိုတော့မသိပါ။ မြန်မာနိုင်ငံတွင်လည်း မွေးနေ့ကိတ်ခွဲ၊ ဖယောင်းတိုင်မီးမှုတ် ဓလေ့ဖြစ်ထွန်းပေါ်ပေါက်နေသည်မှာ ကာလအတော်ပင် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်းကိုတော့ သတိပြုမိပါသည်။
ထိုကဲ့သို့ မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင်ထွန်းသောဓလေ့ကို စတင်အသုံးပြုခဲ့တဲ့သူများသည် ဂရိလူမျိုးများ ဖြစ်ကြသည်ဟု ယုံကြည်သူများလည်းရှိပါသည်။ ဂရိလူမျိုးများ၏ ထိုမွေးနေ့ကိတ်ခွဲခြင်း အယူအဆတွင် မွေးနေ့ကိတ်၏ ပတ်ပတ်လည်တွင် ဖယောင်းတိုင်များ ထွန်းထားခြင်းအားဖြင့် လနတ်သား ဟု ခေါ်ဆိုသည့် အာသီမိ_Artemis ကို ပူဇော်ခြင်းဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။
Image from google
The History of The Birthday Cake
In Ancient Greece, Artemis was the goddess of the hunt, as well as the moon (Her twin brother, Apollo, was god of the sun). It is said that cakes brought to the temple of Artemis were adorned with candles to make them glow like the moon.
Many ancient cultures and many religions also believed that smoke was a vehicle to carry prayers up to the gods, and it is possible that this idea is the basis for our modern “make a wish” tradition.
For more info : http://hankeringforhistory.com/the-history-of-the-birthday-cake/
နောက်တစ်ချက်အနေနှင့် ဂရိလူမျိုးတို့သည် မွေးနေ့ကိတ်ပေါ်တွင် စိုက်ထူထားသော ဖယောင်းတိုင်များသည် လ၏ အရောင်အ၀ါများကို ရည်ညွှန်းကြောင်းကိုမှတ်သားရပြန်ပါသည်။ ထွန်းညှိထားသော ဖယောင်းတိုင်များကို မီးငြိမ်းသွားအောင် မှုတ်လိုက်ခြင်းဖြင့် ဖယောင်းတိုင်မီး ငြိမ်းသွားသဖြင့် ဖြစ်ပေါ်လာသောအငွေ့များသည် ကောင်းကင်မှနတ်ဘုရားများထံသို့ မိမိတို့၏ ဆုတောင်းသောအသံများကို သယ်ဆောင်ပေးခြင်းဖြစ်ကြောင်း ကိုလည်း အယုံအကြည်ရှိကြကြောင်း မှတ်သားရပါသည်။ မွေးနေ့တွင် မိမိတို့အသက်ရောက်ရှိသည့်နှစ်အတိုင်း ဖယောင်းတိုင်များအား စိုက်ထူထွန်းညှိထားကြပြီး မိမိတို့ ဖြစ်လိုရာဆန္ဒအား မည်သူမျှမသိအောင် တိတ်တိတ်ကလေး ဆုတောင်းကြခြင်းဖြစ်ကြသည်ဟု ဆိုပါသည်။ နောက်ထပ် အယူအဆတစ်ခုမှာ မွေးနေ့ ကိတ်ပေါ်တွင် မိမိတို့၏ အသက်ရောက်ရှိရာ နှစ်အတိုင်း ဖယောင်းတိုင်အရေအတွက်ကို စိုက်ထူထားခြင်းဖြစ်ပြီး ထွန်းထားသော ဖယောင်းတိုင်မီးများအားလုံးကို အသက်ပြင်းပြင်းရှုကာ တစ်ချက်တည်းဖြင့် အကုန်ငြိမ်းအောင် မှုတ်ရခြင်းဖြစ်ပါသည်။ ထိုသို့ လေအားပြင်းပြင်းဖြင့် ဖယောင်းတိုင်များအား မှုတ်ရာတွင် ဖယောင်းတိုင်အားလုံး မငြိမ်းပါကလည်း မိမိတို့ ဆုတောင်းမပြည့်နိုင်ဟု ယုံကြည်ကြကြောင်းကိုလည်း မှတ်သားရပါသည်။
Why Do We Blow Out Candles on Birthday Cakes?
Birthday cakes have been a tradition since the Ancient Romans were around, and celebrating someone’s birth with a delicious pastry seems pretty logical. But have you ever wondered who the first pyromaniac was to light a cake on fire?
There are a few theories about the origins of birthday candles.
Some believe that the tradition of birthday candles began in Ancient Greece, when people brought cakes adorned with lit candles to the temple of Artemis, goddess of the hunt. The candles were lit to make them glow like the moon, a popular symbol associated with Artemis.
For more info : http://mentalfloss.com/article/54069/why-do-we-blow-out-candles-birthday-cakes
Video from You Tube
အချို့သော လူများကလည်း မွေးနေ့ကိတ်(Birthday Cake)ကို ဂရိလူမျိုးများက စတင်သုံးစွဲခဲ့ခြင်းမဟုတ်ဘဲ ရှေးခေတ်ဂျာမန်လူမျိုးများမှ စတင်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ယုံကြည်သူများလည်းရှိကြောင်း သိရှိရပါသည်။ ဂရိလူမျိုးများ၏ အလေ့အထ မဟုတ်ဘဲ ရှေးခေတ် ဂျာမန်လူမျိုးများ၏ ဓလေ့ထုံးတမ်းတစ်ခုသာဖြစ်ကြောင်း ယူဆသူများလည်းရှိကြောင်းကို မှတ်သားရပါသည်။ မည်သည်ကအမှန်ဖြစ်သည်ကိုတော့ မသိပါ။
Birthday cake
Birthday cakes have been a part of birthday celebrations in Western European countries since the middle of the 19th century.[1] However, the link between cakes and birthday celebrations may date back to ancient Roman times.
In classical Roman culture, 'cakes' were occasionally served at special birthdays and at weddings. These were flat circles made from flour and nuts, leavened with yeast, and sweetened with honey.
In the 15th century, bakeries in Germany began to market one-layer cakes for customers' birthdays as opposed to only marketing cakes for weddings, and thus the modern birthday cake was born.[citation needed] During the 17th century, the birthday cake took on its contemporary form. These elaborate 17th century cakes had many aspects of the contemporary birthday cake, like multiple layers, icing, and decorations. However, these cakes were only available to the very wealthy. Birthday cakes became accessible to the lower class as a result of the industrial revolution and the spread of more materials and goods.
For more info : https://en.wikipedia.org/wiki/Birthday_cake
မွေးနေ့ကိတ်နှင့် ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းကြသည်ကို မြင်တွေ့နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မည်သည့်လူမျိုး၊ မည်သည့်အချိန်ကစပြီး အသုံးပြုခဲ့ကြောင်းကို တစ်ခါမျှ မစဉ်းစားကြည့်ခဲ့မိကြောင်းပါခင်ဗျာ။ လွန်ခဲ့သော (၃) ရက်ခန့်က ကျွန်တော်၏ ရှေ့တွင် ထိုကဲ့သို့သော မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင်ထွန်းပြီး Happy Birthday အော်ဟစ်နေကြသော သူများအကြားတွင် မွေးနေ့ကိတ်နှင့် ဖယောင်းတိုင်များအားကြည့်ကာ အတွေးပေါ်လာခြင်းဖြစ်သည်။ မွေးနေ့ကိတ်၏ ပတ်ပတ်လည်တွင် မိမိတို့၏ အသက်အတိုင်း ဖယောင်းတိုင်များကို စိုက်ထွန်းကြခြင်းဖြင့် မိမိတို့၏ ရောက်ရှိနေသောအသက်ကို ဖယောင်းတိုင်လေးများဖြင့် ဖော်ပြခြင်းဖြစ်ပေသည်။ စဉ်းစားကြည့်ပါက အသက်အရွယ်ကြီးရင့်လာလေ မိမိတို့ ဆုတောင်းပြည့်ရန် မလွယ်ကူတော့ကြောင်းကိုတော့ စဉ်းစားမိပေသည်။ အသက်(၇၀)ပြည့် မွေးနေ့ကျင်းပသော အဖိုး အဖွားများသည် လေအားပြင်းပြင်းဖြင့် မမှုတ်နိုင် လောက်တော့ပါ။ လေအားပြင်းပြင်းဖြင့် မမှုတ်နိုင်ပါက ဖယောင်းတိုင်ပေါင်း (၇၀)အား ငြိမ်းအောင်မည်သို့ နည်းဖြင့်မှုတ်နိုင်ပါမည်နည်း။ ဖယောင်းတိုင်အကုန်လုံး မီးမငြိမ်းပါကလည်း အဖိုး အဖွားများတောင်းသည့် ဆုတောင်းများလည်း မပြည့်နိုင်ပါတော့ချေ။ မိမိတို့၏ အသက်တစ်နှစ်ကြီးလာလေလေ ဆုတောင်းများ ပြည့်ရန် မလွယ်ကူလေလေ ဖြစ်ကြောင်း သတိပြုဆင်ခြင်မိပါသည်။ အသက်အရွယ်ကြီးရင့်လာလေလေ ဆုတောင်းပြည့်ရန် ခက်ခဲလာလေလေဖြစ်ကြောင်းကိုလည်း စဉ်းစားမိပေသည်။ မည်သည့်အချိန်၊ မည်သည့် ခုနှစ်က မွေးနေ့ကိတ် နှင့် ဖယောင်းတိုင် ယဉ်ကျေးမှု မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်ကိုလည်း မသိပါ။ သိရှိသူများရှိပါက ပြောပြပေးကြပါခင်ဗျာ။ မှတ်သားထားချင်လို့ပါခင်ဗျာ။
Photo credit : Facebook
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး အများစုသည် မိမိတို့၏ မွေးနေ့တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး မွေးနေ့ကောင်းမှုအလှူတော်မင်္ဂလာအဖြစ် သံဃာတော် အရှင်မြတ်တို့အား ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ မိမိတတ်နိုင်သမျှသော လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် လှူဒါန်းပူဇော်ခြင်း၊ ရေစက်ချတရားနာ အမျှပေးကြခြင်း၊ သူငယ်ချင်း မိတ်ဆွေများအား မွေးနေ့အလှူတော်မင်္ဂလာသို့ ဖိတ်ကြားပြီး ကျွေးမွေးဧည့်ခံခြင်းများကို ငွေကြေး တတ်နိုင်သူများက ပြုလုပ်လေ့ရှိကြပါသည်။ အချို့သာသူများကလည်း မိမိတို့ တတ်နိုင်သည့်ငွေကြေးပမာဏဖြင့် ဘိုးဘွားရိပ်သာ၊ မျက်မမြင်ကျောင်း၊ မိဘမဲ့ကလေးများကျောင်း စသည့် နေရာဌာနများသို့ သွားရောက် ဒါနပြုတတ်ကြပေ သေးသည်။ ငွေကြေးချို့တဲ့သူများအနေဖြင့် အနည်းဆုံးတော့ မိမိတို့ကျရောက်သော မွေးနေ့ နံနက်ခင်းစောစော တွင် ဆွမ်းခံကြွရောက်လာလေ့ရှိကြသော သံဃာတော်အရှင်သူမြတ်များအား ဆွမ်းလောင်းလှူခြင်း၊ ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းချိုင့်ပို့ပေးခြင်းဖြင့် ဒါန ကုသိုလ် ပြုကြပေသည်။ ညနေခင်းအချိန် သို့မဟုတ် ညအချိန်တွင် ဘုရားစေတီတစ်ဆူဆူသို့ သွားရောက်ကာ မိမိတို့ တတ်နိုင်သမျှ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်များအားလည်း ထပ်မံ ပြုလုပ်တတ်ကြပေသေးသည်။ ထိုသို့သော ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းဖြင့် ယခုဘ၀ နောင်ဘ၀ လျောက်လှမ်းရာ သံသရာခရီး အတွက် ကောင်းမွန်သည့်အလေ့အထသည် ပျောက်ကွယ်လုနီးပါး ဖြစ်လာနေသည်ကို တွေ့မြင်နေရပါသည်။ ထိုထိုသော ကုသိုလ်ကောင်းမှုများဖြင့် ကြည်နူးဖွယ်၊ ပျော်ရွှင်ဖွယ်ဖြစ်သည့်အပြင် ကုသိုလ်တရားများ တိုးပွားရရှိစေသည့် လုပ်ငန်းအစုစုတို့အစား မိတ်ဆွေ အဖော်အပေါင်းများနှင့် မွေးနေ့ကိတ်ခွဲ Happy Birthday ဟုအော်ပြီး ဖယောင်းတိုင်မီးမှုတ်သော ယဉ်ကျေးမှုက အစားထိုးဝင်ရောက်လာနေကြောင်းကိုလည်း တွေ့မြင်နေရပါသည်။ မကောင်းမှုဟု ဆိုလိုရင်းမဟုတ်ကြောင်းကိုတော့ နားလည်စေချင်ပါသည်။
Photo credit : Facebook
အချုပ်အားဖြင့်ဆိုသော် ခေတ်အလိုက် ယဉ်ကျေးမှု ရေစီးကြောင်းတွင် မျောပါစီးဆင်းကြရာတွင် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများကိုလည်း တန်ဖိုးထားလေးစားပြီး အခြားသူများ လေးစားအတုယူလာအောင်လည်း ထိန်းသိမ်းစောင့်ရှောက်သင့်ပါကြောင်း ရေးသားရင်းဖြင့် နိဂုံးချုပ်လိုက်ပါသည်ခင်ဗျာ။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
23-10-2017 တနင်္လာ(Monday)