တွေးကြည့်ပါ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


အထွေအထူး ရေးသားရန်မစဉ်းစားနိုင်တဲ့အတွက် ခေါင်းထဲ စဉ်းစားမိသမျှ ရေးတင်လိုက်ခြင်းဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခု အောင်မြင်တိုးတက်ဖို့ဆိုတာက ဦးဆောင်သူ အပေါ်ဆုံးက ခေါင်းဆောင်ရဲ့ အပေါ်မှာ မူတည်နေ တတ်သကဲ့သို့ အောက်ဆုံးက အရည်အချင်းအနိမ့်ဆုံးလူရဲ့ အပေါ်မှာလည်း မူတည်နေပါတယ်။ ငွေကြေးဆိုတာကလည်းနေရာတိုင်းမှာ အသုံးဝင်နေတာမဟုတ်တတ်ပါဘူး။ တောကြီးမျက်မဲထဲမှာဆိုရင်တော့ ငွေကြေးက အသုံးဝင်မယ်မဟုတ်တော့ပါဘူး။ ဘ၀မှာ ဘယ်လိုယှဉ်ပြိုင်မှုပဲဖြစ်ဖြစ် သာမန်ယှဉ်ပြိုင်နေရုံနဲ့တော့ မလွယ်ကူလှပါဘူး။ လူတိုင်းတွင် ငယ်ရွယ်စဉ် အချိန်ကာလတွင် ရည်မှန်းချက်အိပ်မက်များရှိတတ်ကြပါတယ်။ လူတိုင်းကတော့ ရည်မှန်းထားသော အိပ်မက်အတိုင်း ဖြစ်လာခြင်းတော့ မရှိကြပါဘူး။ အောင်မြင်မှုဆိုတာ လမ်းကြောင်းတစ်ခုတည်းသာ ရှိနေခြင်းမဟုတ်ကြောင်းကို သိထားရန်လိုအပ်ပါတယ်။ ဖြစ်လိုရာ မဖြစ်တိုင်း ဖြစ်ချင်ရာဖြစ် ဆိုပြီး လုပ်ချင်ရာကို မလုပ်ကြပဲနဲ့ လုပ်သင့်တာကို လုပ်ဖို့လည်း လိုအပ်ပါတယ်။ အောင်မြင်မှုဆိုတာတွေက ဘ၀လမ်းကြောင်းတစ်လျောက်မှာ ပေါက်နေတဲ့ သိပ်လှတဲ့ ပန်းပင်ကလေးတွေလိုပါပဲ။ အောင်မြင်မှုရဖို့ ဆိုတာက အရည်အချင်းတစ်ခုတည်းနဲ့ ရချင်မှ ရပါလိမ့်မယ်။ တခါတရံမှာ အောင်မြင်မှုရဖို့ ချစ်ချင်းမေတ္တာတရားလည်း လိုအပ်နေတတ်ပါတယ်။ အရည်အချင်းတွေကောင်းနေပြီး ချစ်ခြင်းမေတ္တာ တရားခေါင်းပါးနေမယ်ဆိုရင် အောင်မြင်ခဲ့မယ် ဆိုရင်တောင်မှ ရေရှည်မအောင်မြင်နိုင်ပါဘူး။


04.png


လူအများစုက လက်ရှိအောင်မြင်နေတဲ့နေရာကိုပဲကြည့်တတ်ကြတယ်။ အဲဒီနေရာရောက်အောင် ဘယ်လိုလျှောက်ခဲ့ရသလဲဆိုတာကို မကြည့်တတ်ကြဘူး။ သူဘာကြောင့်အောင်မြင်တာလဲ။ ဒီလိုအောင်မြင်အောင် ဘယ်လိုအခက်အခဲတွေကို ကျော်ဖြတ်လာခဲ့ရသလဲဆိုတာကိုလည်း ကြည့်မှ ကိုယ်လည်း သူ့လို အောင်မြင်နိုင်ပါလိမ့်မယ်။ အားကျနေရုံနဲ့တော့ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး။ အလုပ်ကို အမှန်တကယ်လုပ်လိုသောစိတ်ဖြင့်ရှာပါက လုပ်စရာအလုပ်မရှားတတ်ပါ။ တန်ဖိုးသိမှသာ တန်ဖိုးရှိပါတယ်။ အခြားသောနိုင်ငံများ မြန်မာနိုင်ငံအား ပဒေသာပင်ပေါက်သော နိုင်ငံဟု ထင်မှတ်တတ်သော် လည်း နိုင်ငံသားတို့ကမူ တန်ဖိုးကို မသိသည်ကများနေတယ်။ တန်ဖိုးမသိလျှင် တန်ဖိုးမရှိတော့ပါ။ တန်ဖိုးမရှိတော့လျှင် အရေးမထားတတ်တော့ပါ။ ထို့အတူပင်။ အသုံးချမှ အသုံးကျပါမယ်။ အသုံးမချသောအရာသည် ဘယ်တော့မှ အသုံးမကျတော့ပါ။ ကံမရှိ ဥာဏ်ရှိတိုင်းမွဲလို့ပြောတတ်ကြပါတယ်။ အတူတူပါပဲ။ ဥာဏ်မရှိရင်လည်း ကံရှိတိုင်းမွဲနေမှာပါ။ အောင်မြင်မှုရရှိဖို့အတွက် ကိုယ်တိုင်ကလည်း ဆန်းသစ်တီထွင်တတ်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်အကျိုးအတွက် အများအကျိုးကိုဆောင်ရွက်သင့်ပါတယ်။ အများအကျိုးဆောင်မယ်ဆို ကိုယ့်အကျိုးလည်း ဆောင်ပြီးသားဖြစ်သွားတတ်ပါတယ်။


02.png


လူအဖြစ်သို့ရောက်ရှိလာရခြင်းကပင် အလွန်ကောင်းမွန်လှပါတယ်။ အခြားသော တိရစ္ဆာန်များ မဖြစ်ခြင်းကပင် ကောင်းမွန်နေပေပြီ။ ထို့ထက်ကောင်းရန်ကား လူက လူပီသရန်သာဖြစ်ပါတယ်။ လူအဖြစ်ရောက်ရခြင်းသည်လည်း ပျော်စရာကောင်းလှပါတယ်။ ပျော်ရွှင်စရာဆိုတာ နေရာတိုင်း မှာရှိနေပါတယ်။ နေရာတိုင်းမှာ ရှိနေပါရက်နဲ့ မပျော်ရွှင်နိုင်တာက လူဖြစ်ရှုံးခြင်းထဲက တစ်ခုပါပဲ။ ဒုက္ခဆိုတာကို ပါးစပ်ကနေ ခဏ ခဏမရွတ်မိပါစေနဲ့။ ကြာရင် ပါးစပ်အရသာတွေ့သွားတဲ့အပြင် ဒုက္ခတရားကအောင်မြင်သွားပြီး ဒုက္ခနဲ့ အမြဲတွေ့ရပါလိမ့်မယ်။ ဒီတော့ ပျော်ပျော်နေ သေခဲဆိုတဲ့ စကားကို မမေ့သင့်ပါဘူး။ ၀ဇီဗေဒ ထိတိုင်းရှတဲ့။ ဒုက္ခ ဆိုတာရွတ်နေရင် အမြဲတမ်း ဒုက္ခ လာပါလိမ့် မယ်။ ထိုသို့ရွတ်ဆိုနေခြင်းသည် ဒုက္ခကို လာရန်ဖိတ်ခေါ်နေခြင်းနှင့်တူနေသည်ကို သတိပြုပါ။ ချစ်သူကို တမ်းတနေရင် ချစ်သူလာသလိုပါပဲ။ ဒုက္ခကို တမ်းတရင် ဒုက္ခလာပါလိမ့်မယ်။ ဒုက္ခ နဲ့ သုခ နှစ်မျိုးရှိမှာ ဒုက္ခကိုသာ ရွေးပြီး သုခကို မေ့နေသူတွေက ဘယ်လိုလူဖြစ်နိုင်ပါသလဲ။ လောကကြီးမှာ အလုပ်ဆိုတာ တစ်ခုတည်းရှိခြင်းမဟုတ်ပါဘူး။ ဒီတော့ အလုပ်တစ်ခုပျက်မှာ မကြောက်သင့်ပါ။ တစ်ခုပျက်ရင် နောက်တစ်ခုလုပ်ရန်အားယူသင့်ပါသည်။ လောကတွင် ငွေပုံကြီးကို ဖင်ခုထိုင်ထားလောက်အောင် အမှန်တကယ် ချမ်းသာသူတွေ များပြားလှပါတယ်။ ဒါပေမယ့် အမှန်တကယ် စိတ်ချမ်းသာသူကတော့ လက်ချိုးရေရင် လက်တစ်ဖက်တောင် ပြည့်မယ် မထင်ပါ။ ဆင်းရဲခြင်း၊ ချမ်းသာခြင်းက စိတ်ချမ်းသာခြင်းနဲ့ မသက်ဆိုင်ပါဘူး။


03.png


ထိုင်းမှိုင်းခြင်းက လူတစ်ဦးကနေ အခြားတစ်ဦးကို ကူးစက်တတ်ပါတယ်။ ရယ်မောခြင်းကလည်း လူတစ်ဦးကနေ အခြားတစ်ဦးကို ကူးစက်တတ်ပါတယ်။ ကူးစက်တာခြင်းအတူတူပဲဖြစ်ပေမယ့် အကျိုးရလဒ်ခြင်းကတော့ ဆန့်ကျင်ဖက်ပါပဲ။ ဒီတော့ ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ နေသင့်သလား၊ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နေသင့်သလား။ လောကကြီးက နေတတ်ရင် ကျေနပ်စရာပါ လို့ ပြောနေသံကို ကြားဖူးပါတယ်။ တကယ့်လက်တွေ့မှာတော့ မကျေမနပ်ဖြစ်ပြီး အနေမတတ်သူတွေ များနေတာပဲ တွေ့ရပါတယ်။ လူ့လောကကြီးကို လူအဖြစ်ရရှိပြီး လောကကြီးကို ကျေကျေနပ်နပ် ပျော်ပျော်ရွှင်ရွှင်နေသွားနိုင်ကြပါစေကြောင်း ဆုမွန်တောင်းရင်း ရပ်နားလိုက်ပါတယ်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

8-Jun-2018 သောကြာနေ့(Friday)