ရွှေဥတကယ်ဥနေပြီ (Really Lays Golden Eggs)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
ယနေ့အချိန်တွင် ကျွန်တော်တို့ Myanmar Steemit Community သို့လူသစ်များ ၀င်ရောက်လာနေကြသည်ကို ၀မ်းမြောက်ဖွယ်ရာမြင်တွေ့နေရပါသည်။ ထိုသို့ဝင်ရောက်လာနေကြခြင်းကိုလည်း လက်ရှိ အဖွဲ့သားများမှ ၀မ်းမြောက်ဝမ်းသာကြဆိုကြမည်ပင်။ အဘယ့်ကြောင့်ဆိုသော် Myanmar ကို ကမ္ဘာက ကောင်းသောအသိဖြင့် သိရှိစေရန်အတွက် အရည်အချင်းရှိသော အဖွဲ့ဝင်အသစ်များအမှန်တကယ်လိုအပ်နေပါသည်။ လူသစ်များအင်မတန်များပြားလာသဖြင့် MSC Register ကိုပင် ခေတ္တရပ်နားထားရပေသည်။ အဖွဲ့ဝင်အဖြစ် ၀င်ရောက်လာသူအများစုသည် စာရေးဆရာများမဟုတ်လောက်ပါ။ သို့သော်လည်း မိမိတို့နားလည် တတ်ကျွမ်းခြင်းသည် စာရေးသားခြင်းသာဖြစ်နိုင်ချေများပါသည်။ စာကိုတော့ကောင်းမွန်စွာ ရေးသားနိုင်ရန်ကြိုးစားသင့်ပါသည်။ နားမလည်ခြင်းများ၊ အရေးအသားအမှားများကို တတ်နိုင်သမျှရှောင်ရှားရေးသားရန်လည်းလိုအပ်ပါသည်။ မြန်မာစာပေအရေးအသားများကို ဖြစ်ကတတ်ဆန်း မရေးမိစေရန်တော့လိုအပ်ပါသည်။ ထို့ကြောင့် အသိလေး သတိလေးဖြင့် ထိန်းချုပ်ရေးသားကြရန်လိုအပ်ပါသည်။ လူသစ်များအား သိသင့်သိထိုက်သိများကိုလည်း အစဉ်အမြဲလမ်းညွှန်ပေးနေကြပေသည်။ မသိသည်များကိုလည်း သိသမျှအိတ်သွန် ဖာမှောက်အကုန်ချပြပေးနေကြပေသည်။ သင်ကြားပေးနေကြပါသည်။ အချိန်မအားလပ်ကြသည့်ကြားမှ ၀ိုင်းဝန်းလုပ်ဆောင်နေကြပေသည်။ နောက်လူများအတွက် အလွန်ကံကောင်းသောအခွင့်အရေးများဖြစ်ပေသည်။ Steemit တွင် ဖုံးကွယ်ထားသောအရာမှာ Password များသာရှိမည်ထင်ပါသည်။ အချို့သော မျက်နှာဖုံးစွပ်ထားသော အကောင့်များလည်း ရှိနေနိုင်ပါသေးသည်။ သူခိုးများရှိနေခြင်းကြောင့်ပင် ရဲများပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။ ကိစ္စမရှိပါ။ အသိရှိသူများအားလုံးက ကာကွယ်ပေးသွားပါလိမ့်မည်။
Image from google
Steemit အမည်တွင်သော ငန်းအား ယခင်ကတည်းကပင် မွေးမြူခဲ့သောလူအများစုသည် ပုံမှန် အစာကျွေးခြင်း၊ ရေတိုက်ခြင်းများပြုလုပ်လာကြခဲ့ကြပါသည်။ ပုံမှန် အစာမကျွေးပဲ ပစ်ထားသောသူများလည်း ရှိကြပေသည်။ ထိုသို့ပုံမှန်အစာကျွေး ရေတိုက်နေသောသူနှင့် ပုံမှန်အစာမကျွေး ရေမတိုက်သောသူ အများကြီးကွာခြားသွားခဲ့ကြ ပေပြီ။ ပုံမှန်အစာရေစာကျွေးသောသူများအတွက် Steemit ငန်းလေးသည် တဖြည်းဖြည်းအရွယ်ရောက်လာခဲ့ကြ သည်ကိုလူတိုင်းသိမည်ဖြစ်ပါသည်။ အရွယ်ရောက်လာသည်နှင့်အမျှ ရွှေဥ ဟုခေါ်ဆိုနိုင်သော Steem Dollar များ STEEM များ၊ STEEM POWER များတိုးတက်လာခဲ့သည်ကို ယခင်လူဟောင်းများသိပေမည်။ ပုံမှန်အစာကျွေး ရေတိုက်ခြင်းမပြုလုပ်ခဲ့သော သူများအတွက်မူ STEEM ဆိုသော ငန်းကလေးသည် အရွယ်ရောက်လာခဲ့ပြီ ဖြစ်သော်လည်း အရည်အသွေးမမှိ ပိန်လှီ ချိနဲ့နေခဲ့ပေသည်။ ထို့အတူ ရွှေဥများကိုလည်း အဆင့်တန်းမီမီ ဥမပေး နိုင်ကြောင်း သိရှိလာခဲ့ပြီဖြစ်ကာ အခြားသူများ ကဲ့သို့ အရည်အသွေးမှီသော ရွှေဥများကို ပိုင်ဆိုင်ရယူလိုလာကြကာ သူ့ထက်ငါအပြိုင်အဆိုင် အစာကျွေးခြင်း၊ ရေတိုက်ခြင်းပြုလုပ်လာခဲ့ကြသည်မှာ ၀မ်းသာစရာတစ်ခုပင်ဖြစ်ပေသည်။ သို့သော် အစာရေစာနင်းကန်ကျွေးလျင်လည်း ငန်းကလေးမှာ စားပိုးနင့်ကာသေဆုံးရုံသာရှိမည်ဖြစ်ပါသည်။ လိုအပ်သောအချိန်အတိုင်းအတာတစ်ခုတော့ ပေးကြရမည်ပင်။ ယခုမပေးလျှင်လည်း နောက်ပေးရမည်ပင်ဖြစ်ပါသည်။ ထိုသို့အချိန်မစောင့်လိုသည်ရှိသော် မိမိတို့၏ ကိုယ်ပိုင်ငွေများထုတ်ကာ အရွယ်ရောက်နေသော ဥကောင်းကောင်းဥပေးနေသောငန်းအားငှားရမ်းအသုံးချရန် သို့တည်းမဟုတ် အပိုင်ဝယ်ယူရန်သာရှိပါတော့သည်။ အချို့သောသူများ၏ ငန်းသည် အစာရေစာ လုံးဝမကျွေးတော့သဖြင့်လည်းကောင်း၊ အဆိပ်ကျွေးမိသဖြင့် လည်းကောင်း သေနေကြရရှာလေပြီဖြစ်သည်။ နှမြောစရာအလွန်ကောင်းလှပေသည်။ ငန်းတစ်ကောင်စီ ပိုင်ဆိုင် ထားကြသူချင်းအတူတူ အခြားသူများ၏ ငန်းအား ငေးမောနေရခြင်းသည် မည်သို့သော ခံစားချက်ဖြစ်နိုင်မည် နည်း။ နောင်တဟူသောခံစားချက်မှလွဲပြီး အခြားအရာတော့ မဖြစ်နိုင်တာသေချာပါသည်။
Image from google
မည်သို့ပင်ဆိုစေကာမူ Myanmar Steem ငန်းမွေးမြူရေးအား ပူးပေါင်းခြင်းဖြင့်ဖြစ်စေ၊ တစ်ဦးတည်းသီးသန့် ဖြစ်စေ ပြုစုပျိုးထောင်လာခဲ့ကြသည်ကိုမြင်ရသောကြောင့် ကျွန်တော်တို့မြန်မာသည် ကမ္ဘာအရပ်ရပ်မှ သိရှိလာရန် မဝေးလှဟုတော့ ထင်မိပါသည်။ သို့သော် အချို့သောသူများသည် Myanmar Steemit ငန်းအား အဆိပ်ကျွေး သတ်ရန်ကြံစည်နေကြသကဲ့သို့ဖြစ်နေသည်ကို ထိုသူများကိုယ်တိုင်ပင်မသိရှိကြလေသလော။ သိသိနှင့်ပင် တမင် သေအောင် အဆိပ်ကျွေးသတ်နေခြင်းပင်ဖြစ်နေသလော ကျွန်တော်မသိပါ။ သူတို့ကိုယ်တိုင်သာ သိရှိကြပါလိမ့် မည်။ ရွှေဥများ နေ့စဉ် ဥပေးနေသော Steemit ငန်းအား အဆိပ်ကျွေးမသတ်မိစေရန်၊ ဆန္ဒစောကာ ရင်ကို ဓားဖြင့် ခွဲကာ ရွှေဥများအကုန်လိုချင်နေလို့မဖြစ်သည်ကိုတော့ သတိပြုကြစေချင်ပါသည်။ နေ့စဉ် ရွှေဥပေးနေသော Steemit ငန်းအား သေအောင်သတ်ချင်နေသူများလည်း အများအပြားရှိနေပေလိမ့်မည်။ ငန်းအားလည်း ခိုးယူရန် ကြံစည်နေသူများလည်း ရှိနေနိုင်ပါသည်။ မိမိတို့ကိုယ်တိုင် အစာရေစာ ပုံမှန်တိုက်ကျွေးခြင်းမပြုပဲ အခြားသူများ၏ ငန်းအား ခိုးယူရန် ကြံစည်နေသူများ၏ ရန်ကိုလည်း သတိပြုကြစေချင်ပါသည်။ မှန်ကန်သော အသိတစ်ခုသည် ဘ၀တစ်ခုသာ မက သံသရာတစ်လျောက်လုံးတွင် အောင်မြင်သွားနိုင်သကဲ့သို့ မှားယွင်းသော အသိတစ်ခုသည် တစ်ဘ၀စာသာမက သံသရာလည်နေသမျှကာလပတ်လုံး ဒုက္ခမျိုးစုံနှင့် မလွဲဧကန်တွေ့ကြုံရမည်ဖြစ်ပါသည်။ ထို့ကြောင့် အသိမမှားစေချင်ပါ။ အသိရှိစေချင်ပါသည်။ မိမိတို့၏ ငန်းလေးများအား အစာရေစာကျွေးမွေးကြရာ တွင် အဆိပ်များမပါစေရန်လည်း ဂရုစိုက်ကြပါ။ ယခင်က ကျွန်တော်ပုံပြင်တစ်ပုဒ်အဖြစ်ရေးသားခဲ့ဘူးပါသည်။ နေ့စဉ်ရွှေဥ တစ်လုံးကျပေးနေသည်ကို နည်းသည်ထင်ကာ ရင်ခွဲကာ ရွှေဥရှာသကဲ့သို့သော အဖြစ်မျိုးလည်း မလုပ်ကြစေရန် အသိ သတိရှိကြစေချင်ပါသည်။ ဘာတွေပြော ဘာတွေရေးနေမှန်းမသိဖြစ်သောသူများ ဖြစ်နေ နိုင်သော်လည်း Steemit ကို ယခင်အချိန်များစွာကတည်းက လုပ်ကိုင်လာကြသော အဖွဲ့ဝင်များကတော့ သိမည် အမှန်ဖြစ်ပါသည်။
ရေးခဲ့ပြီးသောရွှေဥဥသောငန်းအကြောင်း ဖတ်ရှုလိုပါကနှိပ်ပါ
Image from google
ငန်းဆိုသည်ကား Steemit Platform တွင်ဖွင့်လှစ်ထားကြသော မိမိတို့၏ ကိုယ်ပိုင် Steemit အကောင့်ဖြစ်ပေ သည်။ အစာရေစာမကျွေးခြင်းသည်ကား ပုံမှန် Post တင်ခြင်းကိုရည်ညွန်းပြီး နေ့စဉ် အစာရေစာတိုက်ကျွေးခြင်းသည်ကား ပုံမှန် Post တင်ခြင်းပင်ဖြစ်ပါသည်။ အဆိပ်ဆိုသည်ကား သူတစ်ပါး၏ စာများအား တိုက်ရိုက် မိမိတို့၏ အားထုတ်မှု တစ်စုံတစ်ရာ မပါရှိပါပဲနှင့် ကူးယူကာ Post တင်ခြင်းကိုဆိုလိုပါသည်။ ရွှေဥဟုဆိုလိုခြင်းသည်ကား လူအများသိကြမည်ပင်ဖြစ်ပါသည်။ SBD ဟုခေါ်ဆိုကြသော Steem Dollar, STEEM နှင့် STEEM POWER များကို ဆိုလိုပါသည်။ ထိုနေရာတွင် ရွှေဥကို ပုံမှန် ရရှိနေကြသောသူများသည် အစာရေစာ ပုံမှန်ကျွေးခဲ့သူများသာ ဖြစ်ပါသည်။ ကျွေးသောအစာရေစာတွင် အဆိပ်မပါအောင်ကြိုးစားနေကြသူများသာဖြစ်ပါသည်။ Steemit အကောင့်တစ်ခုစီသာ ပိုင်ဆိုင်နေကြသူချင်းအတူတူ ရွှေဥ ရတာချင်းတော့ ကွာနေအုံးမည်ဖြစ်ပါသည်။ နေ့စဉ် အာရုံစိုက်ကာ Steemit ကို အချိန်တစ်ချိန်ပေးခြင်းဖြင့် ဘ၀ရပ်တည်ရေးတွင် အထောက်အကူဖြစ်စေနိုင်မည်ကို မယုံကြည်နိုင်ကြဖြစ်နေလောမသိပါ။ မိမိအလုပ်ကဲ့သို့ စိတ်ဝင်တစားလုပ်ကိုင်နိုင်မည်ဆိုလျှင် အမှန်တကယ် အကျိုးရှိမည်ဖြစ်ပါကြောင်း အသိပေးတိုက်တွန်းလိုက်ပါသည်။ မိမိတို့ပိုင်ဆိုင်သော ငန်းအား ကောင်းမွန်သော အသိဖြင့် ကောင်းမွန်စွာ စောင့်ရှောက်ထားနိုင်ကြပါစေ။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
6-Jan-2018 စနေနေ့(Saturday)