ရောသပြွမ်း-၂(Mixture 2)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ကဲဗျာရေးလက်စနဲ့ လူသစ်များအတွက် ဆက်ရေးလိုက်ပါဦးမယ်။ အခြားသောအကြောင်းအရာများကို ရေးသားရန် ခုရက်ပိုင်းခဏလောက်ရပ်ထားပြီး လူသစ်တွေအတွက် အထောက်အကူဖြစ်မည်ထင်သောအကြောင်းအရာလေး များကို ရေးသားပါဦးမည်။ ဒါကြောင့် သည်းခံပြီးတော့ ဖတ်ပေးကြပါ။ ပြောသာပြောရသည်။ လာပြီးဖတ်သူဘယ် နှစ်ယောက်မှမရှိသည်ကိုလည်း တွေ့နေရပါသည်။ မြင်နေရပါသည်။ သို့သော်လည်း မတတ်နိုင်ပါ။ ရေးတင်ပေး ရမှာက ကိုယ့်အလုပ်ဖြစ်ပြီး လာရောက်ဖတ်ခြင်း မဖတ်ခြင်းကတော့ သူတို့၏ အလုပ်သာဖြစ်သောကြောင့် ရေးတော့ရေးလိုက်ပါသည်။ လာရောက်ဖတ်ရှုသူများအားလည်း ကျေးဇူးတင်သကဲ့သို့ တစ်ခုခုကိုတော့ ရသွားစေ ချင်သည်မှာ တကယ့်စိတ်ရင်းအမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် တစ်ခုခုတော့ရသွားအောင် ကြိုးစားသွားကြစေချင် ပါသည်။ ကြိုးစားကြပါလို့လည်း တိုက်တွန်းလိုပါသည်။
ရောသပြွမ်းအပိုင်းတစ်တွင် Tag List, Steem Cleaner နှင့် Cheetah တို့အကြောင်းအနည်းငယ်စီကို သတိထား နိုင်ကြစေရန်အတွက် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ယခု Post တွင် မိမိတို့အကောင့် ရရှိပြီးသောအချိန်တွင် သတိထား ရမည့်အချက်အချို့အားလည်း ရေးသားလိုပါသည်။ အသုံးဝင်နိုင်မည်၊ သတိထားနိုင်ကြမည်ဆိုပါက အကျိုးမယုတ် နိုင်ကြပါသောကြောင့် ရေးသားရခြင်းဖြစ်ပါသည်။ အချို့သောသူများအတွက် သိထားပြီးဖြစ်နေမည်ဖြစ်သော် လည်း သတိမထားကြသောသူအများအပြားကိုလည်းတွေ့မြင်နေရသေးသောကြောင့် ထပ်မံပြီး ပြန်လည်ရေးသား ပေးခြင်းဖြစ်ပါသည်။ တစ်ချို့သောသူများလည်း အစဉ်အမြဲသတိပေးရေးသားထားသည်များလည်း ရှိပါသည်။ မမှတ်မိတော့သောကြောင့်လည်းကောင်း၊ သတိမေ့လျော့သောကြောင့်လည်းကောင်း ဆုံးရှုံးမှုများ၊ အလုပ်အပိုများ မဖြစ်ပေါ်စေရန်အတွက် ထပ်မံသတိပေးရခြင်းဖြစ်ပါသည်။
မိမိတို့၏ Steemit Account ရရှိသည်နှင့် Password ချပေးသော Link အား တစ်ကြိမ်သာနှိပ်ရန် သတိပေးလိုပါသည်။ အဘယ့်ကြောင့် တစ်ကြိမ်သာနှိပ်ရမည်နည်းဆိုသော် တစ်ကြိမ်နှိပ်လျှင် တစ်ကြိမ် Password ပြောင်းလဲသွားသောကြောင့်ဖြစ်ပါသည်။ မိမိကပထမအကြိမ် Link ကိုနှိပ်စဉ်က ကူးယူထားသော Password ချပေးထားပြီးဖြစ်ပါသည်။ ထို Password ကိုလည်း မိမိတို့က Password ကအရေးကြီးသည်ဟု ဆိုထားသောကြောင့် သေချာစွာမှတ်သားထားလိုက်ပြီးဖြစ်ပါသည်။ နောက်တစ်ကြိမ်နှိပ်မိသောအခါ Password ပြောင်းလဲသွားကြောင်းကို သတိမထားမိတော့ချေ။ ထိုနောက်တစ်ကြိမ် နှိပ်မိသော Password ကိုလည်း မှတ်မထားမိတော့ဘဲ ဖြစ်တတ်လေသည်။ ချပေးသော Link အား တစ်ကြိမ်သာ နှိပ်ပြီး ပေးထားသော Password ကိုသေချာစွာ ကူးယူမှတ်သားထားကြရန်လိုပါသည်။ ချပေးသော Link အား နောက်တစ်ကြိမ်မနှိပ်ကြပါရန်လည်း သတိပေးချင်ပါသည်။ ဖြစ်တတ်ကြသည်မှာ Login ၀င်မရသောအခါတွင် ထို Password ချပေးသော Link အား ထပ်မံနှိပ်ပြီး ၀င်တတ်ကြသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် အရေးအကြီးဆုံး အချက်တစ်ခုမှာ Steemit မှချပေးသော Password အား သေချာစွာ နေရာခွဲသိမ်းဆည်းထားရန်လိုပါသည်။ ထပ်မံသတိပေးလိုပါသည်။ မိမိတို့၏အကောင့် Password အား သေချာစွာ နေရာများခွဲပြီး သိမ်းဆည်းထားပါ။ နောက်ထပ်သတိပေးရန် မှာလည်း မိမိတို့၏ အကောင့် Password အား နေရာခွဲပြီး သေချာစွာ မှတ်မှတ်သားသား သိမ်းဆည်းထားပါ။ ဘာကြောင့် အကောင့် Password ကို ဒီလောက်အရေးတကြီး သိမ်းဆည်းခိုင်းနေပါသနည်းဟု ထင်ကောင်း ထင်နေနိုင်ပါသည်။ ကျွန်တော်တို့ ကျွန်မတို့ သေသေချာချာသိမ်းထားပြီးပါပြီဆိုသူများပင် နောက်ထပ်တစ်စုံ တစ်ရာ ပြသနာဖြစ်တတ်ပါသောကြောင့် အမြဲတမ်း သတိပေးနေရခြင်းဖြစ်ပါသည်။ မိမိတို့၏ Steemit Password အား Steemit မှ Recovery မပေးနိုင်ပါဟု အတိအလင်းပင် ရေးသားထားသောကြောင့် ခဏတိုင်းသတိပေး နေခြင်းဖြစ်ပါသည်။ မိမိတို့အတွက် လုံခြုံစိတ်ချရသောနေရာတစ်နေရာတွင် လည်းကောင်း၊ Google Drive တို့ကဲ့သို့သော Drive များတွင် တင်ပို့သိမ်းဆည်းခြင်းဖြင့်လည်းကောင်း၊ Memory Stick သို့မဟုတ် CD များအတွင်းထည့်သွင်းသိမ်းဆည်းထားခြင်းဖြင့်လည်းကောင်း လုံခြုံစိတ်ချရစေရန် backup လုပ်ထားကြစေချင်ပါသည်။ အခြားသော Social Media များမှာကဲ့သို့ Password အားပြန်လည်ရယူနိုင်မည် မဟုတ်သောကြောင့် အထူးပင်သတိပေးနေခြင်းဖြစ်ပါသည်။ Steemit Account Password သည် မိမိတို့၏ ငွေတိုက်သော့၊ ဘဏ်အကောင့်သော့ များကဲ့သို့ပင်ဖြစ်ပါသည်။ ငွေထုတ်သည်ဖြစ်စေ၊ ငွေလွှဲသည်ဖြစ်စေ၊ အခြားသော ပြောင်းလဲခြင်းများကို ပြုလုပ်သည် ဖြစ်စေ Password ပေးမှသာ ပြုလုပ်နိုင်ကြမည်ဖြစ်ပါသည်။
နောက်ထပ်တစ်ခုသတိပေးပြောကြား လိုသည်မှာကား မိမိတို့၏ Profile Picture, Cover Picture တို့အား ထည့်သွင်းထားသင့်ပါသည်။ Cover Picture အားမထည့်ချင်လျှင်နေပါ။ သို့သော် Profile Picture ကို မဖြစ်မနေထည့်သွင်းထားစေချင်ပါသည်။ ထို့အတူ ဖြစ်နိုင်ပါက မိမိတို့၏ ကိုယ်ပိုင်တံဆိပ်(Logo)လေးများ လုပ်ထားသင့်ပါသည်။ အချို့သောသူများသည် ထို Profile နှင့် Logo များအား ကြည့်ကာ vote ပေးတတ်ကြ သောကြောင့်ဖြစ်ပါသည်။ ထို့နောက် ပထမဦးဆုံးအနေဖြင့် မိမိတို့၏ မိတ်ဆက်(introduceyourself) Post အားတင်သင့်ပါသည်။ မိမိသည် မည်သူမည်ဝါဖြစ်ကြောင်း မိတ်ဆက်ပေးခြင်းဖြင့် ပိုမိုလူသိများလာစေမည် ဖြစ်ပါသည်။ ထိုသို့လူသိများလာသော အခါတွင် မိမိတင်သမျှ Post များကိုလည်း လူအများကအလွယ်တကူ မြင်လာနိုင်ကြမည်ဖြစ်ပါသည်။ အမှန်တကယ်လည်းလိုအပ်သည်ဟု ထင်မြင်မိပါသည်။ Steemit Platform တွင် မိမိဘယ်သူဘယ်ဝါဆိုသည်ကို ထိန်ချန်ထားရန်မလိုပါ။ မကောင်းမှုပြုလုပ်ရန်ရည်ရွယ်ချက်ရှိသူများကို တော့မပြောလိုပါ။ အမှန်တကယ် Steemit Platform တွင် အောင်မြင်လိုသူများအတွက်တော့ မိမိတို့၏ အမှန်တကယ်အကြောင်းအရာများအား ချပြရန် ၀န်လေးလိမ့်မည်မဟုတ်ကြပါ။ Steemit Platform ဖုံးကွယ်ထားရမည့်အရာဆိုလျှင် Account Password တစ်ခုသာရှိသည်ဟုလည်း ထင်မြင်မိပါသည်။ Account Password ကိုမူ အခြားမည်သူ့ကိုမျှပြောပြရန်လိုမည် မဟုတ်ပါချေ။ မိမိသာလျှင် သေချာစွာသိမ်းဆည်းထားရန် လိုအပ်မည်ဖြစ်ပါသည်။
Myanmar Steemit Community သည် ဖွဲ့စည်းစဉ်အချိန်ကစတင်ကာ ယခုအချိန်ထိ မိမိတို့တတ်နိုင်သမျှအား ကူညီပံ့ပိုးပေးနေကြခြင်းဖြစ်ပါသည်။ MSC သည် မည်သူတစ်ဦးတစ်ယောက်ကမျှ ကိုယ်ပိုင်ရယူထားခြင်းမဟုတ်ပါ။ မြန်မာလူမျိုးအားလုံးနှင့်သက်ဆိုင်ပါသည်။ သို့သော် ကောင်းမွန်သောလမ်းကြောင်းပေါ်ရောက်ရှိစေရန်အတွက်မူ MSC မှအဖွဲ့သားများသာမက myanmar tag တပ်ကာ စာရေးနေကြသောသူအားလုံးနှင့် သက်ဆိုင်ပါသည်။ MSC နံပါတ်ရယူထားသည်ဖြစ်စေ၊ မရယူထားသည်ဖြစ်စေ myanmar tag အောက်တွင်စာရေးကြမည်ဆိုပါက မြန်မာနာမည်မထိခိုက်ကြစေရန်အရေးကြီးပါသည်။ လမ်းကြောင်းမှန်ဖြစ်စေရန်လိုအပ်ပါသည်။ လမ်းကြောင်းမှန်ဖြစ်စေရန်အတွက် တည့်မတ်ကြရန်အတွက် MSC Leadr အပါအ၀င် Admin များ၊ Group Sub-Leader များမှ ၀ိုင်းဝန်းကြိုးစားနေကြပါသည်။ အခြားသောသူများအမြင်တွင် တစ်မျိုးမြင်စရာဖြစ်ကောင်းဖြစ်နေ မည်ဖြစ်သော်လည်း MSC ကိုချစ်မြတ်နိုးသောသူအပေါင်း နှင့် မြန်မာကိုချစ်မြတ်နိုးသူအပေါင်းမှ ၀ိုင်းဝန်းထိမ်းသိမ်း စောင့်ရှောက်ကြလိမ့်မည်ဖြစ်ကြောင်းကိုလည်း ယုံကြည်ပါသည်။ မိမိတို့၏ လိုဘတစ်ခုတည်း သာ ဦးတည်သူများကိုတော့ မပြောဆိုလိုတော့ပါ။ မိမိယုံကြည်ရာကိုလုပ်ကိုင်နိုင်ကြပါသည်။ မြန်မာလူမျိုးတို့သည် မည်သည့်အခါကမျှ စိတ်တူ ကိုယ်တူအလုပ်လုပ်ကိုင်ခြင်းမရှိကြောင်းကိုလည်း သမိုင်းများက သက်သေပြထားပြီး ဖြစ်ပါသည်။ ဆက်လက်ရေးရန်အတွက် စာများစွာကျန်နေပါသေးသော်လည်း အတော်ပင်ရှည်လျားသွားပြီဖြစ်ပါ သဖြင့် ရပ်နားလိုက်ပါသည်။
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
16-Jan-2018 အင်္ဂါနေ့(Tuesday)