ရောသပြွမ်း(Mixture)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



Untitled-2 copy.png


မနေ့က ကိုဟင်မှ လူသစ်မျာအား အထောက်အပံ့ပြုစေရန် နှင့် အမှားအယွင်းနည်းပါးစေရန်အတွက် Steemit Platform နှင့်ပတ်သက်သောအကြောင်းရာများ၊ MSC နှင့်ပတ်သက်သောအကြောင်းအရာများအား ရေးသားကြပါ ဟု အကြံပြုသွားခဲ့ပါသည်။ အခြားသူများတော့မသိပါ ကျွန်တော်အနေဖြင့် Steemit Platform နှင့်ပတ်သက်ပြီး ကောင်းမွန်ပိုင်နိုင်စွာသိရှိသောအပိုင်းမှာ အလွန်နည်းပါးပါသည်။ ထို့ကြောင့် မည်သည့်အကြောင်းအရာကို ရေးသားရမည်မသိဖြစ်ကာ ယောင်လည်လည်နှင့် တစ်နေကုန်ပါလေတော့သည်။ ရေးပေးချင်စိတ်ကလည်း ရှိပါသည်။ နောင်ဝင်သော လူသစ်များအတော်များများသည် မသိဟုဆိုခြင်းဖြင့် Steemit Platform တွင် Sorry လုပ်မရသောအချက်များ အလွန်များပြားပါသည်။ ထို့ကြောင့်လည်း သတိထားနိုင်ကြစေရန် အမှားအယွင်းနည်းပါး ကြစေရန်အတွက် အကူအညီအထောက်အပံ့ဖြစ်စေရန် မည်သည့်အကြောင်းအရာများကို ရေးသားပေးရပါမည် နည်းဟု စဉ်းစားသော်လည်း အဖြေပေါ်မလာခဲ့ပါ။ ထို့ကြောင့် ရောပြွမ်းသပြွမ်းဆိုသကဲ့သို့ ရေးသားပေးလိုက်ပါ သည်။ Steemit Platform နှင့်ပတ်သက်ပြီး ကျွန်တော်သိသမျှအတော်များများကို အားလုံးသိစေရန်အတွက် ရေးသားခဲ့ ပြီးဖြစ်သကဲ့သို့ အခြားသူများလည်း လူသစ်များအတွက် စာများကိုရေးသားထားခဲ့ကြပေရာ ကျွန်တော့်အတွက် ရေးစရာမကျန်အောင်ဖြစ်နေပါသည်။ သို့သော် ထပ်မံသတိပေးလိုသည့်အနေဖြင့်လည်းကောင်း၊ အထူးသတိပြု နိုင်ကြစေရန်အတွက်လည်းကောင်း ရေးပြီးသားအကြောင်းအရာများကိုပင် အထက်ကရေးခဲ့သည့်အတိုင်း ရောပြွမ်းသပြွမ်းရေးသားပေးလိုက်ပါသည်။ လူသစ်များအား အဓိကပြောကြားလိုသည်မှာ အခြားသူများရေးသား ထားသော Steemit နှင့်ပတ်သက်သည့်အကြောင်းအရာများအား ဖတ်ရှုပါ၊ လေ့လာပါ၊ မှတ်သားပါဟု တိုက်တွန်း လိုပါသည်။ လူသစ်များအနေဖြင့် မည်သို့သောအကြောင်းကြောင့် Steemit Platform သို့ရောက်ရှိလာခြင်းဖြစ် စေကာမူ Myanmar ဆိုသောအမည်၏ အောက်တွင် Myanmar ဆိုသည့်နာမည်အရုပ်ဆိုးသွားမစေရန် သတိပြု စေချင်ပါသည်။ သတိပြုဆင်ခြင်ကြမည်ဟုလည်း ယုံကြည်ပါသည်။ အဘယ့်ကြောင့် ယုံကြည်သနည်းဆိုသော် မြန်မာလူမျိုးတိုင်းသည် မြန်မာကိုတော့ ချစ်တတ်ကြလိမ့်မည်ဟု ယူဆထားသောကြောင့်ဖြစ်ပါသည်။ ယုံကြည်မှု ကိုတော့ အလွဲမဖြစ်အောင်ကြိုးစားကြပါလို့လည်း တိုက်တွန်းချင်ပါသည်။


Untitled-1 copy.png


MSC သို့ရောက်ရှိလာသည့် လူသစ်များအား ပထမဆုံးပြန်လည်သတိပေးလိုသည်မှာ အရင်စလို Post မတင်ကြ ပါနှင့်။ Leader အပါအ၀င် Admin များရေးသားထားသည့် Steemit နှင့်ပတ်သက်သည့် သတိထားလိုက်နာသင့် သည့်အချက်များအား သေချာစွာလေ့လာပါ။ မရှင်းလင်းသည်များအား မေးမြန်းကြစေလိုပါသည်။ သေချာနားလည်သောအခါမှသာ Post တင်ခြင်းလျင်အကောင်းဆုံးဖြစ်ပါမည်။ Steemit Platform သည် မည်သူ့ ကိုမျှ ငွေကြေးပေးရန်မလိုသည့် Media ဖြစ်ပါသည်။ MSC အဖွဲ့သားများမှ Post တင်ရန်အတွက် သော်လည်းကောင်း၊ နားမလည်သောကြောင့် မေးမြန်း သင်ကြားခြင်းအတွက်လည်းကောင်း မည်သူတစ်ဦး တစ်ယောက်ကမျှ ငွေကြေးတောင်းခံမည် မဟုတ်ပါ။ တောင်းခံခြင်းလည်းမပြုလုပ်ကြပါ။ စေတနာဖြင့် မြန်မာအားလုံးအဆင်ပြေစေရေးအတွက် အကူအညီပေးနေကြခြင်းပါသည်။ ငွေကြေးဖြင့်သင်တန်းပေးခြင်းပြုလုပ် နေသူများသည်ရှိပါကလည်း MSC နှင့်မည်သို့မှမပတ်သက်ကြောင်း ပြောလိုပါသည်။ မိမိတို့ကိုယ်တိုင် Post မတင်နိုင်သေးသော်လည်း အခြားသူများတင်ထားသော Post များတွင် ၀င်ရောက်ကာ vote ပေးခြင်း၊ Comment ရေးခြင်းများဖြင့်လည်း မိမိတို့၏ SP ခေါ် Steem Power များ၊ RP ခေါ် Reputation ခေါ် လူသိများလာခြင်း ထိုက်သင့်သလောက် တိုးပြား တိုးပွား လာမည်ဖြစ်ပါသည်။ မိမိတို့ အတွက် အကျိုးမယုတ်ပါ။ Post တင်လျှင်လည်း စာနှင့်သက်ဆိုင်သော ပုံလေးများအား ထည့်သွင်းပေးကြရန်လိုပါသည်။ သို့မှာသာမိမိတို့စာဖတ်သူများအား ပိုမိုစိတ်ဝင်စားစေပါသည်။

Tag တွဲကြရာတွင်လည်း မှန်ကန်စွာ Tag များထည့်သွင်းရေးသားနိုင်ရန်လိုအပ်ပါသည်။ Tag ဆိုသည်မှာ အညွန်းပင်ဖြစ်ပါသည်။ အညွှန်းမှန်ကန်မှ မိမိတို့လိုရာကို အလွယ်တကူရှာဖွေနိုင်မည်ဖြစ်ပါသည်။ အညွန်းမှားနေပါလျှင် ရှာမရနိုင်ပါ။ ထို့ကြောင့် မိမိတို Post နှင့် မသက်ဆိုင်သော Tag များတွဲ ခြင်းသည် အကျိုးယုတ်စေတတ်ပါသည်။ Steemit အကြောင်းကို ရေးသားထားခြင်းမဟုတ်ပါပဲနှင့် Steemit ကို Tag List တွင် ထည့်သွင်းမိပါက Steem Cleaner လာရောက်ပါလိမ့်မည်။ မဆီလျော်မမှန်ကန်သော Tag များ ရေးသွင်းခြင်းသည် Steem Cleaner လာရန်ဖိတ်ခေါ်သကဲ့သို့ဖြစ်နေပါသည်။ Steem Cleaner ၀င်ရောက်လာပါ က မိမိတင်သော Post ကိုမည်သူမျှ vote နှင့် Comment ပေးချင်ကြမည်မဟုတ်ပါ။ RP ခေါ် Reputation လည်းထိခိုက် ပါသည်။ ထို Post အတွက် ရသင့်သည့်ငွေကြေးလည်းရရှိနိုင်မည်မဟုတ်တော့ပါ။ Steem Cleaner ထိထားသော Post အားလ်ည်း Promotion တွင်ထည့်သွင်းပေးရန်မဖြစ်နိုင်ပါ။Tag ကို အများဆုံး (၅)ခုသာထည့်သွင်းနိုင်မည်ဖြစ်ပါသည်။ Tag တစ်ခုနှစ် တစ်ခုကြားတွင် space ခြားပေးရမည်ဖြစ်ပါသည်။ Tag List ထဲတွင် ပထမဆုံး Tag သည်အဓိကဖြစ်ပါသည်။ ထို ပထမဆုံးသော Tag သည် Post တင်ပြီးပါက ပြန်ပြင်ရန်၊ ပြန်ဖျက်ရန် မဖြစ်နိုင်ပါ။ ပြန်ပြင်ခြင်း၊ ပြန်ဖျက်ခြင်းပြုလုပ်မရသောကြောင့် အထူးသတိထား ရေးသွင်းသင့်ပါသည်။ ထို့ကြောင့် Tag List တွင် ပထမဆုံး Tag ကို myanmar ထည့်သွင်းထားစေခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် Tag List များကိုမှန်ကန်စွာရွေးချယ်ထည့်နိုင်ကြရန် အလွန်အရေးကြီးကြောင်းကိုလည်း သတိပေးလိုပါသည်။


cheetah.png


နောက်တစ်ခုအလွန်အရေးကြီးသည့်အချက်တစ်ခုသည် လူတိုင်းသိပြီးဖြစ်သော်လည်း အလွယ်လမ်းလိုက်သူများ၏ အကျင့်ကြောင့် အမြဲတမ်းပြသနာတက်နေတတ်သည့် cheetah ရောက်လာခြင်းပင်ဖြစ်ပါသည်။ cheetah အဘယ့်ကြောင့်ရောက်လာရသနည်း။ လူတိုင်းသိပါသည်။ သူတစ်ပါး၏စာများကို တိုက်ရိုက် ကူးယူတင်လာခြင်း ကြောင့် cheetah ကလာရောက်အသိပေးခြင်း၊ သတိပေးခြင်းဖြစ်ပေသည်။ သို့သော်လည်း တစ်ယောက်သွား နှစ်ယောက်ရောက်ဆိုသကဲ့သို့ဖြစ်နေပါသည်။ ဘိုးဘိုးအောင်တန်ခိုးဖြင့် တစ်လုံးဖျက် နှစ်လုံးပေါ်၊ နှစ်လုံးဖျက် လေးလုံးပေါ် ဆိုသကဲ့သို့ဖြစ်နေလေသည်။ ဆတိုးများပွားလာကုန်သည်ဖြစ်ရာ မှန်မှန်ကန်ကန် ကိုယ်အား၊ ဥာဏ်အား အသုံးပြုခြင်းဖြင့် ပင်ကိုယ်အားထုတ်သူများအနေဖြင့် နစ်နာကုန်မည်ဖြစ်ပါသည်။ အတော်များများက Post တင်ကာ သတိပေးနေသော်လည်း အလွယ်လိုက်ချင်သူများ၊ အားမထုတ်လိုသူများ၊ ငွေကြေး ရရှိမှု တစ်ခုတည်းသာ မြင်တတ်သူများသည်ကား သူတစ်ပါး၏ စာများအား ကူးယူမြဲသာဖြစ်ကြောင်း လူတိုင်း သိနေကြပေသည်။ စာမှမဟုတ်ပါ။ အခြားသူများ၏ ကိုယ်ပိုင်ပုံများ၊ တံဆိပ်များလည်း အမှန်တကယ်တွင် အသုံးပြုခွင့်မရှိပါ။ အသုံးပြုလိုပါက ထိုသူတို့၏ ခွင့်ပြုရယူထားကြောင်း သက်သေကိုလည်း တင်ပြပေးကြရပါ သည်။ ထို့ကြောင့်လည်း တွေ့ကရာပုံများအား မတင်ကြရန်လိုက်လံသတိပေးခဲ့ကြပါသည်။ ကိုယ်တိုင်ရေးများ၊ မိမိဥာဏ်အားထုတ်ကာရေးသားထားခြင်းများအနေဖြင့် ထိုသို့သော မသင်္ကာစရာ Post များကို Admin များ၊ Group Sub-Leadr များကို အသိစိတ်ရှိရှိဖြင့် အသိပေးအကြောင်းကြား ပါရန်လည်း တိုက်တွန်းလိုပါသည်။ မိမိတို့၏ ကိုယ်ပိုင်နာမည် တစ်နည်းအားဖြင့် ကိုယ်ပိုင် Brand တစ်ခုတည် ဆောက်နိုင်ရန် ကြိုးစားကြစေချင်ပါသည်။ သင်ပြပေးမည့်သူများ၊ အကူအညီပေးလိုသူများ ရှိနေချိန်တွင်မိမိတို့ ကိုယ်အား၊ ဥာဏ်အား နည်းနည်းလေးလောက်ဖြင့် အဆင်ပြေနိုင်သည်ကိုလည်း လူတိုင်းသိကြပါသည်။ ထိုသို့ အဆင်ပြေနေပါလျက်နှင့် မိမိကိုယ်ကို သူခိုးတံဆိပ်ကပ်နှိပ်လိုသူများကိုတော့ မပြောကြားလိုတော့ပါ။ မရှက် မကြောက် ဆက်လက်လုပ်လိုလျင်လည်း လုပ်ကြပါစေ။ သို့သော်လည်း မိမိသည် အခြားသူများ၏ စာများအားလုံး အားကူယူဖော်ပြခြင်းကြောင့် သူခိုးတံဆိပ်သည် သေရာပါရုံသာမက အခြားသော ဘ၀များသို့တိုင်ပါရှိသွားမည်ကို သတိရနိုင်ကြပါစေ။ Steemit Platform သည် အခြားသူများ၏ကိုယ်ပိုင်(Copyright Law)ကို အတိအကျလိုက်နာသောကြောင့်ပင် ကူးယူဖော်ပြခြင်းများ၊ Credit ပေး Post တင်ခြင်းများကို လုံးဝလက်မခံပါချေ။ Steemit Platform သည် အခြားသော Social Media များကဲ့သို့ လုပ်ချင်ရာလုပ်၊ ရေးချင်ရာရေးတင်ပြီး အကောင့်ဖျက်ကာ ရှောင်ပြေးလို့မရပါ။ Steemit Platform တွင် မိမိတို့၏ ကိုယ်ပိုင် Brand တစ်ခုကို ကောင်းမွန်စွာ တည်ဆောက်ထားသင့်ပါသည်။ မိမိတို့၏ကိုယ်ပိုင် Brand သည် မှန်ကန်သော Brand ခိုင်မာသော Brand တစ်ခုအဖြစ်ရပ်တည်လိုပါက အလုံးစုံ ကူးယူခြင်းကို ရှောင်ကြဉ်ကြရမည်ဖြစ်ပါသည်။ အထူးပင်အရေးကြီးသော အချက်တစ်ချက်ဖြစ်ပါသည်။ Cheetah ၀င်လာမှာကြောက်ခြင်းထက် မိမိတို့ကိုယ်တိုင်က အခြားသောသူများ၏ ကိုယ်ပိုင် ပစ္စည်းများအား မိမိကိုယ်ပိုင်အဖြစ် ဖော်ပြခြင်းကို ရှက်တတ်၊ ကြောက်တတ်ရန် ပိုမိုလိုအပ်ပါသည်။ ယခုအချိန်တွင် Cheetah လက်မှ လွတ်မြောက်နိုင်သော်လည်း နောင်တစ်ချိန်တွင် မိမိသည် သူတစ်ပါးပစ္စည်းအား မောင်ပိုင်စီးထားခြင်းသာဖြစ်ကြောင်း မိမိကိုယ်တိုင် လိပ်ပြာမလုံဖြစ်လာမည်မှာ အသေအချာပင်ဖြစ်ပါသည်။ အခြားသော နာမည်ကြီး စာရေးဆရာများလည်း ၀င်ရောက်လာကြမည်ဖြစ်ပေသည်။ Steemit Platform သည် အခြားသော Social Media များကဲ့သို့မဟုတ်သောကြောင့် သတိပြုစရသတိထားစရာများ အလွန်များပြားလှပါသည်။ သို့သော် ခက်ခဲသော ကိစ္စများမဟုတ်ပါ။ ကိုယ်တိုင်ကရုတစိုက်ဖြင့် သေချာရန်သာအရေးကြီးပါသည်။


don't hurt the brand.png


ကူးယူခြင်းဆိုရာတွင်လည်း အလုံးစုံအားလုံး မိမိတို့၏ ကိုယ်အား ဥာဏ်အားထုတ်မှုမပါသော ကူးယူခြင်းကိုသာ ဆိုလိုခြင်းဖြစ်ပါသည်။ ကိုးကားခြင်း၊ မှီငြမ်းခြင်းတို့အားလက်ခံကြောင်းလည်း အကြိမ်ပေါင်းမရေတွက်နိုင်အောင် ပြောကြားခဲ့ကြပြီးဖြစ်ပါသည်။ ကိုးကားလျှင် မည်သူရေးသည့် မည်သည့်စာအုပ် သို့တည်းမဟုတ် မည်သည့် Blog မှ ကိုးကားဖော်ပြခြင်းဖြစ်ကြောင်း ရေးသားဖော်ပြရမည်။ မိမိတို့၏ အားထုတ်မှုမပါရှိပါပဲနှင့် အကုန်လုံးအားကူးယူ ထားပြီး ကိုးကား ထားပါသည်ဆိုမရကြောင်းလည်း သိထားစေချင်ပါသည်။ မှီငြမ်းလည်းထို့အတူတူပင်ဖော်ပြရမည် ဖြစ်ပါသည်။ အလုံးစုံကူးယူခြင်းတားမြစ်သည်ဟုဆိုသဖြင့် အချို့သောသူများသည် ဟိုတပိုဒ် ဒီတစ်ပိုဒ် ကူးယူ ကြပြန်လေသည်။ မမိလျှင်တော့ နေသေးပေါ့။ မိလျှင်တော့ တစ်ခါတည်း ထုတ်ပယ်ကြောင်းကိုလည်း မြင်တွေ့ နေကြရသည်မဟုတ်ပါလား။ နည်းနည်းလေးလောက်အားစိုက်လိုက်ပါ။ သင့်ဘ၀အောင်မြင်ရန်အတွက် MSC ကကူညီပေးနေပါသည်လို့ပင် ပြောကြားလိုပါသည်။ နောက်ထပ်လည်းရေးသားပါအုံးမည်။ စာရှည်သွားမည်စိုး သဖြင့် ယခုဆောင်းပါးအားရပ်နားခွင့်ပြုပါခင်ဗျာ။

Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

14-Jan-2018 တနင်္ဂနွေနေ့(Sunday)