ပြောင်းခင်းတစ်ခင်းဖြစ်ကြပါစေ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ကျွန်ုပ်သည် ခရီးရှည်တစ်ခုကို တန်းတန်းမတ်မတ် လျောက်လှမ်းမိနေပြီဖြစ်ပါသည်။ ထိုခရီးသည်ကား Steemit Platform တွင် စာများရေးခြင်းဖြင့် ထိုက်သင့်သောငွေကြေးရရှိနိုင်သည့် ခရီးတစ်ခုဖြစ်ပါ သည်။ ထို Steemit ခရီးအား စတင်သိရှိချိန်မှ ယနေ့အချိန်ထိ Leader ၏ တွဲယူခေါ်ဆောင်မှုနောက်သို့ ယုံကြည်စွာ လိုက်လာခဲ့ပါသည်။ Steemit ခရီးသည်ကား ရှည်လျားမည်ဟု ခန့်မှန်းမိပါသည်။ ကျွန်ုပ်အတွက်မူ ခရီးအစမှ ယနေ့အချိန်ထိ လျောက်လှမ်းခဲ့သည်ဖြစ်ရာ ထိုက်သင့်သော ခရီးကိုလည်း ပေါက်ရောက်ခဲ့ပြီဟု ထင်ပါသည်။ Steemit ခရီးကိုစတင်ခဲ့သည့် ပထမဆုံးခြေလှမ်းမှအစပြုကာ ယနေ့အချိန်ထိ ခြေလှမ်း ပေါင်းများစွာဖြင့် လျောက်လှမ်းပြီး ဖြစ်ပါသည်။ ခြေလှမ်းပေါင်းများစွာလှမ်းခဲ့ပြီးဖြစ်ရာ ခရီးပေါက်ရောက်သည်ဟုလည်း ယူဆပါသည်။ Steemit ခရီးအားစတင် လျောက်လှမ်းရာတွင် မိမိ တစ်ယောက်တည်းဖြစ်နေမလားဟု စိုးရိမ်စိတ်ဖြစ်ခဲ့သကဲ့သို့ English ဘာသာဖြင့်သာ Post တင်ရမည် ဆိုသောကြောင့် အခက်အခဲဖြစ်ခဲ့ရပါသည်။ အေ ဘီ စီကို မှန်ကန်အောင် မတွဲနိုင်သော ကျွန်ုပ်အဖို့ အမှန်ပင်အခက်တွေ့စေခဲ့ပါသည်။ ကျွန်ုပ်ကဲ့သို့ပင် အခက်အခဲတွေ့နေသူများလည်း ရှိကြမည်ဖြစ်ပါသည်။ Steemit ခရီးကို တစ်ယောက်တည်းမဟုတ်ကြောင်း သိလိုက်ချိန်မှာ အားတက် မှုတွေလည်း ဖြစ်ပေါ်လာခဲ့ရတာ အမှန်ပင်ဖြစ်ပါသည်။ ကျွန်ုပ်၏ရှေ့တွင် လျောက်လှမ်းနေသူများ၊ ကိုယ့်ဘေးယှဉ်ရက် လျောက်လှမ်းနေသူများ၊ ကိုယ့်နောက်တွင်လျောက်လှမ်းနေသူများအား တစ်ယောက်မက များစွာပင်မြင်တွေ့ရပါသည်။ အားတက်ဖွယ်ရာပင်မဟုတ်ပါလား။


02.png


တာစထွက်ခဲ့သည့်အချိန်မှ ယခုလက်ရှိနေရာရောက်ရှိသည် အချိန်ထိတိုင်အောင် အတူတကွ လိုက်ပါ နေသူများရှိသလို၊ တာထွက်ထွက်ခြင်းမှာပင် ကျန်ရစ်ခဲ့သူများ၊ ခရီးအတန်ပေါက်ရောက်ချိန်တွင် ကျန်ရစ်နေခဲ့သူများ၊ ချန်နေခဲ့သူများ၊ စိတ်ပျက်အားလျော့ကာ ရပ်တန့်နေသူများ၊ အကြောင်းအမျိုးမျိုးကြောင့် Steemit ကို စွန့်ခွာသွားကြရသူများ၊ Steemit ခရီးကို လျောက်လှမ်းနေစဉ် ကွယ်လွန်သွားသူများ(အဲ ဒါတော့မရှိသေးဘူးထင်ပါတယ်) စသည်ဖြင့် များစွာရှိနေခဲ့၊ ရှိနေဆဲပင်ဖြစ်ပါသည်။ Post တင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ မိမိတို့ ရောက်ရှိနေသော နေရာသည်ကား ပျက်မသွားသကဲ့သို့ လျောကျသွားခြင်းတော့ မဖြစ်ပါ။ ဆက်လက် လျောက်လှမ်းလျှင် ဆက်လက်ခရီးပေါက်နေမည်ဖြစ်ပါသည်။ တွေ့ကြုံရသည့် အခက်အခဲတို့ကို အတူတကွ ဖြေရှင်းနေကြရသူများ ဖြစ်ကြသောကြောင့် လူတို့၏ မြင်တတ်သော ပကတိလက်ရှိမျက်စိများဖြင့် မမြင်နိုင်၊ မတွေ့နိုင်သော သံယောဇဉ်ဆိုသည့် အလွန်ခိုင်ခံ့သောကြိုးတစ်ချောင်း ရစ်ပတ်နှောင်ဖွဲ့လာခဲ့ကြသည်ဟု ထင်မြင်မိ ပါသည်။ ဟုတ်သလားတော့မသိပါ။ ကျွန်ုပ်အထင်သာဖြစ်ပါသည်။ အတူလက်တွဲကာ Post တင်ခြင်း၊ စာရေးခြင်း၊ အပြန်အလှန်ဝေဖန်ဆွေးနွေးခြင်းတို့ဖြင့် ကူညီရိုင်းပင်းကာ Steemit ခရီးရှည်ကို လျောက်လှမ်းနေကြခြင်းဖြစ်ပေသည်။ ရေးဖော်ရေးဖက်များသည် တစ်ဦးနှင့်တစ်ဦး သံယောဇဉ်ရှိကြသည်ဟု အမှန်တကယ်ပင်ထင်မြင်မိပါသည်။ အပြင်တွင် မမြင်ဖူးကြသေးသောသူများ ရှိကြသော်လည်း မကြာမီကာလတွင် တစ်ဦးနှင့်တစ်ဦး အပြင်တွင် မြင်တွေ့ ဆက်ဆံနိုင်ကြတော့ မည်ဖြစ်ပါသည်။ ထိုအရာသည်ကား လူတိုင်းသိရှိပြီးဖြစ်သည့် 2018 August လတွင် ပြုလုပ်မည့် Gathering ပွဲလေးပင် ဖြစ်ပါသည်။ ထိုအချိန်တွင် အပြင်လောကတွင် အမှန်တကယ် သက်ရှိထင်ရှားဖြစ်သည့် ရေးဖော်ရေးဖက်များအား အားရ ပါးရ လက်ဆွဲနှုတ်ဆက်ပြီး ပိုမို စည်းလုံးခြင်းကို ရရှိနိုင်မည်ထင်ပါသည်။ တွေ့ဆုံနိုင်ရန်ကြိုးစားကြပါလို့လည်း အကြံပြုတိုက်တွန်း လိုပါသည်။


03.png


ကျွန်ုပ်အတွက် အမှန်တကယ်စင်စစ် စာရေးဆရာ စစ်စစ်လည်း မဟုတ်ကြပါ။ စာရေးဆရာစစ်စစ် များကဲ့သို့လည်း စာများစွာရေးနိုင်ရန် အဆင်သင့်မဖြစ်သေးဟုလည်းထင်ပါသည်။ စာများစွာကို တောက်လျောက် ရေးသားနိုင်သော စာရေးဆရာများကဲ့သို့ ချောမွေ့သောစာများအား ရေးသားရန် အချိန်လိုအပ်နေသေးသည်ဟု ထင်ပါသည်။ စာရေးဆရာအဆင့်ရေးသားနိုင်နေသော သူများအား လည်း အမှန်တကယ်ပင် ချီးကျူးမိပါသည်။ ဆက်လက်ကြိုးစားလျောက်လှမ်းကြပါရန်လည်း အားပေး ပါသည်။ အကြံပြုပါသည်။ အချိန်ကာလတစ်ခုတွင် ကျွန်ုပ်တို့ ရရှိလိုသော အောင်မြင်မှု သို့မဟုတ် ငွေကြေးများရရှိနိုင်မည်ဖြစ်ပါသည်။ ယခုလည်း ထိုက်သင့်သလောက် ရရှိနေကြသည်ကို လူတိုင်းသိရှိ ကြပါသည်။ ပြောင်းဖူးတစ်ဖူးပေးလိုက်သည်ကို ပြောင်းခင်းတစ်ခင်းဖြစ်အောင်ကြိုးစားသင့်ပါသည်။ ပြောင်းဖူးကို ပြုတ်စားလိုက်လျင် တစ်ခါသာစားရမည်ဖြစ်ကြောင်းကိုလည်း သတိပြုစေချင်ပါသည်။ အခက်အခဲဆိုသည်မှာ လူတိုင်းတွင်ရှိနေကြမည်ထင်ပါသည်။ အခက်အခဲကို အကြောင်းပြုကာ ပြောင်းဖူးတစ်ဖူးလုံးအား ပြုတ်စားရန်မသင့်ပါ။ ထိုက်သင့်သလောက်သာ စားသုံးပြီး ကျန်တာကို ပြောင်းပင်တစ်ပင် ပြန်လည်စိုက်ပျိုးနိုင်လျှင်ပင် ပြောင်းဖူးတစ်ဖူးမက စားသုံးနိုင်မည်ဖြစ်ပါသည်။ ပြောင်းခင်းတစ်ခင်းဆိုပါက ဆိုဖွယ်ရာမရှိပေ။ ကိုယ်တိုင်စားသုံးရုံသာမက အခြားသူများကိုလည်း ရောင်းစားချင်လျင် ရောင်းစားနိုင်မည်ဖြစ်ပါသည်။ ရရှိပြီးဖြစ်သော ပြောင်းဖူးကို တစ်ခါတည်း ပြုတ်စားမည်လား။ ပြောင်းဖူးခင်းတစ်ခင်းဖြစ်အောင် ကြိုးစားမည်လားဆိုသည်ကတော့ မိမိတို့အပေါ်တွင် မူတည်နေပါသည်။


04.png


ကျွန်ုပ်သည်ကား အခြားသောသူများကဲ့သို့စာရေးသည်မဟုတ်ပါ။ ဟိုမရောက် ဒီမရောက် ဟိုစပ်စပ် ဒီစပ်စပ်ဖြင့် ရေးလိုရာကို လျောက်ရေးသော မဖြစ်ညစ်ကျယ်ဆိုသကဲ့သို့ ရေးသောသူသာဖြစ်ပါသည်။ ကဗျာ ၀တ္ထုတို ဆောင်းပါး စသည်တို့ကိုရေးသားရသည်မှာလည်း ခက်ခဲမည်သာဖြစ်ပါသည်။ ကျွန်ုပ်ရေးသားနေသည်များသည်လည်း ဆောင်းပါးအဆင့်ပင်မှီမည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆို သော် ကျွန်ုပ်အနေဖြင့်ရေးလိုသောအကြောင်းအရာတို့ကို ရေးချင်သလိုကာ ကဗျာ ဆောင်းပါး ၀တ္ထုတို တို့အား မည်ကဲ့သို့သော စည်းမျဉ်း စည်းကမ်းတို့အား လိုက်နာရေးသာရမည်ကို သေချာဂဃစွာ မသိရှိသောကြောင့်ဖြစ်ပါသည်။ သို့သော်လည်း Steemit တွင် Post များတင်ကာ ရေးသားနေခဲ့ သည်မှာ ခရီးတစ်ခုသို့ ရောက်နေသည်ဟုတော့ ထင်မိပါသည်။ မကြာမီ ကာလမှာ တွေ့ဆုံနှုတ်ဆက် ပွဲလည်း ပြုလုပ်ကြတော့မည်ဖြစ်ရာ ပိုမိုရင်းနှီးချစ်ခင်လာဖွယ်ရှိပါသည်။ သံယောဇဉ်ကြိုးလည်း ပိုမိုရစ်နှောင်မိကြတော့မည်ဟုလည်း ထင်မိပါသည်။ မည်သူက မည်သူ့ကိုမျှ ထိန်းချုပ်ထားခြင်းမရှိ သော အလွန်ချစ်ခင်ဖွယ်ဖြစ်သော ကျွန်ုပ်တို့ MSC အဖွဲ့ကြီး ဒီထက် ဒီထက် ပိုမိုအောင်မြင်စေရန် ၀ိုင်းဝန်းထိန်းသိမ်း ကြပါလို့ တိုက်တွန်းရင်းဖြင့် ရပ်နားလိုက်ပါသည်။(မေ့သွားလို့ ပြောင်းဖူးရထားသူများအနေနဲ့ အကုန်ပြုတ်မစားပဲနဲ့ ပြန်လည်စိုက်ပျိုးပြီး ပြောင်းခင်းကြီးဖြစ်လာမှ ချိုးစားကြပါလို့လည်း ထပ်မံ သတိပေးလိုက်ပါသည်။)


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

22-May-2018 အင်္ဂါနေ့(Tuesday)